မေးချင်ရာမေး... အဖြေရှိသည်။

မေး။ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် အနိုင်ရလို့တက်လာမယ့်အစိုးရလက်ထက်မှာ ခိုးတာ ၀ှက်တာတွေ ရှိဦးမလား?
ဖြေ။ မရှိတော့ဘူး။
မေး။ ဘာဖြစ်လို့ပါလဲ။
ဖြေ။ ၂၀၁၀ မတိုင်ခင်ကတည်းက စစ်အစိုးရခိုးလို့ ကုန်သွားပြီ။
-----------------------------------------------------------------------

မေး။ သဘာဝနဲ့ ဆန့်ကျင်တဲ့ အချစ် ဘယ်နှစ်မျိုးရှိပါသလဲ?
ဖြေ။ သုံးမျိုးရှိပါတယ်။ ယောက်ျားက ယောက်ျားကို ချစ်တာ။ မိန်းမက မိန်းမကိုချစ်တာ။ မြန်မာပြည်သူက မြန်မာ့တပ်မတော်ကို ချစ်တာ။

-----------------------------------------------------------------------

မေး။ အနာဂတ် မြန်မာနိုင်ငံတော်မှာ ဘာလို့ တပ်မတော် တစ်ခုတည်း ထားရှိမှာဖြစ်ပါသလဲ?
ဖြေ။ တစ်ခုထက်ပိုများရင် မြန်မာပြည်သူတွေက ကျွေးမထားနိုင်လို့ပါ။

----------------------------------------------------------------------

မေး။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံကိုပြောပြပါ။
ဖြေ။ မြန်မာနိုင်ငံဖြစ်ပါတယ်။
မေး။ ဘယ်လိုသက်သေပြနိုင်ပါသလဲ။
ဖြေ။ နှစ် ၅၀ နီးပါး ခိုးလို့ရတာအကုန်ခိုးတာတောင် အခုထိမကုန်သေးလို့ပါ။

----------------------------------------------------------------------

ဆိုဗိယက်ခေတ်မှ ဟာသများကို ကိုးကားပါသည်။

ရွှေဘိုသား ပြန်လာပြီ...



အကြောင်းအမျိုးမျိုးတွေကြောင့် ဘလော့ဂ်ရေးသားခြင်းကို တစ်နှစ်လောက် ရပ်နားထားခဲ့ပါတယ်။ အခုတော့ ဒီရွှေဘိုသားဘလော့ဂ်လေးကို ပြန်ပြီး အသက်သွင်းချင်တဲ့ စိတ်ကလေးပေါ်လာတာနဲ့ ရီနိုဗေးရှင်းပြန်လုပ်ပြီး အသစ်တဖန် ပြန်လည်တင်ဆက်လိုက်ပါတယ်။

ရန်သူ၊ မိတ်ဆွေမရွေး အားလုံးကို ရွှေဘိုသားဘလော့ဂ် က ကြိုဆိုပါတယ်။ မွန်းကြပ်နေတဲ့စိတ်တွေအတွက် ထွက်ပေါက်တစ်ခုအနေနဲ့ ရေးသားဖြစ်ခဲ့တဲ့ ပို့စ်တွေဖြစ်ပါတယ်။ ဒီဘလော့ဂ်ဖြစ်မြောက်အောင် တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်သောနည်းအားဖြင့် သော်လည်းကောင်း အားပေးကူညီကြသူများအားလုံးကို ရွှေဘိုသားဘလော့ဂ်မှ ကျေးဇူးအထူးတင်ရှိပါကြောင်း..








နာဂစ်


ကျုပ်နာမည်က ဖိုးတေ။ ကျုပ်တို့  နေတဲ့ ရွာနာမည်က ပြင်စလူရွာတဲ့ အရင်ကတော့ လပွတ္တာမြို့ နယ်ထဲက ရွာငယ်လေးပေါ့။ အခုဒီဘက်နှစ်တွေမှာ ကျုပ်တို့ ရွာက စပါးက လဲ လွတ်ဖြစ် ရေလုပ်ငန်းကလဲ လွတ်ကောင်းဆိုတော့ မြို့ နယ် အဆင့်ဖြစ်တယ်ဆိုလာ ဘာဆိုလား ဒါတွေတော့ ကျုပ်သိပ်နားမလည်ပါဘူး။ ကျုပ်ကို တိုင်းကလဲ အချိန်ရှိလယ်ထဲ ဆင်းလိုက်၊ ဆားကွင်းသွားလိုက်၊ အစုယူပြီး အငှားချထားတဲ့ ငါးဖမ်းလှေတွေ ဆီက ငွေသွားကောက် လိုက်စာရင်းရှင်းလိုက်။ ပိုတဲ့ အချိန်လေး မှာ ကျုပ်မိသားစု နဲ့  နေလိုက်နဲ့  ရပ်ရေးရွာရေး လဲ သိပ်မသိပါဘူး။ အပေါ်ဖြူ အောက်စိမ်းဝတ်ပြီး တိုက်ပုံတကားကား နဲ့  ကျောင်းဆရာ ဂိုက်စဘောက်ဖမ်းနေတဲ့ ကိုစိန်သန်းတို့  လူစုတွေနဲ့ မပတ်သက်ချင်တာလဲ ပါ တာပေါ့ဗျာ။

တကယ်တော့ ကျုပ်ရော ကျုပ်မိန်းမ မိအေးရော ဒီရွာဇာတိတော့မဟုတ်ပါဘူး။ ကျုပ်က အညာက မကွေးတိုင်းထဲက ဆီမီခုံဆိုတဲ့ ရွာက။ ကျုပ် မိန်မ ကတော့ ဘယ်မယ်မွေးတယ် ရယ် မသိဘူး။ မေးလဲ မေးမကြည့်ဖူးပါဘူးသေချာ။ ကျုပ်တို့ တွေ့ တာကတော့ ဧရာဝတီတိုင်း ရေတပ်စခန်း ဋ္ဌာနချုပ်မှာ ။ အဲဒီတုန်းက သူက ဆရာကြီးသမီး ၊ ကျုပ်က ၁၀ တန်းနှစ်ခါကျ လို့  အိမ်ကထွက်ပြေးလာပြီး လုပ်စရာမရှိလို့  စစ်ထဲလိုက်ခဲ့တဲ့ ရဲဘော် အသစ်စက်စက်။ ရုပ်ရှင် တွေ ပြဇာတ်တွေ ထဲကလိုတော့လဲ မဟုတ်ပါဘူး။ ဒီလိုပဲ နှုတ်ခမ်းပဲခြင်း မီးမှုတ်ခဲ့တာ ဆိုပါ တော့။ သူအထွာနဲ့ သူတော့ရင်ခုန်ဖို့ ကောင်းတဲ့၊ ကြည်နူးဖို့ ကောင်းတဲ့ ပြဿနာလေး တွေ မကင်းခဲ့ပါဘူး။ အဲဒီတုန်း က ကျုပ်မိန်းမ ဖြစ်မဲ့ မိအေးက ဥပဒေ အဝေးသင် ပထမနှစ်။ ကျုပ်ယောက္ခမတွေ အနေနဲ့ ကလဲ အချိန်တန် ဘွဲလေးဘာလေးရ ပြီးတော့ အရာရှိ တစ်ယောက်နဲ့ ပေးစားဆိုတဲ့ အိမ်မက်တွေ ရှိတာပေါ။ ကျုပ်က ဆရာကြီးကို ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ကျုပ်ဆယ်တန်းအောင်အောင်ဖြေမယ် စစ်သက်ပြည့်တာနဲ့ ဗိုလ်သင်တန်း တက်ခွင့်ရအောင် လုပ်ပါ့မယ် ဆိုတာမျိုးတွေ ဘယ်လောက်ပြောပြော ဆောက်ဖြစ်မှ ကျောင်းဒါယကာ ဖြစ်မဲ့ ကျုပ် နဲ့ ဘယ်သဘောတူမလဲ ။ နောက်ဆုံးတော့လဲ ကျုပ်မိန်းမ မိအေး က ခေါင်းမာမာ နဲ့  ဖိုးတေ နဲ့ မပေးစားရင် ကျောင်းဆက်မတတ်ပဲ ခရစ်ယန် သီလရှင် အပြီးလုပ်တော့ မယ် ဆိုတဲ့ စကား တွေ နောက်မှာ မှ လက်ထပ်ခွင်တင် ပြီး အိမ်ထောင်သည် ဘဝ ရောက်ခဲ့ရတယ် ဆိုပါတော့။

အစတော့ တပ်ကပေးတဲ့ အိမ်ထောင်သည်လိုင်း မှာနေ၊ တပ်ကပေးတဲ့ ရိက္ခာစား ၊ တပ်ကပေး တဲ့ လစာသုံးရင်း နေလာတာ သမင်မွေးရင်ကျားစားရင် ဆိုသလိုပါပဲ။ စုမိဆောင်းမိလဲ မရှိ။ ကျုပ်လဲ ဆယ်တန်း ပြန်မဖြေနိုင်၊ ကျုပ်မိန်းမလဲ ကျောင်းဆက်မတတ်နိုင် ဖြစ်လာပါလေရော။ နောက်ဆုံးတော့ ဘာသာခြားတွေ နဲ့ ယူပြီး ရာထူးတော်တော်နဲ့ မတတ်နေရာတော်တော်နဲ့  မရတဲ့ အရာရှိတွေ ကိုကြည့်ပြီး သွေးလန့် လာတာကတစ်ကြောင်း၊ ကျုပ်ကိုတိုင် အကြံအဖန် မလုပ်တတ်တာ ကတစ်ကြောင်း၊ ကိုယ်နဲ့ ရွယ်တူ အရာရှိကန်တော်တွေ ၊ ဆရာကြီး ကတော် တွေ သားသမီးတွေနဲ့ ယှဉ်ရင် ကျုပ်မိန်းမ မျက်နှာငယ်တာက တစ်ကြောင်း ဆိုတဲ့ အကြောင်းကြောင်း တွေ ကြောင့် ဆေးပင်စင် ( တပ်ထဲမှာတော့ အရူးလက်မှတ်ခေါ်တာပေါ့) ရအောင် အကြံအဖန် လုပ်ပြီး ထွက်ခဲ့တယ်။

တပ်ထဲက ထွက်ပြီးခါစတော့ ပင်စင်ရတဲ့ ဆုကြေးငွေလေး နဲ့  လင်ကိုမယား နှစ်ယောက် ပုသိမ်မြို့ ပေါ်မှာအိမ်လေး တစ်လုံးငှားနေ။ ကျုပ်ကလဲ ရွာအနီးအနား မှာ စပါးပွဲစားလုပ်၊ ဆားပွဲစား လုပ်ရင်း နဲ့  နေလာလိုက်တာ ကျုပ်မိန်မ ဘွဲ့ ရတဲ့ အထိဆိုပါတော့။ မိန်းမဘွဲရ ပြီးလို့  ရှေ့ နေလုပ်စားဖို့ ကလဲ ချိန်ဘာဆင်ဖို့ ဆရာမွေးဆရာ ပိုက်ဆံကလဲ မရှိ။ နောက် ဒိုင်တွေ ပွဲရုံတွေကလဲ ရွာတွေ အထိဆင်းကောက်တော့ ကျုပ်တို့ လို ပွဲစားတွေမယ် နောက်ပိုင်း သိပ်အလုပ်မဖြစ်တော့ဘူး ။ မိအေး နောက်ဆုံးနှစ်တက်နေတုန်း ကတောင် ပိုက်ဆံပြတ်လို့  ပုသိမ်သင်္ဘောဆိပ်မှာ ညဘက် ပုတ်ပြတ်နဲ့ ကုန်တင်ကုန်ချ သွားလုပ်ရတာ အကြိမ်ကြိမ်။ အဲဒီကနေ ငါ့ဝမ်းပူ ဆာမနေသာဆိုတဲ့ အတိုင်း တခြားပွဲစား အပေါင်းအသင်း တွေ ကတဆင့် ချဲ လက်ခွဲရောင်းတဲ့ အလုပ်ကို လုပ်တဲ့အထိရောက်ရော။ အဲဒီအလုပ်က အဆင်လဲ ပြေပါတယ်။ ငွေလဲ ဝင်တယ်။ ဒါပေမဲ့ တွေ့ သမျှ လူဆရာခေါ်ရ ။ ဟိုလူကြောက်ရ ဒီလူကြောက်ရနဲ့  စိတ်ပျက်ဖို့ တောင် အလွန်ကောင်းတာ ကလား။ နောက်ဆုံး မိအေး ဘွဲဝတ်ရုံကြီး တစ်ကားကား နဲ့  ဘွဲတက်ယူတဲ့ နေ့ ပြီးတော့ နောက်နေ့ ထင်တာပဲ ကျုပ်တို့  လင်မယား နှစ်ယောက် ရှိသမျှလေး ပိုက်ပြီး ရေကြည်ရာ မျက်နုရာမှာ လယ်လေးချောင်းလေး ရသလောက်ဝယ် ပြီး လုပ်ဖို့  နောက် အသက်သိပ်မရခင် ကလေးယူဖို့ တိုင်ပင် ပြီးတဲ့နောက် ပွဲစားလုပ်တုန်း က အဆက်အသွယ်တွေ နဲ့  အခုနေတဲ့ ပြင်စလူ ဆိုတဲ့ ရွာလေး ကို ရောက်လာ တာ အခု ဆို သမီးက ၁၀ နှစ် သားအငယ်လေး က ၈ နှစ် ဆိုတော့ ၁၂ မိုးလောက် ရှိထင်ပါ့။

ဒီရွာပြောင်း ခါစတုန်း ကများပြောပါတယ်။ ကျုပ်ကတော့ တောသားဆိုတော့ ကိုယ်တတ်နိုင် တဲ့ လယ်လေး နှစ်ဧက လောက်ပေါ် အငှားကျွဲ နဲ့ လုပ်နေရတာကို ပျော်လို့ ။ ကျုပ်မိန်းမ မိအေး ကတော့ နည်းနည်းမျက်နှာ ပျက်ချင်တာပေါ့။ ဒီလို နဲ့  ကျုပ် ရဲ့ မိသားစုကို ကောင်းကောင်း ထားချင်တဲ့ စိတ်နဲ့  တွန်းလုပ်တာ နှစ်မိုးလောက်နေ တော့ ကျွဲ အပိုင်ဖြစ်လာ တယ်။ လယ်လဲ ၅ ဧက ဖြစ်လာတယ်။ နောက် အဲဒီနှစ်ပဲ သမီးလေး ကိုယ်ဝန်လဲ ရလာတယ်။ မိန်းမက သားဖွားဆရာမနဲ့ ပဲမွေးမယ်လို့ ပြောပေမဲ့ ကျုပ် ကစိုးရိမ်လို့ ပုသိမ်မြို့ က သားဖွားမီးယပ် ဆရာဝန်မကြီး နဲ့ သေချာကျကျနန မွေးခဲ့တာပါ။ အဲဒီ နောက်ပိုင်း သားလေး မွေး လာ ပြီးတော့ စီးပွားတွေ တရိပ်ရိပ်တက်လာတယ် ဆိုပါတော့။ အခုတော့ ကျုပ်မိန်း မ ဦးစီလုပ်နေတဲ့ ဆားကွင်းတွေ ရယ် ကျုပ်ထောင်ထား တဲ့ ငါးဖမ်းလှေတွေ ရယ်၊ ကျုပ်လယ်တွေ ရယ်နဲ့  ဒီရွာမှာတော့ သူဋ္ဌေးစာရင်ပေါက်ဆိုပါတော့။ ရွာခံလူတွေ ကလဲ ကျုပ်တို့ မိသားစုကို ချစ်ကြပါတယ်။ ကျုပ်မိန်းမ သဘောကောင်းတာ အလှုအတန်း မှာ မနှေးတာ ရယ် ဘွဲရပညာတတ်ရှားတာရယ် ပေါင်းတော့ ကျုပ်တို့ မိသားစုက ဒီရွာမှာတော့ ရွာ့မျက်နှာဖုံးမိသာစု ဆိုရင်မမှားဘူးပေါ့လေ။ တစ်ခု ရယ်ရတာက ကျုပ်တို့ အိမ်မှာ ကိစ္စတစ်ခု နဲ့ ဧည့်သည်တွေ လာပြီး နောက်ဆုံး ကျုပ်တို့ စီးပွားတတ်တဲ့ အကြောင်း ကို ရောက်သွားတဲ့ အခါတိုင်း ကျုပ်မိန်းမ နဲ့ ပြောရင် ဘုရားသ္ခင်အလိုတော်အတိုင်းပေါ့ မအေး ရယ်လို့ ပြောတတ် ပြီး ကျုပ် နဲ့ ဆိုရင်တော့ ကံကံ၏ အကျိုးပေါ့ ကိုဖိုးတေ ရာလို့ ပြောတတ်တဲ့ ဓလေ့ ဒီရွာက ကျုပ်တို့ မိသားစု နဲ့ ရင်းနှီးတဲ့ လူတွေမှာ ရှိတတ်တာပါပဲ။

ဒီနှစ်တော့ ကျုပ် သားလေးကို ရှင်ပြုပြီး၊ ကျုပ်သမီးလေးကို နားသမဲ့ နှစ်မို့ လား မသိပါဘူး။ အလုပ်တိုင်းက အရင်နှစ်ကထက်ပို ပြီးငွေဝင်တာမှ ကလေးတွေထိန်းဖို့ ခေါ်ထားတဲ့ ကျုပ် မိန်းမဘက်က တူမတော်တဲ့ကလေးမလေးကိုတောင် နားဆွဲလေး လုပ်ပေးထားသေးတယ်။ ကျုပ်မိန်းမ မျိုးချစ်စိတ်ရှိပုံပြောပါတယ်။ ပြောရဦးမယ်။ ကျုပ်နဲ့ မိအေးက ကလေးတွေ မမွေး ခင်ထဲက သူဘာသာ ကိုယ့်ဘာသာ မခွဲပဲ ဘာသာရေး နဲ့ ပတ်သက်တဲ့ ထုံးတမ်းစဉ်လာတွေ အကုန်လုပ်ပေးဖို့  သဘောတူထားခဲ့တယ်။ သူတို့ ကြီးမှ သူတို့ ကြိုက်တဲ့ ဘာသာယူပါစေ ဆိုပြီးတော့ပေါ့။ ဒီတစ်မိုး စပါးပေါ်တာ နဲ့ ရှင်ပြုနားသပွဲ လုပ်မဲ့အလှုရှင်တွေ ကလဲများတော့ မိုးမကျခင်ပဲ အလှုဆိုင်းဝိုင်း အတွက် စရံသတ်တာတို့  ၊ ရှင်လောင်ဝတ်စုံငှားတာတို့ ဆိုတဲ့ ကိစ္စလေးတွေ ပုသိမ်မြို့ ပေါ်တတ်လုပ်ပြန်ပြန်လာ ခဲ့တာဗျာ။ လူတိုင်းကလဲ ကျုပ်တို့  နှစ်ယောက်လုပ်မဲ့ အလှုအတွက် ထင်ကြေးအမျိုးမျိုး ပေးလို့ ။ ကြားတာတော့ မိအေး ကန်တော့ပွဲ ရွက်မရွက် တောင် ကာလသားတွေ ကြား အပျော်တမ်းအလောင်းအစား လုပ်ကြတယ် ဆိုပါ့ပဲ။ မိအေး က လဲ ကျုပ်မရှိတဲ့ အချိန်တွေတိုင်း ခေါင်းခုလေး တင်ပြီး ကတော့ ပွဲရွက်ဖို့ ကြိတ်ကျင့်နေတာ ဘယ်သူမှ မသိကြဘူး။ ကျုပ်ကိုယ်တိုင်တောင် မသိဟန် ဆောင်နေရတာကို။

အဲဒီနေ့ ကလေတွေစထန် လာတော့ ကျုပ်တို့ ဖြင့်မကြောက်ပေါင်။ ကျုပ်တို့ မြစ်ဝကျွန်ပေါ်ဒေ သ အတွက်က မုန်တိုင်း ဆိုတာအထူးအဆန်းမှ မဟုတ်ပဲ။ ဒါပေမဲ့ နည်းနည်းကြာလာတော့ အခြေအနေမဟန်မှန်း ကိုယ်စောင့်နတ်က နှိုးဆော်ဟန်တူပါတယ်။ သားရယ်၊ သမီရယ် မိအေး ရယ် ၊ မိအေးတူမလေး ရယ်ခေါ်ပြီး တိုက်ခံအဆောက်အဦးလဲ ဖြစ်၊ အမြင့်ပိုင်းလဲ ဖြစ်တဲ့ ဘုန်းကြီး ကျောင်းဘက်ကို ထွက်လာလိုက်တာ ကံကောင်းတယ်ပြောမလား ကံဆိုးတယ်ပြော မလား။ အချိန်ကြာလာတာ နဲ့ အမျှ မုန်တိုင်းအားကောင်းလာပုံးများ ကျုပ်ဖြင့်ကမ္ဘာပျက်တယ် ဆိုတာ ဒါပဲ နေမယ် လို့ တွေးမိတယ်။ ကလေးတွေ ရဲ့ ငိုသံတွေ၊ သွပ်မိုးတွေ လွင့်သွားတဲ့ အသံတွေ ၊ တဲပြိုတဲ့ အသံ၊ အပင်လဲတဲ့ အသံတွေနဲ့  ကျနော် ဘဝတစ်လျှောက်လုံး ကြောက်စရာ အကောင်းဆုံးဆိုတာ တောင် ဒီလောက်ကြောက်ဖို့ အကောင်းဆုံး လို့ ထင်မှတ် ထားတဲ့ ဟာတွေ အားလုံး ရယ်စရာတွေ ဖြစ်ကုန်တယ် ပြောလို့ ရပါတယ်။ ဒီလိုနဲ့  တစ်လောက လုံးဝုဝုန်းဒိုင်းကျဲနေတဲ့ ကာလကြီး အပြီးမှာတော့……..
ပထမဆုံး သတိထားမိတာ ဆာလောင်လို့ ငိုနေတဲ့ ကလေးငယ်တွေ ရဲ့ အသံ။ ပြီးတော့ မိအေး ရဲ့  “မုန်တိုင်းရဲ့ အပေါ်မှာ ဘုရားသ္ခင်ရှိပါတယ်၊ သခင့်လက်ထဲ့မှာ ကျမတို့ ဘဝကို အပ်နှံထားပါတယ် အာမင်” ဆိုတဲ့ အသံ ။ အဲဒီအသံတွေ ရဲ့ နောက်မှာ စိုးရိမ်စွာ ကြည့်လိုက်မိ တာ သမီးနဲ့ သား ၊ ပြီးတော့ မယ်အေးတူမ။ သမီးနဲ့ သားကို ငေးကြောင်နေတဲ့ မျက်လုံးတွေ အောက်မှာ ခြောက်သွေ့ နေတဲ့ မျက်ရည်စီးကြောင်းတွေ နဲ့ အတူတွေ့ လိုက်ရလို့ စိတ်အေး ရပေမဲ့ မိအေး တူမလေးကိုတော့ မတွေ့ ဘူး။ အခြေအနေငြိမ်သက် စပြုတာနဲ့  ကျုပ်တို့ လဲ အိမ်ပြန်ကြမယ်ဆိုပြီး ကလေးတွေကို မိအေးတစ်ယောက် ကျနော်တစ်ယောက် လက်ဆွဲ ပြီး ထွက်အလာမှာ လဲ ကျနေတဲ့ သစ်ပင်ကြီး အဲဒီအောက်မှာ လူသေကောင်တွေ ။ ချက်ခြင်းပဲ မိအေး နဲ့ ကလေးတွေ ကို ဘုန်းကြီးကျောင်း မှာ ဆက်နေခဲ့ဖို့ မှာရင်း အိမ်ရှိရာကို ကျုပ်တစ်ယောက်ထဲ ပြန်လာခဲ့တယ်။ ဒါပေမဲ့ ကျုပ်အိမ်ဘယ်မှာလဲ ဆိုတဲ့ အမေး ကို ကျုပ်ကိုယ်တိုင် ကိုယ် ပြန်မဖြေပေးနိုင်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် သေသွားထက်လူတွေ နဲ့  ယှဉ်ရင်တော့ ကျုပ် တို့ မိသားစုကတော်သေးတယ်ဆိုရမှာပေါ့။

ကျုပ်လိုပဲ လူအများစုလဲ သူတို့ အိမ်တွေ ကို ရှာမတွေ တော့ဘူး။ အိမ်တွေနေရာမှာ ရေပြင်ကြီးဖွေး လို့  ။ အဲဒီရက်မှာတော့ ဘုန်းကြီးက မျှကျွေးတဲ့ အစားလေးတွေ ပဲ အားလုံးမျှ စား ရင်း ကျုပ်တို့ အားလုံးနေကြရတာပေါ့။ ကျုပ်လို တောကတက်လာတဲ့လူ စစ်သားလူထွက် အတွက် အရေးမကြီးပေမဲ့ မိအေး နဲ့ ကလေးတွေ အခုလိုစားနေရတာ ကြည့်ပြီးကျုပ်တော့ လုံးလုံးစိတ်မကောင်းဘူး။ အဲဒီ အိပ်မက်ဆိုးကြီး အပြီးနှစ်ရက်သုံးရက်ရှိတော့ ရန်ကုန်က လူတွေရောက်လာတယ်။ ဒါပေမဲ့ ကျုပ်တို့  ဆီရောက်လာတဲ့ အခါ ရေဘူးနည်းနည်းနဲ့  ခေါက်ဆွဲခြောက်ထုတ် တစ်ထုတ်စီလား မသိဘူး ပေးနိုင်တာကလွဲလို့  ဘာမှလဲ လုပ်မပေးနိုင် ခဲ့ဘူး။ ကျုပ် သမီးနဲ့ သား မောင်နှစ်မ နှစ်ယောက်ကလဲ အလှုကျတော့၊ အလှုရောက်ရင် စိုတဲ့ စကား ကို ရွယ်တူကလေး တွေကြားမှာ ပြောနေဆိုနေတုန်း။ အဲဒီအသံကြားတိုင်း ကျုပ် နှလုံးသား ကို အပ်နဲ့ ဆွသလိုပါပဲ။ အဲလိုအချိန်မျိုး မှာ မိအေး အနားရှိလို့  လှမ်းကြည့်မိပြန် ရင်လဲ မလိုအပ်ပဲ မျက်လုံးပုတ်ခပ်ပုတ်ခပ် လုပ်တာကို သတိထားမိတယ်။ ကျုပ်တို့  အိမ်အခြေ အနေ ၊ လယ်အခြေအနေ ၊ ကျွဲ တွေ ရဲ့ အခြေအနေ ၊ဆားကွင်းအခြေအနေ၊ ငါးဖမ်းလှေတွေ ရဲ့ အခြေအနေကို ကျုပ်နဲ့  မိအေး ကြား မပြောဖြစ်အောင် သတိထားနေတာလဲ သိသာတယ်။ ဒါပေမဲ့ အိပ်မက်ဆိုးမက်တဲ့ နေ့ ကတည်းက ဒီနေ့ အထိဝတ်ထား တဲ့ အဝတ်တွေ က ကျုပ်တို့  မိသားစု သာမက ဒီနေရာ မှာ ရှိနေတဲ့ မိသားစု တွေ ရဲ့  အခြေအနေကို ပြောပြနေသလိုပါပဲ။

တဖြည်းဖြည်း နဲ့ စေတနာရှင်တွေ ပိုပိုရောက်လာတယ်။ ကျနော် အတွက် အဝတ်အစားလေး လေးတွေ ရလာတယ်။ စားစရာတွေ နည်းနည်းပါးပါးရလာတယ်။ မြို့ ပေါ်တွေမှာလို တော့ တာတာဆီးတာ မျိုး တွေ မရှိပေမဲ့ နည်းနည်း လူလည်ကျတဲ့ အပိုင်းတွေ တော့ ရှိတာပေါ့လေ။ အလှုရှင်တွေ ကလဲ စေတနာကောင်းကြပါတယ် ရေလမ်းခရီးကို လဲ သက်စွန့် ဆံဖျားလာကြ တယ်။ အာဏာပိုင်တွေ ရဲ့ ညှိုငြင်မှု ကိုခံပြီးတော့လဲ လာကြတယ်။ ဘုန်းတော်ကြီးက တော့ ပြောတယ် အမေရိကန် တို့ ပြင်သစ်တို့ က သင်္ဘောကြီးတွေ ရောက်နေပြီ ။ မကြာခင် ကျုပ် တို့  ရွာတွေ ဆီလာပြီ လိုတာ မှန်သမျှကူညီ လိမ့်မယ်လို့ ပြောတယ်။ ကျုပ် ကတော့ ကျန်တာ ဘာမှ ပေးပေးမပေးပါ ဒီတစ်မိုးအတွက်စားဖို့ ရယ်။ ကျုပ်လယ်တွေ ကို စပါးစိုက်လို့ ရအောင် မြေပြင်ပေးပြီး မျိုးစပါးလေး ပေးရင်ကို တော်ပါပြီ။ ကျုပ်အလကား မယူပါဘူး ဒါတွေကို ပြန်ဆပ် ဆိုလဲ ဆပ်ပါ့မယ်။ ဒီနှစ်စပါးလေး စိုက်ငွေလေးတဲ့ အခါမှ ဆားကွင်းလေးကို လူငှားနဲ့  ပြန်လုပ်ရင် ကျုပ်တို့ မိသားတစ်စုတော့ ခါးမလှသေးတောင် ဝမ်းဝမှာတော့ မပူရဘူးပေါ့။

ကျုပ်တို့ ရွာကို အလှုရှင်အဖွဲ တွေ ရောက်လာတယ် ဆိုပေမဲ့ သွားရေးခက်တော့ ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေတာပေါ့။ ဒါနဲ့ ကျုပ် ၊ မိအေး ၊ သမီးနဲ့ သား ကိုခေါ်ပြီး လပွတ္တာဘက်ကို အလှုရှင်စက်လှေ အကြုံနဲ့ လိုက်သွားဖို့  စိတ်ကူးတယ်။ တစ်ဘက်က ကျုပ်မိသားစု ဝဝလင်လင် စားရဖို့ ဆိုတဲ့ အတ္တစိတ်ကလေး ပါသလို ၊ တဘက်ကလဲ ကျုပ်တို့  လေးယောက် လျော့သွား ရင် တခြားလူတွေ လေးယောက်စာ ပိုရမယ် ဆိုတဲ့ အတွေးလေးလဲ တွေးမိ ပါတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင်တော့ အမေရိကန်ကြီးတွေ ပြင်သစ်ကြီးတွေ လာတဲ့အခါ မြို့ ပေါ်ကို အရင်လာမယ် ။ အဲဒီတော့ အရင်ဆုံးတွေ့ ရမယ်။ ကျုပ်လယ်တွေ ပြင်ဖို့ စပါးစိုက် ဖို့  စောစော လုပ်နိုင်မယ် ထင်တာပေါ့။ မိအေး ကလဲ ဘွဲ့ တောင်ရထားတာ ဆိုတော့ အမေရိကန်ကြီးတွေ နဲ့ စကားပြောနိုင် မှာပဲကို။ မိအေး ကို ဖွင့်တိုင်ပင်တော့ လဲ သဘောတူ တယ်။ နောက် ရွာ ဥက္ကဋ္ဌ ကိုပြောတော့လဲ ဥက္ကဋ္ဌ က သွားချင်သွားလို့ ပြောတယ်။ နောက်တစ် ရက် အလှုရှင်တွေ ရောက်လာပြီး စိတ်ကူးကိုပြောပြတော့ သဘောကောင်းတဲ့ခေါင်းဆောင် လုပ်သူက ကျုပ်တို့ ကို ခေါ်သွားပေးမယ် ပြောတယ်။ ရေဆိပ် ဆင်းခါနီး ကိုစိန်သန်း တို့  လူအုပ် က မဲလက်မှတ်ဆိုလား ဘာလားကို တင်တင်စီးစီးနဲ့  အတင်းလုပ်ခိုင်းလို့  လက်မှတ် ထိုးပေးလိုက် တာ ကလွဲရင် ကျန်တာ အဆင်ပြေတယ်ပြောရမှာပေါ့။ မဲလက်မှတ်လို့ သာ ပြောတယ် သူတို့ ပြောတဲ့ ပုံက အမှန်ခြစ်ပြီး ကြိုတင်မဲ လက်မှတ်ထိုးသွားတဲ့ ။ စိတ်ထဲ ဘဝင် မကျပေမဲ့ လောလောဆယ် မိသားစု အရေးကရှိသေးတာကို ။ စကားနဲ ရန်ဆဲပေါ့။

လပွတ္တာရောက်တော့ မြို့ ထဲ မှာ နေတာ ထက် မြို့ ပြင်ကားလမ်းမှာ သွားနေရင်ပို အဆင်ပြေတယ် လို့  အလှုရှင်တွေ အကြံပေးတဲ့ အတိုင်း မြို့ ပြင်ကားလမ်းဘက်ထွက်ခဲ့ တယ်။ အလှုရှင်တွေ က ပေးခဲ့တဲ့ မိုးကာလေး ကို သုံးပြီး သစ်ပင်ကြီးတစ်ပင်အောက် မှာပဲ အဖြစ်တဲလေးထိုးနေလိုက်တယ်။ နောက်နေ့ မနက်ကစလို့  လာလိုက်တဲ့ ကားကြီးကားငယ် တွေ ။ တစ်ချို့ ကားတွေကလဲ ရပ်ပြီး ပစ္စည်းတွေ ကို စနစ်တကျဝေတယ်။ တချို့ ကတော့လဲ ဘာကြောင့် မှန်းမသိ ပစ်ပေးသွားတာမျိုးတွေ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွာမှာထက်စာ ရင်တော့ ကျုပ်တို့ ပိုစားရတာအမှန်ပဲ ။ နိုင်ငံခြားက လူတွေ ဆိုတာ ဘယ်တော့လာမလဲ တွေးလိုက် အလှုရှင်တွေ လာရင် ပစ္စည်းလေးတွေ ယူလိုက်နဲ့ လက်ရှိကိုယ့်အဖြစ် ကိုယ်တောင် မေ့နေတယ်။
တစ်ရက်တော့ မနက်အစောကြီး ရဲတွေရယ် ၊ ကိုစိန်သန်းတို့ လို ဖြူစိမ်းကောင်တွေ ရယ် ရောက်လာပြီး ကျုပ်တို့ မိသားစုကို ဒီမှာနေခွင့် မရှိဘူး ။ သူတို့ နဲ့ လိုက်ခဲ့ပါ ကယ်ဆယ်ရေး စခန်းကို ပို့ ပေးမယ် လို့ ပြောပြီးလာခေါ်တယ်။ ဒါနဲ့ ကျုပ်တို့ မိသားစုလဲ ဝမ်းသာအားရနဲ့  လိုက်ခဲ့တာပေါ့။ ဟိုလဲရောက်ရော တပ်ထဲတုန်းက ကြည့်ဖူးတဲ့ ရုပ်ရှင်ကားထဲကလို တဲလေး တွေ တန်းဆီဆောက်ထားတာကို တွေ့ ရတယ်။ အထဲမှာလဲ ဒန်အိုးဒန်ခွက် ဆန်အိတ် ၊ ဆီစား နဲ့  အခြောက်အခြမ်းတွေ ကို တွေ့ ရတယ်။ ခနတာ တော့ လုံခြုံမှုရပြီ ဆိုတဲ့ အသိ နောက် ကျုပ် ကလေးတွေရော ၊ မိအေး နဲ့ ကျုပ်ကိုတိုင်ရော ကားသံနာထောင်လိုက် ပစ္စည်းလှု မဲ့သူမျှော်လိုက်နဲ့  ၊ ပစ္စည်တွေ သွားအလှုခံလိုက်ဆို တဲ့ ဘဝကို ကြည့်ရတာလဲ မဖြစ်လို့ သာရယ်။ တကယ်တမ်းတော့ တစ်စက်ကလေးမှ စိတ်ချမ်းသာတာ မဟုတ်ဘူး။ အခုလို ဆိုတော့ စခန်းက ဝေတဲ့ ရိက္ခာသွားထုတ်ရင် နိုင်ငံခြားကလာမဲ့ အကူအညီတွေကို ထိုင်စောင့်ယုံ ပဲပေါ့။

တစ်အောင့်နေတော့ ယဟတ်ယာဉ်သံတွေ ဆူညံပြီး အရာရှိကြီးတွေ ကျနော်တို့ တဲတန်းတွေ ထဲ ဝင်လာတာကို မြင်ရတယ်။ တပ်ထဲတုန်းကလဲ ကျုပ်ုက ဓါမနောက်ပိတ်ခွေ ရိုးရိုးရဲဘော် ဆိုတော့ ဘယ်သူဘယ်ဝါရယ်လို့ တော့လဲ မသိဘူးပေါ့။ ကျုပ်တို့ တဲတွေဆီ တစ်တဲ့ချင်းကြည့် ပြီးတော့ အားပေးစကားပြောပေါ့။ ကျုပ်တို့ လဲ ဝမ်းသာတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလူကြီး တွေ လာတယ် ဆိုတော့။ လူကြီးတွေ ပြန်ထွက်သွားပြီး ခနနေတော့ ကျုပ်တို့ တဲတွေ ဆီကို တာဝန်ခံဆိုတဲ့ လူတွေရောက်လာပြီး ဆန်အိပ်တွေ နဲ့  တခြားစားစာရာတွေကို ပြန်သယ်သွား တယ်။ ပါးစပ်ကလဲ ရေရှည်အတွက်ကျုပ်တို့ ကစေတနာနဲ့ လုပ်ပေးတာ ဘာညာဆိုတာတွေ ပြောတယ်။ ပြီးတော့ ဆန်နှစ်ပြည်ရယ် အခြောက်အခြမ်းနည်းနည်းရယ်ထဲ့ထားတဲ့ အိပ်တွေ ကို “ဒါတစ်ပတ်စာ” လို့ ပြောပြီးပေးတယ်။ နောက် ဘယ်အလှုရှင်တွေ ဆီကမှလဲ တိုက်ရိုက် လက်မခံဖို့  မျက်နှာထားနဲ့ ပြောတယ်။

ကျုပ်ကလဲ တစ်ခုခုဆိုရင် မြုံ မနေတတ်တော့ နိုင်ငံခြား ကလူတွေကရော ဘယ်တော့ လာမလဲ လို့ မေးလိုက်မိတယ်။ အဲဒီမှာ ခေါင်းဆောင် လုပ်သူက ဒေါနဲ့ မန်နဲ့  ဘယ်သူ့  အကူအညီမှ မလိုဘူး နိုင်ငံတော်က ကူညီနိုင်တယ် ဘာညာ နဲ့ အော်ပါလေရော။ ကျုပ်တို့  ကို မျိုးစပါး ပေးမှာလား ၊ လယ်တွေပြင်ပေးမှာလား ၊ ငွေချေးပေးမှာလား စတဲ့မေးခွန်းတွေ ဆက်တိုက်မေးလာတော့။ အဲဒီလူလဲ မျက်နှာကြီးနီရဲလာပြီး ဒေါသတကြီး အော်ပါလေရော။ သူပြောတဲ့ထဲမှာ ဖားရှာ ငါးရှာစားတို့  ၊ ချောကလက် မလိုဘူးဆိုတဲ့ အသံတွေ ပဲ ကြားနေရ တယ်။ မျက်လုံးထဲမှာတော့ တိုင်တချို့ ကလွဲပြီးဘာမှ မရှိတော့တဲ့ ကျုပ်တို့ အိမ်။ လူတွေ စွန်ကြဲတာကို သိမ်ငယ်တဲ့ မျက်လုံးတွေ နဲ့  လက်ဖြန့် တောင်းနေတဲ့ ကျုပ်ချစ်တဲ့ မိအေး နဲ့  သမီးနဲ့ သား နဲ့ တခြားလူတွေ။ နောက် သမီးနဲ့ သားကို လှုတဲ့ အလှုပွဲ။ နောက်ဆုံး ကြားလိုက်ရတဲ့ စကားက ဘယ်နိုင်ငံခြားသာမှ အဝင်မခံဘူး စာဖို့ မရှိရင်တောင်း စား ဆိုတဲ့ အသံ….

ကျုပ်ကို ကျုပ်ဘာလုပ်လိုက်မှန်း မသိခင်မှာ အဲဒီခေါင်းဆောင်လုပ်သူ ရဲ့ ပြူကျယ်နေတဲ့ မျက် လုံး ကျုပ်လက်နှစ်ဘက်နဲ့  သူ့ လည်ပင်း အထိအတွေ့ ကိုပဲ သိတော့တယ်။ နောက် ချက်ချင်းလို ပဲ ကျုပ်ခေါင်းနဲ့ ခန္ဓာကိုယ် အနှံ့ က နာကျင်မှု ။ ဒါပေမဲ့ ကျုပ်လက်ကို ဘယ်တော့ မှ မလွတ်ဘူး။ မုန်တိုင်းက ကျုပ်တို့ ဆီက ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေ ပဲ လုယူတာ၊ ကျုပ်လက်ထဲ ကလူ နဲ့  သူလို လူမျိုးတွေ က ကျုပ်တို့ ဘဝတစ်ခုလုံးကို လုယူတာ။ ကျုပ် သားနဲ့  သမီးရဲ့ အနာဂတ်ကို ဖျက်ပြစ်တာ။ ကျုပ်တို့ တစ်ရွာလုံးကိုဖျက်ပစ်တာ။ ကျုပ်နဲ့  ဘဝတူတွေ ကလဲ ချကြပါတော့လား။ ထမင်းစားရယုံနဲ့  ကျုပ်တို့ ဘဝ ရပ်တည်လို့ မှ မရတာ ။ ဘယ်မလဲ လယ်၊ ဘယ်မလဲနွား၊ ဘယ်မလဲ မျိုးစပါး။ ဘယ်သူတွေ ကရော ကျုပ်တို့ ကို အမြဲလှုနေနိုင်မလဲ တစ်လလား၊ ဆယ်လလား ၊ တစ်နှစ်လား ။ ရဟန်းသံဃာ မဟုတ်ပဲ သူများ လှုတာကို တစ်သက်လုံးထိုင် စားနေမယ်ဆိုရင်ရော ကျုပ်တို့ ဘာတွေ ဖြစ်ကုန်မလဲ ။ ဘုရားကျွန်လား၊ သူဖုန်းစားလား ၊ ဒုက္ခိတတွေလား ။ ချကြပါတော့လား ကျုပ်နဲ့  ဘဝတူလူတွေရယ် ။ အစာငတ်မှာ ကြောက်ပြီး ဘဝကို အငတ်ခံကြတော့မလို့ လား။ ကျုပ် တို့  လူမျိုးတွေက ခန္တီပါရမီကောင်း တာပဲလား၊ သရဲဘောကြောင်တာပဲလား ။ ဓါမိုးအုပ်ချုပ်ခဲ့ တဲ့ အချိန်တွေ သိပ်ကြာလာခဲ့လို့ လား ။ မေးခွန်တွေ ရဲ့ အဖြေကို ရှာမတွေ့ ခင်ပဲ ကျုပ်တော့ အမှောင်အတိ ကျလို့ ။ နောက်ဆုံးမြင်လိုက်ရ တာက ဧရာမ သင်္ဘောကြီး ။ မိအေးနဲ့  ကလေးတွေ လဲ ပျော်လို့ ။

လေဘေးကယ်ဆယ်ရေး စခန်းထဲမှာ အရှုးတစ်ယောက်စိတ်ဖောက်ပြီး ဥက္ကဋ္ဌ ကြီး ကို လည်ပင်းထညှစ်တာ ဘေးက လူတွေ ဝိုင်းကယ်လို့ ဥက္ကဋ္ဌ ကြီး ဘာမှ မဖြစ်တာဆိုတဲ့ သတင်းကို လူတွေ စုမိတိုင်းပြောတတ်တယ်။ နောက် အလှုရှင်တွေ နဲ့  အလှုခံတွေ စုဝေးနေတဲ့ နေရာတိုင်း မှာ မနက်ဖြန်အတွက် ဘာမှ စိတ်မပူကြပါနဲ့  ကျမ အမျိုးသား သင်္ဘောတွေ ကယ်ဆယ်ရေး လုပ်မဲ့လူတွေ သွားခေါ်နေတယ်လို့  ငိုတစ်ခါရယ်တလှည့် ပြောနေတတ်တဲ့ လူရည်သန့်  မိန်းမတစ်ယောက် ကိုလူတွေ သတိထားမိလာကြတယ်။
မိုးထက်နေ

မြန်မာပြည်အတွက် သီချင်း

နာဂစ်ရယ် ၊ မုန်တိုင်းကြိုတင် သတိပေးခြင်းမှာ အားနည်းပြီး လူတွေကို ရွှေပြောင်းပေးဖို့  မလုပ်ခဲ့တဲ့ စစ်အုပ်စုရယ် ဟာ ကျနော်တို့ နိုင်ငံသားတွေကို အစုလိုက်အပြုန်လိုက် သတ်ဖြတ်တဲ့ တရားခံတွေဖြစ်တယ်။ မုန်တိုင်းအပြီးမှာ သေဆုံးသူအရေ အတွက်ဟာ သိန်းဂဏန်း ကျော်နေပြီ ဖြစ်ပါတယ်။ သဘာဝဘေး အန္တရယ်တွေ နဲ့ တွေ့ ဆုံပြီးတဲ့ အခါတိုင်း မှာ သေလွန်သွားသူတွေ အတွက်ကြေကွဲ ရတာထက် ကျန်နေရစ်သူတွေ ရဲ့ ဒုက္ခဟာ ပိုမိုကြီး မာပါလိမ့်မယ်။ ချစ်သူများနဲ့ ကွေကွင်းရခြင်း ဒုက္ခကို ပုလောင်စွာ ခံစားနေရစဉ်မှာပဲ ဘဝကို အသစ်ပြန်စဖို့  အတွက် စိန်ခေါ်ခံနေ ရကြရှာတယ်။ ကျနော်တို့ တိုင်းပြည်လို အတိုးနည်းနည်း နဲ့  ဘဏ်အလွတ်ချေးငွေ မရှိ၊ အလုပ်အကိုင် ရှားပါးတဲ့ နိုင်ငံတစ်ခုက လူတွေ အတွက် အနာဂတ် မရေရာခြင်း စိတ်ဒုက္ခကို ပိုမိုခံစားရပါလိမ့်မယ်။


စစ်အုပ်စုကတော့ ကျနော်တို့  နိုင်ငံသားတွေရဲ့ အလောင်းကောင်တွေပေါ်က ၊ အနာဂတ် ပျောက်ပျက်သွား တဲ့ ကလေးသူငယ်တွေ ရဲ့ ငတ်မွတ်နေတဲ့ မျက်ဝန်းတွေ၊ သက်ကြီးရွယ် အိုတွေရဲ့  ကူကယ်ရမဲ့ မျက်ရည်တွေ ပေါ်ကနေပဲ စစ်အုပ်စု အနာဂတ်ကောင်းစားရေး အတွက် အထောက်အပံ့ဖြစ်မဲ့ တဖက်သတ်ဖွဲ့ စည်းပုံ ကို မျက်နှာပြောင်တိုက်လိမ်လည် ထားတဲ့ ရာခိုင်နှုန်းကိန်းညွန်းတွေ နဲ့ အတည်ပြုကြောင်း ကြေငြာခဲ့တယ်။ နိုင်ငံတကာရဲ့  ထိရောက်တဲ့ အကူအညီကိုလဲ အကြောက်ခံ ငြင်းဆန်ခဲ့တယ်။ ထမင်းထုတ်လေး ပေးယုံ၊ ဒန်ခွက်ကလေး ဝေပေးနိုင်ယုံ၊ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေ နဲ့  စာသင်ကျောင်းတွေ ထဲ လူတွေကိုအစုလိုက် အပြုန်လိုက်ထိုးထဲ့ထားနိုင် ယုံနဲ့  မုန်တိုင်းရဲ့ နောက်ဆက်တွဲ ဒုက္ခတွေ ကို ဖြေရှင်းပေးနိုင်ပြီ ဖြစ်ကြောင်း အကြောက်ကန် ပြောဆိုနေတယ်။ ပြည်တွင်းမှာ နေထိုင်တဲ့ မုန်တိုင်းဘေးလွတ်ရာ ဒေသကလူတွေအပါအဝင်၊ ပြည်ပရောက် မြန်မာတွေ ၊ နိုင်ငံတကာ အဖွဲ့ အစည်းတွေ ၊ ကမ္ဘာအရပ်ရပ် အစိုးရအဖွဲ့ အစည်းအတွေရဲ့  အကူအညီအတွေ ကို နည်းအမျိုးမျိုးနဲ့ နှောက်ယှက်ဟန့် တားနေတယ်။ စစ်အုပ်စုဟာ လူအရည်အသွေးချို့  နေတဲ့ အာဏာရှင် ဖြစ်ကြောင်း၊ စစ်အုပ်စုဟာ ပေါ်ပေါက်ခဲ့ဖူးသမျှ အာဏာရှင်တိုင်းထက် ဆိုးရွားကြောင်း ၊ စစ်အုပ်စုဟာ ဖက်ဆစ်တဲ့ ဆိုးတဲ့ ဖက်ဆစ်ဖြစ်ကြောင်း ကမ္ဘာမြင်ကွင်းမှာ မှတ်ကြောက်အမျိုးမျိုး အစားခံနေတယ်။

သေဆုံးသွားသူတွေ အနာဂတ်ပျောက်သူတွေ အတွက် ကျနော်တို့ ဆဲရေးတယ်၊ ကျနော်တို့  ငိုကြွေးတယ် ၊ ကျနော်တို့ လှုဒါန်းတယ်၊ အနောက်ဘက်တိုင်းတွေ ကို ခါးသီးစွာ မုန်းတီးပါတယ် ဆိုတဲ့ လူတွေကိုယ်တိုင် အီးယူကိုမျှော်လင့်တယ်၊ အမေရိကန်ကို တောင်းတတယ်၊ ကုလသမဂ္ဂ ကို အားကိုလာတာကို တွေ့ ရတယ်။ စစ်အုပ်စုကို မုန်းတီးတဲ့ စိတ်အပေါ်အခြေခံတဲ့ အတွေးအခေါ်သွေဖီမှုတွေ၊ စိတ်ကူးယဉ်မှုတွေ ပေါ်ပေါက်လာတယ်။ အခုလို အနေအထားမှာ ကျနော်တော့ အခွင့်ရတိုင်း ဒီသီချင်းလေး (အင်တာနေရှင်နယ် သီချင်း)ကို နားထောင်နေရတယ်။

ထလော့ … အငတ်ဘေးကျရောက် သူတို့ တတွေ
ထလော့ … ကမ္ဘာ့တဝှမ်းက ကျေးကျွန်တွေ
တော်လှန်ကာ ထစ်ချုန်းမည် ကြွေးကြော်လို့ နေ
နောက်ဆုံးပိတ်တိုက်ပွဲ နွှဲဆင်မလေ…….


မြန်မာပြည်မှာ ငတ်လို့ သေတဲ့ မသာမရှိဘူး ဆိုတဲ့ စကားကို မှန်တယ်လို့ ဆိုရင်တောင် အခု နာဂစ် မုန်းတိုင်းမွှေနှောင့်သွားတဲ့ အရှိန်နဲ့  အထွေထွေစရိတ်စက ကြီးမြင့်မှုတွေကြားမှာ မုန်တိုင်းဝင်ရောက် သွားတဲ့ဒေသက လူတွေ ငတ်နေပြီဖြစ်သလို၊ တခြားဒေသက လူအများစု ဟာလဲ ကြပ်နေကြပါပြီ။ ဒါတွေကိုမှ ငြင်းဆန်ဦးမယ်ဆိုရင်လဲ ကျနော်တို့  လူ့ အခွင့်အရေး ငတ်ခဲ့တာ၊ ကျနော်တို့ အနာဂတ်လုံခြုံမှု ငတ်ခဲ့တာ၊ ကျနော်တို့  လွတ်လတ်တဲ့ ဘဝတွေကို ငတ်ခဲ့တာ ကြာပါပြီ။ ထမင်းစားရုံလူဖြစ်နေရတဲ့ ဘဝနဲ့  အဓမ္မလုပ်အားပေးမှုတွေ ကြားမှာ တိုင်းတပါးသား ဖက်ဆစ်တွေ၊ နာဇီတွေ လက်အောက်ရောက်နေရတဲ့ ဘဝလို ကျနော်တို့  အားလုံး စစ်ကျွန်တွေဖြစ်ခဲ့ ရပါတယ်။ ဆဲရေးမှု ဝေဖန်မှု နိုင်ငံတကာဖိအားပေး မှုတွေဟာ လဲ အတ္တဝတ်ရုံနဲ့ ကာကွယ်ထားတဲ့ စစ်အုပ်စုကို လုံးဝတုန်လှုပ်စေမယ် မဟုတ်ပါဘူး။ ကျနော်တို့  ရရာလက်နက် ဆွဲကိုင်တိုက်ခိုက်ဖို့ လိုအပ်နေပြီဖြစ်တယ်။

ရှေးရိုးအစဉ်အလာ အယူအဆစွဲတွေ စွန့် လေ
ကျေးကျွန်တွေ၊ ထလေ၊ ထကြလေ။
အခြေအနေတွေ တို့ တော်လှန်ကာသာ ပြောင်းမလေ
အောင်မြင်ဖို့ ရာ ရှင်းပစ်စို့ လေ……….


မိုးကောင်းတုန်းတော့ ရွာထားဦး ဆိုပြီးအံ့ကြိတ်ခံနေဖို့ လဲမလို။ ဘုန်းကြီးသူသာ မင်းဖြစ်တယ် ဆိုတဲ့ ခပ်ကြောင်ကြောင်အတွေ အခေါ်တွေလဲ မလို။ အတက်ရှိရင် အကျလဲ ရှိတယ်ဆိုတဲ့ သဘာဝ ဝတ္ထဗေဒ သီအိုရီတွေကိုလဲ ကိုးကားနေဖို့ မလို။ တက်နေရင်လဲ အမြန်ဆုံးပြုတ်ကျ အောင်လှေခါးကို အောက်ခြေက ဖြတ်ပေးဖို့ ပဲလိုတယ်။ ကျနော်တို့  ရရာလက်နက် ဆွဲကိုင်တိုက်ခိုက်ဖို့ လိုအပ်နေပြီဖြစ်တယ်။

ရဲဘော်တို့ လာ … စုရုံးနေ
အဆုံးစစ်ပွဲ … နွှဲမယ်လေ
အင်တာနေရှင်နယ် ကမ္ဘာမှာ အကုန်ညီစေ။
ရဲဘော်တို့ လာ … စုရုံးနေ
အဆုံးစစ်ပွဲ … နွှဲမယ်လေ
အင်တာနေရှင်နယ် စည်းရုံးစုစည်းကာနေ။


၎သိန်းဝန်းကျင်သော လက်နက်ကိုင်လူ့ ဘီလူးများ၊ ရဲ၊မီးသတ် စတဲ့ အရံအင်အားစုများ ကြံ့ဖွတ်စွမ်းအားရှင် အစရှိတဲ့ လက်ကိုင်တုတ်အဖွဲ့ အစည်းများ ဟာ အာဏာကို ကာကွယ်သူတွေ သာဖြစ်တယ်။ ၎င်းတို့ အကျိုးစီးပွာ အတွက် မိုက်မဲနေသူတွေ သာဖြစ်တယ်။ ကျနော်တို့ ပြည်သူတွေ ဟာ ငတ်မွတ်နေသူတွေ ၊ လွတ်လပ်မှုပျောက်ဆုံးနေသူတွေ ဖြစ်တယ်။ သူတို့ မှာ ခေတ်မှီလက်နက်တွေ ရှိမယ်။ ကျနော်တို့ လှုပ်တာနဲ့ သူတို့ ရဲ့  သေနတ်ပြောင်းတွေ တုတ်ချက်တွေ ကျနော်တို့ ဦးခေါင်းတွေဆီ၊ ရင်ဘတ်တွေ ဆီ တဖွဲဖွဲ ကျလာမှာလဲ ဖြစ်တယ်။ နေသေးသပ ခြုံထဲက ဂျိုသွေးမကွ တစ်မြမြ ဆိုတဲ့ စိတ်ထားမျိုး နဲ့  မဟုတ်ပဲ။ ကျနော်တို့  ရတဲ့ နည်းနဲ့ တိုက်ဖို့ လိုတယ်။ စစ်အုပ်စုနဲ့  စစ်အုပ်စု ဘက်တော့သား ၂ သန်း ရှိတယ်ဆိုရင်တောင် ကျန်တဲ့ လူတိုင်းကို သတ်ဖြတ်ပြစ်ဖို့ မလွယ်ဘူး။ အများစုက တကယ်သေဖို့ အသင့်ရှိတဲ စိတ်နဲ့ တော်လှန်တိုက်ခိုက်တဲ့ အခါ အနည်းစုက သတ်ဖြတ်ဖို့  မရွံမရဲ ဖြစ်လာလိမ့်မယ်။ တစ်ခုပဲရှိတယ် ကျနော်တို့ အားလုံး မြန်မာမြေပေါ်က စစ်အုပ်စု ကို ဖြစ်တဲ့နည်းနဲ့ မောင်းနှင်ထုတ်မယ်ဆိုတဲ့ အတွေးအခေါ်နဲ့  ကိုယ်အလောင်းစင်ကိုယ်တိုင် ပြင်ဆင်ရဲတဲ့ တိုင်းပြည်နဲ့ လူမျိုး အနာဂတ်အပေါ် တာဝန်ကျေလိုစိတ်ရှိဖို့ ပဲလိုတယ်။ ကျနော်တို့  ရရာလက်နက် ဆွဲကိုင်တိုက်ခိုက်ဖို့ လိုအပ်နေပြီဖြစ်တယ်။


ကယ်တင်ရှင် ဘယ်သောအခါကမှ မရှိပေ
နတ်သိကြားနဲ့  မင်းဘုရားတို့ မယုံပေ
နှောင်ကြိုးကို တို့ လက်ရုံးဖြင့် ချိုးဖျက်မလေ
သောက ဗျာပါဒ..လောဘကင်းစင်စေ။


အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်တို့ ပဲ ကယ်တင်တော့မလား ဆိုတဲ့ အတွေးဟာ အိပ်မက်ကောင်း တစ်ခုဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးရဲ့ စီးပွားရေး ကိန်းညွန်းတွေအရတော့ စစ်ပွဲတစ်ခုတိုက်ယူပြီး ကယ်တင်ဖို့ ဆိုတာ သိပ်ဝေးကွာနေလွန်းသေးတယ်။ အမေရိကန်စီးပွားကျတာ၊ ဗြိတိန်နိုင်ငံရဲ့  စီပွားရေးယိုင်လဲတာ ဆင်ပိန်ကျွဲဆိုပေမဲ့ ရေနံမထွက်တဲ့တိုင်းပြည်၊ တရုတ် အိန္ဒိယတို့ လို စစ်ရေးအင်းအားကြီး နိုင်ငံတွေရဲ့ အရိပ်အောက်က တိုင်းပြည်တစ်ခုကို အလွယ်တကူ ထိုးစစ်ဆင်ရလောက်အောက်တော့ သဘောကောင်းကျမယ် မဟုတ်ဘူး။ တဖက်ကလဲ စစ်အုပ်စု ဟာ မြစ်ဝကျွန်းပေါ်ဖက် နေရာတွေမှာ တပ်မတွေ ကို ကယ်ဆယ်ရေးအကြောင်း ပြချက်နဲ့  ထိုးထားတာဟာ တကယ်လို့ စစ်ရေးအရ စွက်ဖက်မှုတွေရှိလာတဲ့အခါ ရှုပ်ထွေးမှုတွေ ပေါ်ပေါက်စေနိုင်ဖို့ သာမက၊ ဓါးစာခံတွေ အဖြစ်သုံးနိုင်အောင်လဲ ဖက်ဆစ် စစ်ရေးအမြင်နဲ့ စီစဉ်ထားတာလို့ မြင်ပါတယ်။ အမေရိကန်လေယာဉ်တင် သင်္ဘောသုံးစင်းဟာ လဲ နာဂစ်အတွက် တကူးတက ကြွချီလာတော်မှုတာ မဟုတ်ပဲ နှစ်စဉ်လုပ်နေကြ ပူးတွဲ စစ်ရေးလေ့ကျင့်ဖို့  နားဂစ်အကြိုကာလတွေ ကတည်းကရောက်နေတာဖြစ်ပါတယ်။ အကြွေးရှိလို့  ဆပ်ရတယ်၊ ဘုရားသခင် အလိုတော်အရ၊ အလာအရှင်မြတ်အမိန်တော် အတိုင်း ဆိုတဲ့ စကားတွေကို ကိုးကားပြီးတွေး ပြီးခေါင်းငုံ ခံနေဖို့ လဲ မတော်တော့ဘူး။ ကျနော်တို့  အနာဂတ်ကို ကျနော်တို့ ဖန်တီးဖို့  လိုနေပါပြီ။ သေနတ်ပြောင်းက ထွက်တဲ့ ကျည်ဆန်ဟာ လူအသက်ကို သေစေသလို ပြစ်မှတ်တဲ့တဲ့ သွားတဲ့ ဂျင်ကလိ၊ မြှားတံ၊ မှိန်း၊ လှံ၊ သံပေသီး အစရှိတာတွေ ဟာလဲ လူအသက်ကို ရန်ရှာနိုင်ပါတယ်။ ကိုယ်မနက်ဖြန် ကို ကိုယ့်ခြေကိုယ့်လက်နဲ့ သာ တည်ဆောက်နိုင်တယ်ဆိုတဲ့ အခြေခံအတွေးအခေါ်တစ်ခု တော့ အားလုံး ကိုယ်စီရှိဖို့ လိုအပ်တယ်။ ကျနော်တို့  ရရာလက်နက် ဆွဲကိုင်တိုက်ခိုက်ဖို့  လိုအပ် နေပြီဖြစ်တယ်။

လုယက်ခြင်းမှ မှန်မလွဲပင်ကင်းမလေ
များပြည်သူ တူညီပျော်မြူးကြစေ
အားလုံးက တာဝန်ကိုယ်စီထမ်းမလေ
သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ


စစ်အုပ်စုဟာ ကျနော်တို့ အနာဂတ်ကို လုယက်ခဲ့တယ်။ ကလေးဆေးရုံးမှာ ဒီစာဖက်နေတုန်း မွေးဖွားလာတဲ့ မြန်မာပြည်သား ကလေးငယ်လေးတွေရဲ့ အနာဂတ်ကိုလဲ စက္ကန့် နဲ့ အမျှ လုယူ ဖို့ အကြံအစည်ရှိတယ်။ မုန်တိုင်းကြောင့် သေဆုံးသွားတဲ့ အလောင်းကောင်တွေစီက ရွှေငွေ၊ လက်ဝတ်လက်စားတွေ ကိုလုယက်တယ်။ နိုင်ငံတကာက ပေးမဲ့ သဘာဝဘေးအန္တရယ် ပြန်လည်ထူထောင်ရေး နည်းပညာတွေ ကိုလုယက်တယ်။ အစားအစာဆေးဝါး စတာတွေ ကိုလုယက်တယ်။ ကိုယ်လူမျိုးချင်းတတ်အားသမျှ ပြန်လည်လှုဒါန်းတဲ့ ပစ္စည်းတွေကိုလဲ လုယက်တယ်။ မုန်တိုင်း နောက်ဆက်တွဲ ဆိုးကျိုးအဖြစ်ကျန်ရစ်တဲ့ စိတ်ကျဝေဒနာခံစားနေရမှု တွေ၊ ငတ်ပြတ်နေသူတွေ ၊ ရောဂါဘေးကျလာသူတွေ ရဲ့ မျှော်လင့်ချက်တွေ ကိုလဲ လုယက်တယ်။ ကယ်ဆယ်ရေး အတွက် ငွေလှုဒါန်တဲ့ လူတွေ လိုသလို လက်နက်ကိုင်တော် လှန်ရေးအတွက်လဲ ရန်ပုံငွေထဲ့ဝင်ပေး စေချင်တယ်။ တစ်ဦးခြင်းအနေနဲ့ ၊ အဖွဲအစည်းတွေ အနေနဲ့  ၊ နိုင်ငံတကာ အနေနဲ့  လုပ်ပေးနိုင်ဖို့ ကောင်းတယ်။ ကျွမ်းကျင်သူ ပညာရှင်တွေ မပါပဲ အလှုပစ္စည်းတွေ ရိက္ခာတွေ ကို စစ်အုပ်စုလက်ထဲ ထဲ့ပေးနေတာကတော့ သူခိုးကို ဓါးရိုးကမ်းနေတာ မျိုးပဲဖြစ်မယ်။ ပုတ်ရိနေတဲ့ လက်ကို ပရုပ်ဆီလိမ်းပေးနေလို့ မရဘူး။ လိုအပ်ရင် အရင်းကနေ ခုတ်ဖြတ်ပြစ်ဖို့ ကောင်းတယ်။ ထိရောက်တဲ့ အကူအညီမပေး နိုင်တဲ့ အတွက် ဒုက္ခကို ခံရင် သေတာနဲ့  အပြောင်းအလဲ တစ်ခုအတွက်ကြိုးစားရင်း အသေခံကြဖို့  ပဲ ကွာပါတယ်။ တိုင်းပြည်ရဲ့  မနက်ဖြန်တွေကတော့ အသက်ယဲ့ယဲ့ပဲကျန်တော့တယ်။ အခု အချိန်ဟာ စစ်အုပ်စုရဲ့  ပကတိအနေအထားကို တစ်ကမ္ဘာလုံး သိနေတဲ့ အခါဖြစ်လို့  အပြောင်းအလဲ တစ်ခုအတွက် စိန်ခေါ်မှုကို လက်ခံဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်လို့  ထင်တယ်။ ကျနော်တို့  ရရာလက်နက် ဆွဲကိုင်တိုက်ခိုက်ဖို့ လိုအပ်နေပြီဖြစ်တယ်။

လယ်သမား လုပ်အားစိုက်ထုတ်သူ အပေါင်းတွေ
ပစ္စည်းမဲ့များနဲ့ ပေါင်းစည်းဟေ
ညီရင်ပမာ အဓိဌာန် သိစ္စာပြုစို့ ဟေ
သွေးစုပ်ကောင်တွေ မောင်းထုတ်ဟေ……
တို့ ရဲ့ သွေးသား သူတို့ ဝါးမြိုစားသလေ
နှစ်ကာလ ရှည်ကြာခံခဲ့ရပေ
ကြောက်လန့် စိတ် အကုန်အစင်စွန့် လေ
အာရုဏ်ကျင်းကာ အလင်းသို့ ရောက်ပြီဟေ ။


သိသိနဲ့ အံကြိတ်ပြီး စစ်အုပ်စုရဲ့ သွေးစုပ်မှုကို ခေါင်းငုံခံခဲ့ကြသူတွေရော ၊ မသိချင် ဟန်ဆောင်ပြီး ခံခဲ့ကြသူတွေပါ အခုလို အချိန်မျိုးမှာတော့ အလင်းပွင့်ဖို့ ကောင်းပါပြီ။ အားလုံး တစ်ညီတစ်ညာနဲ့  စစ်အုပ်စုကို ရတဲ့ နည်းနဲ့ မောင်းထုတ်မယ်ဆိုတဲ့ စိတ်မျိုးနဲ့ တော်လှန်အုံကြွ ဖို့ လိုပြီထင်ပါတယ်။ စစ်အုပ်စုဟာ အာဏာတည်မြဲရေးအတွက် အလောင်းပုံတွေ အရိုးပုံတွေ ပေါ်ကနေ မိုက်မဲနေဦးမှာ ဖြစ်ပါတယ်။ အားလုံးဒါကို သဘောပေါက်တယ် ဆိုရင် ကိုယ်စီကိုယ်ငှ အနာဂတ်ကို တာဝန်ကျေဖို့ လိုပါတယ်။ စစ်အုပ်စု လက်အောက်မှာ ကျီးလန့်  စာစား တစစ အသေခံမလား ၊ ကိုယ် အသက်ကို ချနှင်းပြီး သေမြေကြီး ရှင်ရွှေထီး စိတ်နဲ့  ဖောင်ဖျက်ကြမလား ဆိုတာကို အတိအကျ ရွေးချယ်ဖို့ လိုပါပြီ။ အတိုက်အခံခေါင်းဆောင် ကြီးများကလဲ သက်သာတဲ့ ပရိုပိုစယ်တော်လှန်ရေးတွေ ၊ ကမ်ပိန်တွေ ၊ ပတ်တေးရှင်းတွေ ၊ တော်လှန်ရေး ပုရောဟိတ်ဆန်တဲ့ ခန့် မှန်ပြောဆိုမှုတွေ လုပ်နေမဲ့ အစား ပိုမိုထိရောက်တဲ့ လမ်းကြောင်းတွေ ကိုချမှတ်ပေးဖို့ လိုပါပြီ။ အခြေအနေက တောင်းဆိုလာတဲ့ အခါ ခေါင်းဆောင် ဆိုတဲ့ အမျိုးဟာ အလိုလိုပေါ်ပေါက်လာပါလိမ့်မယ်။ လူထုခေါင်းဆောင် တစ်ယောက်ဖြစ်ဖို့  စစ်ကျောင်းသုံးနှစ်တက်မလိုသလို ၊ နိုင်ငံတကာ တက္ကသိုလ်ကြီးတွေ မှာလဲ ကျမ်းကြီးကျမ်းငယ်တွေ လေလာဖို့ ပြုစုဖို့ မလိုအပ်ပါဘူး။ လူထုအင်အားသာ မရှိရင် ကိုအောင်ဆန်း လဲလွတ်လပ်ရေး ရအောင်လုပ်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ လူထုအတွက် စစ်မှန်တဲ့ ခေါင်းဆောင်ရှာဖို့  အကောင်းဆုံးနည်းလမ်းကတော့ တော်လှန်ရေးအလံကို လွင့်တင်လိုက်တဲ့ နည်းပဲဖြစ်ပါလိမ့်မယ်။ ကျနော်တို့  ရရာလက်နက် ဆွဲကိုင်တိုက်ခိုက်ဖို့  လိုအပ်နေပြီဖြစ်တယ်။

သေဆုံးသွားသူတွေ ၊ မိဘမဲ့ ဖြစ်သွားတဲ့ ကလေးငယ်တွေ အတွက်ဝမ်းနည်း ပက်လက်ဖြစ် နေမဲ့ အစား၊ ငိုကြွေးနေကြမဲ့ အစား ကျနော်တို့ ဒီသီချင်းကို ဝါဒစွဲတွေခနဘေးချပြီး နားထောင်ကြည့်ကြမယ်။ သူတို့  ရဲ့  ဝိဥာဉ်တွေက ဒီသီချင်းကို ကျနော်တို့ အားလုံး နားထောင်စေချင်လိမ့်မယ် လို့  ယုံကြည်တယ်။ အဖြေတစ်ခုခုတော့ တွေ့ လောက်မယ်ထင်ပါရဲ့ ။ ကျနော် နားထောင်လိုက်တဲ့ ရတဲ့ အဖြေက တော့ အောက်ပါအတိုင်းပဲဖြစ်တယ်။

ကျနော်တို့  ရရာလက်နက် ဆွဲကိုင်တိုက်ခိုက်ဖို့ လိုအပ်နေပြီဖြစ်တယ်။

မိုးထက်နေ

ဒီလိုပြောရင်စိတ်ဆိုးမလား..............

ဘလော့ဂ်မှာ ပို့စ်အသစ်မတင်ဖြစ်တာလဲကြာပါပြီ။ ဘာရေးရမှန်းလည်းမသိ။ ဘာလုပ်ရမှန်းလည်းမသိနဲ့ စိတ်ဓာတ်တွေကျ နေခဲ့ရတာ။ ရန်သူမျိုးငါးပါးဒဏ်ကို အလူးအလဲခံနေရတဲ့ အမိမြန်မာပြည်ကြီးအတွက် ဘယ်လိုဖြေသိမ့်ရမှန်းလည်း မသိတော့တာလည်း ပါပါတယ်။ အခုတော့ သူငယ်ချင်းတွေဆီကရောက်လာတဲ့ အက်စ်အမ်အက်စ်တွေဖတ်။ ဘလော့ဂ်တကာလည်ဖတ်။ သတင်းဌာနတွေရဲ့ ၀က်ဘ်ဆိုက်တွေဝင်ကြည့်။ တီဗွီသတင်းတွေ ကြည့်ပြီး ပိုလို့ပိုလို့တောင် စိတ်ဓာတ်တွေကျဆင်းလာရပါတယ်။ ကျနော်တို့ဘာလုပ်ကြမှာလဲ။ ကျနော်တို့ဘာတွေတတ်နိုင်လဲ။ အချင်းချင်းအငြင်းပွားနေတာတွေလျှော့။ ကိုယ်တတ်နိုင်သမျှ တစ်တပ်တစ်အားပါဝင်ပြီး သဘာဝဘေးဒဏ်ခံရတဲ့ပြည်သူတွေကို ဘယ်လိုကူညီနိုင်မလဲဆိုတာကိုပဲစဉ်းစားကြည့်ရအောင်ပါ။ အခုတော့ တစ်နေ့တစ်နေ့ အင်တာနက်မကြည့်ရဲအောင်။ တီဗွီမဖွင့်ရဲအောင် သတင်းဆိုးတွေသာ တွေ့နေရပါတယ်။

နအဖ အသုံးမကျတာကိုပဲပြောနေလို့ပြီးကြမှာလား။ နအဖကို တရားဝင်အစိုးရတစ်ရပ်အဖြစ် ရွှေဘိုသားအဖွဲ့က ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ပါဘူး။ အသုံးကျတယ်လို့လဲမသတ်မှတ်ပါဘူး။ လူတိုင်းသိထားပြီးသား ကိစ္စတစ်ခုကို ထပ်ခါထပ်ခါ ထပ်ပြောနေဖို့လိုမယ်မထင်ပါဘူး။ နအဖဟာ မြန်မာပြည်သူတွေအတွက် လူကြားကောင်းရုံ အသံကောင်းဟစ်ရုံကလွဲလို့ ဘာမှမတတ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ စီမံခန့်ခွဲမှုအတတ်ပညာလုံးဝမရှိလို့ပါပဲ။ သူတို့စိတ်ထဲမှာ တိုင်းပြည်ကို ကယ်တင်ထားတာ သူတို့သာလျှင်ဖြစ်တယ်ဆိုတဲ့အသိတစ်ခုပဲရှိပါတယ်။ ဒါပေမယ့် ရှင်းရှင်းပြောရရင် ကယ်တင်ထားတာလား ဆင်းရဲတွင်းထဲကို ဆွဲနှစ်နေတာလားဆိုတာကိုတောင် ခွဲခြားသိမြင်နိုင်တဲ့ အသိဥာဏ်ရှိတာမဟုတ်ပါဘူး။ အဲဒီတော့ သူတို့ကို စကားထဲထည့်ပြောမနေပါနဲ့တော့။ အပြစ်တောင် တင်လို့မရတဲ့ ငမိုက်သားတွေပဲဖြစ်ပါတယ်။ ဒရ၀မ်က ဒရ၀မ်အလုပ်ကို မလုပ်ပဲ အိမ်ကြီးရှင်ပိုင်တဲ့ ကုမ္ပဏီမှာ ဒါရိုက်တာဝင်လုပ်နေတော့ ဆင်းရဲတွင်းနက်သထက်နက်ဖို့ပဲဖြစ်နေပါတော့တယ်။ နအဖကို တိုက်ပွဲဝင်နေဆဲ လမ်းခုလတ်မှာ အခုလို သဘာဝဘေးဒဏ်ကြီး ခံစားလိုက်ရတာ မြန်မာပြည်သူတွေအတွက် တော်တော်လေးကံဆိုးတယ်လို့ပြောရမှာဖြစ်ပါတယ်။
ရွှေဘိုသားတို့အဖွဲ့ဟာ ပို့စ်အသစ်သာမတင်ဖြစ်တာပါ။ ဘလော့ဂ်တကာကို ပုံမှန်လည်ပတ်ဖတ်ရှုဖြစ်ပါတယ်။ အဲဒီမှာ ဒီလောက်သေရေးရှင်ရေး အရေးကြီးနေတဲ့အချိန်မှာတောင် ဘာမဟုတ်တဲ့ကိစ္စတွေအချင်းများနေတာကို တွေ့ရပါတယ်။ တော်တော်လေးစိတ်ပျက်ဖို့ကောင်းပါတယ်။ တစ်ချို့လူတွေကလည်း ကောလဟလတွေနဲ့ အဝေးရောက်မြန်မာပြည်သူတွေကို ခြိမ်းခြောက်တာမျိုးတွေတွေ့ရတယ်။ ရုရှားရောက် သူငယ်နှပ်စားစစ်ဗိုလ်ပေါက်စတွေကလည်း သူတို့ အဘတွေလုပ်ရပ်ကိုထောက်ခံတဲ့အရေးအသားလေးတွေနဲ့ ၀င်ပြီး ခြေရှုပ်နေကြတာမျိုးလေးတွေလည်းတွေ့ရပါတယ်။ သူတို့အဘတွေကသာ ကိုယ်တိုင်ကွင်းဆင်းကြည့်ရှုစစ်ဆေးတယ်။ အဝေးရောက်ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ဘာတွေများလုပ်ပေးနိုင်သလဲဆိုတာမျိုးရေးလာတာ လေးတွေတွေ့ရပါတယ်။ သူတို့ဟာ ဦးနှောက်အဆေးခံထားရသူများဖြစ်တဲ့အတွက် သူတို့အမြင်ကို သူတို့ရေးတာ ဘာမှပြောစရာမရှိပါဘူး။ သနားရုံကလွဲလို့ပေါ့လေ။ အဝေးရောက်မြန်မာပြည်သားတွေက အလှူငွေစုပေါင်းလှူဒါန်းပေးရုံကလွဲလို့ဘာများ တတ်နိုင်မှာလဲ။ သူတို့လို ပြည်သူတွေဆီက မတရားလုယူထားတဲ့ ပိုက်ဆံတွေနဲ့ အသုံးမကျတဲ့ပညာရပ်တွေကို အချိန်ကုန်ခံပြီး နိုင်ငံခြားထွက်သင်နေကြတဲ့လူတွေမှမဟုတ်တာ။ သူခိုးဓမြအစိုးရလက်ထက်မှာ ပြည်တွင်းမှာ ဘယ်လိုမှ ရပ်တည်ပြီးနေလို့မရလို့ နိုင်ငံခြားထွက်ပြီး သူများလက်အောက်မှာ မျက်နှာငယ်နေရတဲ့သူတွေပဲ။ ဒါပေမယ့် ကိုယ့်ချွေးနည်းစာလေးတွေကို ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက်လှူကြပါတယ်။ နအဖလို ကိုယ့်ပိုက်ဆံတစ်ပြားမှမပါပဲ အရှက်မရှိ သူများလှူလိုက်တဲ့ ပစ္စည်းတွေနဲ့ ဓာတ်ပုံအရိုက်ခံ။ ယူနီဖောင်းတစ်ကားကားနဲ့ လပ်လျားလပ်လျားလုပ်ဖို့ အခွင့်မရှိကြပါဘူး။ ဘယ်သူမှလည်း လုပ်ဖို့စိတ်ကူးမရှိပါဘူး။ အဲဒီလိုအလှူလက်ဖက်နဲ့ မျက်နှာလုပ်တဲ့စိတ်ကူးမျိုးက နအဖခေါင်းဆောင်တွေမှာသာရှိတာပါ။ တိုင်းပြည်အပေါ်မှာ တစ်ကယ်စေတနာထားတဲ့သူတွေက မလုပ်တတ်ပါဘူး။
နအဖဟာ ကိုယ်တိုင်လည်းမလုပ်တတ်။ သူများလုပ်ပေးမယ်ဆိုတာကိုလည်း လက်မခံ။ အသိခေါက်ခက်အအ၀င်နက်နေတာ အသေအချာပါပဲ။ ဒါကို ရှုတ်ချပါတယ်။ တိုက်တွန်းလိုက်ပါတယ်။ နှိုးဆော်လိုက်ပါတယ်လို့ အော်နေရုံ၊ ကြေငြာချက်တွေထုတ်ရုံနဲ့ တာဝန်ကျေပြီလို့ မယူဆလိုက်ကြပါနဲ့။ အခုမြန်မာ့နိုင်ငံရေးလှုပ်ရှားသူတွေဟာ တစ်နေ့နေ့မှာ အစိုးရအဖွဲ့ဝင်တွေဖြစ်လာမှာပါ။ မပြောကောင်းမဆိုကောင်း အဲဒီအချိန်မှာ အခုလိုမျိုးဖြစ်လာရင် ဘာလုပ်ကြမှာလဲ။ အခုလည်း နအဖနဲ့မပတ်သက်ပဲ ဒုက္ခရောက်နေတဲ့မြန်မာပြည်သူတွေကို ဘယ်လိုအကူအညီပေးမလဲဆိုတာ မစဉ်းစားနိုင်ကြတော့ဘူးလား။ အခု နအဖလိုပဲ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေကြမှာလား။ ကျနော်တို့တွေးမိတာလေးပါ။
အဲဒီတော့ မြန်မာပြည်ကြီးကို ကယ်တင်ထားပါတယ်ဆိုတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကိုရော။ မြန်မာပြည်ကို ကယ်တင်ဖို့ကြိုးစားနေပါတယ်ဆိုတဲ့ အဝေးရောက်ဒီမိုကရေစီအရေးလှုပ်ရှားနေသူတွေကိုရော အခုကြုံတွေ့ရတဲ့ သဘာဝဘေးဒဏ်ဆိုတဲ့ ပုစ္ဆာကြီးကို အဖြေထုတ်ပေးကြပါ။ တစ်နိုင်ငံလုံးကို မဟုတ်ပါဘူး အခုဒုက္ခရောက်နေတဲ့ မြစ်ဝကျွန်းပေါ်ဒေသကြီးတစ်ခုထဲကိုပဲ အသေအပျောက်နည်းနိုင်သမျှနည်းအောင် ကယ်တင်ပေးကြပါ။ သူ့ကြောင့် ငါ့ကြောင့်ဆိုတဲ့ အပြစ်ဖို့စကားတွေမပါဘဲ၊ အကြောင်းပြချက် ဖြေရှင်းချက်တွေမပေးဘဲ တိုင်းပြည်ရဲ့ အခက်အခဲတွေအားလုံးကို အကောင်းဆုံးဖြေရှင်းပေးနိုင်မယ့် နိုင်ငံခေါင်းဆောင်စစ်စစ်ကို ရွှေဘိုသားတို့ မသေခင် ထိုင်ရှစ်ခိုးချင်လို့ပါ။ ကြည်ညိုချင်လို့ပါ။ ကျေးဇူးတင်ပါတယ်။
(မှတ်ချက်။ မည်သူ့ကိုမဆို ရည်ညွှန်းပါသည်။)

ရွှေဘိုသား

လိပ်စာမပါတဲ့ စာ

စစ်အုပ်စု ဟာ အမေရိကန် ရဲ့  ( Disaster Assessment Team) ကိုငြင်းဆန်ဆဲ ဖြစ်ပါတယ်။ စစ်အုပ်စု အနေ နဲ့  အမေရိကန် အလံအောက်က အဖွဲအစည်းတိုင်း နဲ့  ဆက်ဆံရမှာ ကို အစဉ်တဆိုက် ငြင်းပယ်လေ့ရှိတာ ဟာ ထူးဆန်းတဲ့ အချင်းအရာ တစ်ခုမဟုတ်ခဲ့ပါဘူး။ လက်ရှိကာလ အခြေခံဥပဒေကို ထောက်ခံမဲ ရရှိဖို့ အတွက် ထောက်ခံမဲဓါးပြတိုက်ယူနေတာ ဆိုတော့ ညင်းဆန်မှု ဟာ ပိုမိုပြင်းထန်လာနေပါလိမ့်မယ်။

အခုလို အနေအထားမှာ ကျနော်အနေ နဲ့ ကတော့ အမေရိကန် အပါအဝင် နိုင်ငံကြီးတွေရော နအဖ အနေနဲ့ ရော ဒုက္ခအကြီး အကျယ်ရောက်နေတဲ့ လူထုရဲ့ မျက်နှာတစ်ခုထဲကို ကြည့်ဖို့ အကြံပေးလို ပါတယ်။ နအဖ အနေနဲ့ လဲ မည်သည့်ပြည်ပ အဖွဲ့ အစည်းရဲ့  ဝင်ရောက်အကူအညီပေးမှု ကိုမှ လက်မခံဆိုတဲ့ စိတ်ကို မေ့ထားပေးဖို့ လိုသလို ၊ အိမ်ဖြူတော်အနေနဲ့ လဲ ( Disaster Assessment Team) ကို စေလွတ်ကူညီခြင်းသာ တစ်ခုတည်းသောလမ်းကြောင်းဖြစ်တယ် ဆိုတဲ့ စိတ်ကို ဖယ် ပြီး တတိယ နည်းလမ်းကို ရှာဖွေစေ့ချင်ပါတယ်။ ဥပမာ နအဖ နဲ့  ပုလဲပနံသင့်တဲ့ အာစီယံ နိုင်ငံတစ်ခုခုက ကြက်ခြေနီ အဖွဲအစည်းတစ်ခုကို Contract ပေးပြီး ခိုင်းသင့်တယ်။အဲဒီ ကမ်းလှမ်းချက် ကို နအဖ အနေနဲ့ လဲ ချွင်းချက်မရှိ လက်ခံရလိမ့်မယ်။

သဘာဝဘေးဒဏ် ကို အလူးအလဲ ခံစားနေရတဲ့ ကူကယ်ရမဲ့ လူတွေ ရဲ့ အလောင်းတွေ ပေါ်ဖြတ်နင်းပြီးမှ အာဏာရှင်စနစ်ကို လှဲနိုင်မယ် လို့ ကျနော်တော့ ယုံကြည်မနေဘူး ။ အတိုက်အခံခေါင်းဆောင်တွေ ဘယ်နားနေမှန်း မသိ၊ တတိယနိုင်ငံ အစိုးရရုံးများ နဲ့  နအဖ တို့ ရဲ့ လိပ်စာမသိတဲ့ ကျနော် အနေနဲ့ တော့ ဝမ်းနည်းစွာ စိတ်မကောင်းဖြစ်နေယုံမှ တစ်ပါး။

မိုးထက်နေ

ဧကစာ စစ်တမ်း (သို့ ) ကြေငြာချက် ၁၃၇၀


နအဖ ရဲ့  ဆန္ဒခံယူပွဲ နဲ့ ပတ်သက်လို့  ကျနော် စာနှစ်ပုဒ်ရေးပြီးတဲ့ နောက်ပိုင်း အကြောင်း အမျိုးမျိုးကြောင့် လုံးဝ စာမရေးဖြစ်တော့ဘူး။ မိမိဘဝ ရပ်တည်ရေး မျှော်လင့်ချက် တစ်ချို့  နဲ့  ရှုပ်ထွေးနေ တာတစ်ကြောင်း၊ ဆန္ဒခံယူပွဲ အပေါ်ကျနော် အမြင်ကို ချပြဖို့  တော်တော်လေး သွေး လန့် နေတာတွေ ကြောင့် မရေးဖြစ်တာ ဖြစ်ပါတယ်။ အဓိက သွေးလန့် တဲ့ ကိစ္စကတော့ ပြည်သူတွေ အနေနဲ့ စိတ်ရှုပ်ထွေးမှာ စိုးရိမ်တဲ့အတွက်ဖြစ်ပါတယ်။ ဒီစာကိုတော့ ဆောင်းပါးတစ်ပုဒ် အနေထက် လက်ရှိကာလ စစ်အုပ်စု နဲ့  အတိုက်အခံ အသိုင်းအဝိုင်း အပေါ်ကျနော် အမြင်ကို စစ်တမ်းတစ်ခု အနေနဲ့  ရေးလိုက်ပါတယ်။

စစ်အုပ်စု ရဲ့ နောက်ဆုံးကျည်

စစ်အုပ်စု ဟာ စက်တင်ဘာ အရေးအခင်း ပြီးတဲ့ အခါ မြင့်မားလွန်းတဲ့ တော်လှန်ရေး ပြည်သူလူထုရဲ့ တော်လှန်ရေး ရေချိန်၊ နိုင်ငံတကာရဲ့ ပြောဆိုမှုတွေ အောက်မှာ အကြီးအကျယ် ဒဏ်ရာဗလပွနဲ့  နလန်မထူနိုင် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်အုပ်စုဟာ အချိန်ယူ ပြီး အနာကို ကျက်စေခဲ့တဲ့ ကာလတစ်ခု ကျော်ဖြတ်ခဲ့ ပြီးတဲ့ အခါမှာ နောက်ဆုံးကျည် တစ်တွဲ ကို ပစ်ခတ်လိုက်ပါတယ်။ အဲဒီကျည်ဆံကတော့ မေလ ဆန္ဒခံယူပွဲ နဲ့  ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာပါပဲ။

ဒီအချက် ကိုကြည့်တာနဲ့  စစ်အုပ်စု ဟာ ဘယ်ကိစ္စကို မဆို စစ်ရေးအမြင် နဲ့  အဂ္ဂဗျူဟာ ဆန်ဆန် သုံးသပ်ကိုင်တွယ် တယ်ဆိုတာကို သိနိုင်ပါတယ်။ မေလဆန္ဒခံယူပွဲ ဟာ ပထမ ခံစစ်ကြောင်း ဖြစ်တယ်။ ဆန္ဒခံယူပွဲ ဟာ ဒုတိယခံစစ်ကြောင်း ဖြစ်တယ်။ ပထမခံစစ်ကြောင်း မှာ ရန်သူကို အနိုင်ယူဖို့  အဓိကမဟုတ်တဲ့ အခြားသော အကျိုးအမြတ် တွေကို မရမက လုပ်ယူ သွားမှာ ဖြစ်ပါတယ်။ မည်သို့ ပင်ဖြစ်စေ အနိုင်ရဖို့  ကိုတော့ အစွမ်းကုန် ကြိုးစာပါလိမ့် မယ်။

အဖြူ … အမဲ


မေလရွေးကောက်ပွဲမှာ ပြည်သူတွေ ဘက်ကတော့ မူကြမ်းကို ကန့် ကွက်မှာသေချာပါတယ်။ စစ်အုပ်စုဘက်ကလဲ ကန့်  ကွက်မဲ ကို ထောက်ခံမဲ ဖြစ်အောင် စစ်အုပ်စု လက်ကိုင်အဖွဲများ၊ ဝန်ထမ်းအင်အားစုများ ၊ အလိုတော်ရိ စီးပွားရေး သမားများ ရဲ့ အားကို အစွမ်းကုန် အသုံးချဖို့  ကြိုးစားပါလိမ့်မယ်။ အောင်မြင်ကောင်းလဲ အောင်မြင်သွားနိုင်ပါတယ်။ ဒါပေမဲ့ စစ်အုပ်စုဟာ သူတို့ ရရှိပြီးသား သင်ခန်းစာ ( ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ရရှိသော မဲများတွင် လက်နက်ကိုင် အဖွဲ အစည်းမှ ဝန်ထမ်းများနှင့် မိသားစုများရဲ့ ထောက်ခံမဲများ ပါဝင်ခြင်း) ကို ကြေလည်စွာ သုံးသပ်အသုံးပြုပြီး ရွေးကောက်ပွဲကို ၂ နှစ်နီးပါး အချိန်ယူ သတ်မှတ်ထား ပါတယ်။

ဆန္ဒခံယူပွဲ

ယေဘုယျ ကတော့ ဆန္ဒခံယူပွဲ က ထွက်ပေါ်လာမဲ့ ရလာဒ်ဟာ မူကြမ်းကို အတည်ပြုခြင်း ၊ အတည်မပြုခြင်း ဆိုတဲ့ ရလာဒ်နှစ်ခုသာ ထွက်ပေါ်လာဖို့ ရှိပါတယ်။ တကယ်လို့  မူကြမ်း အတည်ဖြစ်တယ် ဆိုရင်လဲ ကျနော်တို့ တိုင်းပြည် တစ်ခုလုံးကို စစ်ကျွန်အဖြင့် တရားဝင် ခြေတော်တင်ခွင့် ပေးလိုက်တာပဲ ဖြစ်ပါတယ်။ မူကြမ်းကို ကန့် ကွက်နိုင်ခဲ့တယ် ဆိုရင်လဲ စစ်အုပ်စု အနေနဲ့  အချိန်ကိုထပ်ပြီး ဆွဲဆန့် ဖို့ အခွင့်အရေး ပေးသလို ဖြစ်သွားနိုင်ပါသေး တယ်။

ကျနော် အမြင်ကတော့ စစ်အုပ်စုဟာ ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲ အစရှိတာတွေကို ဘာကြောင့် ကသမ်းကရမ်း ထလုပ်သလဲ ဆိုတဲ့ အပေါ်မှာ အမြင်ကတော့ ပြည်သူ လူထုဟာ လမ်းပြမြေပုံ ကို ပူးပေါင်းတယ် ဆိုတာကို ပြည်သူလူထုကိုရော နိုင်ငံတကာကိုပါ လက်ခံ စေချင်တာ ကြောင့်လို့  ယူဆပါတယ်။ ခုချိန်ထိ နိုင်ငံတကာအမြင်၊ ပြည်သူလူထု အမြင်မှာ လမ်းပြမြေပုံ ၊ အမျိုးသားညီလာခံ တို့ ဟာ ပြည်သူလူထု ထောက်ခံမှု မရှိပဲ စစ်အုပ်စုနဲ့  စစ်အုပ်စု အလိုတော်ရိ အဖွဲအစည်း အများစုရဲ့  ဇွတ်တရွတ် လုပ်ဆောင်မှုလို ပဲ အသိအမှတ် ပြုထားပါတယ်။ ဆန္ဒခံယူ ပွဲ ပြီးသွားတဲ့ အခါမှာတော့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ စစ်အုပ်စု ရဲ့  လမ်းပြမြေပုံကို ပူပေါင်းလိုက် တာပဲဖြစ်ပါလိမ့်မယ်။ ကျနော်ထင်ပါတယ် စစ်အုပ်စုက လဲ ဒီအချက်ကို ပဲ ပထမခံစစ်ကြောင်း အနေနဲ့  အသုံးချဖို့  ပြင်ဆင်တာ ဖြစ်ပါတယ်။ သေချာတာကတော့ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ဟာ အလိုလို ပျက်စီးသွား ပါလိမ့်မယ်။

အတိုက်အခံများ

အတိုက်အခံ အများစု အနေနဲ့  ကတော့ VOTE NO ဆိုတာကလွဲလို့ တခြားဘာမှ ပြင်ဆင် ထားတာမရှိပါဘူး။ VOTE NO လှုပ်ရှားမှုကို သုံးသပ်တဲ့အခါမှာလဲ ပြည်သူလူထု ဆန္ဒကို မျောလိုက်တာပဲ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဆန္ဒခံယူပွဲ အစီအစဉ်ကို ကြေငြာတာနဲ့ တစ်ပြိုင်ထဲ ပြည်သူလူထုဟာ ဖွဲစည်းပုံမူကြမ်းကို ကန့် ကွက်ဖို့  အသင့်ရှိထားတယ်လို့  ကျနော်အနေနဲ့  ယုံကြည်တယ်။ ပြည်သူ အနေနဲ့  ကန့် ကွက်မဲ့ ထဲ့တယ် ဆိုတဲ့ လှုပ်ရှားမှုထက် အရှိန်ပိုကောင်း တဲ့ လှုပ်ရှားမှု ကို မျှော်လင့်ထားတာ ဖြစ်ပါတယ်။

ကျနော်နဲ့ အဆက်အသွယ် ရှိသလောက် Vote No လှုပ်ရှားမှုကို တက်ကြွစွာ ကြွေးကြော်နေတဲ့ ခေါင်းဆောင်များ၊ တော်လှန်ရေး သမားများ ကို Vote No ပြီးတဲ့ အခါမှာ ဘာတွေ ဆက်လုပ်ဖို့ ရှိလဲ လို့ မေးတဲ့အခါမှာတော့ တော်လှန်ရေး အရှိန်မြင့်မယ် ဆိုတာက လွဲလို့  တိကျတဲ့ ဘယ်လို လမ်းကြောင်း (အစီအစဉ် အတိအကျ ကိုမဆိုလိုပါ) ကို မပြောနိုင် ပါ။ ကျနော်မြင်တွေ ကြားသိသလောက်တော့ Vote No လှုပ်ရှားမှုရဲ့  အခြေခံ အကြောင်းက
၁။ အသင့်ဖြစ်ပြီးသာ ပြည်သူ့  ရေချိန်ကို မျောလိုက်ခြင်း
၂။ ရန်သူလုပ်သမျှ ဆန့် ကျင်မယ်ဆိုတဲ့ အကြမ်းစား အဘိဓမ္မာအပေါ် အခြေခံခြင်း
၃။ အကန့် တစ်ခု ( ဟိုကွေ့ ဟိုတက်နဲ့ လှော် ဒီကွေ့ ဒီတက် နဲ့  လှော်) ဆိုတဲ့ အစီအစဉ်မဲ့ တိုက်ပွဲ ခင်းကျင်းခြင်း
စတဲ့ အချက်တွေ အပေါ်မှာ အခြေခံ ထားတာပဲဖြစ်ပါတယ်။

ဆောင်ပုဒ် အမှားများ

“ငုနှင့် ပိတောက်နွေမှာလှိုင်၊ စုနှင့်ခမောက် မေမှာနိုင်”
“ပုရစ်ဖူးတို့  နွေမှာဝေ၊ စစ်ဘီလူးတို့ မေမှာသေ”
စတဲ့ စာလေးတွေ ကို ကြည့်ရင် မေလ ဆန္ဒခံယူပွဲ နဲ့  ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီကို ဇွတ်တရွတ် ဆွဲချိတ်ထားတာကို တွေ့ ရပါတယ်။ တကယ်လို မေလဆန္ဒခံယူပွဲ ရဲ့ ရလာဒ်ပေါ် အခြေခံပြီး ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီကို ဆက်လက်အသိအမှတ်ပြု မပြု ဆုံးဖြတ်မယ် ဆိုရင်တော့ ဒီဆောင်ပုဒ်ဟာ အဓိပ္ပါယ် ပြည်ဝတယ်လို့ လက်ခံနိုင်ပါတယ်။ လက်ရှိအခြေအနေ မှာ တော့ မေလဆန္ဒခံယူပွဲ မှာ ဖွဲစည်းပုံကို ကန်ကွက်တာနဲ့ တော့ စစ်အုပ်စု ပြုတ်ကျမှာ မဟုတ်သလို ၊ NLD ပါတီ လွတ်တော်ခေါ်ယူနိုင်ဖို့ လဲ မမြင်ပါဘူး။ ဖြစ်ချင်းဖြစ်ရင် ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်လုံးဝ ပျက်သွားပြီး ရွေးကောက်ပွဲ အသစ်တစ်ခု ဖြစ်လာဖို့ ပဲ ရှိပါတယ်။ ဒီလို အဓိပ္ပါယ်ထွက်တဲ့ ဆောင်ပုဒ်မျိုးတွေဟာ ပြည်သူကို အတွေးအခေါ် လွဲမှား စေတဲ့ အတွက် ကျနော်ရှုံချပါတယ်။ ဖွဲစည်းပုံအတည်ပြုခြင်း မပြုခြင်းနဲ့  စစ်အုပ်စုပြုကျခြင်း မပြုတ်ကျခြင်းဟာ သိပ်ကို ဝေးလွန်းအားကြီးပါတယ်။ ဖြစ်နိုင်တာက ရန်သူ့ ဘက်က ရွေးကောက်ပွဲမတိုင်ခင် ပြည်သူလူထု အနေနဲ့ ကြီးမားတဲ့ လှုပ်ရှားမှု တစ်ခုမှ ပေါ်ပေါက်မလာပဲ ဆန္ဒခံယူပွဲမှာ ကန့် ကွက်မဲ့ ပေးတာနဲ့  ဒီမိုကရေစီ အစိုးရ ချက်ခြင်းရမယ် ဆိုတဲ့ အသိမျိုးပေးဖို့  အတွက် ပေးတဲ့ နှပ်ကြောင်းမျိုး ဖြစ်နိုင်ပါတယ်။

ကာလံ

ဆန္ဒခံယူပွဲကို ဘာလို့  မေလမှာလုပ်သလဲလို့ တွေးတဲ့ အခါမှာ ရှေ့ တစ်လဖြစ်တဲ့ ဧပြီလဟာ လူထုအုံ့ ကြွမှု တစ်ခုစတင်ဖို့  အတွက်တော်တော် အခက်အခဲရှိ တာကိုတွေ့ ရပါတယ်။ ဧပြီလရဲ့  ၃ ပုံ ၁ ပုံဟာ ဝန်ထမ်းအားလုံး တရာဝင် ပိတ်ရက်ရှည် ဖြစ်တယ်။ တက္ကသိုလ်၊ ကောလိပ်တွေ ၊ အခြေခံပညာကျောင်းတွေ အားလုံးရဲ့ နွေကျောင်းပိတ်ရက်လဲ ဖြစ်တယ်။ နောက် အခက်ခဲဆုံး ပြဿနာတစ်ခုက မြန်မာ လူထုတစ်ရပ်လုံး ရဲ့  အသည်းနှလုံးပွဲတော်လို့ ပြောတဲ့ သင်္ကြန်ပွဲပဲဖြစ်ပါတယ်။ သင်္ကြန်ပွဲ ဟာ အခြားပွဲတော်တွေ နဲ့  မတူတဲ့ အချက်တစ်ခုက မြန်မာပြည်အတွင်းမှာ ရှိတဲ့ လူမျိုးတိုင်း၊ ဘာသာတိုင်းရဲ့  ပွဲတော် တစ်ခုဖြစ်နေခဲ့ပြီး၊ သင်္ကြန်မတိုင်ခင် တစ်ပတ်လောက်ဟာ သင်္ကြန်အတွက်ပြင်ဆင်ရင်း၊ သင်္ကြန်ပြီးတစ်ပတ်လောက် ဟာ သင်္ကြန်ဒဏ်တွေ ကို ကုစားကြည်နူးရင် ကုန်လွန်လေ့ရှိပါတယ်။ အချိန်ကာလ ရဲ့ အတားအစီး ကိုက လူထုလှုပ်ရှားမှု တစ်ခု ပေါ်ပေါက်ဖို့ ကို ခက်ခဲစေပါတယ်။

အဂ္ဂံ

ဆန္ဒခံယူပွဲ အပေါ်မှာ ကျနော်တို့  အနေနဲ့  အမြင့်ဆုံး နဲ့  အဖြစ်နိုင်ဆုံး တိုက်ပွဲဟာ ကန့် ကွက်မဲ့ ထည့်ဖို့ ဆိုတာ ကို ကျနော် လက်ခံပါတယ်။ မူကြမ်းကို ကန့် ကွက်ဖို့ ဆိုတာလဲ NLD အပါအဝင်၊ အတိုက်အခံများ လှုံဆော်သည်ဖြစ်စေ မလှုံဆော်သည် ဖြစ်စေ ပြည်သူ အနေနဲ့  အသိစိတ်ဓါတ်အရ၊ ခံစားချက်အရ ဖြစ်ပေါ်လာမဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ အတိုက်အခံ ခေါင်းဆောင်များ အဖွဲအစည်း များ အနေနဲ့  ပထမခံစစ်အဖြစ် NO VOTE လှုပ်ရှားမှု ကို အစပြုပြီး လူထုတိုက်ပွဲ တစ်ခုပေါ် ပေါက်ဖို့  ကြိုးစား သင့်ပါတယ်။ NO VOTE မအောင်မြင်မှ သာ VOTE NO လှုပ်ရှားမှုကို ဗဟိုခံစစ် အနေနဲ့  အသုံးချဖို့  ကောင်းပါတယ်။ အတိုက်အခံပါတီများ၊ အတိုက်အခံ ခေါင်းဆောင်များ အနေနဲ့  တစ်ခါတစ်ရံမှာ လူထုကို ဦးဆောင်မှု ပေးဖို့ ၊ လမ်းကြောင်းတစ်ခုပေါ်ကို ဆွဲတင်ပေးဖို့  တာဝန်ရှိတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ စက်တင်ဘာက စလို့  အခုအချိန်ထိ အများစု ဟာ လူထုဖြစ်စေချင်တဲ့ သတင်းမျိုးတွေ ပေးလိုက်၊ လူထုနောက်ကို အသာအယာ မျောလိုက်လိုက်နဲ့  ထီထိုးတဲ့ အဆင့် သာသာပဲ ရှိနေသေးတာကို တွေ့ ရပါတယ်။ မင်းသိင်္ခ ဝတ္ထုတွေ ထဲကလို ကျနော်မသိနိုင်တဲ့ နောက်ကွယ် အကြောင်း တွေနဲ့  မယုံနိုင်လောက်တဲ့ အစီအစဉ်တွေ ရှိခဲ့တယ် ဆိုရင်တော့ ကျနော် ရဲ့ ညံ့ဖျင်းမှု သာဖြစ်ပါလိမ့်မယ်။

ယနေ့ တော်လှန်ရေး


ကျနော် ဟာ နိုင်ငံရေးသမား၊ အနုပညာသမား တစ်ယောက်မဟုတ်ပါ။ ဘလော့ရေးသူ တစ်ယောက်လဲ မဟုတ်ပါ။ ကျနော့မှာ စစ်အုပ်စု ရဲ့  မတရားမှုတွေ ကို လက်မခံနိုင်တဲ့ သာမန်လူတစ်ယောက်သာဖြစ်ပါတယ်။ ယောင်္ကျားမိန်းမ သံဝါသ ကိစ္စတွေ မသိခင် ကတည်းက တော်လှန်ရေးကို သိခဲ့တယ်။ ရင်နှီးကျွမ်းဝင်ခဲ့တယ်။ ဒီနေ့ ဒီအချိန်အထိလဲ တော်လှန်ရေး အပေါ်မှာယုံ ကြည်တယ်။ ၁၉၉၀ ရွေးကောက်ပွဲ လုပ်တဲ့အချိန်မှာ ကျနော်ဟာ မဲပေးခွင့်ရဖို့  အသက် လက်တဖက်စာ မကလိုသေးတယ်။ ဒါပေမဲ့ အဲဒီကာလ အပြီးသိပ်မကြာခင်မှာပဲ ကျနော် ကိုယ်တိုင် စစ်အုပ်စုရဲ့  မတရားမှု ရက်စက်မှုတွေ ကို မြင်ခဲ့ဘူးတယ်။ အခု အချိန်မှာတော့ ကျနော့ အသက်ဟာ မဲပေးခွင့်ရှိတဲ့ အသက်က လက်နှစ်ဘက်စာ မကတော့ဘူး။ ဒါပေမဲ့ ကျနော်တို့  တော်လှန်ရေးက အခုအချိန်ထိ အဆုံးမသတ်နိုင်သေးဘူး။

ကျနော် တို့  ဘက်ကလူတွေ ရဲ့ ညံ့ဖျင်းမှုကြောင့်သာ စစ်အုပ်စုအသက်ရှည်နေတာ လို့ မြင်ပါတယ်။ ဂန္ဒီခန်းမ ကအစ ရွှေဝါရောင် အဆုံး ကျနော်တို့  မှာ တိကျတဲ့တော်လှန်ရေး အဘိဓမ္မာ မရှိခဲ့ဘူး။ စစ်အုပ်စုကို အကောင်းမြင်တယ်။ ရန်ငါပြတ် ဖို့ ပါးစပ်က အော်နေတဲ့ လူတွေကိုယ်တိုင် တပ်နဲ့ ပြည်သူ လက်တွဲကူ ဆိုတဲ့ ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ် အတွေး အခေါ်တွေ ပြည့်နှက်နေတယ်။ အတိုက်အခံတွေ ကြားထဲမှာပဲ အယူဝါဒတွေ ပြိုင်ဆိုင်တယ်။ သြဇာအာဏာပြိုင်ဆိုင်တယ်။ စစ်အုပ်စု မှာလဲ အာဏာအပြိုင်အဆိုင်ပြဿနာတွေ ရှိတယ်ဆိုပေမဲ့ စစ်အုပ်စုမှာ တစ်သွေးတသံ တမိန့် ဆိုတဲ့ သူတော်ချင်းချင်း သတင်းလွေ့ လွေ့  စိတ်ဓါတ်ရှိတယ်။ ပြည်တွင်းရေး ပြဿနာ ၊ တိုင်းရင်းသားအချင်းချင်း သဘောထားကွဲ လွဲမှု လို ပါးစပ်ကပြောနေပေးမဲ့ လက်တွေ့ မှာ အတိုက်အခံ ဟူသမျှ ကလေးအရွယ်က အစ သက်ကြီးရွယ်အိုတွေ အထိ လိုအပ်ရင် ပစ်သတ်ဖို့ ၊ ရိုက်နက်ဖို့ ၊ ထောင်နှစ်ရှည်ချလိုက်ဖို့ ဝန်မလေးဘူး။ ကျနော်တို့ အတိုက်အခံဘက်မှာ ဘုံကျတဲ့ တော်လှန်ရေး အတွေးအခေါ်တစ်ခုနဲ့ (Common Ground) မမောင်းနှင်နိုင်သမျှ တော်လှန်ရေး ကပြီးနိုင်မှာ မဟုတ်ဘူး။

မှန်းဆခြင်း ပြည်သူ


တကယ်လို့  မေလဆန္ဒခံယူပွဲရဲ့ ရလာဒ်ဟာ မူကြမ်းကို အသိအမှတ်ပြုပေးခဲ့ရင် တိုင်းပြည်တစ်ခုလုံး တရားဝင်စစ်ကျွန် ဖြစ်မယ် ဆိုတာကိုတော့ ဆွေးနွေးဖို့ မလိုတော့ပါဘူး။ အခြားအခြားသော ပုဂ္ဂိုလ်များလဲ ရှုထောင့်မျိုးဆုံကနေ တင်ပြပြီးပါပြီ။ ပြည်သူ အပေါ်မှာ ဘယ်လိုသက်ရောက်မလဲ တွက်ချက်ကြည့်တဲ့ အခါ
၁။ ပြည်သူအနေနဲ့  နအဖရဲ့ ဒုတိယအကြိမ်အလိမ်အညာကို သိရက်နဲ့  ခံလိုက်ရတဲ့ အတွက် စိတ်ဓါတ်ကျသွား နိုင်တယ်။
၂။ အတိုက်အခံအဖွဲ အစည်းအချို့ ဟာ “လုံးဝ မရှိတာတဲ့ နည်းနည်းရှိတာကောင်းတယ်” ဆိုတာမျိုးဆန်ဆန် ဟစ်အော်ပြီး ၂၀၁၀ ရွေးကောက်ပွဲ အတွက်ပြင်ဆင်လိမ့်မယ်။
၃။ ပြည်သူလူထုဟာ အတိုက်အခံ ကိုရော ၊ စစ်အုပ်စုကိုပါ အကြီးမားဆုံး စိတ်ပျက်မှုနဲ့  စိတ်ကုန်ပြီး ဗဟိုချက်ပျောက်ကုန်မယ်။အများစု အတ္တပဒါန ဝါဒီတွေ ဖြစ်ကုန်မယ်။

အသိအမှတ်မပြုခဲ့ တဲ့အခါ
၁။ ရုတ်တရက်တော့ ပြည်သူလူထုဟာ နအဖ ကို ဆန့် ကျင်လိုက်တဲ့အတွက် ပျော်ရွှင်လိမ့်မယ်။
၂။ ပြည်သူလူထု အနေနဲ့  ၁၉၉၀ နောက်ပိုင်း စစ်အုပ်စုသွားချင်တဲ့ လမ်းကြောင်းတစ်ခုကို ဖျက်စီးနိုင်တဲ့ အတွက် တော်လှန်ရေး တစ်ခုပြီးမြောက်တယ် ဆိုတဲ့ ခံစားမှုမျိုး ခံစားရမယ်။ (နောက်ဆုံးတိုက်ပွဲ မဟုတ်ဘူးဆိုတာကို ကာလတစ်ခု အထိ မေ့နေလိမ့်မယ်)
၃။ အခြေခံ ဥပဒေအပေါ်ကို လက်ခံခြင်း၊ လက်မခံခြင်း ကလွဲလို့  အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲတွေ ဖြစ်မလာတဲ့ အခါမှာ နည်းနည်း အားမလိုအားမရဖြစ်လာမယ်။

မှန်းဆခြင်း စစ်အုပ်စု

မေလဆန္ဒခံယူပွဲ ကျင်ပဖြစ်တဲ့ နောက်ကွယ်မှာ ( လက်ခံသည်ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ) စစ်အုပ်စု အပေါ်သက်ရောက် နိုင်တဲ့ အချက်တွေကတော့
၁။ နိုင်ငံတကာရဲ့ အမြင်မှာ လမ်းပြမြေပုံကို ပြည်သူက ပူပေါင်းဆောင်ရွက်နေတယ် ဆိုတဲ့ ဝါဒမျိုး အလိုလို ဖြန့် ချီပြီးဖြစ်မယ်။
၂။ အတိုက်အခံ အဖွဲ့ အစည်းအားလုံးဟာ စစ်အုပ်စု ကြိုးဆွဲရာလိုက်ပါတယ်ဆိုတဲ့ စိတ်အားတက်မှုမျိုး ရရှိနိုင်တယ်။
၃။ ၁၉၉၀ ရွေးကောက်ပွဲ ရဲ့ ရလာဒ်ကို အလိုလို ဖျက်ပြီး ဖြစ်မယ်။

သံသယ ဖြစ်ဖွယ် အတွေးများ

၁။ မဲမပေးပဲ ဆန္ဒခံယူပွဲကို ဖျက်ရင် စစ်အုပ်စုလုပ်ချင်တိုင်း လုပ်ခွင့်ရမည်။ (အစည်းဝေးဖြစ်စေ၊ မဲဆန္ဒခံယူပွဲ ဖြစ်စေ ထမြောက်ရန် အစည်းဝေး တက်ရောက်ခွင့်ရှိသူ၊ မဲဆန္ဒပေးခွင့်ရှိသူရဲ့  ရာခိုင်နှုန်းတချို့ လိုအပ်သည်ဟု ထင်ပါသည်။ )
၂။ “ငုနှင့် ပိတောက်နွေမှာလှိုင်၊ စုနှင့်ခမောက် မေမှာနိုင်” စတဲ့ဆောင်ပုဒ်တွေ ဟာ မေလဆန္ဒခံယူ ပွဲ ရဲ့  အဓိပ္ပါယ် ကို ပြောင်းလဲ စေပါတယ်။
အထက်ပါ အတွေး အခေါ်များ သည် မိမိဘက်မှ အတွေးခေါ်အားနည်းပြီး ဂရုမမူစွာ ထွက်ပေါ်လာတာမျိုး ဖြစ်နိုင်သလို ၊ ၂၀၁၀ ရွေးကောက်ပွဲ အပေါ် စိတ်ကူးဖဲစီ နေတဲ့ တတိယအုပ်စု များရဲ့  အသံလဲ ဖြစ်နိုင်ပါတယ်။ ရန်သူ စစ်အုပ်စု ကိုယ်တိုင် ရဲ့ နှပ်ကြောင်းပေး အတွေးအခေါ်မျိုးလဲ ဖြစ်နိုင်ပါသေးတယ်။

မေလဆန္ဒ ခံယူပွဲ မှ သည် ၂၀၁၀

ဒီ ၂ နှစ်သာသာ ကာလအတွင်း စစ်အုပ်စုကို ပွဲသိမ်းအနိုင်ယူနိုင်မှု မရှိပဲ လွန်ခဲ့တဲ့ နှစ်တွေ အတိုင်းရှိနေရင် NLD ၊ ၈၈ ပြည်ပ စတဲ့ အဖွဲ အစည်း အားလုံး ရဲ့ အခန်းဟာ ပြည်သူ့ ရင်ထဲမှာ တစစ ပျောက်ကွယ်သွားပါလိမ့်မယ်။ အဓိပ္ပါယ်ကတော့ ၈၈၈၈ အရှိန်နဲ့ သွားနေတဲ့ တော်လှန်ရေးဟာ လုံးဝ ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်။ ပြီးမှသာ တစ်စတစ်စ ပြန်လည်အသက်ဝင်တော်လှန်ရေး (Neo Revolution) တစ်ခု ဆီကို တစစပြောင်းလဲခြင်း အဆင့်(Evolution Stage) ကနေ
ပြန်လည် စတင် ဦးတည်ပါလိမ့်မယ်။

မေတ္တာရပ်ခံချက်

မိသားစု ဘဝကို စနစ်တကျ တည်ဆောက်ပြီး ဖြစ်သော၊ အသက်အရွယ် အိုမင်းပြီး အပိုဒုက္ခမရှာလို သော နိုင်ငံရေးသမား ၊ တော်လှန်ရေး သမားများ အနေနဲ့ လဲ တော်လှန်ရေးပေါ် သစ္စာရှိကြောင်း ပြချင်ယုံ တစ်ခုအတွက် ယှဥ့်လဲလျှောက်သာ၊ ပျားလဲ ဆွဲသာ လှုပ်ရှားမှု မျိုးကို ရပ်တန့် ဖို့ ကောင်းပါပြီ။ လမ်းမပေါ်ထွက်အော်မှ၊ သေနတ်နဲ့ တေ့ ပစ်မှ တော်လှန်ရေးမဟုတ် ပါ။ မိမိရောက် ရှိရာ နိုင်ငံများကနေ ငွေကြေး အကူအညီ ပံ့ပိုးပေးတာလဲ တော်လှန်ရေး ဆိုတာသဘောပေါက်စေချင်ပါတယ်။ ခြံစည်းရိုးခွ ထိုင်မဲ့ အတွေးအခေါ်တွေကို ခေါက်သိမ်းပြီး တကယ်စွန်လွန့် နိုင်မဲ့လူငယ်တွေကို ငွေကြေး၊ ခေါင်းဆောင်နေရာ ၊ နာမည် တို့ ကို လွဲပြောင်း ပေးဖို့  အချိန်ရောက်နေပါပြီ။ ဗျာဒိတ်ပေး ကိုယ်တော်ကြီးတွေလို့  မိန့် မိန့် ကြီးပြုံးပြီး ဒီလိုလုပ်ပါလား ဟိုလိုလုပ်ပါလား လုပ်နေရမဲ့ ကာလ မဟုတ်တော့ပါဘူး ။ လူထုခေါင်းဆောင်ဆို တဲ့ နေရာဟာ တကယ် လူထု အခက်အခဲ တွေ့ တဲ့ အခါမှာ အလိုလို ပေါ်ထွက်လာလိမ့်မယ်။
(NLD CEC လူကြီးမင်းများနဲ့  အချို့ သော ၈၈ ပြည်ပ များကို မေတ္တာရပ်ခံခြင်းဖြစ်ပါတယ်။)

ဧကစာ ကြေငြာချက် ၁၃၇၀

ဒီနေ့ ဒီအချိန်အထိ ကျနော်ဟာ မဲပေးခွင့် ရှိတဲ့(တသက်လုံး ကြီးတော်နွား အလကားကျောင်းခဲ့ တဲ့ ၊ တခါခါ ကြီးတော်ဖို့  တောင် ဟင်းစားရှာပေးတဲ့ ) နိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။ ကျနော့ အနေနဲ့  မေလဆန္ဒခံယူ ပွဲကို လုံးဝ (လုံးဝ) မဲပေးမည် မဟုတ်ပါ။ ကျနော် သည် နအဖ စစ်အုပ်စုအား ယနေအချိန်အထိ တရားဝန် အစိုးရအနေနဲ့  ဖြစ်စေ၊ တိုင်းပြည် အနာဂါတ်အား ဆုံးဖြတ်ထိန်းကြောင်း နိုင်သည့် အဖွဲ့ အစည်း တစ်ခုအနေနှင့် ဖြစ်စေ အသိအမှတ်မပြုပါ။ ဒါကြောင့် စစ်အုပ်စု အပေါ် အာဏာစွန့် လွတ် ပေးရန်မှ လွဲပြီးမည်သည့် ဆန္ဒမျိုးကိုမှ မပေးနိုင်ပါ။ ယခု အချိန်မှာတော့ နောက်အချိန် တော်လှန်ရေးအသစ်ပေါ်ပေါက်လာတဲ့ အခါမှာ အတွေးအခေါ်ကလွဲလို့  တခြားအကူအညီများ ပေးနိုင်အောင် ပြင် ဆင်ရင်၊ ဝိုးတဝါး မြင်နေရတဲ့ နအဖ ကို ဖြုတ်ချအာဏာသိမ်းရေး ကို တစိုက်မတ်မတ် ဆောင်ရွက်နေတယ် ယုံရတယ် အညတရ တော်လှန်ရေး အဖွဲ့ အစည်း လေးတွေကို စောင့်ကြည့်နေရင် ကျနော် တိတ်တိတ်ကလေး နေနေပါတယ်။

မည်သို့  ပင်ဖြစ်စေ တော်လှန်ရေးက ရှေ့ ဆက်နေလိမ့်မယ်။ စစ်အုပ်စုလဲ မကြာခင် မီးငြိမ်းတော့မယ်။

မိုးထက်နေ

အားမလိုအားမရအတွေး....


နိုင်ငံတကာဘောလုံးလောက(အထူးသဖြင့် ဥရောပဘောလုံးလောက)တွင် ဘောလုံးရာသီမဟုတ်သော အချိန်များနှင့် နှစ်သစ်ကူးကာလများတွင် အသင်းမန်နေဂျာများနှင့် နည်းပြများသည် မိမိတို့အသင်း အောင်ပွဲများရရှိရေးအတွက် အားကစားသမားများဖလှယ်ခြင်း၊ အသစ်ဝယ်ယူခြင်း၊ မလိုအပ်သောကစားသမား များကို ရောင်းချခြင်းတို့ကို အာရုံစူးစိုက်လုပ်ဆောင်ကြသည်။ ချန်ပီယံမဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော အသင်းတစ်သင်း၏ပရိတ်သတ်များအနေဖြင့် မိမိအားပေးနေသော အသင်းမှာ ထူးထူးခြားခြားပြောင်းလဲမှုများမပြုလုပ်ပါက လာမည့်နှစ်တွင် မိမိအသင်းချန်ပီယံဖြစ်လာနိုင်ရေးကို မျှော်လင့်နိုင်မည်မဟုတ်ပါ။ နောက်ထပ်ဝယ်ယူလိုက်သည့် ကစားသမားအသစ်တစ်ဦးကသော်လည်းကောင်း၊ အရင်ကရှိပြီးဖြစ်သည့်ကစားသမားအဟောင်းတစ်ဦးကသော်လည်းကောင်း၊ နည်းပြကသော်လည်းကောင်း အသင်း၏သတင်းစာရှင်းလင်းပွဲတွင် ‘‘ လာမည့်နှစ်မှာ ကစားမယ့်ပွဲစဉ်တွေအားလုံးမှာ ကျနော်တို့အသင်း အနိုင်ရရှိမှာပါ။‘‘ လို့ပြောကြားပါက မဖြစ်နိုင်သည့်ကတိကိုပေးကာ ပရိတ်သက်ကို ဟဒယရွှင်ဆေး တိုက်ကျွေး လိုက်သကဲ့သို့ ဖြစ်နေမည်မှာအမှန်ပင်။


ထိုအချက်များကို အခြေခံကာ ကျနော်စဉ်းစားမိသော အချက်များကို ပြောပြချင်ပါသည်။ မြန်မာ့ဒီမိုကရေစီ အရေးကို နည်းမျိုးစုံဖြင့် ကြိုးပမ်းနေသောရဲဘော်များကို ဘောလုံးအသင်းတစ်သင်းအဖြစ် ကျနော် မြင်ယောင်ကြည့်မိသည်။ ကျနော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး၊ တရားမျှတလွတ်လပ်သော နိုင်ငံတော်တည်ဆောက်ရေး၊ စစ်အာဏာရှင်အမြစ်ဖြုတ်ရေး ကြိုးပမ်းလုပ်ဆောင်နေကြသည်မှာ အချိန်များစွာ ကြာမြင့်လာပြီဖြစ်ပါသည်။ ကျနော်တို့အသင်း ချန်ပီယံမဖြစ်သည်မှာ နှစ်ပေါင်း ၅၀နီးပါးရှိနေပြီဖြစ်သည်။ ပြိုင်ဖက်အသင်း၏ စွမ်းဆောင် ရည်မြင့်မားမှုကြောင့်မဟုတ်ပဲ ကျနော်တို့အသင်း၏ စည်းလုံးညီညွတ်မှု အားနည်းခြင်း၊ အသုံးပြုသော နည်းဗျူဟာများ လွဲမှားနေခြင်းကြောင့် ကျနော်တို့အောင်ပွဲနှင့် နီးမလိုနဲ့ ဝေးနေရခြင်းဖြစ်သည်ဟု ထင်မြင်မိ ပါသည်။

ဘောလုံးအသင်းတစ်သင်းအောင်မြင်ဖို့အတွက်ဆိုလျှင် နည်းပြသည် အဓိကအရေးပါသော အခန်း ကဏ္ဌမှ ပါဝင်ပေသည်။ နည်းပြချမှတ်ပေးသော နည်းဗျူဟာများကို ကစားသမားများမှ အတိအကျလိုက်နာပြီး အားထည့်ကစားမှသာ ထိုအသင်းသည် အောင်ပွဲနှင့်တွေ့မည်ဖြစ်သည်။ နည်းပြကလည်း ကစားသမား တစ်ဦးချင်းစီ၏ အားသာချက်၊ အားနည်းချက်များကို မှန်ကန်စွာသုံးသပ်နိုင်သော အရည်အချင်းရှိရမည်ဖြစ်ပြီး သင့်တော်သောနေရာချ(လိုင်းအပ်ဆွဲ)ကာ အောင်ပွဲရအောင် ညွှန်ကြားနိုင်ရမည်ဖြစ်သည်။ ကျနော်တို့အသင်းတွင် နည်းပြအဖြစ်အရည်အချင်းပြည့်မီသော ကစားသမားများစွာရှိသည်။ သို့သော် အများစုမှာ အခြေအနေအရ လုပ်ဆောင်နိုင်သောအနေအထားတွင်မရှိပါ။ ဆိုလိုသည်မှာ ခေါင်းဆောင်များအနက် အများစုမှာ စစ်အုပ်စု၏ ဖမ်းဆီးခြင်း ခံနေကြရပါသည်။ ကျန်ရှိသော ခေါင်းဆောင်များမှာ ထိရောက်သော၊ ထူးခြားသော လုပ်ဆောင်ချက်များ လုပ်ဆောင် နိုင်ခြင်းမရှိဟု ထင်မြင်မိ ပါသည်။

နောက်တစ်ချက်က လူနေရာများလွဲမှားနေခြင်းနှင့် မိမိကိုယ်မိမိ မှားယွင်းစွာ သုံးသပ်နေခြင်းကလည်း တော်လှန်ရေး ကြန့်ကြာနေရခြင်းအကြောင်းတစ်ရပ်ဖြစ်နေနိုင်ပါသည်။ ကျနော်တို့လူငယ်အများစုသည် မြန်မာ့နိုင်ငံရေးကောင်းမွန်လာစေရန် အစွမ်းကုန်မျှော်လင့်ပြီး မိမိတတ်နိုင်သလောက်အခန်းကဏဏ္ဍမှ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြင့် ပါဝင်နိုင်ရန် စိတ်အားထက်သန်လျက်ရှိသည်မှာ စက်တင်ဘာရွှေရောင် တော်လှန်ရေးအပြီးတွင် သိသာထင်ရှားလာပါသည်။ သို့သော် ဒီမိုကရေစီခေါင်းဆောင်များမှာ ထိုလူငယ် အားကိုလည်း ထိရောက်စွာအသုံးချနိုင်ခြင်းမရှိဟု ကျနော်ထင်ပါသည်။ လူငယ်အများစုမှာ စိတ်အားထက်သန်မှု သာရှိပြီး စစ်အစိုးရလက်ထက်တွင် မွေးဖွားကြီးပြင်းလာကြသူများသာဖြစ်သဖြင့် သဘောတရားရေးရာပိုင်းတွင် များစွာအားနည်းမှုရှိပါသည်။ သို့သော် စိတ်အားထက်သန်မှုတွင် လက်ရှိနိုင်ငံရေးသမားဟုအမည်တွင်သူများ ထက် လျော့နည်းမည်မဟုတ်ပါ။ ထိုအင်အားကို ခေါင်းဆောင်များမှ ပိုင်ပိုင်နိုင်နိုင်အသုံးချ လေ့ကျင့်ပေးရန် သာလိုအပ်ပါသည်။ ယနေ့ခေတ်စားနေသော ဘလော့ဂ်ဂါများကလည်း စစ်အစိုးရ၏ရက်စက်ယုတ်မာမှုများကို သူတို့တတ်နိုင်သလောက် ဘလော့ဂ်များတွင်ရေးသားဖော်ပြကြသည်။ ထိုသို့ရေးသားဖော်ပြကြရာမှ သူတို့ကိုယ်သူတို့ တစ်ကယ့်တော်လှန်ရေးသမားများအသွင် ထင်မြင်လာကြသည်။ ဘလော့ဂ်များတွင် ရေးသား ဖော်ပြချက်များသည် အမှန်တရားအများစုဖြစ်ပါသည်။ ခံစားချက်အစစ်အမှန်များဖြစ်ပါသည်။ သို့သော် ထိုသို့ ရေးသားဖော်ပြခြင်းသက်သက်အားဖြင့် စစ်အစိုးရကို ပြုတ်ကျအောင် စွမ်းဆောင်နိုင်မည်မဟုတ်ပေ။

ကျနော်သိသလောက် မြန်မာနိုင်ငံရှိလူငယ်အများစု၏ ၇၅ရာခိုင်နှုန်းကျော်သည် အိုင်တီကို စိတ်ဝင်စားကြသည်။ သို့သော် ထိုလူငယ်တိုင်း ဘလော့ဂ်ဆိုတာဘာလဲ မသိပါ။ မြန်မာပြည်သူများအနက် အင်တာနက်ကို အသုံးပြုနိုင်သောသူ၊ ဘလော့ဂ်များကို စိတ်ဝင်တစားဖတ်ရှုသူ အရေအတွက်အားဖြင့် အင်မတန်နည်းပါသည်။ နောက်ပြီး ကျနော်တို့ဘလော့ဂ်အပါအ၀င် ဘလော့ဂ်အများစုကို မြန်မာဘာသာများဖြင့်သာရေးသားကြသည်။ ထို့အတွက် နိုင်ငံတကာမှအာရုံစိုက်လာအောင်လုပ်ဆောင်နိုင်ရန် ရည်ရွယ်သည်ဟုလည်း မပြောနိုင်ပေ။ ထိုအချက်ကို သတိမပြုပဲ ဘလော့ဂ်များတွင် ရဲရဲတောက်ရေးသားနေခြင်းသည် စစ်အစိုးရကို မိမိ၏အကြောင်းများ မမေးပဲပြောပြနေသလိုသာဖြစ်ပေလိမ့်မည်။ ဘလော့ဂ်များ၏ထိရောက်မှုကို အနည်းငယ်မျှ ဆန်းစစ်ကြည့်ကြရန် လိုအပ်ပါသည်။ အွန်လိုင်းအသုံးပြုနေသော စစ်အစိုးရ၏လူများနှင့် စကားစစ်ထိုးရုံမျှသာ ဆိုလျှင်တော့ အကျိုးရှိမည်မဟုတ်ပါ။ မြန်မာ့နိုင်ငံရေးကို အထောက်အကူမပြုသောအရာများကို ငြင်းခုံနေကြ ရုံမျှသာဆိုလျှင်လည်း ကောင်းကျိုးဖြစ်ထွန်းလာမည်မဟုတ်ပါ။ ကောင်းကျိုးမည်မျှရသည်၊ ဆိုးကျိုးမည်မျှဖြစ် သွားသည်ကို အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်တိုင်း သုံးသပ်ကြဖို့အချိန်တန်နေပြီဟု ယူဆပါသည်။

ကျနော်တို့အသင်းလူထုတ်ပုံလွဲနေသည်ဟု ထင်မြင်မိစေသည့်နောက်ထပ် အချက်တစ်ခုကတော့ ကျနော်တို့ အတွက်ဦးဆောင်မှုပေး နိုင်သည့်အရည်အချင်းရှိသော ခေါင်းဆောင်များကိုယ်တိုင် ဘလော့ဂ်များနောက်တွင် တကောက်ကောက်လိုက် နေပြီး သတင်းသမားများလုပ်ရမည့် အလုပ်မျိုးလုပ်နေကြသည်။ ဂိုးပေါက်ရှာမတွေ့ သော ရှေ့တန်းတိုက်စစ်မှူး များကဲ့သို့ဖြစ်နေသည်။ နောက်တန်း၊ အလယ်တန်းမှာနေ၍ တိုက်စစ်မှူးများကို ပံ့ပိုးရမည့်သူများက မကျွမ်းကျင်သည့်ရှေ့တန်းသို့ထွက်ကစားမိ၍ မလိုလားအပ်သော ဆုံးရှုံးမှုမျိုးကြုံတွေ့ လာရသည်။ ပြီးခဲ့သည့် စက်တင်ဘာအရေးအခင်းက အကောင်းဆုံးသက်သေဖြစ်နေသည်။ ပြည်သူများစွာ အသတ်ခံရ၊ အဖမ်းဆီးခံရ သည်။ ကျနော်တို့ခေါင်းဆောင်များသည် စက်တင်ဘာအရေးအခင်းစတင်ခဲ့ချိန်က ကြိုဆိုပါတယ်လောက်နဲ့ စတင်ခဲ့ပြီး ပြီးဆုံးသွားချိန်တွင် စိတ်မကောင်းပါဘူးလောက်နဲ့အဆုံးသတ်သွားခဲ့သည်။ တစ်ကယ့်တစ်ကယ် စစ်အစိုးရ၏ ရက်စက်ယုတ်မာမှုများကို ပြည်တွင်းကပြည်သူများသာ ပို၍ခံစားနေကြရ သည်။

ပြိုင်ဘက်အသင်းဖြစ်သည့် စစ်အစိုးရသည် တစ်မျိုးပြီးတစ်မျိုးတိုက်စစ်ဖွင့်ကာ ကစား နေသော်လည်း ကျနော်တို့အသင်းမှာ အလူးအလဲခုခံနေရုံမှတပါး ပြန်လည်တိုက်စစ်ဆင်နိုင်ရင် အဝေးကြီးဝေးနေသည်။ ကျနော်တို့၏ခေါင်းဆောင်များအနေနှင့် စီစဉ်နေပါတယ်။ အချိန်မတန်သေးလို့ချမပြသေးတာပါဟုဆိုလျှင် လည်း ခေါင်းဆောင်များ၏ အစီအစဉ်ကို မြန်မာနိုင်ငံပြာပုံဘ၀ရောက်မှ အချိန်တန်ပြီဆိုကာ ချပြမှာလားဟု မေးချင်ပါသည်။ အခုလာမယ့် ဆန္ဒခံယူပွဲနှင့်ရွေးကောက်ပွဲဟူအမည်ခံထားသော ပြိုင်ပွဲမှစတင်ကာ အကောင်းဆုံး လိုင်းအပ်ကို ထုတ်လာစေချင်ပါတယ်။ ဒီမိုကရေစီခေါင်းဆောင်များအနေနဲ့ ကိုယ့်နေရာ ကိုယ်သိပြီး ခိုင်မာတဲ့ လမ်းကြောင်းသတ်မှတ်ကာ ကျနော်တို့မြန်မာပြည်သူအားလုံးကို ရည်ရွယ်ချက် ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီထွန်းကားတဲ့ အမိမြန်မာပြည်ထံ အရောက်ခေါ်ဆောင်သွားနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။ ဒါဆိုရင်.....

ကျနော်တို့ရဲ့ နည်းပြက ဘယ်သူလဲ။

ကျနော်တို့ရဲ့ တိုက်စစ်မှူးတွေက ဘာလုပ်နေလဲ။

ကျနော်တို့ရဲ့ ကွင်းလယ်ဖန်တီးရှင်တွေ ဘယ်ရောက်နေလဲ။

ကျနော်တို့ရဲ့ နောက်တန်းခံစစ်မှူးတွေရော အဆင်သင့်ဖြစ်နေပြီလား။

အားရပါးရကစားသွားခဲ့လို့ ဒဏ်ရာရသွားတဲ့ ကစားသမားတွေ၊ ပွဲပယ်ဒဏ်ထိသွားတဲ့ ကစားသမားတွေနဲ့ အောင်ပွဲကိုဆာလောင်ငတ်မွတ်နေတဲ့ ကျနော်တို့ပရိတ်သတ်တွေကို တစ်ကယ်ချစ်တယ်ဆိုရင်၊ အသင်းရဲ့ လိုအပ်ချက်တွေကို မှန်ကန်စွာသုံးသပ် ဖြည့်ဆည်းပြင်ဆင်ပြီး အခုအချိန်ဟာ စတင်ဖို့အကောင်းဆုံးပဲလို့ နှိုးဆော်လိုက်ပါတယ်ခင်ဗျား။


ရွှေဘိုသား

‘မိုးကောင်းကင်သည် ကြီးစွာသောအသံဖြင့် ပျောက်ကွယ်သွားလိမ့်မည်။ လောကဓာတ်သည်လည်း ပူအားကြီး၍ ပျက်ကြလိမ့်မည်။‘‘(၂ ပေ ၃း၁၀)


အင်ဒိုနီးရှားနိုင်ငံရှိ စက်ဝိုင်းခြမ်းသဏ္ဌာန်ရှိကျွန်းစုများထဲမှ ကရာကတိုဝါမီးတောင်ကျွန်းသည် ၁၈၈၃ ခုနှစ်တွင် ပေါက်ကွဲရာ လူတို့၏ခေတ်သစ်သမိုင်းတွင် အကြီးမားအပြင်းထန်ဆုံးသော မီးတောင်ပေါက်ကွဲမှုဟုဆိုကြသည်။ ယင်းမီးတောင်ပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်၊ ကျောက်တုံး၊ သစ်ပင် အစရှိသည့်အရာဝတ္ထုများသာမက ခြောက်ကုဗမိုင်ထုရှိသည့် မြေဆီလွှာများအထိ ကမ္ဘာမြေပြင်မှ မိုင် ၂၀ခန့်အကွာအဝေးသို့တိုင်အောင် လွင့်စင် ထွက်သွားသည်ဟု ဆိုကြသည်။ တုန်ခါမှုလှိုင်းမှာလည်း ကမ္ဘာမြေကြီးကို ခုနှစ်ပတ်မျှပတ်သွားပြီး ပြာမှုန်များမှာ မိုင်ပေါင်း ၂၀၀၀ကျော်ကွာဝေးသော မာဒါဂက်စကာနိုင်ငံအထိပျံ့လွင့်ခဲ့သည်ဟုလည်း ပြောကြသည်။ ထိုအချိန်က ယင်းဒေသနှင့် မလှမ်းမကမ်းတွင်ရောက်ရှိနေသော ဗြိတိသျှသင်္ဘော Norham Castle မှ သင်္ဘောကပ္ပတိန် Sampson ၏မှတ်တမ်းတွင် ထိုပေါက်ကွဲမှုကြောင့် သင်္ဘောပေါ်ရှိ သင်္ဘောသားထက်ဝက်ခန့် နားစည်များ ကွဲခဲ့ရပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပြာမှုန့်၊ ချော်ရည်၊ ကျောက်တုံးကျောက်ခဲများ ကျနေခဲ့သည်ဟု ရေးသားခဲ့သည်။ သူကယင်းအဖြစ်အပျက်သည် ‘‘မိုးကောင်းကင်သည် ကြီးစွာသောအသံဖြင့် ပျောက်ကွယ်သွားလိမ့်မည်။ လောကဓာတ်သည်လည်း ပူအားကြီး၍ ပျက်ကြလိမ့်မည်။‘‘(၂ ပေ ၃း၁၀) ဟူသော သမ္မာကျမ်းစာလာ စာသားနှင့် ကိုက်ညီနေသဖြင့် စီရင်ခြင်းနေ့သို့ရောက်ပြီး ကမ္ဘာကြီးချုပ်ငြိမ်းချိန်တန်နေပြီဟု အခိုင်အမာယုံကြည်ခဲ့ကြောင်း သူ၏မှတ်တမ်းတွင် ထည့်သွင်းရေးသားခဲ့သည်။

တစ်ကယ်တန်းတွင်မူ ထိုအဖြစ်အပျက်သည် လွန်ကြီးမားအံ့သြကြောက်မက်ဖွယ်ကောင်းသည်မှာ မှန်သော်လည်း စီရင်ခြင်းနေ့သို့ရောက်ရှိတော့မည်ဖြစ်သဖြင့် ဖြစ်ပေါ်နေသောအရာများမဟုတ်ပါ။ ကမ္ဘာကြီး အပြီးအတိုင် ချုပ်ငြိမ်းသွားမည့်လက္ခဏာလည်း မဟုတ်ပေ။ ကမ္ဘာကြီး၏သာမာန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုသာ ဖြစ်ပြီး အနီးကပ်ကြုံတွေ့နေရသောသူများအတွက်သာလျှင် ကမ္ဘာကြီးပျက်သုဉ်းတော့မည်ဟုပင် ထင်နေရလောက်အောင် အံ့သြကြောက်မက်ဖွယ်ကောင်းနေပြီး တုန်လှုပ်ခြောက်ခြားဖွယ်ဖြစ်ပါသည်။

ယခုမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေသည်လည်း ကရာကတိုဝါမီးတောင်၏ ဖြစ်စဉ်ဆန်ဆန်မျိုးသာလျှင် ဖြစ်ပါသည်။ နိုင်ငံတစ်ခုကို ကောင်းမွန်စွာစီမံအုပ်ချုပ်ရန် အရည်အချင်းနှင့်မပြည့်စုံ သည့် စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံသည် ကရာကတိုဝါမီးတောင်ပေါက်ကွဲသကဲ့သို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစစအရာရာ ဖရိုဖရဲအစိတ်စိတ်အမွှာမွှာဖြစ်နေခဲ့ရသည်။ မရှိမဲ့ရှိမဲ့ ပညာတတ်လူတန်းစားများမှာလည်း မီးတောင်မှလွင့်ထွက်လာသည့် ပြာမှုန်များသဖွယ် ကမ္ဘာအရပ်ရပ်တွင် ပျံ့နှံ့ရောက်ရှိသွားကြပါသည်။ ပြည်တွင်းရှိသာမန်ပြည်သူများမှာလည်း အဖိနှိပ်ခံ၊ အနှိမ်ခံ၊ သတ်ဖြတ်ဖမ်းဆီးခံနေရကာ မတရားအမိန့်ထုတ် အုပ်ချုပ်ခြင်းကို ခံစားနေကြရပါသည်။ ထို့ကြောင့် လက်ရှိမြန်မာနိုင်ငံ၏အခြေအနေသည် ကရာကတိုဝါမီးတောင်ပေါက်ကွဲမှုဖြစ်သကဲ့သို့ ကမ္ဘာကြီးကို ယာယီတုန်လှုပ်သွားစေသည်မှာလည်း မှန်၏။ မြန်မာပြည်သူများစွာ အစိတ်စိတ်အမွှာမွှာလွှင့်ထွက်၊ သေကြေပျက်စီး အဖိနှိပ်ခံရသည်မှာလည်း မှန်၏။ သို့သော် ကမ္ဘာကြီးအတွက်ယာယီမျှသာဖြစ်ပေသည်။ ကမ္ဘာ၏အခြားနေရာများတွင်လည်း မြန်မာနိုင်ငံနှင့်အလားတူဖြစ်ရပ်မျိုးဖြစ်ပွားနေသည့် နေရာများစွာလည်း ရှိပေဦးမည်။ မြန်မာ့နိုင်ငံရေးအခြေအနေသည် မြန်မာပြည်သူများအတွက်သာ သေရေးရှင်ရေးတမျှ၊ အသက်တမျှအရေးကြီးနေပြီး ကမ္ဘာကြီးအတွက်မူ သိပ်ပြီးမထူးဆန်းလှသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေပေလိမ့်မည်။ ထိုအချက်ကို ကျနော်တို့ ကောင်းမွန်စွာသဘောပေါက်ထားမိရန်လိုအပ်ပေသည်။ အမှန်ကို အမှန်အတိုင်း၊ အရှိကိုအရှိအတိုင်း သေချာသုံးသပ်ကြည့်ကြဖို့လိုအပ်ပေမည်။ မိမိ၏အနေအထား၊ ပြိုင်ဘက် စစ်အုပ်စု၏အနေအထား၊ လက်ရှိနိုင်ငံတကာအနေအထားများကို မှန်ကန်သော ရှုထောင့်မှ သုံးသပ်ရှုမြင်နိုင်ရန်လိုအပ်ပေသည်။ ခေါင်းဆောင်များမှလည်း မှန်ကန်သော ခေါင်းဆောင်မှုပေးရန် လိုအပ်သည်။

မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေကို နိုင်ငံတကာမှဝင်ရောက်ဆောင်ရွက်ပေးမည်ဆိုပါကလည်း စစ်အစိုးရနှင့် အတိုက်အခံများအကြား ဒိုင်လူကြီးသာသာ၊ စေ့စပ်ညှိနှိုင်းပေးရုံထက်ပိုမိုဆောင်ရွက်နိုင်မည်မဟုတ်ပေ။ နိုင်ငံတကာမှ စစ်အစိုးရကို အာဏာစွန့်လွှတ်ရန်ဖိအားပေးခြင်း၊ စစ်ရေးဖြင့်တိုက်ခိုက်ခြင်းတို့ကို မျှော်လင့်နေပါက စိတ်ကူးယဉ်ဆန်လွန်းနေပေမည်။ မြန်မာနိုင်ငံ၏အရေးကို မြန်မာနိုင်ငံသားများကိုယ်တိုင် ဖြေရှင်းမှသာ ပြေလည်နိုင်မည်ဟုယုံကြည်ပေသည်။ တိကျပြတ်သားသော ပန်းတိုင်သတ်မှတ်ကာ တိုက်ပွဲဝင် ရမည်။ ယာယီပန်းတိုင်များသည် ဘယ်သောအခါကမှ စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ခြင်းရှိမည်မဟုတ်။ ယာယီပန်းတိုင်များဖြင့် သာယာနေလျှင်လည်း အဓိကရည်မှန်းရာပန်းတိုင်ကို ရောက်ရှိအောင် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။ ကျနော်တို့ တွေ့ကြုံနေရသည့်အခက်အခဲ၊ ခံစားနေရသည့်ခံစားချက်များကို နိုင်ငံတကာမှ မည်မျှပင်စာနာနားလည်ပေးသည်ဟုဆိုစေကာမူ ကာယကံရှင်ဖြစ်သော ကျနော်တို့နှင့် ထပ်တူ ထပ်မျှတူညီစွာ ခံစားပေးနိုင်မည်မဟုတ်ပေ။ ကျနော်တို့အခက်အခဲကို ကျနော်တို့ကိုယ်တိုင်ဖြေရှင်းရမည်။ ကျနော်တို့ နိုင်ငံကို ကျနော်တို့ကိုယ်တိုင်တည်ဆောက်ရပေမည်။

စစ်အစိုးရသည် သူ၏ထုံးစံအတိုင်း အစွမ်းကုန်ယုတ်မာရက်စက်ပေလိမ့်မည်။ ထို့ကြောင့် ကျနော်တို့သည် ရက်စက်လိုက်တာ။ ယုတ်မာလိုက်တာ ဟူ၍ဟစ်အော်ရုံမျှဟစ်အော်နေကြမည့်အစား ယုတ်မာရက်စက်မှုများ ရပ်တန်းက ရပ်အောင်တိုက်ထုတ်ရမည်။ ကြေညာချက်များထုတ်ပြန်နေရုံမျှဖြင့်လည်းကောင်း၊ ဆန့်ကျင်ရှုတ်ချပါကြောင်း ပြောကြားနေရုံမျှဖြင့်သော်လည်းကောင်း၊ သံရုံးများရှေ့တွင် ဆန္ဒပြနေကြရုံမျှဖြင့်သော်လည်းကောင်း ပန်းတိုင်သို့ရောက်ရှိလိမ့်မည်ဟု မယုံကြည်ပေ။

ပြီးခဲ့သည့်သမိုင်းကြောင်းများကို ပြန်လည်လေ့လာကြည့်လျှင် စစ်အစိုးရကသာ အမျိုးမျိုး စစ်မျက်နှာဖွင့်တိုက်သည်ကိုတွေ့ခဲ့ရပြီး ကျနော်တို့ဘက်မှသူတို့ခင်းပေးသည့်လမ်းကြောင်းကို နင်းကာလျှောက်လှမ်းနေသလိုဖြစ်နေခဲ့ပြီး ထိရောက်သော တုန့်ပြန်မှုမျိုးဖြင့် တုန့်ပြန်နိုင်ခဲ့ခြင်းမရှိခဲ့။ ကျနော်တို့ဘက်မှ စတင်စိန်ခေါ်တိုက်ပွဲဝင်မှုမှာ မရှိသလောက်နည်းပါးသည်ဟု မြင်ပါသည်။
ရွှေဝါရောင်တော်လှန်ရေးကဲ့သို့အရေးပါသည့်ဖြစ်စဉ်။ ရတောင့်ရခဲအခွင့်အရေးကိုတောင် ကျနော်တို့ အမိအရ မဖမ်းဆုပ်နိုင်ခဲ့တာ အမှန်တရားဖြစ်ပါသည်။ တစ်ကယ်တော့ ခေါင်းတွဲမရှိသောရထားသည် မည်ကဲ့သို့ ခရီးဆက်နိုင်မည်နည်း။ လက်ရှိမြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် အရေးပါသော ခေါင်းဆောင်အများစု အဖမ်းခံနေရသည်ဟုဆိုလျှင်လည်း ကျန်ရှိနေသည့်ခေါင်းဆောင်များက မည်ကဲ့သို့ထူးခြားသော ခေါင်းဆောင်မှုမျိုးပေးခဲ့သနည်း။ ဆက်လက်ခရီးဆက်နိုင်အောင် မည်သို့စစ်မှန်သောခေါင်းဆောင်မှုကို ပေးခဲ့ကြပါသနည်း။ ကြိုဆိုပါတယ်။ အားရပါတယ် လောက်မျှဖြင့်သာ ပြီးဆုံးခဲ့ပြီး နောက်ဆုံးတွင် ချေမှုန်းခံလိုက်ရသည်။

ယခုလည်း စစ်အစိုးရက ဆန္ဒခံယူပွဲကျင်းပမည်။ ရွေးကောက်ပွဲလုပ်ပေးမည်ဟူသော လက်နက်ဖြင့် စစ်မျက်နှာဖွင့်လာခဲ့သည်ကိုပင် ကျနော်တို့သည် အလိုမရှိဟူသောစကားဖြင့်သာ တုန့်ပြန်နိုင်ခဲ့ပြီး ကျနော်တို့ အလိုရှိသော ပန်းတိုင်ကို မည်ကဲ့သို့သွားရမည်မသိဖြစ်နေခဲ့ရသည်။ ကန့်ကွက်ကြောင်းပြောကြားရုံ၊ လက်မခံကြောင်းကြေညာချက်ထုတ်ပြန်ရုံမျှဖြင့် ခရီးမပေါက်နိုင်ပါ။ ထို့ကြောင့် ဒီမိုကရေစီခေါင်းဆောင်များ အနေဖြင့် ကျနော်တို့နှင့်အတူ စစ်အစိုးရလုပ်မယ့် ဆန္ဒခံယူပွဲနဲ့ရွေးကောက်ပွဲကို အလိုမရှိဟု အော်နေမည့်အစား။ ကန့်ကွက်ကြောင်းကြေညာစာတွေထုတ်ပြန်နေမည့်အစား ကျနော်တို့ရဲ့ရှေ့ကိုထွက်ပြီး အလိုမရှိတဲ့အရာတွေကို ဒီလိုတိုက်ရတယ်။ အလိုရှိတာကို ဒီလိုရအောင်ယူရတယ်ဟူ၍ တိကျတဲ့လမ်းစဉ်၊ ခိုင်မာတဲ့ဦးဆောင်မှုနဲ့ မားမားမတ်မတ်ရှေ့ဆောင်လမ်းပြပေးရန် အချိန်ကျရောက်နေပြီဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

ထိုသို့မဟုတ်လျှင်……… ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည်……………..။


ရေးသားသူ========> ညမင်းသစ်

စံပေတူးပြောသော ပုံပြင်များ (၁)


ပန်းပဲမောင်တင့်တယ်

ရွှေဘိုသားက တစ်ကိုယ်တည်းလူပျိုကြီး။ အပူမရှာချင်တာလိုလို၊ သများကို အပူမပေးချင်တာလိုလိုနဲ့ အမှန်က ပြန်ကြိုက်မယ့်သူမရှိတာနဲ့ တစ်ယောက်တည်းဖြစ်သလိုနေနေရတယ်။ မိုးထက်နေတို့လို့ လည်း ရတဲ့သူ ဖမ်းဆွဲထားတာ မျိုးမလုပ်ချင်ဘူးလို့လည်း တစ်ခါတစ်ခါသူများတွေကို ပြောနေတတ်တယ်။ မာဆိုးကပြောတာကတော့ မိုးထက်နေကလည်း လူအထင်ကြီးအောင်သာ ကောင်မလေးရှိတယ်ပြောတာ။ တစ်ကယ်မဟုတ်ဘူးလို့ပြောတာပဲ။ ထားပါတော့လေ။ ပြောချင် တာကအဲဒါမဟုတ်ဘူး။ ရွှေဘိုသား ကြားခဲ့ရဖူးတဲ့ပုံပြင်လေးတွေအကြောင်းပြောချင်တာ။ ရွှေဘိုသားက လူပျိုကြီးဆိုတော့ အပျိုကြီးလူပျိုကြီးတွေရဲ့ထုံးစံအတိုင်း ကလေးတွေကိုပဲ မုန့်ဖိုး ကလေးပေးလိုက်။ မုန့်လေးဝယ်ကျွေးလိုက်နဲ့ ကလေးချစ်တတ်တဲ့သူလိုလိုဘာလိုပုံဖမ်းပြီး ကလေးတွေရဲ့ အဒေါ်တွေ၊ အစ်မတွေကို သမာဓိပိုးလေး ပိုးနေရတဲ့ဘ၀။

ရွှေဘိုသားက ကုမ္ပဏီဝန်ထမ်း။ တစ်ခါတစ်ခါ စာတိုပေစလေးတွေလည်း ရေးတတ်တယ်။ ရွှေဘိုသားနေတဲ့ ရပ်ကွက်ကလေးကလည်း လက်လုပ်လက်စားတွေများတော့ အဲဒီလိုရပ်ကွက်ကလေးတွေရဲ့ထုံးစံအတိုင်း ကလေးဦးရေက တော်တော်လေးများတယ်။ ဒါပေမယ့်ရွှေဘိုသားနဲ့ ပလဲနံပအသင့်ဆုံးကလေးကတော့ စံပေတူး ပဲ။ သူ့နာမည်အရင်းက တော့ မင်းဘုန်းမြတ်ထက်ခေါင် ဆိုလားဘာလားပဲ။ အတိအကျတော့မမှတ်မိတော့ဘူး။ စံပေတူးလို့တစ်ရပ်ကွက်လုံးက နှုတ်ကျိုးနေတော့ နာမည်အရင်းကတော့ ကာယကံရှင် စံပေတူးကိုယ်တိုင်တောင် သတိရချင်မှရမှာ။ စံပေတူးက ကလေးသာဆိုတယ် လူကြီးတွေစကားဝိုင်းထဲမှာ ၀င်ဝင်နားထောင်တတ်တာရယ်။ ရွှေဘိုသားလက်ဖက်ရည်ဆိုင်သွားရင် လိုက်လာပြီး ရွှေဘိုသားတို့ပြောတဲ့စကားတွေနားထောင်တတ်တာရယ်။ ရပ်ကွက်ထဲမှာလည်း ရွယ်တူတွေကြားမှာ ကလေးဗိုလ်လိုဖြစ်နေတာရယ်။ ပင်ကိုယ်ကလည်း သွက်လက်။ စူးစမ်းချင်တဲ့စိတ်၊ တီထွင်ချင်တဲ့ဓာတ်ခံနဲ့ပေါင်းလိုက်တော့ သူပြောတဲ့စကားလေးတွေက အဆန်းတကြယ်ဖြစ်နေတတ်တယ်။ ကလေးပါးစပ်နဲ့ မဆန့်တဲ့ စကားလုံးကြီးကြီးကျယ်ကျယ် တွေလည်း ထွက်လာတတ်တယ်။ သူနေတဲ့ကျောင်းက ဆရာမကလည်း ပုံပြင်ပြောဝါသနာပါပုံရပါတယ်။ စံပေတူးတို့ကို ပုံပြင်တွေအမြဲလိုလိုပြောလေ့ရှိတယ်။ စံပေတူးက စနေ၊ တနင်္ဂနွေကျောင်းပိတ်ရင် ရွှေဘိုသား ငှားနေတဲ့အိမ်ကလေးကို လာပြီး စပ်စုလေ့ရှိတယ်။ နောက်ပြီး သူ့ဆရာမပြောလိုက်တဲ့ပုံပြင်တွေကိုလည်း သူ့ကိုယ်ပိုင်ဗားရှင်းပြောင်းပြီး ရွှေဘိုသားကို ပြန်ပြောပြလေ့ရှိတယ်။


ရွှေဘိုသားတို့ကြားဖူးနေကြ မြန်မာ့ရိုးရာပုံပြင်တွေ၊ နိုင်ငံတကာပုံပြင်တွေကလည်း စံပေတူးပါးစပ်ထဲရောက်ရင် အသစ်အဆန်းအဖြစ် တစ်မျိုးတစ်ဖုံကြားရလေ့ရှိတော့ ရွှေဘိုသားလည်း စိတ်ဝင်တစားနားထောင်ဖြစ်တယ်။ သူ့ဆရာမ ပြောတုန်းကတော့ အမှန်အကန်တွေဖြစ်မှာပါ။ ဒါပေမယ့် စံပေတူးပြောင်းထားတဲ့ဗားရှင်းကလည်း တစ်မျိုးတစ်ဖုံစိတ်ဝင်စား စရာကောင်းနေတော့ ခင်ဗျားတို့ကို ဖောက်သည်ပြန်ချပြချင်တာနဲ့ ဒီစာစုကိုရေးဖို့ဆုံးဖြတ်လိုက်ရတာ။ အဲဒီတော့ ဒီစာစုရဲ့ ပိုင်ရှင်အစစ်အမှန်က စံပေတူးပေါ့ဗျာ။

အဲဒီနေ့က ရွှေဘိုသားလည်းရုံးပိတ်ရက်မို့ ကျန်းမာရေးအနေနဲ့ ငှားထားတဲ့အိမ်ဘေးကွက်လပ်မှာ ၀ိတ်မ လေ့ကျင့်ခန်းလုပ်နေတုန်း စံပေတူးရောက်လာပါတယ်။

’’ဦးလေး အဲဒါဘာလုပ်တာတုန်း‘‘

‘‘အော် ကြွက်သားတွေကြီးလာအောင် လေ့ကျင့်ခန်းလုပ်တာလေကွာ‘‘

‘‘ ဟာ… ဦးလေးအဖမ်းခံရမှာ မကြောက်ဘူးလား။‘‘

‘‘ဟ ငါ့ဟာငါ ၀ိတ်မတာနဲ့ ဘာလို့ဖမ်းရမှာတုန်းကွ။ ၀ိတ်မတဲ့လူတွေဖမ်းတော့မယ်လို့ ရပ်ကွက်ရုံးက လိုက်အော်နေတာ မင်းကြားခဲ့လို့လား စံပေတူးရ။‘‘

‘‘ ရပ်ကွက်ရုံးက ဖမ်းမှာမဟုတ်ဘူး ဦးလေးရ။ ဦးလေးကို သန်းရွှေက ဖမ်းမှာ။ ဦးလေး ဗလတွေကြီးလာရင် သန်းရွှေက ဦးလေးကို ဖမ်းပြီး မီးရှို့မယ်။ ပြီးရင် ဦးလေး ညီမကို သူကယူဦးမှာ‘‘

‘‘ အမလေး စံပေတူးရယ်။ မင်းပြောမှ ငါတောင်ကြောက်လာပြီ။ ရှင်းစမ်းပါဦး ဘာလို့ ငါ့ကိုဖမ်းပြီး ငါ့ညီမကို သူကယူမှာလဲ။ ငါ့မှာ သူယူစရာ ညီမလည်း မရှိပါဘူးကွာ။ နောက်ပြီး သူလည်း အသက်ကြီးပါပြီ။ ဒီအရွယ်ကြီးရောက်မှ သားစိတ်မယားစိတ်ရှိမယ်မထင်တော့ပါဘူး။‘‘

‘‘အဲဒါတော့မသိဘူး။ ဆရာမကတော့ပြောဖူးတယ် ရှေးတုန်းကတဲ့။ ရှေးတုန်းကဆိုတာ အခုခေတ်မဟုတ်တာကို ပြောတာနော်။ ပန်းဆွဲ မောင်တင်းတယ် ဆိုတာကို တော့ အဲဒီခေတ်က သန်းရွှေက ဖမ်းပြီးမီးရှို့ဖူးတယ်တဲ့ဗျ။‘‘

‘‘အာ… မင်းကတော့လုပ်ရော့မယ်။ ပန်းဆွဲ မောင်တင်းတယ် မဟုတ်ပါဘူးကွ။ ပန်းပဲမောင်တင့်တယ်ပါ။ ပြီးတော့ အဲဒီခေတ်က သန်းရွှေလည်းမရှိပါဘူးကွာ။‘‘

‘‘အဲဒါပြောတာပေါ့ အခုခေတ်လူကြီးများခက်တယ်ဆိုတာ ကလေးတွေကပြောတာကိုလည်း နားမထောင်။ သူတို့ကိုယ်တိုင်လည်း သေသေချာချာမသိဘူး။ ဒီမယ် ဦးလေး မသိရင်သေချာနားထောင်။ ပန်းဆွဲမောင်တင်းတယ်မှ ပန်းဆွဲမောင်တင်းတယ်အစစ်။ အခု ကျနော်သူ့အကြောင်းပြောလိုက်ရင် ဦးလေးရှင်းသွားမယ်။ ဒါပေမယ့် ကျနော်ပြောနေတုန်း ဖြတ်မပြောနဲ့။ ဖြတ်မမေးနဲ့။ မရှင်းတာရှိရင်စုထား။ ပြီးမှမေး။ ဟုတ်ပြီလား။‘‘

‘‘ ကောင်းပါပြီမောင်ရယ်။ မင်းဟာက ဘာမှမပြောရသေးဘူး။ ဟိန်းလိုက် ဟောက်လိုက်တာကလည်း လွန်ရော။ မင်းတော့ ကြီးလာရင် ပတ်စပို့ရုံးမှာအလုပ်ရလိမ့်မယ်ထင်တယ်။‘‘

‘‘ဒီလိုဦးလေးရဲ့။ ကျနော်တို့မြန်မာတွေက ဇာတ်လမ်းစစချင်းတုန်းက ရေတကောင်းလုပ်ရောင်းကြသတဲ့။ ဒါပေမယ့် တခြားဇာတ်လမ်းထဲမှာကြတော့ ကျောက်ဒယ်အိုးတွေလုပ်ပြီးရောင်းစားကြတာတဲ့။ ဒါပေမယ့် ဘယ် ဇာတ်လမ်းက အရင်မစပြသလဲဆိုတာကို ဦးလေးတို့ လူကြီးတွေက အလုပ်မရှိအလုပ်ရှာပြီး ငြင်းနေကြတုန်းတဲ့။ သေချာတာကတော့ ဘယ်သူမှ ဇတ်လမ်းအစကို မကြည့်ဘူးဖူးဖြစ်မယ်။ ဒါကြောင့်မို့ ကိုယ်ထင်ရာငြင်းနေကြတာ သေချာတယ်။‘‘

‘‘ ဟေ့ ဟေ့ စံပေတူး။ မြန်မာအစ ကျောက်ဆည်က ဆိုတာနဲ့ မြန်မာအစ တကောင်းက ဆိုတာကို ဘယ်ဟာအမှန်လဲဆိုတာ ပညာရှင်တွေဆွေးနွေးနေကြတာပါကွာ။ မင်းပြောသလို ရေတကောင်းလုပ်တာနဲ့ ကျောက်ဒယ်အိုးလုပ်တာ ငြင်းကြတာမဟုတ်ပါဘူးဟ။‘‘

‘‘တော်ပြီဗျာ။ ဦးလေးမသိဘဲ အဲဒီလို ထင်ရာတွေဝင်ပြောမယ်ဆိုရင် ကျနော်ဆက်မပြောတော့ဘူး။ အခုဟာက ဦးလေးကို ဗဟုသုတလည်းရ၊ နားလည်းလည်အောင် အစကနေပြောပြနေတာ။ စေတနာပျက်အောင်မလုပ်နဲ့။‘‘

‘‘ဟုတ်ပါပြီ စံပေတူးရယ်။ စံပေတူးရဲ့သဘောထားအမှန်ကို နားလည်သဘောပေါက်ပါပြီ။ ဆက်လက် ပြောပြပေးတော်မူပါ။‘‘

‘‘ အဲလိုလိမ်မာစမ်းပါ ဦးလေးရာ။ လူငယ်တွေနဲ့ပေါင်းတာ ဦးလေး ဗဟုသုတ တိုးပါတယ်။ အခုဖြစ်တာက အဲဒီရေတကောင်းလုပ်တဲ့ ဇာတ်လမ်းထဲမှာဖြစ်တာဗျ။ အဲဒီရေတကောင်းလုပ်တဲ့တိုင်းပြည်မှာ ပန်းဆွဲမောင်တင်းတယ် ဆိုတာရှိသတဲ့။ သူက ပန်းဆွဲသရက်ကို အရမ်းကြိုက်လို့ သူ့နာမည်ရှေ့မှာ အဲဒီသရက်သီးနာမည်ထဲ့ထားသတဲ့။ သူက ကာယဗလ အားကြီးလိုက်စားတယ်တဲ့ ဦးလေးရ။ သူက ၀ိတ်မလိုက် သူဗလကြီးကို ကြည့်လိုက်နဲ့အမြဲကျေနပ် နေတတ်တယ်တဲ့။ အထူးသဖြင့် သူ့အိမ်ရှေ့က ဖြတ်သွားတဲ့လူတွေကို အဲဒီဗလကြီးပြပြီး ကျုပ်ဗလက ကြီးတယ်မဟုတ်လား။ တင်းတယ်မဟုတ်လားနဲ့မေးတတ်လို့ သူ့နာမည်ကို မောင်တင်းတယ်လို့ခေါ်တာ။ ဒါကြောင့် ပန်းဆွဲ မောင်တင်းတယ်။ ဦးလေးပြောတဲ့ ပန်းပဲမောင်တင့်တယ်မဟုတ်ဘူး။ ရှင်းပြီးလား။ ဒါနဲ့ ဦးလေးလည်း ဂွေးသီးကြိုက်တယ်မဟုတ်လား။ ဂွေးသီးရွှေဘိုသားလို့ပြောင်းလိုက်ပါလား။ ရပ်ကွက်ထဲကျနော်လိုက်ပြောပေးမယ်လေ။ ဦးလေးနာမည်အသစ်ကို‘‘

‘‘ဟေ့ ဟေ့ ဆရာသမားလေး။ ပုံပြင်ပြောမှာသာပြောပါ။ ကျုပ်နာမည်တော့ မပြောင်းပါရစေနဲ့။ ကျုပ်ဟာကျုပ် ဂွေးသီးမကလို့ ဘာသီးပဲကြိုက်ကြိုက်။ လုပ်ပါ ပြောမှာသာဆက်ပြောပါ။‘‘

‘‘အင်းပါ။ ဒါနဲ့ဘယ်နားရောက်သွားလဲ။ အော်… သိပြီ။ အဲဒီမောင်တင်းတယ်က ဗလဘယ်လောက်ကြီးသလဲဆိုရင် ဆင်ကြီးတစ်ကောင်လုံးကိုတောင် ထမ်းထားနိုင်သတဲ့။ အဲဒီအကြောင်းကို အဲဒီခေတ်က သန်းရွှေကကြားတော့။ သြော် ပြောရဦးမယ်။ အဲဒီခေတ်က သန်းရွှေနဲ့ အခုခေတ် သန်းရွှေမတူဘူးတဲ့ဦးလေးရ။ အဲဒီခေတ်က သန်းရွှေကို လူတွေက ဘုရင်ကြီးလို့ခေါ်တယ်တဲ့။ အခုခေတ်လို အာဏာရူးကြီးလို့မခေါ်ဘူးတဲ့။ ဒါက ဦးလေးသိအောင်ပြောပြတာပါ။ ပုံပြင်နဲ့မဆိုင်ဘူး။ ဒါနဲ့ဘယ်နားရောက်သွားလဲ။ အော်… သိပြီ။ အဲဒီခေတ်က သန်းရွှေက သိတော့ ဟာ ဒီကောင် ဒီလောက် ဗလကြီး ကြီးနေတာတော်ကြာနေ ငါ့ကိုဆန္ဒပြပြီးမေတ္တာပို့နေလိမ့်မယ်။ ဖမ်းပြီးထောင်ထဲထည့်ထားတာ ငါ့အာဏာအတွက် စိတ်ချရတယ်ဆိုပြီး။ ထောက်လှမ်းရေး အဲ… ဟုတ်ဖူး မှားလို့။ စအဖရယ်၊ ကြံ့ဖွတ်ရယ်၊ စွမ်းအားရှင်ရယ်၊ ရပ်ကွက်လူကြီးရယ် ကို သွားဖမ်းခိုင်းသတဲ့။ ဒါပေမယ့် ဘာရမလဲ မောင်တင်းတယ်ကို ပြည်သူလူထုက သတင်းပေးထားတော့ မောင်တင်းတယ် မဲဆောက်ကို အရောက်ပြေးတာပေါ့ဗျာ။ မမိလိုက်ဖူးတဲ့။‘‘

‘‘ဟာ မင်းကတော့လုပ်ပြီ။ တောထဲပြေးရတာပါကွာ။ ဘယ်က မဲဆောက်ပါလာတာတုန်း။‘‘

‘‘ဦးလေးကို ကျနော်ပြောထားတယ်။ ဖြတ်ဖြတ်မပြောပါနဲ့ဆို။ အဲဒါက ထုံးစံဦးလေးရဲ့ ထုံးစံ။ အခုမှမဟုတ်ဘူး။ ဟိုးရှေးရှေးတုန်းကတည်းက အစိုးရလိုက်ဖမ်းရင် မဲဆောက်ကို ပြေးရတယ်။ ဒါမှ မြန်မာပြည်နဲ့လည်း မဝေး။ စစ်တပ်ကလာဖမ်းလို့လည်းမရ။ အဲလိုဖြစ်မှာပေါ့။ ဦးလေးကတော်တော်ပိန်းတာပဲဗျာ။ ကျနော်ဆက်ပြောရမှာလား။ ပြန်ရမှာလား။‘‘

‘‘ဆက်ပြောပါဆရာသမားလေးရယ်။ ကျနော်မျိုး ဖြတ်ပြီးမပြောတော့ပါဘူး။ လူထုဆန္ဒခံယူပွဲလို့ သဘောထားပြီး ခင်ဗျားလေးပြောတာကို ငုတ်တုတ်နားထောင်ပေးပါပါ့မယ်။ ပြီးရင် သာအချက်ပြလိုက်။ လက်ခုပ်တီးပေးမယ်။ ဟုတ်ပြီလား။‘‘

‘‘ ဒီလို လိမ်မာမှပေါ့ဦးလေးရာ။ အဲဒါနဲ့ အဲဒီခေတ်က သန်းရွှေကြီးက အခုခေတ်သန်းရွှေကြီးလုပ်သလို ကျန်ခဲ့တဲ့မိသားစုကို ထောင်ချတာမျိုး လုပ်မယ်ဆိုပြီး သွားကြည့်တော့ မောင်တင်းတယ်ရဲ့ ညီမလေးကို တွေ့သွားတယ်တဲ့။ အဲဒါနဲ့ ဒီလိုအချောအလှလေးကို ထောင်ထဲထည့်ထားမယ့်အစား မိဖုရားလုပ်တာပိုကောင်းတယ်ဆိုပြီး မိဖုရား လုပ်လိုက်သတဲ့။ အဲဒီနေရာမှာ အခုခေတ်သန်းရွှေကြီးထက်သာသွားတယ်နော် ဦးလေး။‘‘

‘‘အဲဒါတော့ ကျနော်မျိုးလည်း မပြောတတ်ဘူး။ သန်းရွှေထက်တော့ ပိုမိုက်တဲ့လူမရှိလောက်ဖူးထင်တာပဲ။ ကဲပါ ဆက်မှာသာဆက်စမ်းပါ။‘‘

‘‘ဒါနဲ့ဘယ်နားရောက်သွားလဲ။ အော်… သိပြီ။ မောင်းတင်းတယ်ရဲ့ညီမကို မိဖုရားသာလုပ်ထားတာ ဘုရင်ကြီးက စိတ်မဖြောင့်ဖူးတဲ့။ ဘယ်အချိန်မောင်တင်းတယ်ပေါ်လာမလဲဆိုတာကိုကြောက်နေတုန်းတဲ့။ သူ့ကိုသတ်ပြီး ဘုရင်လုပ်မှာကို စိုးရိမ်တော့ သူက အဲဒီခေတ်က ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းကို ခေါ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခိုင်းသတဲ့။ အဲဒါနဲ့ အဲဒီခေတ်က ပြန်ကြားရေးဝန်ကြီးက အဲဒီခေတ်က အယ်ဒီတာမြတ်ခိုင်နဲ့ဇာတ်တိုက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်လိုက်တာ ဘယ်ကနေဘယ်လိုဖြစ်ပြီး မောင်တင်းတယ်ကို ၀န်ကြီးရာထူးပေးမယ်လို့ဖြစ်သွားမှန်းမသိဘူးတဲ့။ ရောက်တတ်ရာရာ မေးလိုက် ဖြေလိုက်လုပ်ရင်း မောင်တင်းတယ်ကို ၀န်ကြီးရာထူးပေးမယ်လို့ ပြောရက်သားဖြစ်သွားသတဲ့။ မောင်တင်းတယ်လဲ ၀န်ကြီးရာထူးရမယ်ဆိုတဲ့အသံလည်းကြားရော မဲဆောက်ကနေ ချက်ချင်းပဲ ရေတကောင်းလုပ်တဲ့တိုင်းပြည်ကို ပြန်ပြေးလာသတဲ့။ လမ်းမှာ ခလုတ်တောင် သုံးခါတိုက်သေးတယ်ဆိုပဲ ဦးလေးရဲ့။

ဒါပေမယ့် ဘုရင်ကြီးက စအဖကို ဒီလိုမှာထားတယ်တဲ့။ မောင်တင့်တယ်လာရင် ၀န်ကြီးရာထူးပေးအပ်ပွဲဆိုပြီး အယုံသွင်း။ သစ်ပင်မှာ ကြိုးနဲ့တုပ်ပြီးမီးရှို့သတ်လိုက်တဲ့။ စအဖက လူလည်ပဲဦးလေးရ။ မောင်တင်းတယ်က ဗလကြီးတော့ လူနည်းနည်းနဲ့မရဘူးဆိုပြီး ရပ်ကွက်ထဲက အလုပ်လက်မဲ့ လူမိုက်တွေကို ခေါ်ပြီး တစ်ရက် ၁၀၀၀ စားရိတ်ငြိမ်းနဲ့ဝိုင်းဖမ်းခိုင်းလိုက်တာ။ မောင်တင်းတယ်ကို မိပါလေရော။ မိတာနဲ့ ဘုရင်ကြီးခိုင်းတဲ့အတိုင်း သစ်ပင်မှာကြိုးနဲ့တုပ် ပြီးမီးရှို့သတ်လိုက်တယ်တဲ့။ အဲဒီအကြောင်းကို မောင်တင်းတယ်ညီမ မိဖုရားကြီးလည်းသိရော သူတစ်ယောက်လုံး မိဖုရားကြီးဖြစ်ရက်သားနဲ့ သူ့အကိုသေရတယ်ဆိုပြီး မီးပုံထဲဝင်ခုန်ချလိုက်တာ ဘုရင်ကြီးလှမ်းဆွဲတာ လက်ထဲမှာ ကလစ်ကလေးပဲ ကျန်ခဲ့တယ်ဆိုပဲဦးလေးရဲ့။‘‘


‘‘အဲဒါနဲ့ ပြီးရော….။‘‘


မှတ်ချက်။ ။ ဆရာကြီး ဇ၀နရေးသားခဲ့သော အပါပုံပြောမယ်။ ဆရာသစ္စာနီ၏ မူယာပုံပြောမယ် တို့ကို ကြိုက်နှစ်သက်မိပါသဖြင့်။ စံပေတူးပြောသောပုံပြင်များကို ရေးသားလိုက်ရပါတယ်။ မိတ်ဆွေတို့ရဲ့ဝေဖန်ချက်ကလေးတွေကို ကွန့်မန့်မှာရေးသားထားခဲ့စေလိုပါတယ်။ ဆက်လက်တင်ဆက်ဖို့လည်း အစီအစဉ်ရှိပါတယ်။ ကျေးဇူးတင်ပါတယ်။