မြန်မာနိုင်ငံမှာ မာရှယ်လောထုတ်

၂၅-၀၉-၂၀၀၇(ည ၁၁း၃၀)
အခု မြန်မာပြည်မှာ မာရှယ်လော ကြေညာချက်တွေ လော်စပီကာနဲ့ လိုက်အော်နေပါတယ်။
ကြေညာချက်မှာ
ညကိုးနာရီကနေ မနက် ငါးနာရီခွဲအတွင်း အိမ်တွင်းကနေ အိမ်ပြင် မထွက်ရ။
ယနေ့ည ကိုးနာရီမှ စတင် အသက်ဝင်ကြောင်း၊ ရက်ပေါင်း ၆၀ ကြာမြင့်မည်ဖြစ်ကြောင်း
ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှူးမှ ည ၈ နာရီ ၄၅ မိနစ်တွင် လက်မှတ်ရေးထိုးသည်ဟု ပါရှိသည်။

ရတနာပုံမန္တလေးမှာလဲ မာရှယ်လောထုတ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို သူငယ်ချင်းတစ်ယောက်မှ ပေးပို့လာခြင်းဖြစ်ပါတယ်။

1 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):

မိုးထက်နေ said...

ကိုရွှေဘို
ကဲဗျာ သူတို့ ကတော့ မျက်နှာဖုံ ကို ခွါလို့  End Game ကို စ ကစားပါပြီ ။ ကျနော် တို့ ဘက်က ဘာတွေ ပြင်ဆင် ထားပြီးပြီ လဲ။ ဒီ ခရီးကို တော့ ဒီတစ်ခါ အဆုံးထိ သွာရမယ်ဆို တာ သိပါတယ် ။ ရေရှည်တိုက် ပွဲ ပုံစံ ကို ဘယ်လို သွားမလဲ ဆိုတာတော့ Plan ကောင်းကောင်း လိုတယ်။ ကျနော်တို့  ပြည်သူတွေ မှာ တိုက်ပွဲ ဝင်စိတ်ဓာတ် အပြည့်ပါပဲ ။ ကျနော်တို့ နိုင်မယ်လို့  ယုံပါတယ်။