သိမ်ဖြူဈေးမှတ်တိုင်မှာ လူစုနေကြပြီ(နေ့လယ် ၂း၂၀)

၂၃၊ စက်တင်ဘာ၊ ၂၀၀၇
နေ့လယ် ၂း၂၀
ရန်ကုန်ကလာတဲ့ သတင်းတစ်ခုအရ သိမ်ဖြူဈေးမှတ်တိုင်မှာ သံဃာတော် အပါး(၂၀၀၀)နဲ့ လူ(၅၀၀)ခန့် စုဝေးနေကြတယ်လို့ ကြားသိရပါတယ်။ ဆက်လက်ပြီး သတင်းရရှိသလောက်ဖော်ပြပေးသွားပါဦးမယ်။

နေ့လယ် ၃း၃၀
ဆက်လက်ကြားသိရတာကတော့ နောက်ထပ်စုရုံးရောက်ရှိလာတဲ့အတွက် ပြည်သူလူထုနဲ့ ရဟန်းသံဃာစုစုပေါင်း ၁၀၀၀၀ ကျော်ခန့်ရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။ အားလုံးဟာ သိမ်ဖြူလမ်းတစ်လျှောက် တစ်စုတစ်စည်းတည်း ညီညီညာညာဆက်လက်လမ်းလျှောက်သွားကြတယ်လို့ သတင်းပေးပို့လာပါတယ်။

0 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):