Hello! KO MOE THEE

Hello! KO MOE THEE


We don’t want you to be Dale Carnegie.
We don't want you to be P Moe Hnin.
You must be fighting bloody peacock.

We don't want you to be Prime Minister
We don't want you to be Observer.
You must be Spatacat.

We want to be sword in your hands.
We want to trust the every strike which you made.
Everybody wants to hear the sound of your war drum.

Every person confuses everything, but you didn't.
We do hope you.
Your wizard must efficient than watching crystal ball.
We do trust you.
Our troops need your stronghold leading.
We do love you.

Swords will disable, if polish then polish.
Don't feed our soul by the news of money market.
Don't feed our soul by the news of Than Shwe's psychological troubles or not.
Don't feed our soul by the statements of political weather.

We want to destroy the Junta, without the shadow of organizational attitude.
You need to show the way to us.
We need the movement more then the words

No need confusing like educated person
We want to die as Spartan, at the battle
Even we die, couldn't take Daung Flag to the palace
It is honors then alive with dying Daung Flag..that We Believe


You must be fighting bloody peacock.
You must be Spatacat.
Hello! Ko Moe Tee..
We do love you as the side of REVOLUTIONARY.


Moe Htet Nay


ဟယ်လို ကိုမိုးသီး


ဟယ်လို ကိုမိုးသီး

ဟယ်လို ကိုမိုးသီး ခင်ဗျားကို ကျနော်တို့ ချစ်တယ်

ခင်ဗျားကို ဒေးကာနက်ဂျီ အဖြစ် မလိုချင်ဘူး။
ခင်ဗျားကို ပီမိုးနင်း အဖြစ် မလိုချင်ဘူး။
ခင်ဗျားဟာ စွေးစွေးနီခွပ်ဒေါင်း ဖြစ်ရမယ်။

ခင်ဗျားကို ဝန်ကြီးချုပ် အဖြစ် မလိုချင်ဘူး။
ခင်ဗျားကို လေ့လာသူအခါတော်ပေး အဖြစ် မလိုချင်ဘူး။
ခင်ဗျားဟာ စပါတာကပ် ဖြစ်ရမယ်။

ကျွန်တော်တို့ ဟာခင်ဗျား လက်ထဲကဓားဖြစ်ချင်တယ်။
ခင်ဗျား ခုတ်ချက်တိုင်းကို ယုံချင်တယ်။
အားလုံးက ခင်ဗျား စစ်ချီဗုံသံကြားချင်တယ်။

အားလုံးက အားလုံးကို တွေဝေနေတဲ့ထဲ ခင်ဗျားမပါဘူး။
ခင်ဗျားကို မျှော်ကြတယ်။
ခင်ဗျား ပဉ္စလက်က ဓာတ်ဖန်လုံးကြည့်တာထက်ပိုမယ်။
ခင်ဗျားကို ယုံကြတယ်။
ခင်ဗျား ဦးဆောင်မှုနောက်မှာ ကျနော်တို့ နေချင်တယ်။
ခင်ဗျားကို ချစ်ကြတယ်။

ဓားတွေက ထပ်သွေးလဲ အသွားပဲ့တာပဲ ရှိတော့မယ်။
ကျနော်တို့ လိုချင်တာ ဒေါ်လာဈေး သတင်း မဟုတ်ဘူး။
ကျနော်တို့ လိုချင်တာ စစ်ခွေးရူးမရူး မဟုတ်ဘူး။
ကျနော်တို့ လိုချင်တာ နိုင်ငံရေးသုံးသပ်ချက် မဟုတ်ဘူး။

ပါတီစွဲ ဝါဒစွဲ ဆိုတာထက် ကျနော်တို့ စစ်အာဏာရှင်ကို ဖြိုချင်တယ်။
ခင်ဗျား လမ်းပြဖို့ လိုနေတယ်။
စကားလုံးတွေ ထက် အရွေ့ ပါချင်တယ်။

ပညာတတ်ဆန်တဲ့ တွေဝေမှုတွေ အစား
စပါတာတွေလို တိုက်ရင်းသေလိုတယ်။
ဒေါင်အလံတလူလူ မလွင့်နိုင်တောင်မှ
အလံသေပြီး လူရှင်တဲ့ ဘဝထက် ကောင်းမယ်….ယုံတယ်။

ခင်ဗျားဟာ စွေးစွေးနီခွပ်ဒေါင်း ဖြစ်ရမယ်။
ခင်ဗျားဟာ စပါတာကပ် ဖြစ်ရမယ်။
ဟယ်လို ကိုမိုးသီး !
ခင်ဗျားကို တော်လှန်ရေးသမား အဖြစ် ကျနော်တို့ ချစ်တယ်။


မိုးထက်နေ


ဒီမိုး ဒီရေ ဒီလူတွေ နဲ့  ဒီမင်း ဒီစိုး ဒီသူခိုး

ကျနော်ဒီ ဆောင်းပါးကို မရေးခင် အကြိမ်ကြိမ် ချိန်ဆပြီးမှ နောက်ဆုံးရေးမယ် ဆိုပြီး ဆုံးဖြစ် ချက်ချလိုက်မိပါတယ်။ ဒီဆောင်းပါးကြောင့် ကျနော် သိက္ခာရပ်တည်ချက်ကို ထိခိုက်သွားနိုင် တယ်ဆိုတာ သိပေမယ် ကျနော် မပြောရရင် ကိုယ့်ကိုကိုယ် တာဝန်ကျေတယ်လို့ ဘယ်လိုမှ ထင်လို့ ရတော့မှာမှဟုတ်ဘူး။ ကျနော် အခုရေးမဲ့ ကိစ္စတွေ က ကျနော်စိတ်ပျက်နေတာ ကြာ ပြီ ဖြစ်ပေမဲ့ အကြောင်းကြောင်းကြောင့် မသိချင်ဟန် ဆောင်ပြီးနေခဲ့တာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မရေးရဲတာလဲ ပါပါတယ်။ ကျနော့အနေအထား ကျနော့ အတွေ့ အကြုံ နဲ့ ဆရာကြီး ဝင်လုပ်တယ်အပြောခံရမှာ စိုးရိမ်တာတစ်ကြောင်း။ ကိုယ်နဲ့ တည့်မပတ်သက်တာဆိုရင် ဖာသိဖာသာနေမယ် ဆိုတဲ့ လူပီသတဲ့ စိတ်လေးခေါင်းထောင်လာတာ ကတစ်ကြောင်းကြောင့် မရေးဖြစ်ခဲ့ပါဘူး။ အဆဲခံရမှာလဲ ကြောက်တာပါသပေါ့ဗျာ။ ခုတော့ ဒီစာရေးလို့ ဖြစ်လာသမျှ အကျိုးဆက်အားလုံး ခံမယ်လို့ ဆုံးဖြစ်ပြီး ရေးလိုက်ရပါတယ်။

ကျနော် ဘလော့တစ်ခုမှာ ကော့မန့် ရေးလိုက်မိတယ်ဗျာ။ ပုံမှန်အားဖြင့် ကျနော်ဘလော့တွေ မှာ ကော့မန့် ရေးလေ့မရှိပါဘူး။ စိတ်ထဲမယ် စိတ်မကောင်းတာတွေရော စိုးရိမ်တာတွေရော ပြွန်းသွား လို့ ကော့မန့် က တော်တော်လည်းရှည်သွားတယ်။ အဲဒီပို့ ဖတ်ပြီးတဲ့ လူတွေက ကျနော်နား ကို စာတွေပို့ ကြ၊ ဂျီတော့ကနေ ပြောကြ နဲ့ ပွဲကို စည်လို့ ပါလား။ ကျနော်သုံးလိုက် မိတဲ့ စကားတစ်ခုအပေါ် တချို့ ကလဲ မကျေနပ်ကြ တချို့ ကလည်း ကျနော့အပေါ် အထင်လွဲ မှာ စိုးရိမ်ကြနဲ့ ။ ကျနော်ထင်တဲ့ အတိုင်းရိုးရိုးသားသားရေးလိုက်မိတာပါ ။ ကျနော်ရေးမိတာက တော့ “ကျနော့ တသီပုဂ္ဂလ အမြင်ပြောရမယ်ဆိုလို့ ကတော့ ဘလော့ဂါတွေ အကုန်လုံး ကိုယ် ထင်ရာ ကိုယ် လုပ်နေတဲ့ သဘောရှိပါတယ်။” ဆိုတဲ့စာသားပါ။ သိပ်ပြင်းထန်သွားတယ် လို့  အားလုံးမြင်ပါလိမ့်မယ်။ ကျနော် သိထာတာ ဘလော့ဂါတွေဆိုတာ အများစုသိပ်စည်းလုံး တယ်။ ကျနော်ဘလော့ ဆိုတာ ဖြူလားမဲလား မသိသေးတဲ့ အချိန် (စက်တင်ဘာ မတိုင်မှီ) က ဘလော့စာအုပ်ထုတ်ဖို့  တိုင်ပင်ကြဆွေးနွေးကြ ဆိုတဲ့ သတင်းတွေကြားဖူးတယ်။ ကျနော် တကယ် တော်တော် လေးစားပါတယ်။ ဒီလောက်တစ်ကွဲတစ်ပြား နေတဲ့လူတွေ စုပေါင်းပြီး အလုပ်တစ်ခုထဲကို လုပ်နိုင်တယ် ဆိုတာ တော်ရုံနားလည်မှု တော်ရုံစည်းလုံးမှုနဲ့ မရပါဘူး။ ကျောင်းတွေမှာ Black ကဗျာ စာအုပ်လေးတွေ စုထုတ်ရင်တောင် ပြဿနာက ဒုနဲ့ ထေ။ လက်ဘက်ရည်ဆိုင်မှာ တဂျိမ်းဂျိမ်း စကားများရတာက ခဏခဏ။ နောက်ကျနော် ဘလော့ဂါတွေ အကုန်ဆိုတဲ့ စကားသုံးလိုက်မိတာ ကျနော်ရည်ရွယ်တာ တော်လှန်ရေးနဲ့  ပတ်သက်ပြီးရေးကြချွတ်ကြတဲ့ ဘလော့ဂါတွေကို ရည်ရွယ်တာပါ။ ကျနော့စာတပိုဒ်လုံး ကို ဖတ်ရင် ဘယ်ဘလော့ဂါတွေကို ထင်ရာလုပ်တယ် လို့ ကျနော် မြင်တယ်ဆိုတာ သဘော ပေါက်ပါလိမ့်မယ်။ နောက်ကျနော် နာစေချင်တဲ့ စေတနာနဲ့ ပြောသလား။ ဘယ်လို စေတနာ မျိုး နဲ့ ပြောတယ်ဆိုတာ အားလုံးသိမယ် မျှော်လင့်ပါတယ်။ ကျနော်က ဘလောဂါတိုင်း နိုင်ငံရေး ရေးရမယ် ဆိုတဲ့ အမြင်မျိုးမရှိပါဘူး။ ကျနော် အမြဲသွားလေ့ရှိတဲ့ ဘလော့တစ်ခုမှာ နိုင်ငံရေး လုံးဝလောက်နီးနီး မရေးပါဘူး။ ဘလော့ဂါ ဆိုတာလွတ်လပ်ခွင့်ရှိတယ်။ ထင်ရာလုပ် ခွင့်ရှိတယ် ဆိုတာကျနော်လက် ခံတယ်။ ဒါပေမဲ့ အများနဲ့ ဆိုင်တဲ့ ပိုစ့်တွေ (နိုင်ငံရေး၊လူမှုရေး) အစရှိတာတွေ ရေးတော့မယ် ဆိုရင်တော့ ထင်ရာလုပ်လို့ မရတော့ဘူး လို့ ထင်ပါတယ်။ မလုပ်သင့်မလုပ်ထိုက်ဘူး လို့ လဲထင်ပါတယ်။

စပိုင်
ခုတလော တော်တော်ရေပန်းစား နေတဲ့ စကားလုံး က (SPY)စပိုင်ဆိုတာပဲ။ ကျနော်ကတော့ မနေ့ တစ်နေ့ ကမှ ပြည်ပရောက်လာတာ ဆိုတော့ စပိုင်ဆိုတာကို အရှင်လတ်လတ်လဲ မမြင် ဘူးဖူး။ ဓာတ်ရှင်တွေထဲ ကြည့်ဘူးတာရှိတာပဲ။ ပြည်တွင်းမှာတုန်း ကတော့ နိုင်ငံရေးလုပ်တဲ့ အကိုတွေ ကို လက်ဖက်ရည်ဝယ်ပေး ဆေးလိပ်သွားဝယ်ပေးလုပ်ရင် သိသလောက်တော့ ပြည်တွင်းမှာ တော့ SPY ဆိုတာ မရှိဘူးဗျ။ အချောင်သမား၊ ဘာရည်ရွယ်ချက်ဦးတည် ချက်မှ မရှိတဲ့လူတွေ၊ လူလူချင်းလူစွာလုပ်ချင် (ကိုယ်ပိုင်အရည်အချင်းမရှိပဲ) တဲ့ လူတွေကို သတင်း ပေး (Informer) အနေနဲ့ လက်ဖက်ရည်လေးတိုက်လိုက် မုန့် ဖိုးလေးပေးလိုက် ခိုင်းတာ တွေ တော့ နေရာတကာပဲ။ သူခိုးဂျပိုးလောကရော၊ နိုင်ငံရေးလုပ်တဲ့ နိုင်ငံရေးစိတ်ဝင်စားတဲ့ လူတွေ လောကမှာရော နဲမှ မနဲပဲ။ အစကတည်းက အဲလို သတင်းပေးလုပ်တဲ့ သူတွေဆိုတာ သူတို့  အခွင့်အရေးလိုချင်လို့ လုပ်တဲ့ လူတွေဆိုတော့ ထောင်စွာထောင်စွာလုပ် တာနဲ့  သိပ်မကြာပါ ဘူး ရိပ်မိကုန်တာ များပါတယ်။ တူတူအဖမ်းခံရတယ် တစ်ယောက်က နှစ်ရှည်ထောင်ကျ တယ်။ အဲဒီလူက ပြန်လွတ်လာတယ် ဆိုတာမျိုးတွေ ကြောင့်လဲပါတာပေါ့လေ။ ဒါပေမဲ့ ပြည်တွင်းမှာ တော့ အားလုံးက သတိနဲ့ နေ ရတော့ သိပ်မကြာဘူး သိတာများပါတယ်။ ထောက်လှမ်းရေး ဆရာများကလဲ ဒါမျိုးကြိုသိတော့ သတင်းပေးတစ်ယောက်ကို တစ်ခါသုံး ဘောပင်(န်) လို ၊ ယမ်းမီးခြစ်လို သဘောထားတာကလား။ အသုံးလို တဲ့အထိပဲ အရိုးပေး ကိုက်တယ်။ သုံးမရတော့ ဘူးထင်တာနဲ့ မယာပါသားကို ပထွေးက ကြည့်သလောက်ပဲ ပြန်ကြည့်တော့တာ။

၉၉ ကာလများ ကဆို အင်ဖော်မာတွေ ဆိုတာ နိုင်ငံရေးနဲ့ ထိစပ်နေတဲ့ ကဗျာဆရာ၊ စာရေးဆရာ ကျောင်းသား တွေ ကြားထဲ မှာ သူတို့ ကတောင်ပိုများနေသလို ပဲ။ ကျနော်တို့ က လူငယ်ဆိုတော့ ချောင်းရိုက် မယ် ကအစ ဖွင့်ချမယ်ဆို တာအဆုံး အမျိုးမျိုး ပြောကြတာပေါ့။ နောက်ဆုံးတော့ ရိုက်ရင်ရိုက်မှုနဲ့ ဖမ်းခံရမယ်။ ကံဆိုးရင် ဓမြမှုတို့ လုယက်မှုတို့ ပါပါလာနိုင် သေးတယ်။ (နအဖ အမှုဆင်ဖမ်းလို့  ကျနော့ သူငယ်ချင်းတစ်ယောက် ခိုးမှုနဲ့ အချုပ်ခံရဘူးပါ တယ်။ နိုင်ငံရေး ဆက်လုပ်မရအောင် စာရိတ္တမှု လုပ်လိုက်တာပါ။) ဖွင့်ချတော့လဲ အဲလို မြွေပွားကင်းပွား ဖြစ်ချင်တဲ့လူတွေက နဲတာမှမဟုတ်တာ။ အဲဒီတော့ ကျနော်တို့ သူတို့  မသိချင်ဟန်ဆောင်နေတယ်။ သတင်းမှားပေးတယ်။ သူတို့ ကိုယ့်စီမလာရင်တောင် ကိုယ်က သူ့ စီကို သွားတယ်။ သူက ကိုယ့်ကို မျက်စိအောက်က အပျောက်မခံသလို ကိုယ်ကလဲ သူ့  ကိုယ် မျက်စိအောက်က အပျောက်မခံတော့ဘူး။ တစ်ချို့ က သူနဲ့ တူတူနေပေးတဲ့ အချိန်မှာ ကျန်တဲ့လူတွေ က လုပ်စရာရှိတာကို နာရီဝက်ရရ တစ်နာရီရရ လုပ်လို့ ရတယ်။ ကျနော်တို့  အဲလိုလဲ တကယ်လုပ်ခဲ့ကြတယ်။

၂၀၀၄ နောက်ပိုင်း ဗိုလ်ခင်ညွန့် နဲ့ နအဖ ဝရမ်းပြေးနဲ့ မိန်းမပျက်လို ပြဿနာတွေ တတ်ကြ။ ကံဆိုးသူ ဗိုလ်ခင်ညွန့် အာဏာကျ။ သူ့ သြဇာမကင်းတဲ့ အဖွဲတစ်ခုလုံးလဲ မြေလှန်ခံရတဲ့ နောက်ပိုင်း မှာတော့ ပြည်တွင်းမှာ ထောက်လှန်းရေး မလုပ်နိုင်ဘူးပြောလို့ ရလောက်အောင် ထောက်လှန်းမှုညံ့ဖျင်းလာပါတယ်။ ထောက်လှန်းရေး နေရာကို ဗိုလ်ခင်ညွန့် ရှိစဉ်က ချောင်ထဲမှာ အမှီးကုတ်ပြီးနေရတဲ့ ဗိုလ်အေး အကြံအရပေါ်လာတဲ့ စွမ်းအားရှင်ဆိုတဲ့ ရပ်ကွက် လူမိုက် ဂလေဂချေဂိုဏ် သြဇာတတ်လာခဲ့ပါတယ်။ ဗမာပြည်ထောက်လှန်းရေး ဘယ်လောက် ယိုယွင်နေလဲ ဆို လက်ရှိလုပ်သွားတဲ့ (၂၀၀၇) ကိုကြည့်တာနဲ့ သိနိုင်ပါတယ်။ အဖွဲအစည်းနဲ့  လူနာမည် ရာထူးကို သေချာအောင်မပြောနိုင်ဘူးလို့ သိရပါတယ်။ ထောက်လှန်းရေး ကြီးဆိုး စဉ် Passport လျှောက်လို့ မရတဲ့ လူတော်တော်များများ Passport တွေရလာပါတယ်။ နောက် နိုင်ငံရေးနဲ့ ဆက်စပ်မှုရှိနေတဲ့ အခမ်းအနားတွေ မှာ လူမိုက်လိုလို၊ ဝရမ်းပြေးလိုလို လူတွေ အများကြီး ကင်မရာတကားကား အသံဖမ်းစက်တကားကား နဲ့ ထင်ထင်ပေါ်ပေါ် လာကြည့်တာ ၂၀၀၄ နောက်ပိုင်းမှပါ။ ဗိုလ်ခင်ညွန့် ရှိစဉ်က လည်း အသံဖမ်းတာ၊ ဓါတ်ပုံ ရိုက်တာ၊ ဗီဒီယို ရိုက်တာတွေ ရှိပါတယ်။ ဒါပေမဲ့ ခိုးကြောင်ခိုးဝှက်ပါ။ ပြည်တွင်းမှာတောင် သူတို့ လုပ်နေကြ Informer လူတန်းစားကောင်းကောင်းမမွေးနိုင်လို့ နိုင်ငံရေးသမားတွေ ၊ NLD ကလူတွေ ရဲ့ မင်္ဂလာဆောင်၊ အသုဘ၊ ဆွမ်းကျွေး စတဲ့ သာရေးနာရေး ပွဲတိုင်း ကင်မရာကြီးတွေ တကားကားနဲ့ လူမိုက်လိုလို အရူးလိုလို သူများစားသောက်နေတာကို သရေတမျှားမျှားနဲ့ ကြည့်ရင် ရိုက်ရင် လုပ်နေရတာပါ။ အဲဒီတော့ ပြည်တွင်းမှာတောင် ထောက်လှမ်းရေး ကို သေသေသပ်သပ်မလုပ်နိုင်တဲ့ နအဖ ဆိုတဲ့ ခပ်ညံ့ညံ့လူတွေက ပြည်ပ မှာ စပိုင်(SPY) လွတ်ထားတယ် ဆိုတာတော်တော် မဖြစ်နိုင်စရာပါ။ အလကားနေရင် မျက်နှာလုပ် ချင်လို့ သခင်အားရကျွန်ပါးဝ လုပ်တဲ့ Informer လို တစ်ရူးစက္ကူတွေတော့ ရှိနေမှာ ပေါလေ။ နအဖ ကိုယ်တိုင် စနစ်တကျလွတ်ထားတဲ့ SPY Network ဆိုတာကတော့ နအဖကို အထင်ကြီးလွန်းရာရောက်တယ်ထင်တယ်။ သံရုံးနဲ့ တွဲထားတဲ့ ထောက်လှမ်းရေးတို့ ၊ နောက်စစ်မှုထမ်းဟောင်း၊ ကြံ့ဖွတ်အစီအစဉ်နဲ့ လွတ်ထားတဲ့ Show Job တွေထဲတော့ မျက်နှာလို အားရလုပ်ပြီး သတင်းပို့ တဲ့လူတွေ ရှိကောင်းရှိမှာပေါ့။ နအဖ လုပ်နေပြောနေတဲ့ အလွဲတွေ အကုန်လုံးအပေါ်ကြည့်ပြီး တွက်ရသလောက်တော့ စပိုင် (SPY) ထားနိုင်လောက် တဲ့ အစိုးရမဟုတ်ပါဘူး။

နောက်ဆုံးဗျာ စပိုင်ဆိုတာတကယ်ရှိနေတယ်ထားအုံး ကျနော်တို့ လုပ်စရာနှစ်ခုပဲရှိတယ်။ ဖျောင်လို့ ရရင်ဖျောင်ပြစ်လိုက်။ ခြေခင်းလက်ခင်း သာရင်ပေါ့လေ။ နောက်ဆုံး မသတ်ရဲ ရင်တောင် တခြားအကြောင်းတစ်ခု ပြပြီး စိန်ခေါ်ထိုးဗျာ။ မိန်းမစပိုင်ဆိုရင် ပိုတောင်ကောင်း သေးတယ် အတည်ပေါက်သွား ပြီး သတ်မယ် ဘာမယ် ချိမ်းခြောက်လိုက်ဗျာ။ နောက်တနည်း ကတော့ မသိချင်ဟန်ဆောင်ပြီး သတင်းမှားတွေ သူတို့ ကနေတဆင့်ပို့ ။ Counter ခေါ်မှာ ပေါ့။ ဒါတွေကို ကျနော်စိတ်ကူးယဉ်ပြီးပြောနေတာ မဟုတ်ဘူးနော်။ ပြည်တွင်းလှုပ်ရှားမှု နဲ့  နီးစပ်တဲ့သူတိုင်း Informer (တချို့ ပြောသလို ) Spy တွေ ကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာ သိကြပါတယ်။ အချင်းချင်း လက်သိပ်ထိုးပြီး ပြောထားလိုက်ရင်ပြီးပြီ။ ဒီကောင်စပိုင် ပါလို့ လက်ညှိုးထို့ ဖွင့်ချလိုက်တာ ကတော့ ဘာမှထိရောက်မှု မရှိဘူးလို့ ထင်ပါတယ်။ မသိချင်ဟန်ဆောင်ပြီး ပြန်အသုံးချမလား ဒါမှမဟုတ် ဘယ်တော့မှ သတင်းပို့ လို့ မရအောင် ခြိမ်းခြောက်ပြီးနှင်ထုတ်တာတို့ ၊ ဖြောင်ပစ်တာတို့ လုပ်လိုက် တာပို့ သင့်တော်မယ် လို့  ထင်ပါတယ်။ အဲဒီတော့ စပိုင်လို့ အော်နေမဲ့ အစား သေချာရင် အသုံးချမလား ရှင်းပစ်မလား တစ်ခုခုလုပ်ဖို့ ကောင်းပါတယ်။

ဆဲရေးမှုဖြင့်တော်လှန်ခြင်း
ကျနော် CBox တွေမှာ တွေ့ နေရတာအများစု က တဖက်နဲ့ တဖက် ဆဲနေကြတာတွေပါပဲ။ တကယ်ကို အယုတ္တအနတ္တ တွေပါ။ ဒီကိစ္စလဲ အစတော့မရေးတော့ဘူး နေတာပဲ။ ဒါပေမဲ့ ဒါကလဲကြာတော့တော်တော်ကို နှောက်အယှက်ဖြစ်တယ်။ ကျနော်လဲလူပဲဗျာ စက်တင်ဘာ ကာလ ဘုန်းကြီးတွေ ကျောင်းသားတွေကို နအဖ စစ်သားတွေရိုက်တာနှက်တာမြင်တော့ ဒေါသထွက်တယ်၊ စိတ်တိုတယ် သူတို့ ကိုလဲ အဲလို ပြန်လုပ်ချင်တယ်။ အဲဒီရက်ပိုင်းတုန်း က ကျနော်ကိုယ်တိုင် မဆဲပေမဲ့ ဆဲတဲလူတွေကို နားလည်လို့ ရတယ်။ ခုနောက်ပိုင်းထိ အဲဒီအရှိန် က မကုန်သေးပဲ ဆဲနေဆိုနေတာတော့ သိပ်မဖြစ်သင့်တာ့ဘူးထင်တယ်။ ဆဲလို့ ဘာဖြစ်မလဲ ဆိုတော့ ဒေါသတွေ ထွက်တယ်။ အဆိုးဆုံးက ဇော်မျိုးလို (ကျနော် စွေစောင်းကို ဇော်မျိုးထက် လေးစားပါတယ်။ စွေစောင်းက သူယုံတာသူရေးနေတာပါ။ ) ဝါဒထူထောင်နေ တာလိုလို ၊ သူကြောင်သလို လိုက်ကြောင်မှ ဒီမိုကရေစီရတော့မှာလိုလို၊ မည်းမည်းမြင်ရာ ထင်ရာရှောက်ရေးနေတဲ့ လူက “ဒီမိုကရေစီ သမားများဆဲကြပါ” (အတိအကျမမှတ်မိပါ။) ဆိုတဲ့ စကားမျိုးရေးလာတော့ရင်နာတယ်။ ကျနော်နဲ့ နီးစပ်တဲ့ သူအချို့ ကို မဆဲဖို့ ပြောတယ်။ သံတူကြောင်းကွဲ အဖြေမျိုးတွေကတော့ သူတို့ ဆဲလို့ ကျနော်တို့ ဆဲပါတယ် ဆိုတဲ့ အဖြေမျိုး ပဲရတယ်။ ကျနော့ အမြင်တော့ ချိတ်ချိတ်ခြင်းမို့ ငြိတာပါ။

ကိုယ်ရပ်တည်ချက်ကိုယ်ပဲတွေး စေချင်ပါတယ်။ ကျနော်တို့ ဆဲလို့ နအဖ ပြုတ်သွားမလား။ အဲလို ဆိုရင်တော့ ကျနော်လဲ ဆဲမယ်။ စာရေးမဲ့ အချိန်တွေ အကုန် အပြင်ထန်ဆုံး အပြောင် မြောက်ဆုံး ဆဲလုံးတွေ တွေး ပြီးဆဲမယ်။ နောက်ဗျာ ဗိုလ်သန်းရွှေ ကိုယ်တိုင် CBox ထဲလာ လို့  ဆဲလိုက်တယ် ဆိုတာမျိုးက လက်ခံပေးနိုင်သေတယ်။ အခုဆဲတဲ့လူတွေက ဘာမှအရေး ပါတဲ့လူတွေလဲမဟုတ်ဘူး။ အဆိပ်ပင်မို့ သတ်တယ်ပြောရအောင်လဲ။ နအဖ ပြိုရင်သူတို့ လဲ ဘယ်နားနေရမလဲ တောင် သိမှာ မဟုတ်ဘူး။ ကျနော် အမြင်တော့ ရုရှက ပုဂ္ဂိုလ်တွေ ကို ဆဲတာနဲ တိုက်ခိုက်တိုက်ခိုက် ၊ နောက်ဆုံး တတ်နိုင်လို့  သွားသတ်လဲ ဘာထူးလာမှာမို့ လဲ။ နအဖ က ဆက်ရှိနေမှာပဲ။ နအဖ စစ်ကျောင်းက တစ်နှစ်ကို ရုရှကလူမျိုး ၃၀၀၀ လောက် ထွက်နေတယ်လို့ ထင်တယ်။ ဟိုဘက်က စစ်ဗိုလ်များကလဲ တိုင်းပြည်ချစ်လို့ စစ်ထဲဝင် တယ် ဘာညာဆိုတာတွေ ပြောနေမဲ့ အစား မဆဲပဲ မနေနိုင်ဘူးလား။ တစ်ဘက်က မဆဲပဲနေလိုက် ရင် ဆဲတဲ့လူငပေါ ဖြစ်မှာပဲ။ ဘယ်နှစ်ခွန်းဆဲနိုင်မလဲ။ နောက် CBox ပိုင်ရှင်တွေကလဲ ဆဲတာ နဲ့ ဘလော့လိုက်။ ဆဲနေဆိုနေတာနဲ့ တော့ ဗိုလ်သန်းရွှေလဲ ဘာမှမဖြစ်ဘူး။ နအဖ လဲဘာမှ မဖြစ်ဘူး။ နအဖ နဲ့ စစ်အာဏာရှင်ကို မုန်းကြောင်းပြဖို့ ဆဲတာဆိုရင်လဲ သူတို့ မသိစိတ်မှာ ပြည်သူလူထုက သူ တို့ ကိုဘယ်လောက်မုန်းတယ် ဆိုတာသိပြီးသား။ ခင်ဗျားတို့ သတိထား မိမလား မသိဘူး ဇော်မျိုး ဆိုတဲ့ လူမဆဲဘူး။ သိပ်အကျအနကောက်ချင်သူတွေ အတွက် ထပ်ပြောမယ် ဆဲလို့ အဆင့်မရှိဘူး လို့ ပြောမဲ့ ခပ်ကြောင်ကြောင်လူထဲမှာ ကျနော်မပါဘူး။ ဒါပေမဲ့ ဆဲတာနဲ့ ဒီမိုကရေစီ နဲ့ တော့ ဘာမှ မဆိုင်ဘူး။

ရုရှား ပြဿနာ
အပေါ်မှာ ကျနော်ရေး ခဲ့တဲ့ တချို့ အချက်တွေ ကိုဖတ်ပြီး ရန်သူ့ ဘက်ကလိုက်ရေးတယ် လို့  ဝေဖန်ရင်လဲ ခံယုံပဲဗျ။ ကျနော် ဒီလိုတွေ ရေးလို့ ကျနော့စာတွေကို မဖတ်တော့ဘူး ဆိုလဲ တော်လှန်ရေးကို တခြားနည်းနဲ့ သွားယုံပဲ။ တကယ်တော့ ကျနော်စာရေသည်ဖြစ်စေ၊ မရေသည်ဖြစ်စေ၊ ကျနော် တော်လှန်ရေးလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ နအဖ ကိုတော့ တော်လှန်နေကြဦးမှာပဲ။ ငကန်းသေငစွေလာလိမ့်မယ်။ ကျနော်ကတော့ ကျနော့စာတွေ ကို ကိုယ့်ဘက်ကလူတွေ တင်မဟုတ်ပဲ နအဖ ပုဂ္ဂိုလ်များကို လဲ ဖတ်စေ့ချင်ပါတယ်။ သူတို့  ကိုလဲ ကျနော်တို့ ဘာတွေခံစားနေတယ်၊ ဘာကြောင့်ဘာလုပ်တယ် ဆိုတာမျိုး တွေသိစေ့ချင်ပါ တယ်။ သူတို့ နားလည်နိုင်ရင်၊ ဒါမှမဟုတ်နားမလည်တောင် အတွေးတစ်စလောက်များရသွား ပြီး ဆက်တွေးမိရင် ဆိုတဲ့ မျှော်လင့်ချက်တကယ်ထားပါတယ်။ ကျန်တော် တပ်နဲ့ ပြည်သူ လက်တွဲကူ ဆိုတဲ့ ဆောင်ပုဒ်မျိုးလဲ မတင်ဘူး။ တပ်အချင်းချင်း ထချပြီးဆိုတဲ့ ဟာမျိုးလဲ မရေးဘူး။ ဒါပေမဲ့ ကျနော်တို့ ဘက်က တကယ်လုပ်ပြနိုင်တယ် ဆိုတဲ့ တစ်နေ့ တပ်ထဲက ပြည်သူ့ ဘက်မှာ ရပ်တည်မဲ့ တပ်မှုး၊တပ်သား တွေ ထွက်လာပါလိမ့်မယ်။

အဲလို ထွက်လာဖို့ က ကျနော်တို့ ဘက်ကနိုင်ချေရှိမှ ထွက်လာမှာပါ။ အလကားနေရင်း အလုံးအရင်း နဲ့ ထွက်လာဖို့ ဆိုတာမလွယ်ပါဘူး။ သေချာမှစွန့် မှာပေါ့ ဟုတ်ဘူးလား။ လူဆိုတာ ဘာပဲပြောပြော ကိုယ်နဲ့ ကိုယ့်အသိုင်းအဝိုင်း ကို အရင်ကြည့်မှာပဲ။ သေချာချာ မသေချာချာ ကိုယ်ယုံတာလုပ်မယ် ဆိုပြီး အသေခံထွက်လာတဲ့ လူမျိုးကတော့ အရှားသား။ စက်တင်ဘာမှာ ပြန်ကြည့်ရင် ပဲ လမ်းပေါ်ထွက် ဆန္ဒပြတဲ့လူ အရေအတွက်ဟာ တစ်နိုင်ငံ လုံးနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး လို့ ပြောမယ်ဆိုပြောလို့ ရပါတယ်။ ဒီအချက်ကို ကြည့်ပြီး နအဖကို မကျေနပ်တာ ဒါလောက်ပဲ ဆိုတဲ့ အတွေးအခေါ်မျိုးကတော့ ဗိုလ်ကျော်ဆန်းလို အရပ်နဲ့ ခေါင်းနဲ့ အချိုးညီတဲ့ နအဖ ရင်မကြီးတွေ ပဲတွေတတ်တာပါ။ ကျန်တဲသူတွေလဲ မုန်းလိုက်တာမှ အူထဲကရောအသည်းထဲကရောပဲ။ဘာလို့ မထွက်လဲ ဆိုတော့ သေမှာကြောက်လို့ ဗျ။ တချို့ ဘာပဲဖြစ်ဖြစ်သေမှာကြောက်တယ်။ တချို့ လဲ မသေချာပဲ နဲ့  မသေချင်ဘူး။ ဘာမှ မကြည့်နဲ့  ဒီထဲမှာ ၉၀၊၉၆၊၉၉ အရေးအခင်းတွေ တသီကြီးမှီ ခဲ့တဲ့လူတွေ အများကြီးပါ။ ဘယ်သူဘယ်လို ရပ်တည်ခဲ့လဲ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရအောင်။

ကျနော်တော့ ရုရှကလူတွေကို မဆဲဘူး။ မဆဲမဆို၊ ငြင်ခုန်တာမျိုးမဟုတ်တဲ့ ကြားကျတဲ့ ခေါင်းစဉ်တွေ (ပညာရေး၊ စီးပွားရေး၊ ကျန်မာရေး ဘာလို့ နိမ့်နေလဲ) ကိုဆွေးနွေးချင်တယ်။ တကယ်ဆွေးနွေးကျရင် ဘာကြောင့်ဆိုတာသိလာမယ်။ အမှန်ကို တကယ်သိလာတဲ့လူက အကြာကြီးမှား မနေနိုင်ပါဘူး။ နအဖ စစ်ဗိုလ်ချုပ်တွေတော့မပါဘူးပေါ့ဗျာ။ ရုရှက စစ်ဗိုလ် တွေဆိုတာ တလမှ ဒေါ်လာ ၂၅၀ နဲ့ နေနေရတာ။ စားနိုင်သောက်နိုင်တဲ့ ရာထူးရောက်ဖို့ က လည်း စောင့်ရဦးမယ်။ ဒါလဲ အထက်အရာရှိနဲ့  အဆင်ပြေမှ။ အဲဒီတော့ သူတို့ မှ အမှန်တရား ကိုလက်ခံနိုင် ဖို့  နေရာကျန်သေးတယ်လို့ ထင်တယ်။ တချို့ တချို့ လဲ လူမြင်ကွင်းတော့ ယူနီဖောင်း လေး ဝတ်ပြီး ဇောင့်ကြွားဇောင့်ကြွားလုပ်၊ ကာနယ်ကြီး အိမ်ကြ ဖိနပ်တိုက်ပေး၊ အဝတ်ရုပ်ပေး ဘဝကို ပဲလောက နိဗ္ဗာန် ထင်နေ မှာပဲ။ အဲလို လူတွေချည်းပဲ ဆိုတာတော့ ကျနော်မယုံဘူး။ လူကောင်းလေးတွေကို တော့ ရှာကြည့်ချင်သေးတယ် ။ ဆွေးနွေးချင်သေး တယ်။ သူတို့ ကိုယ်ခံအားကို လဲကျနော်ယုံတယ်။

နောက်တစ်ခုက ဒီအချိန်မှာ ကျနော်တို့ ရောသူတို့ ရော တိုက်ပွဲပြင်ပမှာပါ။ အဲဒီတော့ ကျနော်တို့  ဆက်ဆံလို့ ရတယ်။ တတိယပုံစံပေါ့ဗျာ။ ကျနော်လဲ တော်လှန်ရေးကြောင်း မပြောဘူး။ သူတို့ လဲ စစ်တပ်အုပ်ချုပ်ရေးကို ဘုန်းတော်မဘွဲ့ နဲ့ ပေါ့ဗျာ။ သူတို့ လဲ ရုရှား ရောက်တုန်း အင်တာနက်ကို ဖောဖောသီသီ လွတ်လွတ်လပ်လပ်သုံးခွင်ရတာ။ မြန်မာပြည် ပြန်ရောက်ရင် ဘယ်လိုမှ ဒီနေရာတွေကိုလွတ်လွတ်လပ်လပ်လာလို့ ရမှာမဟုတ်တော့ဘူး။ တော်လှန်ရေး သမားကောင်းဆိုတာ တိုက်တာခိုက်တာ တစ်ခုထဲထူးချွန်ယုံနဲ့ မဖြစ်ဘူးဗျ။ သံခင်းတမန်ခင်းလဲတတ်ရမယ်။ ရန်သူကို စည်းရုံးနိုင်ရမယ်။ တကယ့်ခေါင်းဆောင်ကောင်း တွေဆို ရန်သူကိုယ်တိုင်က လေးစားတယ်။ (မဟာဗန္ဓုလ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ရွမ်းမဲလ်) ဖမ်းမိရင်တော့ သတ်မှာပေါ့ဗျာ။ ပြီးတော့ ဒီမိုကရေစီရတာနဲ့  စစ်သားတွေစစ်ဗိုလ်တွေ အလုပ် ပြုတ်စေဆိုတာမျိုးလဲ လုပ်လို့ မရဘူး။ သူတို့ နဲ့ သူတို့ မိသားစုကလဲ သန်းချီရှိနေတာကို။ အဲဒီလူတွေ သာအလုပ်လက်မဲထပ်ဖြစ်ရင် လက်ရှိအလုပ်လက်မဲ့ ဦးရေနဲ့ ပေါင်းပြီး ကျောင်ခမန်းလိလိတက်လာလိမ့်မယ်။ အောက်ခြေ နဲ့ အရာရှိငယ်တွေ ကို ဆက်ထားရမှာပဲ။ မြွေပွေးခပိုက်ပိုက်တယ် တို့ ဘာတို့ ခပ်ကြောင်ကြောင်တွေလာမပြောနဲ့ ။ တကယ်မြွေပွေး အစစ်ဆို တပ်ထဲကထုတ်လိုက်လဲ လိုက်ကိုက်မှာပဲ။ တပ်ထဲမှာရှိနေတာမှ စောင့်ကြည့်နေလို့  ရဦးမယ်။ ခင်ဗျားတို့ သိပြီးသားဖြစ်ပေမဲ့ ကျနော် မှာဒီထက်ကောင်းတဲ့ ဥပမာမရှိလို့ ပြော ပါရစေ။ လွတ်လပ်ရေး မရခင် ဖက်ဒရယ် ကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကိုဝိုင်းကန့် ကွက်တော့ “၁၀ နှစ်အချိန်ရတာမှ သူတို့ ခွဲထွက်ရင် ကျုပ်တို့ မစည်းရုံးနိုင်လို့ ကျုပ်တို့ ညံ့လို့ ပေါ့ဗျာ” ဆိုတဲ့ စကား။

ဘာကြောင့် ၁၉
နအဖ ဘာကြောင့်ယိုင်နဲ့ ယိုင်နဲ့ နဲ့ ၁၉နှစ်တိုင်ခဲလဲ ဆိုတော့ ကျနော်တို့ ညံ့လို့ လို့  ပဲမြင်ပါ တယ်။ ကျနော် တို့ ၁၉ နှစ်အတွင်း အတိုက်အခံအဖွဲ အစည်းတွေများလာတာပဲ ရှိတယ်။ ဘာမှ ဖြစ်မလာဘူး။ တကယ်လို အပ်တဲ့ စည်းလုံးမှုမတည်ဆောင်နိုင်ဘူး။ လက်ငင်းရည်ရွယ် ချက်ကို မပြတ်သားဘူး။ အာဏာရရေးလား။ အဏာရှင်ကျဆုံးရေးလား။ အာဏာရှင်ကျဆုံး ရေး ဆိုရင် တော့ အရင်ဆုံး အာဏာရှင်ပြုတ်ကျရေးလုပ်ကြပါ။ တချို့ စိုးရိမ်နေသလို စည်းလုံး မှုမရှိပဲ စစ်တပ်ပြုတ်သွားလဲ ကွဲကျပြဲကျနဲ့ တိုင်းပြည်ဒုက္ခရောက်မယ်ဆိုတဲ့ အတွေမျိုး ကျနော် လက်မခံပါဘူး။ ဒီမိုကရေစီတိုက်ပွဲ ဝင်နေတဲ့ ခေါင်းဆောင်တွေ အနေနဲ့  သံခင်းတမန်ခင်း နဲ့  ကွဲကျပြဲကျမယ် ။ ဒီမိုကရေစီဆန်ဆန် သဘောထားကွဲကျမယ် ဆိုရင် ရောင်စုံခေတ်ကို ပြန်ရောက်ဖို့ မမြင်ပါဘူး။

နအဖ ကတော့ရှင်းတယ်။ ဦးတည်းချက်ကလည်း အာဏာတည်မြဲရေးပဲ။ အဲဒီအတွက် ချော့ စရာရှိချော့တယ်။ ချောက်စရာရှိချောက်တယ်။ နောက်လူသိရှင်ကြားဘယ်တော့မှ မကွဲလွဲဘူး။ ကွဲလွဲရင်လဲ တခါထည်းကိစ္စတုံးလုပ်တယ်။ (ဗိုလ်စောမောင်၊ဗိုလ်တင်ဦး၊ ဗိုလ်ခင်ညွန့် ) ကျနော်တို့ ဘက်ကတော့ ရန်သူပျော်ရုံ၊ သတင်းပေါက်ကြားရုံကွဲကျပြဲကျ နဲ့ သံသယာလည်နေ တယ်လို့ ထင်ပါတယ်။ ဒါကလဲ နအဖ လို စည်းလွတ်ဝါးလွတ် မလုပ်ချင်တဲ့ စိတ်ကောင်းတွေ ကြောင့်လို့ မြင်ပါတယ်။ မကြာခင်ကျနော်တို့  ခေါင်းဆောင်တွေ လမ်းကြောင်းတစ်ခုရှာတွေ့  ပြီး စစ်ကျွန်ဘဝက လွတ်မြောက်စေလိမ့်မယ် လို့ ယုံကြည်နေတုန်းပါ။

တကယ်တော့ကျနော်က ကိုယ့်ဘဝလေးနဲ့ ကိုယ် အေးအေးနေချင်တဲ့ကောင်ပါ။ ဒါပေမဲ့ ဘဝ ကအဲလို နေဖို့ ခွင့်မပေးခဲ့ဘူး။ ဒါပေမဲ့ ကျနော်ဟာ နောက်လိုက်ကောင်းတစ်ယောက် အနေနဲ့  ကျနော်တတ်နိုင်တဲ့ ဘက်ကနေ မင်းဆိုးမင်းညစ်ဟူသမျှ ကို တော်လှန်နေဖြစ်မယ်ထင်ပါ တယ်။ ကျနော်ရေးတဲ့ စာဟာ ရန်သူပျော်စေနိုင်မဲ့ အချက်တစ်ချက်မှ မပါဘူးလို့ ထင်ပါတယ်။ တကယ်လို့ ပါခဲ့လို့ ရှိရင်လဲ စေတနာအမှားလို့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ လေးလေး နက်နက် ထပ်ပြောပါရစေ။ ကျနော်ခေါင်းဆောင်တွေကို ကျနော်တို့ လွတ်မြောက်ရေးအတွက် အကြွင်းမဲ့ မျော်လင့်ယုံကြည်နေပါသေးတယ်။ တကယ်လို့ ကျနော်မယုံကြည်တော့တဲ့ နေကြရင်လဲ ငြိမ်းချမ်းစွာ လက်တွဲဖြုတ်ပြီး ကိုယ်နည်းကိုယ်ဟန်နဲ့ တိုက်ပွဲဝင်နေပါဦးမယ်။သူခိုး ဘဝ ကစပြီး တိုက်ပွဲဝင်ပါ့မယ်။ ဗမာစကားပုံရှိပေမဲ့ အဲလိုတော်လှန်ရေးမျိုးတစ်ခါမှ မတွေ့  ဘူးသေးပါဘူး။ သူခိုးကြီးတော့ ဓါးပြ၊ ဓါးပြကြီးတော့ သူပုန်၊ သူပုန်ကြီးတော့ အစိုးရ တဲ့။ စိတ်ကူးယဉ်ဆန်တယ်ပဲပြောပြောကျနော် တကယ်သွားဖြစ်တဲ့ အခါကျနော် သူငယ်ချင်းတွေကို မေးပို့ ပြီးခေါ်ဦးမယ်။ ကျနော်ပေးထားတဲ့ ခေါင်းစဉ်လေးလို့ ပေါ့ ဗျာ။ ကျနော်တို့ မင်းဆိုး မင်းသူခိုး နဲ့ တန်သလား မင်းကောင်းမင်းမြတ်နဲ့ တန်သလား ဆိုတာ အာလုံးဝိုင်းပြီး စုစုစည်းစည်း အဖြေထုတ်ရအောင်။
မိုးထက်နေ

ဒီဆောင်းပါးနဲ့ ပက်သက်ပြီး ဆဲချင်၊ဆွေးနွေးချင်ရင် moehtetnay@gmail.com ကိုတိုက်ရိုက်ပို့ ပါခင်ဗျာ။ ကျနော်ဟာ ရွှေဘိုသား ဘလော့ပိုင်ရှင်မဟုတ်ပါဘူး။ ရွှေဘိုသား မှာ စာရေးသူ သာဖြစ်တဲ့အတွက်ပါ။

လုပ်ချင်ဦးဟဲ့ လုပ်ကြံရေး

မြန်မာနိုင်ငံ စစ်အာဏာရှင်အောက်က လွတ်မြောက်ဖို့ ဝိုင်းဝန်းကြိုးစား ကြတဲ့လူငယ်တွေ ရဲ့  ဦးဆောင်မှုနဲ့ နောက်ဆုံးတော့ အာဏာရှင်အဓိပတိကြီးကို ဆုငွေထုတ်နိုင်ခဲ့ပါတယ်။ ဆုငွေ ပမာဏကလဲ မြို့ မေတ္တာခံယူတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တာကြောင့် ဒီရေအလား တရိပ်ရိပ်တက်လိုက် တာများ နောက်ဆုံတော့ စတင်မတည်ငွေဟာ စုစုပေါင်းရရှိမဲ့ ဆုငွေရဲ့ ဝ.၁ ရာခိုင်းနှုန်းသာရှိပါ တော့တယ်။
တစ်နေ့ တော့ ဆုငွေကိုင်တွယ်ထားတဲ့ ကော်မတီထံကို ဗမာပြည်တွင်း ကနေဖုန်း ခေါ်သံတစ် ခုဝင်လာခဲ့ပါတယ်။ တော်တော်မူးယစ်နေပုံ ရတဲ့ ဟယ်လို ဆိုတဲ့ အသံနဲ့ ပေါ့။
လူစိမ်း။ ။ ဗိုလ်သန်းရွှေကို သတ်ပေးတဲ့ ဘယ်သူ့ မဆို ဒီဆုငွေကို ထုတ်ယူခွင့်ရှိပါသလား။

တာဝန်ခံ။ ။ ရပါတယ်ခင်ဗျာ။ တကယ်လို့ မပြောကောင်းမဆိုကောင်း ခင်ဗျား အထိအရှ ဖြစ် သွားတယ် ဆိုလဲ ကျန်ခဲ့တဲ့ ခင်ဗျားမိသားစု ကို ကျနော်တို့ လွဲပေးမှာဖြစ်ပါတယ်။
လူစိမ်း။ ။ကျုပ်သိချင်တာ ကျုပ်ရမလား မရဘူးလားပဲသိချင်တာ။
တာဝန်ခံ။ ။ရပါတယ်။
လူစိမ်း။ ။ကျုပ်က ရာဇဝတ်သား၊ အရက်သမား၊ စက်တင်ဘာတုန်းက လူတွေကိုရိုက်ခဲ့နှက်ခဲ့ ဘူးတဲ့ ကောင်ဆိုရင်ရော ဗျာ။
တာဝန်ခံ။ ။အဲဒါဆိုလဲ ခင်ဗျားလုပ်ခဲ့တဲ့ မကောင်းမှု အားလုံးကို ခင်ဗျားရဲ့ နောက်ဆုံး လုပ်ရပ် နဲ့  ချေဖျက်ပေးရမှာပါဗျာ။ စိတ်ချပါ။
လူစိမ်း။ ။ကျနော် သူ့ နှဖူးအလည်တည့်တည့်ကို ပစ်မယ်ဗျာ။ ပြီးတော့ သူ့ လက်မကို ပါစပ်ထဲ ပြန်ထိုးထဲ့ ခဲ့မယ်။
တာဝန်ခံ။ ။ဒီလောက်သေချာနေရင် ခင်ဗျား က သူ့ ကိုယ်ရံတော်တပ်အရာရှိတို့ ဘာတို့  ဖြစ်မယ် ထင်တယ်။ လေစားပါတယ်ဗျာ။ ခင်ဗျား နအဖ ကိုဆန့် ကျင်တဲ့ ပြည်သူဘက်သား တစ်ယောက်အနေနဲ့ ကြိုဆိုပါတယ်။ ကျနော်တို့ ခင်ဗျားကို အကာအကွယ်ပေးဖို့ လဲကြိုးစား ပါမယ်။
လူစိမ်း။ ။မလိုဘူးဗျာ။ အဓိကက ပိုက်ဆံပဲ။ သတင်းစာစောင့်ဖတ် အဲဒီပုံစံနဲ့  သေတယ် သတင်းပါလာရင် ကမ္ဘောဇဘဏ် အကောင့်နံပတ် xxxxxxxxxx ကို သာ ပိုက်ဆံလွဲလိုက်၊ မြဝတီဘဏ်ခွဲကနေလွဲ ငွေသိပ်များတော့ အဲဒီဘဏ်ရဲ့ တာဝန်ခံ ဦးxxx ကနေတဆင့်လွဲ ဟုတ်ပြီလား။ ဒေါ်လာပေးလဲ ရတယ်။
တာဝန်ခံ။ ။စိတ်ချပါဗျာ။ အောင်မြင်ပါစေရဲဘော်။
လူစိမ်း။ ။ပိုက်ဆံပဲ အရေးကြီးတယ် ကျန်တာအရေးမကြီးဘူး။ ကျုပ်အကုန် စီစဉ်ပြီးသား။ ငှဲငှဲငှဲ
ဆုငွေတာဝန်ခံကော်မတီ ဝင်များလဲ အဲဒီအမူးသမား အသံနဲ့ လူဖုန်းဆက်ပြီးနောက်ပိုင်း သတင်းဆိုဒ်တွေ၊ ဘလော့တွေ၊ ပြည်တွင်းသတင်းစာတွေ မလွတ်တန်းထိုင် ဖတ်ရင်း သတင်းကိုမျှော်နေတာပေါ့လေ။ လုပ်ကြံမှုအောင်မြင်တဲ့ သတင်းပဲပါလာမလား။ ကိုယ်ရံတော် တပ်က ဗိုလ်တစ်ယောက်ယောက် လုပ်ကြံရန်ကြံစည်မှုနဲ့ အဖမ်းခံရမဲ့ သတင်းများပါလာမလား ဆိုတဲ့ မျော်လင့်ချက်နဲ့ ပေါ့လေ။ တဖက်ကလဲ ရူးကြောင်မူးကြောင်စိတ်ကူယဉ်ဆန်ဆန်တွေးပြီ ပြောများသွားသလား။ ဒါမှမဟုတ် ဘဏ်တွေဘာတွေပါ အသေးစိတ်ပါလာတယ် ဆိုတော့လဲ အားကိုးလောက်တဲ့ အဖွဲ့ အစည်းတစ်ခုများ ပြည်တွင်းမှာ ပေါ်ပေါက်နေပြီးလား အစသဖြင့် တွေးလိုက်၊ ငြင်းလိုက်နဲ့ နေ့ လာလိုက်တာ တပတ်လောက်ထိ ဘာမှမထူးခြားတဲ့ အခါတော့ စိတ်လျော့ ရမလို ဖြစ်နေပါရောလား။ ဖုန်းဆက်တဲ့ရက်က နေ ၈ ရက်မြောက်တိတိမှာ နိုင်ငံတကာသတင်းဆိုဒ် တွေ၊ ဘလော့တွေနဲ့  သတင်းစာတွေ မှာ ဗိုလ်သန်းရွှေ အလုပ်ကြံခံ ရတဲ့ သတင်းတွေဝေဝေ ဆာဆာနဲ့ ပါလာပါတော့တယ်။ ဓာတ်ပုံတွေ မှာပါတဲ့ ပုံကလဲ နှဖူးအလည်တဲ့တဲ့မှာ အပေါက် လေးနဲ့ ၊ လက်မကို ပါးစပ်ထဲကိုက်ထားပြီး ကွေးကွေးလေး လဲကျနေတာလဲသေချာပါတယ်။ ဒီတော့ ဆုငွေတာဝန်ခံကော်မတီလူကြီးများလဲ မဲဆောက်မှာ ရှိတဲရဲဘော်တွေ ဆီကိုငွေလွဲ၊ အဲဒီကမှ တဆင့် မြဝတီဘက်ကူး၊ ဘဏ်ရောက်တော့လဲ အဆက်အသွယ် လုပ်ရမဲ့ ဘဏ့်တာဝန်ခံ ဦးxxx ကလဲ အသင့်စောင့်ကြိုလို့ ပေါ့လေ။ ငွေလွဲတဲ့ လူတွေရော ငွေလက်ခံတဲ့ လူတွေပါ တပြုံးပြုံး နဲ့ ပေါ့။ ငွေတွေရေနေတဲ့ အချိန် ဘဏ်ကဧည့်ခံ ထားတဲ့ လက်ဘက်ရည်တွေ၊မုန့် တွေစားကြသောက်ကျနဲ့ ပေါ။ အားလုံးရေတွက်ပြီးသွားတဲ့ အခါ မှာတော့
ဦးxxx။ ။ငွေလဲပြည့်ပါတယ် ခင်ဗျာ။ ခုလို ချက်ချင်းလာပို့ ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
ငွေပို့ သူ။ ။ကျနော်တို့ ဘက်က သိတတ်ရမှာပေါ့ဗျာ။ ဒါနဲ့ ငွေလွဲခဘယ်လောက်ကျပါလဲ ခင်ဗျာ။
ဦးxxx။ ။ဟာပေးစရာမလိုပါဘူးခင်ဗျာ။ FOC ပါ။ ဒါက ခင်ဗျားတို့ ငွေလာပို့ တဲ့လူ နှစ်ယောက် အတွက် အကျိုးဆောင်ခ ဒေါ်လာ ၁၀၀၀ စီ။ ပေါင်း ၂၀၀၀ ရေကြည့်ပါဦး။
ငွေပို့ သူ။ ။ဟုတ်ကဲ့ပါ ကြည့်ရတာအခြေအနေကလဲ အေးချမ်းပုံပါပဲ။ သတိတော့ထားဗျာ။ သိပ်မရဲတင်း စေချင်ဘူး။ ဒီလိုကိစ္စဆိုတာ အန္တရယ်ကြီးတယ်ဗျ။ ဘယ်လိုပဲ ဖြစ်ဖြစ်ခင်ဗျားတို့  လူစုရဲ လုပ်ရပ်နဲ့ သတ္တိကိုတော့ လေးစားပါတယ်။ နိုင်ငံမှာ ခင်ဗျားတို့ လို လူတွေချည်းဆို ကျုပ်တို့  တိုင်းပြည်ကောင်းစားပြီဗျ။
ဦးxxx။ ။ ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ။
ငွေပို့ သူ။ ။မသိလို့ တစ်ခုမေးပါရစေ ဖြေလို့ မရရင်လဲ ကိစ္စမရှိပါဘူး။ ကျနော်တို့ ခုငွေပို့ တဲ လူရဲ့ နာမည် ၊လျှို့ ဝှက်အမည် ဖြစ်ဖြစ်ပေါ့ ခင်ဗျာ ပြောလို့ ရမလား။ ကျနော်တို့ သေချာ မှတ်တမ်းလေး ရေးထားချင်လို့ ပါ။
ဦးxxx က မျက်မှောင်ကျုတ်ပြီး ပြန်ပြောလိုက်တာကတော့
“ဟာ ခင်ဗျားတို့ မသိသေးဘူးလားဗျာ ဒီလာက် တစ်တိုင်းပြည်လုံး အုပ်အော်သောင်းနင်း ဖြစ်နေတာကို ။ ခုနပဲ သူ ကာကွယ်ရေးဦးစီချုပ်အသစ်စက်စက်အနေနဲ့  တီဗီကနေ
မိန့် ခွန်းပြောသွားတယ်လေဗျာ။”

ဒွန်ကွီးဇိုး

ရွှေဝါရောင် တော်လှန်ရေး ရဲ့  အနစ်သာရဟာ ၉၀ ရွေးကောက်ပွဲ အသက်သွင်းရန် မဟုတ်

ခုရက်ပိုင်း နအဖ ဘက်တော်သား ဘလော့များ၊ ဟိုလိုလို ဒီလိုလို ဘလော့များ မှာ သတင်းစာရှင်းလိမ် ပွဲ နဲ့ ပတ်သက်တဲ့ ပို့ တော်တော်များများ ရေးသားနေတာကိုတွေ့ ရ ပါတယ်။ အဓိကကတော့ ဟုတ်သော်ရှိမဟုတ်သော် ရှိ နအဖ ရဲ့ လမ်းပြမြေ ပုံကို ထောက်ခံ ရေး ဆိုတဲ့ လမ်းကြောင်း ကို အတင်းရောဇွတ်ရော ဆွဲယူရေးသားနေကြတာပဲ ဖြစ်ပါတယ်။ စင်ပေါ်တင်ပေးသလို ဖြစ်မှာ စိုးတဲ့ အတွက် ဘယ်မှာဖတ်ခဲ့တယ် ဆိုတာတော့ မပြောတော့ပါ ဘူး။ ဟိုဘက်လိုလို ဒီဘက်လိုလို ခွနေတဲ့ ဘလော့တစ်ခုမှာ ရေးထားတဲ့ အဲဒီ ဆောင်းပါးနဲ့  ပတ်သက်ပြီး နည်းနည်း ရှင်းလင်းစရာလေးတွေ ရှိလို့ အခုဆောင်းပါကိုရေးလိုက်တာပါ။

အစကတည်း က ဒေါ်အောင်ဆန်းစုကြည် ကို တန်းတူရည်တူဆွေးနွေး ဘက်အဖြစ် သတ်မှတ် လက်ခံခဲ့ တာမဟုတ်ကြောင်းကို တော့ နိုင်ငံရေး အကျဉ်းသား အဖြစ်ဆက်လက် ထိန်းသိမ်း ထားတာ တစ်ခုနဲ့ တင် တခြားသက်သေ ရှာနေဖို့ မလိုအပ်တော့ပါ။ ဆွေးနွေးပွဲ ကျင်းပဖို့  ပြင်ဆင်တာတွေ၊ အကျဉ်းသားလွတ်ပေးတာ တွေ ဆိုတာ ဟန်ပြလုပ်ဆောင်မှု သက်သက်ဖြစ် ပါတယ်။ တကယ်လက်တွေ လွတ်ပေးတယ်ဆိုတဲ့ နိုင်ငံရေး အကျဉ်းသား ဆိုတာ လွတ်ပေးတဲ့ အကျဉ်းသား ဦးရေ နဲ့ ချိန်ကြည့်ရင် တစ်ရာခိုင်နှုန်းတောင် မရှိဘူးဆိုတာလဲ အားလုံးသိပြီးဖြစ် ပါတယ်။

စက်တင်ဘာတော်လှန်ရေး ပြီးပထမဆုံး အကြိမ်သတင်းစာ ရှင်းလင်းပွဲ ဖြစ်တဲ့ အတွက် ပြည်တွင်းပြည်ပ ရဲ့ စိတ်ဝင်စားမှု၊ အာရုဏ်ကျမှုကို တော်တော်လေးရတယ်လို့ ပြောလို့  ရပါတယ်။ ဒါပေမဲ့ အရင့်အရင် က သတင်းစာရှင်းလင်းပွဲ တို့ လို့ ပါပဲ ရှိသမျှအပေါက် အကုန်ပိတ် ပြီးလုပ်ဇာတ်တွေခင်း တာပေါ့ဗျာ။ ဗိုလ်ကျော်ဆန်း၊ ဗိုလ်ခင်ရီ တို့ တာဝန်ခံ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ ဆိုတော့လဲ ထုံးစံ အတိုင်း ဇွတ်ဒရွတ် ဖန်တီးထားတဲ့ ဇာတ်လမ်းတွေကို ကိုယ့်စာရိတ်ကိုယ်စား နားထောင်၊ ဇာတ်တိုက်ထားတဲ့ မေးခွန်းတွေမေး ဆိုတာထက် ဒီသတင်းစာ ရှင်းလင်းပွဲရဲ့  ထူးခြားချက်က အတိုက်အခံအားလုံး နဲ့  ကမ္ဘာနိုင်ငံအား လုံးကို တစ်ဘက်လှည့်ပြီး ရာဇသံပေးလိုက်တယ် လို့  ထင်ပါတယ်။ ဒါကတော့ လမ်းပြမြေပုံ အတိုင်း ရှေ့ ဆက်သွားမယ် ဆိုတာ တစ်ဘက်လှည့်နဲ့  အသိပေး ပြောဆို သွားတာဖြစ်ပါတယ်။

ဖွဲ့ စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ရဲ့  အခန်းကို လဲ လုံးဝ ထဲ့ သွင်း တွက်ချက်ခြင်း မရှိတာကို တွေ့ ရပါတယ်။ နအဖ ဟာ အချိန်ဆွဲဖို့ နဲ့  နိုင်ငံတကာ ဖိအား လျော့ကျရေး အတွက် ဒီ ဆွေးနွေးပွဲ ကို ယောင်ပြလက်ခံ ခဲ့တယ် ဆိုတာကို အစောကတည်းက သိရှိခဲ့ပြီးဖြစ်ပေမဲ့ ဒီလောက်မြန်မြန်ဆန်ဆန် မျက်နှာပြောင် တိုက် ပြီးဆွေးနွေးပွဲ ကို ကြောခိုင်းမယ် လို့ တော့ ဘယ်သူမှ ခန့် မှန်းမိမယ် မထင်ပါဘူး။ ခုဟာကတော့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးသည် ဖြစ်စေမဆွေးနွေး သည်ဖြစ်စေ အမျိုးသားညီလာခံ ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ကို စတင်ရေးဆွဲတော့ မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးလို့ လဲ ဘယ်လို ဥပဒေ တစ်ခုမှ ဖြစ်လာမှာ မဟုတ်သလို ၊ မဆွေးနွေးလို့ လဲ ဘယ် ဥပဒေတစ်ခုမှ ချန်ခဲ့မှာ မဟုတ်ပါဘူး။ အဲဒီတော့ နအဖ အနေနဲ့  ဆက်ဆွေးနွေးလဲ ဆွေးနွေးဘက်တွေ ကို ထမင်းသိုးဟင်းသိုး အနေနဲ့ သဘောထားမယ် ဆိုတာ ထင်ရှားနေပါပြီ။

ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ ဆုံဆွေးနွေးမဲ့ အဓိက အချက်ဆိုတာက လဲ စစ်တပ်နဲ့  အတိုက်အခံပြန်လည် သင့်မြတ်ရေး သက်သက်ဖြစ်တယ် ဆိုတာကလည်း တော်တော်ရီစရာ ကောင်းတဲ့ အချက်လို့ ပဲမြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားခေါင်းဆောင် တစ်ယောက်အနေနဲ့လေးစား ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အဆင်ပြေရင် အတိုက်အခံအားလုံး နဲ့ အဆင်ပြေမယ်ဆိုတဲ့ တွေးလုံးကတော့ တော်တော် နိမ့်ပါးလွန်းတယ် လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ စစ်တပ်ဘယ်လောက်အဆင်ပြေပြေ စစ်တပ်ရဲ့  ဖက်ဆစ်ဆန်တဲ့ လုပ်ရပ်တွေ လမ်းစဉ်တွေကို မစွန်လွတ်သမျှ ပြည်သူဟာ စစ်တပ်ကို လက်ခံနိုင်လိမ့်မယ် မဟုတ်ပါဘူး။ သွေးရူးသွေးတန်း အတွေးအခေါ်သက်သက်နဲ့ သာ ဒီစကား မျိုးကို အရှက်ကင်းကင်းပြော သွားတာဖြစ်ပါတယ်။ အစောကတည်း က မှန်တာကို လုပ်ခဲ့ တယ် ဆိုရင် ပြည်သူလူထု ဟာ နလပိန်းတုံး မဟုတ်ပါဘူး။ ပြည်သူဆိုတာ အစဉ်အဆက် အမှန်တရား ဘက်ကနေခဲ့တာပါ။ အာဏာရှင် ကိုလက်မခံခဲ့တာပါ။

နောက်ထပ် ရီစရာကောင်းတဲ့ အချက်က ပြည်သူ့ ဆန္ဒခံယူပွဲ လုပ်ပြီး ဖွဲစည်းပုံကို အတည်ပြု မယ် ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပမယ်၊ အဖွဲအစည်းတိုင်း လွတ်လပ်စွာပြော ဆိုစည်းရုံးခွင့် ရှိမယ်ဆို တဲ့ အချက်တွေပါပဲ။ ပြည်သူဆန္ဒကို နအဖ ဘယ်လိုခံယူလေ့ရှိတယ် ဆိုတာလူတိုင်း သိပြီးဖြစ်ပါတယ်။ ကျောင်းသားတွေ၊ ရုံးဝန်ထမ်းတွေ၊ ဆရာဆရာမတွေ နောက် သူတို့ ရဲ့ ခါးပိုက်ဆောင် အဖွဲ့ အစည်းတွေကို နီးစပ်ရဘောလုံးကွင်းထဲ ဆွဲသွင်း ပြီးတော့ စင်ပေါ်ကပြော သမျှထောက်ခံပါတယ် အော်ခိုင်း နဲ့ လုပ်ယူထားတဲ့ ပြည်သူ့ ဆန္ဒတွေ ချည်း ခံယူလာတာ ဆယ်စုနှစ်နှစ်ခုနားကပ်နေပြီ။ နောက်လွတ်လပ်စွာ စည်းရုံးဟောပြောခွင့် ဆိုတာလဲ ဘာမှ မစည်းရုံးမဟောပြောပဲ လမ်းပေါ်လှည့် မေတ္တာပို့ နေတဲ့ သံဃာတွေကို တောင် ရက်ရက်စက်စက် သတ်ဖြတ်တဲ့ အစိုးရဆီ ကနေ ဘယ်လို လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့်မျိုး မျော်လင့်နိုင်မလဲ ဆိုတာတော့ ကျနော်တော့ တွေးကြည့်လို့ ကိုမရဘူး။ နောက် ရွေးကောက်ပွဲ ဆိုတာလဲ တောထဲကဆင်ကို ခမဲပေးသလို ပါပဲ။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို တောင် အကြောင်းပြချက်ပေါင်း များစွာနဲ့ မျက်နှာပြောင်တိုက် ငြင်းပယ်ခဲ့ သေးတာပဲ ။ အာဏာရဲ့ အရသာကို နှစ်နှစ်စာလောက် မြည်းစမ်းခွင့်ရတဲ့ အချိန်ကတည်း က မလွတ်တမ်း ဖက်တွယ်ထားတဲ့ စစ်အစိုးရအနေ နဲ့  အနှစ် နှစ်ဆယ်စာလောက် အရသာတွေ သိတဲ့နောက် ထပ်အရူးကွက်နင်း ဦးမယ်ဆိုတာ အလွယ်တကူ သိထားနိုင်ပြီးဖြစ်ပါတယ်။ အထက်ပါ အချက်တွေ ကတော့ နအဖ သတင်းစာရှင်းလင်း ပွဲ ရဲ့ ဆိုလိုရင်းတွေ အပါ် ကျနော် တတ်နိုင်သလောက် ပြန်လည်း ဆွေးနွေးထားတာဖြစ်ပါတယ်။

အခု အခြေအနေ မှာ စစ်အစိုးရ ဘက်က ရန်စည်းဖြတ်ပေးလိုက်ပြီ ဆိုတာကို ကျနော်တို့  ဒီမိုကရေစီ ဘက်တော်သား အများစုသိပြီး ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ အသွင်ပြောင်းရေးတို့  အထီကျန်မှုဖြင့် အာဏာရှင် ဖြုတ်ချရေးဆိုတာတွေ ဖြစ်လာဖို့ အခွင့်အရေးတော်တော် နည်းပါးသွားပြီ ဖြစ်ပါတယ်။ အာဏာရှင်ပါဝ နအဖ ဟာ လက်ရှိအနေအထား မှာ ကြေးစား ဘလောဂါတွေ ကြေးစား မီဒီယာတွေ ထူထောင်ပြီး တော်လှန်ရေး စိတ်ရှိသူတွေ တွေဝေယိမ်း ယိုင် အောင် တန်ပြန်ထိုးနှက်နေပါတယ်။ တစ်ချို့ ဆောင်းပါးတွေ ဆိုရင်စေတနာ ဗရဗွနဲ့  တင်ပြဆွေးနွေး ဟန် နဲ့  လူထုကို အာရုံပြောင်းဖို့ အားထုတ်နေတာကို တွေ့ ရပါတယ်။ အထင်ကရအတွေ အခေါ် လမ်းကြောင်းကတော့ နအဖ နဲ့ ပူးပေါင်းပြီ လမ်းပြမြေပုံ လက်ခံကြိုဆို ရေးသက်သက်ဖြစ်တယ် ဆိုတာပါပဲ။

ကျနောဖတ်ခဲ့တဲ့ ဆောင်းပါးတစ်ခုရဲ့ အာဘော်မှာဆိုရင် အတိုက်အခံတွေ အနေနဲ့ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသက်သွင်းဖို့ မကြိုးစားသင့်တော့ဘူးဆိုတဲ့ အကြောင်းနဲ့  အစိုးရဖြုတ်ချ ရေး လမ်းကြောင်းကို မသွားသင့်တဲ့ အကြောင်း စေတနာသံနှောပြီး လူငယ်ထု ကို တွေဝေအောင် ကြိုးစားနေတယ်လို့ ထင်ပါတယ်။ တကယ်တမ်းပြောကြကြေး ဆိုရင် ဘယ်သူမှ သွေးထွက်သံယိုအဖြစ်မခံ ချင်ကြပါဘူး။ စစ်တပ်ကသာ အရင်ကတည်းက နားလည်မှု ရှိရှိနဲ့  ဒီမိုကရေစီအရေ ကိုဖော်ဆောင်ခဲ့မယ်ဆိုရင် မကြာသေးခင်က ပေါ်ပေါက်ခဲ့ တဲ့ စက်တင်ဘာတော်လှန်ရေး ဆိုတာလဲ ပေါ်လာခဲ့မယ်မဟုတ်ပါဘူး။ ကျနော်တို့  မြန်မာတိုင်းရင်းသားတွေ ဆိုတာ တတ်နိုင်သရွေ့ ကိုယ့်ထမင်းကို ယက်ခပ်စားပြီး အေးအေး နေချင်ကြတဲ့ လူတွေပါ။ သူများကို ဒုက္ခမပေး တတ်သလို့ ကိုယ်ကိုကိုယ် ဒုက္ခဖြစ်စေမဲ့ အဖြစ် မျိုး ကိုလဲ တတ်နိုင်သလောက် ရှောင်ချင်တဲ့ လူတွေချည်းပါပဲ။

ကိုယ့်အပေါ်ပါးရိုက် နားရိုက် ဂျပန်ဖက်ဆစ်တွေကို တောင် အသက်ခံရမှာ စိုးရိမ်လို့  ဖွက်ပေးထားခဲ့ တဲ့ အဖြစ်အပျက်တွေ မနည်းပါဘူး။ ကိုယ်နဲ့ လူမျိုးတူ စစ်တပ်အပေါ်မှာ ဝါဒ အရ လက်မခံနိုင်တာ ကလွဲလို့  မုန်းတီးစိတ်လဲကြီးကြီး မားမားမရှိပါဘူး။ တကယ် ဒီမိုကရေစီ စနစ်ကို သွားချင်တယ်ဆိုရင် စက်တင်ဘာတုန်းက ဖမ်းစည်းထားတဲ့ သံဃာတော်တွေ ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် တို့ လို့ NLD ခေါင်းဆောင်တွေ ၊ ၈၈ မျိုးဆက် ကျောင်းသား တွေ နဲ့ လူငယ်ကျောင်းသားတွေ အစရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အရင်လွတ်ပေး ချင်းအားဖြင့် စစ်အစိုးရအော်နေတဲ့ နိုင်ငံအပေါ်ထားတဲ့ စေတနာဆိုတာကြီး ကို လက်တွေ့ ပြနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေးနေဖို့ မလိုပါဘူး။ လူထုကို ခြိမ်းခြောက်ဖမ်းဆီးနေဖို့  မလိုပါဘူး။ တကယ်စေတနာအမှန် နဲ့  အဘက်ဘက်က မှတ်ကျောက်အတင် ခံနိုင်တဲ့ လမ်းပြမြေပုံ ဖြစ်တယ် ဆိုတာကို ဒီလုပ်ရပ်တစ်ချက်ထဲ နဲ့ ပဲ သက်သေပြလို့ ရပါတယ်။

ခုချိန်ထိ နှစ်ပေါင်းများစွာ ဥပဒေမဲ့ ထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေ ရှိနေသမျှ စစ်မှန်တဲ့ ဒီမိုကရေစီ ဆိုတာနဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ရေး ဆိုတာတွေကို ပြည်သူလူထုအနေနဲ့  ဘယ်လို ဦဏှောက် ဘယ်လို အသိဥာဏ်နဲ့ လက်ခံပေးရပါ့မလဲ။ တကယ်လူထုတောင်းဆို နေတာ က NLD ကိုအာဏာလွဲ ပြောင်းရေး မဟုတ်ပါဘူး။ လွတ်လပ်စွာ၊ လူပီသစွာ ဘယ်သူ မျက်နှာမှ ကြည့်စရာမလို ပဲ လူအခွင့်အရေး ပြည့်ပြည့် စားဝတ်နေရေး ပြေလည်စွာ နေထိုင်ဖို့  ပါ။ အခြေခံဥပဒေကို လူထုက သဘောတူတာနဲ့  ရွေးကောက်ပွဲ ကို ကျင်းပမယ် ၊ အတိုက် အခံတိုင်း ပါတီတည်ထောင်ခွင့် ရှိမယ် ၊ လောလော ဆယ်တော့ တိုင်းပြည် ချောက်ထဲကျမှာ ဆိုလို အတိုက်အခံတွေကို့ ဖမ်းထားရပါတယ် ဆိုတာကလဲ တော်တော် ယုတ္တိကင်းမဲ့ တဲ့ အကြောင်းပြချက်တစ်ခုပါတယ်။ တကယ်တမ်းသာ တိုင်ပြည်ချောက်ထဲဆွဲ ချမဲ့ လူတွေဆို ဘယ်အချိန်လွတ်လွတ် ချောက်ထဲဆွဲချမှာပါပဲ။ အခြေခံဥပဒေရေး ဆွဲ ပြီးရင်တော့ တိုင်းပြည် ဘာဖြစ်ဖြစ်ဆိုတဲ့ သဘောများ သက်ရောက်နေတယ်လို့ မတွေး မိဘူးလား ဆိုတာလဲ မေးချင်ပါတယ်။

တကယ်တော့ နအဖ ဟာ အကြောင်းအမျိုးမျိုး ပြပြီး ဟစ်တလာလို နှစ် တစ်ထောင် အာဏာ တည်မြဲရေး စိတ်ကူးဖဲရိုက်နေတာ ကြာပါပြီ။ ပါးစပ်ကတော့ ခုချိန်ထိလူထုကို အသံကောင်း ဟစ်ပြနေဆဲပါ။ နအဖ အပေါ်ယုံကြည်ထောက်ခံတယ် ဆိုတာတကယ်တော့ နအဖ ကိုမှီပြီ အလုပ်ဖြစ်နေကြ တဲ့ နအဖ အောက်စွဲလက်တစ်ဆုပ် စာလူစုပဲရှိတယ်ဆိုတာလဲ အားလုံးအသိပါ။ ကိုယ့်ကို ကို အောက်စွဲ လို အထင်မခံ နိုင်တဲ့ (အောက်စွဲမဟုတ်ရင်အောက်မ) စာရေးတဲ့ လူတွေကို တစ်ခုတော့ပြော ချင်ပါတယ်။ နအဖ ရဲ့ ဘုန်းတော်ဖွဲ့ ကို ကြိုက်သလို ရေးကြပါ။ ဒါပေမဲ့ စက်တင်ဘာတော်လှန်ရေး ဟာ ခင်ဗျား တို့ စွပ်စွဲ သလို ၉၀ ရွေးကောက်ပွဲ ကို အသက်ပြန်သွင်း ဖို့ မဟုတ်ဘူး ဆိုတာတော့ မြဲမြဲမှတ်ထားပါ။ မြန်မာနိုင်ငံသူနိုင်ငံသား အားလုံ ဆင်းရဲလွန်းလို့ ၊ အနိုင်ကျင့်မခံနိုင်လွန်း လို့  လွတ်လပ်မှုလို ချင်လွန်းလို့  သွေးနဲရေး ပြီးလျှောက်ခဲတဲ့ လမ်းပါ။ ခင်ဗျားတို့ လို့ ဟမ်းဖုံးလေး၊ မြေကွက်ကလေးနဲ့ အနာဂတ်ကို ရောင်းစားနေတဲ့ နအဖ အောက်စွဲတွေသာ နအဖ အာဏာတည်မြဲရေး အတွက် အချင်းချင်း ရိုက်နှက်ရမ်းကား ခဲ့ကြ၊ ကလောင်သရမ်းခဲ့တာပါ။ ခင်ဗျားတို့ ကတော့ သန်းရွှေ ဂုဏော အနန္တော ဂါထာရွတ်ပြီး ထစ်ကနည်းဆို NLD ၊ ဗကပ၊ အဖျက်သမား၊ တိုင်ပြည်ချောက်ထဲကျ ဆိုတာတွေ လက်ညှိုးထိုး ဖို့ လောက်လွဲ လို့ ဘာမှမှ မသိနိုင်တော့တာပဲကိုဗျ။ ခင်ဗျားတို့  အရည်အချင်းပညာတွေ ကိုတော့ နှမျောပါရဲ့ ။ ဒါပေမဲ့ တစ်နေ တော့ ခင်ဗျားတို့ အားလုံးကို့ လူထုက ဒဏ်ခတ်လိမ့်မယ်။

နောက်ဆုံးပြောချင်တာကတော့ လူထုပေါ်တကယ်စေတနာရှိရင် (ဘယ်သူခေါင်းဆောင်တဲ့ အစိုးရ ဖြစ်ပါစေ) လူထုက ဘယ်သူ မြောက်ပေးပေး ဖြုတ်မချဘူး။ လူထုအပေါ် ဆိုးသွမ်းတဲ့ အစိုးရဆိုရင်လဲ (ဘယ်သူခေါင်းဆောင်တဲ့ အစိုးရဖြစ်ပါစေ) ဘယ်သူတားတား လူထုက ဖြုတ်ချမှာ အသေအချာပဲ။ ရွှေဝါရောင် တော်လှန်ရေး ရဲ့  အနစ်သာရဟာ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို လူထုအားနဲ့ သွားဖို့ ပထမဆုံးခြေလှမ်းသာဖြစ်တယ်။


မိုးထက်နေ

ဘလော့ရေးသူများသို့ 

ကျနော် တို့ စစ်အစိုးရရဲ့ ရူးကြောင်မူးကြောင် နိုင်တဲ့ နောက်ဆုံး လှုပ်ရှားမှုကတော့ ဝန်ထမ်းတွေ၊ ကြံခိုင်ရေးတွေကို ဘလော့ဂါ သင်တန်းတွေ ပေးပြီးတော့ ဘုန်းတော်ဘွဲ့ ရေး ခိုင်းတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။ ကျနော်ဟာ ၂၀၀၇ စက်တင်ဘာလ မတိုင်ခင် အထိ ဘလော့ ဆိုတာကို ကြားဘူးနားဝ ရှိဘူးရုံကလွဲ လို့  လိုက်လဲမဖတ်ဘူး ကိုယ်ပိုင်လဲ ဘလော့မရှိပါဘူး။ အွန်လိုင်း အသိုင်းအဝိုင်းနဲ့ ဝေးတယ်ပဲပြောပြော ကျနော် ဘလော့တွေ၊ ဘလော့ဂါတွေ နဲ့ က ဘုန်းကြီးနဲ့ ဘီးလို ပါပဲခင်ဗျာ။ ဖြစ်ချင်တော့ စက်တင်ဘာ လူထုတိုက်ပွဲတွေ ဖြစ်နေတဲ့ အချိန်မှာ ကျနော် က မြန်မာပြည်နဲ့ တော်တော်ဝေး ပြီး ၊ မြန်မာလူမျိုး တော်တော်နည်းတဲ့ တိုင်းပြည်တစ်ပြည်မှာ ရောက်နေခဲ့ပါတယ်။ အဲဒီ အချိန်မှာ ပဲ ဒီဘလော့ရဲ့ ပိုင်ရှင် ကိုရွှေဘိုသား က ကျနော် ကို စာရေးဖို အကြိမ်ကြိမ့် တိုက်တွန်း တဲ့ အတွက် ကျနော် ဒီဘလော့မှာ စာဝင်ရေး ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဟိုဘလော့သွားလည်ဒီဘလော့ သွားလည် ဟို Tag ဒီ Tag ဆိုတဲ့ ဘလော့ ယဉ်ကျေးမှုထဲ မှာတော့ ခုထိကျနော် ရှိမနေပါဘူး။ ရှိလာဖို့  လဲ့ မရှိပါဘူး။ ကျနော်တွေ မိတာတွေ ကို လူတွေကို ပြောပြချင်တဲ့ အတွက် ဒီဘလော့မှာ ဆက်ရေးနေတာ ဖြစ်ပါတယ်။ ကျနော့ Personnel ဘလော့တစ်ခု တော့ ရှိပါတယ်။ အဲဒီဘလော့ ကလဲ တစ်စုံတစ်ယောက် ကတိုက်တွန်း လို့ ကျနော် ပြောချင်တဲ့ တသိပုဂ္ဂလ ခံစား ချက်တွေကို ချပြတဲ့ နေရာအဖြစ်တော့ ရှိနေပါတယ်။ အဲဒီတစ်စုံတစ်ယောက်နဲ့  ကျနော် သူငယ်ချင် တစ်ချို့ ပဲ သိတဲ့ နေရာတစ်ခု အဖြစ်ပဲ ရှိနေတာပါ။ ဘာပဲဖြစ်ဖြစ် အဲဒီတစ်စုံ တစ်ယောက် ကျေးဇူး ကြောင့်ပဲ မြန်မာနိုင်ငံသား ဘလော့ဂါတွေ၊ ဘလော့တွေ အကြောင်း သိခွင့် ရခဲ့ပါတယ်။ တစ်ချို့ ဘလော့ဂါများတော့ လဲ ဘလော့ရေးတာကို ပဲ အတတ်ပညာ တစ်ခု လို သွေးနားထင်ရောက်နေ တာကို လဲ တွေရပါတယ်။ ကျနော့ အမြင်ကတော့ ဘလော့ရေးခြင်း ဆိုတာ သာမန်လုပ်ရိုးလုပ်စဉ် တစ်ခု အနေနဲ့  ပဲ မြင်လို့ ရပါတယ်။ သူတောင်း စားတောင် ပိုက်ဆံတတ်နိုင်ရင် ဘလော့ရေး လို့  ရပါတယ်။


ဒီနေတော့ သူငယ်ချင်းတစ်ယောက်ပို့ လိုက်လို့  နာမည်ကြီး လား နာမည်မကြီးလား မသိပေမဲ့ မြန်မာနိုင်ငံသား စစ်စစ်မြန်မာပြည်ထဲမှာနေတဲ့ ဘလော့ရေးတဲ့ လူတစ်ယောက် ရဲ့  ပို့ စ် တစ်ခု ကို ဖတ်လိုက်ရပါတယ်။ အဲဒီမှာပြောစရာလေးတွေ နဲနဲ ရှိလားတဲ့ အတွက် ဘလော့ဆရာမ၊ ဘလော့ဆရာတွေ မေတ္တာပို့ ချင်ပို့ ပါစေတော့ အဲဒီလူနားထဲ ပြန်ရောက်စေ့ ချင်လို့ ဒီစာကို ရေးလိုက်ပါတယ်။

ကျနော်ပဲ အကောင်းမမြင်စိတ်များနေလို့ လားဘာလား တော့ မသိဘူး သူ့ ပထမဆုံးစာပိုဒ်ကို ဖတ်ပြီးနာလည်တာကတော့ တန်ဖိုးရှိတာ လုပ်ဖို့ စိတ်ကူးနေတုန်း ဝန်ထမ်းတွေကို ဘလော့ အကြောင်းဟောပြော ပေးဖို့ ဖိတ်ကြားခံရတဲ့ အကြောင်းရေးထားတာပါ။ ပြည်တွင်းမှာနေပြီး နအဖ ရဲ့ အာဏာစက်ကို ငြင်းဖို့ ဆိုတာတော် တန်ယုံလူအတွက် မဖြစ်နိုင်ဘူးဆိုတာသိပေမဲ့ ဒါကို တန်ဖိုးရှိတဲ့ အလုပ်တစ်ခုအနေနဲ့ တင်စားတာတော့ တော်တော်ကို ဆိုးဝါးတယ်လို့ ခံစား မိပါတယ်။ ဒုတိယအပိုဒ်ကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ဘလော့ရေး ဖို့  အချိန်တွေ၊ ငွေတွေ ဘယ်လောက်ရင်းထားရတယ် ဆိုတာကို ရေးထားပါတယ်။ အဲဒီထဲ မှာ စိတ်မကြေလည် စရာကောင်းတဲစာပိုဒ်ကတော့ “အခု ဖြစ်ပြီးသွားတဲ့ အရေးအခင်းမှာ နာမည်အကြီးဆုံးက မြန်မာဘလော့ဂ်တွေပဲ။ နိုင်ငံခြားက လူတွေကလည်း တကယ်ကို ဂုဏ်ပြုချင်တာလား၊ မတာလား၊ မစာနာတာလား မသိဘူး စောက်သရမ်းတွေ ချီးမွမ်းခန်း ဖွင့်လိုက်ကြတာနဲ့ သိပ်မကြာခင်ဘဲ ဘလော့ဂ်ကို ပိတ်ထည့်လိုက် ပါတော့တယ်။” တာဝန်ကျေတဲ့ ဘလော့ရေးသားသူ အချို့ ကို ချီမွမ်းတာဖြစ်ပါလိမ့်မယ်။ နောက်သူသုံးထား တဲ့ အခြေအနေရောက် သည်အထိ ချီးမွမ်းတယ် ဆိုတာတော့ ကျနော်လက်မခံနိုင်ပါဘူး။ နောက်တစ်ခု က အဲဒါတွေကြောင့် ဘလော့တွေ ပိတ်လိုက်တယ် ဆိုတာလဲ အတွေးတိမ်လွန် တယ်လို့ မြင်ပါတယ်။ နအဖ ဟာ သူတို့ အကြောင်း အမှန်ရေးတဲ့ ဘယ် Media ကိုမဆိုတားဖို့  ကြိုးစားမှာဖြစ်ပါတယ်။ အင်တာနက်သတင်းဌာနတွေ ကိုလဲ တားထားတာပဲ ဖြစ်ပါတယ်။

ဒီဘလော့သင်တန်းမှာ ပါဝင် ပို့ ချသူတွေကတော့ သောင်းစုငြိမ်း ၊ ရဲ မြတ်သူ ၊ ဦးကိုကို ဆိုတဲ့ နအဖနဲ့  အကျိုးစီးပွားတူ ပညာရှင်တွေရယ် ဘလော့ရေးတဲ့ ဇော်မိုးအောင်၊ ညီလင်းဆက်တို့  ဖြစ်တယ် လို့ အသိပေးထားပါတယ်။ ဒါဟာတစ်ဘက်က ကြည့်ရင် ရိုးရိုးသားသား ထုတ်ဖော် ပြောတယ်လို့ တွေးလို့ ရပေမယ့် ကျနော်ကတော့ ကိုယ့်ပေါင်ကို လှန်ထောင်းတယ်လို့ ပဲ မြင်ပါတယ်။ ကိုယ်စိတ်ကြိုက်အားနဲ့ ထောင်းလို့ ရတာပေါ့ ဗျာ။ သူများထောင်းတာ ခံရရင် ပိုနာမှာပေါ့။

ဝန်ထမ်းတွေကို အစိုးရအောက်က လူတွေမို့ ဘလော့သင်မပေး ဘူးဆိုတာမျိုးမဖြစ်သင့်တဲ့ အကြောင်း လျှောက်လွဲချက်ပေးထားတာပါ။ ဒါကိုတော့ လက်ခံပါတယ်။ ဝန်းထမ်းတိုင်းဟာ နအဖ ဘက်က လူမဟုတ်ပဲ အမှန်တွေ ရေးလာနိုင်တယ် ။ မကျေနပ်ချက်တွေကို နာမည်အရင်း နဲ့ မဟုတ်တောင် တခြားဘလော့ နာမည်တစ်ခုနဲ့  ရေးလာနိုင်တယ်ဆိုတဲ့ အထိ ကျနော်လက်ခံပါတယ်။ ဒါပေမဲ့ နအဖ ဖြစ်ချင်နေတဲ့ ဆန္ဒတစ်ခု ကို အကောင်အထည်ဖော် တဲ့ နေရာမှာ ကိုယ့် ပရောဂတော့ ဘယ်နည်းနဲ့ မှ မပါစေချင်ဘူး။ အဲလို မပါအောင်နေနိုင်တာလဲ တော်လှန်ရေး တစ်မျိုးပါပဲ။ အဲဒီမှာ သင်တန်းသွားပေးတဲ့ လူတွေ မသွားနိုင်လို့ နအဖ ရဲ့  ဘလော့သင်တန်းကြီး လုံးဝပျက်သွားမှာ မဟုတ်ပါဘူး။ နောက်ဆုံး ပြည်တွင်းမှာ ရှိတဲ့ ဘလော့ရေးတဲ့ လူအကုန်က သင်တန်းပေးဖို့ ငြင်းဆန်လိုက်ရင် ပြည်ပက ပညာရှင်တွေ ကို နအဖ က ငွေပေးခေါ်ပြီး သင်မှာ ပဲ။ နောက်ဆုံး အဲဒီအတွက် ပိုက်ဆံမသုံး နိုင်ဘူးဆိုရင် တောင် စွေဆောင်းကို ခေါ်သင်ခိုင်းလို့ ရပါတယ်။ ခင်ဗျား အကြောင်းပြချက်က သိပ်တော့ မခိုင်လုံသေးဘူး ကိုယ့် ဆရာရဲ့ ။ သာကီနွယ် လို ဘလော့တွေ ထပ်ပေါ်လာရင် ခင်ဗျား ကြောင့် မဟုတ်ပေမဲ့ ခင်ဗျား တို့ ဟာ ပင်နယံ တစ်ခုဖြစ်တယ် ဆိုတာတော့ ဘယ်လို မှ ငြင်းချက်ထုတ် ဖို့ မကြိုးစားပါနဲ့ ။ အဲလို ဘလော့တွေပေါ်လာ လို့ လဲ လူတွေ က အမှန်နဲ့  အမှား မခွဲနိုင်လောက်အောင် မညံ့ပါဘူး။ ဒါပေမဲ့ မျက်စိတော့ နောက်တာပေါ့ ကိုယ့်ဆရာ ရယ်။

“မြန်မာနိုင်ငံမှာ မီဒီယာ အရမ်းအားနည်းတယ်လို့ စင်္ကာပူနိုင်ငံသား သူငယ်ချင်းက ပြောဖူးတယ်။ အိန္ဒိယနိုင်ငံက အိုင်တီ မန်နေဂျာ တစ်ယောက်ဟာ မြန်မာပြည်ကို ယိုးဒယားရဲ့ အစိတ်အပိုင်းလို့ ထင်နေတုန်းပဲ။ ပြောချင်တာက ဘလော့ဂ်တွေ အများကြီး ဖြစ်စေချင်တယ်။”ကျနော်တို့ နိုင်ငံမှာ မီဒီယာ အရမ်းအားနည်းတဲ့ ကိစ္စကို ဘလော့တွေ များလာချင်း ဆိုတဲ့ ဆေး တစ်မျိုးထဲနဲ့ ကုစားလို့ မရပါဘူး။ လူဦး ရေ သန်း ၆၀ လောက်ရှိတဲ့ တိုင်ပြည်မှာ ဘလော့ ဝင်ကြည့်တဲ့ လူ တစ်နေ ခြောက်ထောင်ရှိသလား စဉ်းစားဖို့ ကောင်းပါတယ်။ နောက် တစ်ကမ္ဘာလုံး မှာ ရှိတဲ့ လူ သန်းခြောက်ထောင် ထဲမှာ ကမ္ဘာပေါ်မှာ အကောင်းဆုံးပါ ဆိုတဲ့ ဘလော့ ကို တစ်ရက် ခြောက်သိန်းလောက် ဝင်ကြည့်နေတာမျိုး ရှိပါသလား။ ကျနော်တော့ ရှိလိမ့်မယ် မထင်ဘူး ။ သူ့ ကောက်ချက်အတိုင်း သာ ဘလော့တွေ ကြောင့် သတင်းတွေ ပျံ့  နိုင်မယ် ဆိုရင် BBC , NHK, CNN က ဝန်ထမ်တွေ အလုပ်ပြုတ်တာ ကြာရော့မယ်။ နောက် တစ်ချက် မြန်မာပြည်ကို အိန္ဒိယ က အိုင်တီမန်နေဂျာ က ယိုးဒယား ရဲ့ အစိတ်အပိုင်း တစ်ခု လို့ ထင်တယ် ဆိုတာလဲ သိပ်အံသြစရာမကောင်းပါဘူး။ ကျနော်လက်ရှိနေတဲ့ နိုင်ငံဆို မီဒီယာ အင်အားလဲ ကောင်းတယ်၊ မီဒီယာ လွတ်လပ်ခွင့်လဲ ရှိပါတယ်။ နောက် ငွေကြေးချမ်းသာပြီး တိုးတက်တဲ့ နိုင်ငံတစ်ခု လဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော် ဒီနိုင်ငံကို လာရမယ် ဆိုမှ ဒီနိုင်ငံရဲ့  အကြောင်း သိတာပါ။ အဲဒီ ကုလားမန်နေဂျာ တစ်ယောက် မသိတာနဲ့ တော့ ဘလော့တွေ များ လာဖို့ ကောင်းတယ်ဆိုတဲ့ ကောက်ချက်က နည်းနည်း ရီချင်စရာ ကောင်းလွန်းပါတယ်။ တကယ်လို့ ကျနော် တို့ ဘလော့တွေ အများကြီးရေးရင်ရော အဲဒီ ကုလားက မြန်မာပြည်ဟာ စစ်ဖိနပ်အောက် က အင်မတန်သနား စရာကောင်းတဲ့ နိုင်ငံဆိုတာ သိလာပါ့မလား။ မည်သို့  ပင်ဖြစ်စေ အဲလိုလူတွေ သိစေချင်ရင် Wikipedia နဲ့  Encarta နှစ်ခု ကို ညွှန်းလိုက်ဖို့ အကြံ ပေးပါတယ်။ နောက်တစ်ခု က မီဒီယာ တွေ ဘယ်လောက် များများ လွတ်လပ်စွာရေး သား ခွင့်အရှိသမျှ အမှန်တရားဆိုတာတွေ ကို ဖော်ပြလို့ ရမှာမဟုတ်ပါဘူး။

ညီလင်းဆက် ရဲ့ ပိုစ် က ဖတ်ရင်းဖတ်ရင်း ဘာဆိုလို ချင်မှန်း မသိပေမဲ့ မြန်မာပြည်ထဲမှာ ဘလော့ပြန်ပွင့်ပေးမလား လို့ သူကြိုးစားခဲ့တယ်လို့ ဆိုချင်ဟန်တူပါတယ်။ ဘလော့ပြန်မဖွင့် လို့  ကျနော်တို့ ဘာမှ မဖြစ်ပါဘူး။ ကျော်လို့ ခွလို့ ရမဲ့ နည်းတွေလဲ ဒုနဲ့ ထေး ပါ။ ဘလော့ရေးတဲ့ လူတွေ သတင်းတို့ ဆောင်းပါးတို့ ရေးချင်ရင်လဲ အပြင်က ကိုယ်နဲ့ နီးစပ် တဲ့ ဘလော့ဂါတွေ ဆီပို အဲဒီလူတွေ က ပိုစ့်တွေတင်ပေးမယ် လို့ ကျနော် တော့ ယုံကြည်တယ်။ ဘလော့ရေး ပြီး နာမည်တည်ဆောက် ချင်တဲ့ လူတွေ အတွက်တော့ သိပ်အဆင်မပြေဘူးပေါ့။ ငါစာ ငါ့ဘလော့မှာ ပဲတင်မယ် ဆိုတဲ့ ဆရာမတွေ ဆရာတွေ အတွက် တော့ မပြောလို ပါဘူး။ နအဖ ဘလော့တွေကို ပိတ်လိုက်ရုံနဲ့ ဗမာပြည်ထဲက သတင်းတွေ ဆောင်းပါးတွေ နိုင်ငံတကာကို မတင်ပြနိုင်တော့ ဘူးဆိုတဲ့ အတွေမျိုး ကတော့ လွန်ခဲ့ တဲ့ အနှစ်နှစ်ဆယ်လောက်က တွေးဖို့ ကောင်းတဲ့ အတွေးအခေါ်ပါ။ နောက် ဘလော့ တွေ ရေးသားခွင့် ရပေမဲ့ ပြည်ပက ဘလော့တွေ ကို ကြည့်ခွင့်မပေး ဘူး ဆိုရင်လဲ ဘာမှ မထူးပါဘူး။ အဲဒီနာမည်နဲ့ ဘလော့ဖွင့်ရင် ဆွဲစိမယ်လို့ ပြောထားရင် စာရေးတဲ့ ညီလင်းဆက် ကိုယ်တိုင်တောင် မဖွင့်ရဲ ပါဘူး လို့ ဝန်ခံထား ပြီးဖြစ်တာ ကိုထောက်ရင် သူတို့ ဘက်ကလူ တွေ တန်ပြန်ဝါဒဖြန့် ဖို့  အတွက် ရေးဖို့ သက်သက် ဖွင့်ပေး တာမျိုး ကတော့ ဘာမှထူးခြား လာမယ် မဟုတ်ပါဘူး။

ဘလော့ရေးတဲ့ရည်ရွယ်ချက်တို့  ဘာတို့  စတဲ့ လက်ချာတွေ ကို သင်ယူထားတဲ့ ပြည်တွင်း နအဖ ဘလော့ဂါအင်အား စု ကလည်း တဖြေးဖြေး တိုးတိုးလာတော့မယ် ထင်ပါတယ်။ အမှန်တော့ ဘလော့ရေးတယ် ဆိုတာ ကိုယ်စိတ်အစာပြေ အောင် ကိုယ်လုပ်ချင်တာကိုယ် လုပ်တယ် လို့ ပဲထင်ပါတယ်။ နိုင်ငံရေး နဲ့ ပတ်သက်တာတွေရေးမှ ဘာမှ မဟုတ်ပါဘူး ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့်ရှိပါတယ်။ ကျနော် ကိုယ်ပိုင်ဘလော့ မှာဆို နိုင်ငံရေး တစ်လုံး တစ်လေမှ ရေးထားတာမဟုတ်ပါဘူး။ ကျနော် ဒီဆောင်းပါးကို ရေးတဲ့ ရည်ရွယ်ချက်က တစ်ခုထဲ ပါ ပြည်တွင်းမှာ ရှိတဲ့ ဘလော့ဂါတွေ ဘလော့ဆရာ ညီလင်ဆက် ၊ ဇော်မိုးအောင် တို ကို အားကျပြီး ဝန်ထမ်းတွေတို့ ကြုံ့ ဖွတ် တွေတို့ ကို ဘလော့ရေးနည်းသင်တန်း ပို့ ချ ပေးမှာ စိုးရိမ်လို့ ဖြစ်ပါတယ် ခင်ဗျာ။ လူတိုင်း တော်လှန်ရေးလုပ်ဖို့ နအဖ ကို ဆန့် ကျင်ဖို့  မတောင်းဆိုပါဘူး။ နအဖ ရဲ့ လမ်းစဉ်ကို သဘောကျလို့  ကူညီပေးနေတဲ့ လူတွေ ဆိုရင်တော့ ကြိုက်တာလုပ်ပါ။ နောက်မှ ပြည်သူနဲ့ စာရင်းရှင်းတာပေါ့ ဗျာ။ နအဖ ကို လဲမကြိုက် ပေမဲ့ တော်လှန်ရေးမှာ ပါဖို့  အခြေအနေမပေးတဲ့ လူတွေကိုလဲ အပစ်မတင်ပါဘူး။ ဒါပေမဲ့ နအဖ ကို ထောက်ခံလား မထောက်ခံလား ကိုယ့်ဟာကို အရင်ဆုံးတွေးစေချင်ပါတယ်။ တကယ်လို့  ခင်ဗျားတို့ အဖြေ က မကြိုက်ဘူးဆိုဖြစ်ခဲ့ရင် နအဖ နဲ့ အတတ်နိုင်ဆုံး ကင်းအောင်နေတာ ဟာလဲ တော်လှန်ရေး ကို ကူညီရာရောက်တယ် ဆိုတာကို သိစေချင်ပါတယ်။

မိုးထက်နေ

(ညီလင်းဆက် ရဲ့ မူရင်းပိုစ့် ကို http://nyilynnseck.blogspot.com/2007/11/blog-post_08.html မှာ ဖတ်လို့ ရပါတယ်)

ထင်ရာမြင်ရာ မစ္စတာမာဆိုး (၂)


ဗိုလ်သန်းရွှေတို့ ဖျံကျပုံများတော့
နိုင်ငံတကာက မာဆိုးတို့ နိုင်ငံကို စောင့်ကြည့်ပြီးတော့ တွေ့ ဆုံဆွေးနွေး ရေးလုပ်ဖို့ ဝိုင်းပြီး တိုက်တွန်း ပြောဆိုနေကြတာအား လုံးသိတဲ့အတိုင်းပါပဲ။ ဖြူမဲညီနောင် ဆိုလဲ မြန်မာအရေး ကိုယ်တိုင်လာလေ့လာ ပြီးတော့ အစည်းအဝေးတွေ တက်လိုက် အစီရင်ခံစာတွေ တင်လိုက် လုပ်နေတာ မအားရအောင်ပဲကို။ ပြဿနာတွေ ကလဲ တစ်ခုပြီးတစ်ခုပေါ်လာ လူအခွင့်အရေး ကိစ္စ၊ ကလေး စစ်သား ကိစ္စ အမယ်ဘုတ်သူချည်ခင်ဇာတ်လမ်း နဲ့  နအဖ လဲ ဘာလုပ်လို့ ဘာ ကိုင်ရမှန်း မသိဖြစ်နေပါရောလား။ အဲဒါနဲ့  အကျိုးစီးပွား တူ KIO ကို ပြဿနာလုပ်လိုက်၊ ထိုးစစ်အကြာကြီးရပ်ထား တဲ့ KNU ကို စစ်တိုက်လိုက် လုပ်ပါလေရေလားဗျာတို့ ။ အကဲခတ် သုံးသပ်တဲ့ ပညာရှင်ကြီးတွေ ကတော့ စီးပွားရေးလမ်းကြောင်းသိမ်းပိုက် ချင်လို့ ၊ အာရှလမ်းမ ကြီးလို ချင်လို့ ဆိုတဲ့ မြင့်မြင့်မားမား သုံးသပ်ချက်တွေ ပေးကြတာပေါ့ဗျာ။ ကျနော် မစ္စတာမာဆိုး ကတော့ ရှစ်တန်းလေးနှစ် ဦးဏှောက်နဲ့ တွေးကြည့်လိုက်တာတော့ အကြွေးရှင်လာ တုန်း လင်မယား ရန်ဖြစ်ချင်ဟန်ဆောင် တယ်ထင်တော့တာပါပဲ။ ဆွေးနွေပွဲ လုပ်ဖို့ လုပ်နေပါတယ်။ ပြည်တွင်းရေး က မတည်မငြိမ်ဖြစ်နေလို့ ပါ ဆိုတာမျိုး ပြောမှာဆိုမှာ မြင်ယောင်နေသေးတယ်။ မယုံရင် ဖြူမဲညီနောင်ကို နောက်တစ်ခါ ပြန်လွှတ်ကြည့်ပေါ့ဗျာ။ ပြည်တွင်းသောင်းကျန်းသူတွေကြောင့် မအားနိုင်ပါဘူးလို့  မျက်ရည်လေး စမ်းစမ်းနဲ့ ပြောပြ ပါလိမ့်မယ်။

မောင်မာဆိုးနဲ့ အဖွဲ့ အစည်း
စက်တင်ဘာ ပြီးတဲ့နောက်ပိုင်း ခတ်တုံးတုံး မောင်မာဆိုးလဲ နိုင်ငံရေး မျက်လုံးလေး ကလည်ကလည် ဖြစ်လာတာပေါ့။ ဒါနဲ့ တိုင်းပြည်အတွက် ထိထိရောက်ရောက်လုပ်တော့မယ်။ နိုင်ငံရေး အဖွဲ့ အစည်းတစ်ခုမှာ ဝင်ပါတော့မယ် ဆိုပြီး သတင်းဌာနတွေ ၊ အင်တာနက်ဝပ်ဆိုဒ် တွေ ဝင်ကြည့်ပြီး ဘယ်အဖွဲ့  အစည်းမှာပါရမလဲ လို့ တွေးမိတာပေါ့လေ။ ပထမဆုံး သတိရမိ တာကတော့ ဗကသ ပေါ့ဗျာ။ မာဆိုးက ခုထိကျောင်းသားကို ဗျ။ ၈ တန်းလေးနှစ်ဆက်တိုက် ကျပြီး ကတည်းက စစ်အစိုးရပညာရေး ကို မလိုချင်တော့ဘူး ဆိုပြီး ပြတ်ပြတ်သားသား ကျောင်းနားထားတာ ၁၁ နှစ်ပဲရှိသေးတယ်။ အဲဒါနဲ့ ကျနော် ဗကသ နဲ့ ပတ်သက်တဲ့ သတင်းတွေ ရှာဖတ်မိတယ်။ အဲဒီမှာ အံသြစရာကောင်းလောက်အောင်တွေ ရတာက ဗကသ တော်တော်များများ ကို ခုနှစ်တွေနဲ့ တွဲပြီးတွေ့ ရတာကို ဗျ။ ဒါပေမဲ့ မာဆိုးက ဘယ် ဗကသ နဲ့  ဆိုင်မှန်းမသိ တော့လို့  မဝင်ဖြစ်တော့ပါဘူးဗျာ။ ရည်ရွယ်ချက်တစ်ခုထဲ နဲ့ အလုပ်လုပ်နေ ကျတဲ့ လူတွေမှာ ဘယ့်နှယ့် အဖွဲ့  အစည်းတွေ အများကြီးဖြစ်နေကြလဲ တွေးလို့ တောင် မရတော့ ပါဘူး။ ဒါနဲ့ ပဲတွေ့ တဲ့ လူတိုင်းကို မေးကြည့်မိတယ်။ ကျနော်တို့ ဆန့် ကျင်ရတဲ့ နအဖ က တစ်ယောက်ထဲ ကျနော်တို့ ဘက်မှာ တော့ အဖွဲ့ အစည်းတွေ က အများကြီး ဖြစ်နေ တာဘာကြောင့်လဲ ဆိုပြီးပေါ့။ နောက်ဆုံး မှ မာဆိုးတူ ၅ တန်းကျောင်းသားလေး က ဖြေတယ်ဗျ။ “ဦးလေးကလဲ ပါတီတစ်ခုထဲဆို ဥက္ကဌ ကတစ်နေရာထဲဖြစ်မှာပေါ့ ၊ စစ်တပ်တောင် အဲဒါတွေ အတုခိုးပြီး လျှပ်စစ်ဝန်ကြီးဌာနတောင် တစ်နှစ်ခွဲပြီး ဝန်ကြီးနှစ်ပါး ခွဲထား တာ ကြည့်ပါလား” တဲ့ဗျာ။

မပြောင်းဘူးဘယ်သူပြောလဲ
မာဆိုးတို့ စစ်အစိုးရလဲ နိုင်ငံတကာ ရဲ့ စောင့်ကြည့်မှုကိုတော့ ဂရုမစိုက်ပဲမနေနိုင်ရှာပါဘူး။ ဒါကြောင့် တပ်တွင်းအပြောင်းအလဲ တွေကို အားသွန်ခွန်စိုက်လုပ်နေတာကို တွေရပါတယ်။ အားလုံးက အမြင်မကြည်တဲ့ အကြည့်တွေ နဲ့ ကြည့်နေတော့ နအဖလုပ်တဲ့ အပြောင်းအလဲ ကို မမြင်မှာ စိုးလို့ ပြောပြရဦးမယ်။ တချို့ ဟာတွေကို တရားဝင်ပြောင်းလဲ ပြီးဖြစ်ပေမဲ့ တချို့ ဟာ တွေကတော့ လုပ်ဖို့ စီစဉ်နေတုန်းလို့ သိရပါတယ်။
၁။ ဘုရားပေါ်တက်ရင် မှတ်ပုံတင်ပါရမယ် လို့ ပြောပါတယ်။ ( မြတ်စွာဘုရား သခင်ရဲ့ လုံခြုံ ရေး ကို စိုးရိမ်လို့ နဲ့ တူပါတယ်။ မတော်စွမ်းအားရှင်နဲ့ တည့်တည့်တိုးမှ ဖြင့်)
၂။တွေ့ ဆုံဆွေးနွေးရေးအတွက် ဝန်ကြီးခန့် ပါတယ်။ (အနည်းဆုံး ရှေ့ လူမသေလို့ စောင့်နေရ တဲ့ အရာရှိမင်းကြီးတွေ အတွက် တစ်နေရာတိုးတာပေါ့)
၃။တိုင်းမှုးများအပြောင်းအလဲ (ဘာပဲဖြစ်ဖြစ် လူတွေတော့ အပြောင်းအလဲ လုပ်လိုက်တယ်ပေါ့ ဗျာ)
ကဲ မောင်ဖြူတို့ မောင်မဲတို့ ရေ နအဖ ကတော့ အပြောင်းအလဲတွေ စလုပ်နေပါပြီဗျာ။

ဘယ်နှစ်ပွင့်ဆိုင်မလဲ
မာဆိုးတို့ နိုင်ငံမှာ စက်တင်ဘာ တော်လှန်ရေး ပြီးတဲ့နောက် နိုင်ငံတကာရဲ့ တိုက်တွန်းချက် အရ ဆွေးနွေးပွဲလုပ်ဖို့ အတွက် ဆွေးနွေးနေကြပြီလို့ သိရပါတယ်။ တကယ်တမ်း ဆွေးနွေးပွဲ ဆိုတာ ကတော့ ဘယ်တော့စမယ် ဘာတွေဆွေးနွေးကြမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သေးတဲ့ အပြင် ကြာလေ ဆိုးလေ ဖြစ်လာတာတွေ ကတော့အများကြီးပါလား ကွယ်တို့ ။ အဲဒါ ကတော့ ဘယ်နှစ်ပွင့် ဆိုင်မယ်ဆိုတဲ့ အသံတွေ ကျယ်လောင်လာတာဖြစ်ပါတယ်။ တကယ် တော့ ဆွေးနွေးပွဲ မှာက ပြည်သူနဲ့ နအဖ နှစ်ဘက်ထဲပါ။ အဲဒါကို နှစ်ပွင့်ဆိုင်လား၊ သုံးပွင်ဆိုင် လား ဆိုတဲ့ အသံတွေ ဆူညံ့နေအောင် ထွက်လာမယ်ဆိုရင်တော့ အပွင့်များလေ နအဖ စားလေ ဖြစ်မယ်ဆိုတာကို သတိမမေ့ကြပါနဲ့ ။ တောင်ပေါ်မြေပြန့် သွေးခွဲတယ် ဆိုတာ အင်္ဂလိပ် က သုံးခဲ့ပြီးပါပြီဗျာ။ ပင်လုံစာချုပ်လဲ ထပ်မချုပ်ပါရစေနဲ့ ။ ပါးစပ်က Globalization အော်ပြီး တိုင်းရင်းသား ကိုယ်စားလှယ် ဆိုတဲ့ ပြောမျိုးတွေ ပြောလာပြီဆိုရင်တော့ နအဖ ရဲ့  လှည့်ကွက်ထဲ ကားကနည်း ကျသွားမယ်ဆိုတာ သတိရကြပါ။

ဝန်ကြီးချုပ်ခန့် အပ်ရေး ဥပဒေသ
နိုင်ငံတော်တော် များများ ရဲ့ အစိုးရတိုင်းမှာ ဝန်ကြီးချုပ်၊ သမ္မတ ဆိုတဲ့ နေရာအတွက် သက်တန်းဆိုတာ ရှိပါတယ်။ များသောအားဖြင့် လေးနှစ်သက်တန်း၊ ငါးနှစ်သက်တန်း ဆိုပြီး တိတိကျကျသတ်မှတ်ချက် ရှိပါတယ်။ မာဆိုးတို့ နအဖ မှာတော့ သူတို့ ကိုယ်တိုင်ကိုက စည်းမရှိ ဘောင်မရှိ အုပ်ချုပ်နေကြတာဆိုတော့ အစိုးရအဖွဲ့ သက်တန်းတို့ ဘာတို့ ဆိုတာ မရှိဘူး ကိုဗျ။ ပထမဆုံး ဝန်းကြီးချုပ် လို ကိုယ်ဆီက အာဏာလုမှာကိုလဲ ကြောက်ရသေးတာ ကို။ သီသန့် သက်တန်းသတ်မှတ်ပြန်တော့လဲ ဝန်ကြီးချုပ်သက်တန်း ကုန်ရင်ပေး ဖို့ ထွင်စရာ ရာထူးက လဲ ကုန်ပြီကိုဗျ။ အဲဒီတော့ နအဖ က ဝန်ကြီချုပ်ရာထူပေးဖို့ အတွက် အခြေခံအရေ အချင်းထဲမှာ နာတာရှည်ရောဂါသည် ဖြစ်ရမယ်ဆိုတဲ့ အချက်ကို ထည့်ထားဟန်တူပါတယ်။ အဲဒါကြောင့်ကြည့်ပါလား ဗိုလ်စိုးဝင်း တုန်းက ကင်ဆာရောဂါသည်၊ ဗိုလ်သိန်းစိန် ကျတော့လဲ နှလုံးနှိုးစက်နဲ့ ။ ကဲ ဝန်ကြီချုပ်ဖြစ်ချင်တဲ့ အရာရှိမင်းများ ရောဂါကြီးကြီးမွေးထားတော့ဗျို့ ။

မာဆိုး

ထင်ရာမြင်ရာ မစ္စတာမာဆိုး (၁)


ပိတောက်မြေ (http://padaukmyay.blogspot.com/)
အတော်သတိထား သင့်တဲ့ ဘလော့တစ်ခု ဖြစ်ပါတယ်။ ပါးပါးနပ်နပ်နဲ့ လိုရာစွဲခေါ်ဆောင် သွားဖို့ ကြိုးစားထားတဲ့ ဘလော့တစ်ခုလို့ မြင်ပါတယ်။ တတိယလမ်း အကာအကွယ် ယူပြီ စိတ်ဓာတ်သက်သက်သာ ရှိပြီး နိုင်ငံရေးပါး မဝတဲ့ လူငယ်တွေ ကို ဦးတည်ချက်ရှုပ်ထွေး အောင် အားထုတ်ထား တာလို့ ထင်ပါတယ်။ လက်ရှိ နအဖ အောက်စောင့်တွေ ဖြစ်တဲ့ သာကီနွယ် တို့ ၊ စွေစောင်း တို့ ထက် အတွေးအခေါ်ရော လုပ်ရည်ကိုင်ရည်ပါ အင်မတန် ကောင်းမွန်တာကိုတွေ့ ရပါတယ်။ ကဗျာဆရာ အောင်ဝေး အကြောင်း၊ အရှေ့ တောင် အာရှနိုင်ငံတွေ အကြောင်းရေးထားလိုက်တာများ သေချာ မဖတ်ရင် ကိုအောင်ဝေး ကိုပဲ ရှုံချရတော့မှာ လိုလို၊ အရှေ့ တောင်အာရှနိုင်ငံတွေ ထဲမှာ ကိုယ့်နိုင်ငံပဲ ဒီမိုကရေစီနဲ့  အနီးစပ်ဆုံးဆိုပြီး နအဖ ကိုပဲ ကန်တော့ပွဲနဲ့  တောင်းပန် ရမှာလိုလိုတွေပေါ့ဗျာ။ ကျနော့ အကို တစ်ယောက်ကတော့ပြောတယ် အဲဒါ မြက်ခင်းသစ် အွန်လိုင်းဗားရှင်း ဖြစ်မယ်တဲ့ဗျ။ ဆရာ့ဆရာများ လွတ်မထားကြပါနဲ့ ဦး။

တကယ်လို့ များ
အားလုံးသိတဲ့ အတိုင်းမောင်မာဆိုး က ပြား ၆၀ လောက် လိုနေတဲ့ကောင်ပါ။ မောင်မာဆိုး ဘာ ဝါဒမှလဲ မသိပါဘူး။ ဘာ သမိုင်းမှ လဲ မသိပါဘူး။ အာဏာရှင်ကို မုန်းတီးစိတ်ကတော့ ရင်ဘတ်နဲ့ အပြည့်ရှိပါတယ်။ နောက်တစ်ခု က မောင်မာဆိုးမှာ က ပုဂ္ဂိုလ်ရေး အစွဲလေးတော့ ရှိတယ်။ အန်တီစု၊ ကိုမင်းကိုနိုင်၊ ကိုမိုးသီး တို့  ကိုထိပါးရင် လုံးဝ မခံနိုင်ဘူး။ မောင်မာဆိုး စိတ်ထဲမတော့ နိုင်ငံရေးသမာမှန်ရင် သူတို့ တွေ ကို သိရမယ် ထောက်ခံရမယ်။ မနေကတော့ အိမ်နား က မောင်မာဆိုးနဲ့ တူတူ ရှစ်တန်း ၄နှစ်ဆက်တိုက် တူတူကျဖူးတဲ့ သူငယ်ချင်းနဲ့  လက်ဘက်ရည်ဆိုင်ထိုင်ရင် တိုင်းရေးပြည်ရေးဆွေးနွေး ဖြစ်တာကို။( သူကလွဲလို့ လဲ ဆွေးနွေးဘက်က မရှိဘူးဗျ) နောက်တစ်ခု က မောင်မာဆိုး က ရှစ်တန်းသာလေနှစ်ကျတယ် လောလော ဆယ်တော့ ဘွဲ့ ရကိုဗျ။ အဲဒီတော့ ရှစ်တန်းနဲ့ ဇာတ်သိမ်းတဲ့ သူပဲ ဆရာလုပ်ခွင့် ရတော့ လက်ဘက်ရည်ဖိုး အကုန်ခံပြီးပြောတာဗျ။ ခုတစ်လော သူကလည်း နအဖ သံဃာတွေ ကို သေနပ်ဆွမ်းကပ်ပြီးနောက်ပိုင်း နိုင်ငံရေး လေးကတော်တော် စိတ်ဝင်စားနေတော့ သူတဲ့ စာရင် အဖွဲ့ အစည်း နာမည်တွေ၊ လူနာမည်တွေ ၊ ဝါဒနာမည်တွေ ပိုသိတဲ့ ကျနော် ကို နိုင်ငံရေး လုပ်ချင်ရင် ဘာစလုပ်ရမလဲ လို့ မေးပါလေရောလား။ ကျနော်က ဆရာကြီးလေနဲ့ ( ၅မိနစ်လောက် စဉ်းစားဟန်ဆောင်ပြီးမှ) ပြန်ဖြေလိုက် ပါတယ်။ကျနော်တို့ ခေါင်းဆောင်တွေ ချပေးတဲ့ လမ်းကြောင်း ကိုတစ်သွေ မသိမ်းလိုက်နာ ဖို့ ဝန်းရံဖို့ ကြိုးစားပါလို့ ပေါ့ ။ အဲဒီတော့ သူက ပြန်မေးတယ် ဗျာ။ အန်တီစု၊ ကိုမင်းကိုနိုင်၊ ကိုမိုးသီးတို့ များ (မပြောကောင်း မဆိုကောင်း) သေသွား ရင်ရော ကျနော်တို့ ဘာဆက်လုပ်ကြမလဲတဲ့။ အဟီး ကျနော် မဖြေတတ်တော့ ဘူးဗျာ့။ ဒီဆောင်းပါလေး ဖတ်မိပြီး ဘာလုပ်ရမယ်ဆိုတာ သိတဲ့လူများ CBox ထဲ မှာ အော်ပေးထားခဲ့ ကြပါဗျာတို့ ။ တကယ်လို့ များ တကယ်လို့ များပေါ့လေ။

ဘလော့မှတ်ပုံတင်
ဂူဂယ်နဲ့ တကွ အင်တာနက်ဂုရုတွေ က လူတွေလုပ်ချင်တာလုပ်ပါစေတော့လို့  အလကား မတ်တင်းခွင့်ပေးထား တဲ့ ဘလော့တွေ ကို နအဖ က မှတ်ပုံတင်ရမယ် ဆိုတဲ့ သတင်းတစ်ခု ကြားနေရပါတယ်။ ဈေးနှုန်းကတော့ ဘလော့တစ်ခုကို ၃၀၀၀၀ ပါတဲ့ခင်ဗျာ။ ပြီးတော့ ဓာတ်ပုံ တွေပေး၊ ကိုယ်ရေး အချက်အလက်တွေ ဖြည့် ဘာညာပေါ့ဗျာ။ ဓာတ်ပုံတောင်း ၊ကိုယ်ရေး အချက်အလက်ဖြည့် ဆိုတာက သူတို့ မရေးစေ့ချင်တာတွေ ရေးမှာဆိုးလို့ ဆိုတာနားလည်ပေး နိုင်ပေမဲ့။ ၃၀၀၀၀ ကိစ္စကတော့ တော်တော် ဘဝင်မကျဘူး ဖြစ်ရပါတယ်။ နောက်များဆို ပိုစ်တစ်ပုဒ်တင်ရင် ၁၀၀၀ နဲ့  ဘလော့စီးစစ်ရေး အဖွဲ့ မှာ အစစ်ခံရမယ်ဆိုတာတွေ များလာအုံး မလားလဲ မသိပါဘူး။ ပြည်တွင်း မှာနေကြတဲ့ ဘလော့ဆရာမတို့ ဆရာတို့ ၃၀၀၀၀ ဆိုတဲ့ ပိုက်ဆံက ဘာမှ မဟုတ်ပေမဲ့ နောက်တစ်ခါ လူထုအုံကြွတဲ့ အခါ အဲဒီပိုက်ဆံနဲ့  စွမ်းအားရှင် လူမိုက် ယောက် ၂၀ လောက် နေ့ စားခေါ်လို့ ရတယ် ဆိုတာတော့ သတိရပေး ကြပါဦး။ (ကိုယ်ပိုင် နာမည်နဲ့ သီးသန့် ဘလော့မှရေးချင်တယ် ဆိုတဲ့ ဆရာများတော့ တစ်မျိုးပေါ့လေ)

ဘယ်သူ့ ဘက်ကလဲ
ကျနော့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ တစ်နေကုန်တစ်နေခမ်း CBox တစ်ကာလှည့် ပြီး စာတွေ ဖတ်နေ၊ ဝင်ပြောနေတတ်တဲ့ သူပါ။ စီဘောက်ထဲမှာ ဝင်ဝင်အော်တဲ့ လူတော်တော် များများ ကို သိနေတဲ့ သူလဲဖြစ်ပါတယ်။ သူနဲ့ တစ်ခါတစ်ခါ စကားပြောဖြစ်ရင် ဘယ်Nick နဲ့  လူကတော့ နအဖ ၊ ဘယ်Nick နဲ့ လူကတော့ တို့ ဘက်ကဆိုတဲ့ စကားလုံးတွေ နဲ့  CBox သတင်း တွေ ကိုပြောလေ့ ရှိပါတယ်။ တစ်ခါတော့ ကျနော် လဲ သူ့ ဘက်ကိုယ့်ဘက် ဘယ်လို များ ဘယ်လို ခွဲလဲ သိချင်လို့ မေးကြည့်တော့။ သူပြောပြတဲ့ နည်းတွေကတော့ မများကြီးထဲ က လက်ရှိအသုံးဝင်မဲ့ နည်းတစ်ခုတော့ လက်ဆင့်ကမ်းလိုက်ပါတယ်။ တွေဆုံ ဆွေးနွေးရေး ကို ဘယ်အကြောင်းပြချက်နဲ့ ဖြစ်ဖြစ် ဆန့် ကျင်ရေးရင် အဲဒီလူ က နအဖ ဘက်ကတဲ့။

ငါတို့ ရွာမှာလေ
ကျနော် ၅ တန်းနှစ်ထင်ပါ့ဗျာ။ အရေးအခင်းဖြစ်ခါနီး ကာလပေါ့ဗျာ။ ဦးနေဝင်း ကို တိုးတိုးတိတ်တိတ် ဆဲကြဆိုကြ။ စစ်တပ်ကို ဆဲကြဆိုကြ ကာလပေါ့။ ကျနော်က အဲဒီတုန်း က စူပါမင်း ကားသဘောကျတုန်း။ တီဗီကလာ တဲ့ Combat စီးရီးကိုကြည့်ပြီး စစ်သားလုပ်ချင်လို့  ကောင်းနေတုန်းပေါ့။ အဲဒီတုန်းက ဦးနေဝင်းကို ဆဲရင်စိတ်တို တယ်။ စစ်တပ်ကို ဆဲရင်စိတ်တို တယ်။ ဘယ်နှယ်ဗျာ ရဲဘော်သုံးကျိတ်ထဲ လဲပါတယ်ဗျာ။ ဗမာပြည်ကို လဲ ပြည်တွင်းသူပုန်ထ ရအောင် အစောဆုံးပြန်ဝင်လာတဲ့ ထဲက တစ်ယောက်ဗျာ။ အဲလိုလူကို ဆဲကျဆိုကျ ဆိုတော့ မောင်မာဆိုး တင်းလိုက်တာမှ ဘာပြောကောင်းမလဲ။ မောင်မာဆိုး ရှေ့ ပြောလို့ ကတော့ ဘယ်ရလိမ့် မတုန်း မြန်မာ့သမိုင်းစာအုပ်ထဲက အလွတ်ကျက်ထားတဲ့ စကားလုံးတွေ နဲ့  အပြတ်ပြန်ဆော်တာပေါ့ ဗျာ။ ကလေးဆိုတော့ မောင်မာဆိုး ပြောလဲ အများစုကတော့ ရီနေကြတာပေါ့ ဗျာ။ ဒါပေမဲ့ အဲဒါကို မကျေမနပ်ပြန်ပြန်ပြောတာ (ကလေးနဲ့ ဖက်ဖြစ်တာပေါ့ ဗျာ) လူနှစ်ယောက်ရှိတယ်ဗျ။ တစ်ယောက်က ဘကြီးတုတ်တဲ့ သူက အရက်သမားကြီးဗျ။ မိုးလင်းမိုးချုပ် အရက်သောက်လိုက်၊ ကြက်ဝိုင်း (ကြက်နှစ်မျိုးစလုံး) သွားလိုက် နဲ့ ဆိုးပေ ကြီးပေါ့ ဗျာ။ နောက်တစ်ယောက်ကတော့ ဘကြီးဖြူတဲ့ ဘုရားလူကြီး၊ ရွာက ဘုန်းကြီးရဲ့  ဒကာ၊ ဘုရားတကာကျောင်းတကာ ကြီးပေါ့။သူတို့ က “ နေဝင်းရဲဘော်သုံးကျိတ်ဘဝက ကောင်းသမျှ ပါတီဥက္ကဌနေဝင်း လက်ထက်မှာ အတိုးချဆိုးတော့တာကွ။ အဲဒီတော့ သူအကြောင်းပြောချင်ရင် လက်ရှိဘာလုပ်နေလဲ ကြည့် အခုမကောင်းရင် မကောင်းဘူးလို့  မြင်ရမယ်။ နေဝင်း က ဂျပန်ခေတ်ကတည်း ကအရက်သောက်လိုက်၊ လောင်းကစားလုပ်လိုက် ၊ မိန်းမရှုပ်လိုက်ကွ။ ဒါပေမဲ့ အဲဒါတွေ က သူ့ ပုဂ္ဂိုလ်ရေးလကွာ။ သူပိုက်ဆံနဲ့ သူလုပ်တာကွာ တို့ လူတွေကို ဘာမှ ဒုက္ခပေးတာမဟုတ်ဘူး။ ကိုယ်ပိုက်ဆံနဲ့ ကို အရက်သောက်သောက်၊ မိန်းမလိုက်လိုက်၊ လောင်းကစားလုပ်လုပ် လူဆိုးလို့ တော့ပြောမရဘူး။ မှတ်ထား လူဆိုတာ ခြောက်ပစ်ကင်းသဲလဲစင် ဆိုတာရှာတယ်။ လူတစ်ယောက် မသေခင်အထိတော့ ကောင်းလား ဆိုးလားပြောဖို့ ခက်တယ် ကလေးရဲ့ ။ တို့ မကောင်းဘူးပြောနေတာ ရဲဘော်သုံးကျိတ်ထဲက နေဝင်း မဟုတ်ဘူး၊ လက်ရှိပါတီ ဥက္ကဌ နေဝင်း ကိုပြောနေတာ။” အဲဒီတုန်းက ကျနော် အဲဒီ ဘကြီးနှစ်ယောက်လုံး ပြောတာကို လက်မခံနိုင်ခဲ့ ဘူး။ ကြောက်လို့ သာ ရူးချင်ဟန်ဆောင်နေ ရတယ်။

ဒီလို နဲ့ နောက်ပိုင်း ကျနော်လဲ မြို့ မှာရှိတဲ့ အမျိုးတွေဆီ မှာကျောင်းသွားတက်လိုက်တာနဲ့  ရွာကို ၂ ခါမြောက် ၈တန်းဖြေပြီးမှ ပြန်ရောက်တော့တာကိုဗျ။ တရွာလုံးရဲ့ အော့ကြောလန် ဘကြီးတုတ် နဲ့  တစ်ရွာလုံးရဲ့ အကန်တော့ခံ ဘကြီးဖြူတို့ နှစ်ယောက်စလုံးကိုတော့ မတွေ့ ခဲ့ ရဘူးခင်ဗျ။ ဘကြီဖြူက သူအိမ်က သူရင်ငှား ကိုသာဒင် သမီး ကို အဝှာပြု လို့  ၃၇၆နဲ့ ထောင်ဒဏ် ၇ နှစ်ကျတာ နှစ်နှစ်မြောက်မှာ သေပါလေရောတဲ့။ ဘကြီးတုတ်ကတော့ ရွာပြင်ဇရပ်က အမူးပြေလို့ ထလာတာ ပေါ်တာလာဆွဲတဲ့ စစ်တပ်နဲ့ တိုးလို့ ရွာသားတွေ ရှောင်လို့ ရအောင် ရွာပြင်ကနေ ကုန်အော်လို့  စစ်တပ်က ဝိုင်းရိုက်တာ အဲဒီနားတင်သေရှာ ရောဆိုပဲ။ ပြန်ခါနီမှ သတိထားမိတယ် ရွာပြင်ဇရပ်မှာ မီးသွေးခဲတွေ နဲ့ ရေးထားတဲ့ စာတွေ အများကြီးတွေ့  ရှိနေတာကို “ဘကြီးတုတ်ဇရပ်” တဲ့ဗျာ။ အော်နောက်တစ်ခုက ကိုသာဒင်နဲ့  ရွာသားတော်တော် များများ က ဘကြီးဖြူလှုထားတဲ့ ဘုရားကို မသွားကြတော့ဘူးတဲ့။

(ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ၊ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ များလျော့ပါးသွာမလားလို့  ရေးလိုက်တာပါ။)
မာဆိုး




သာမန်လူလို တွေးခေါ်ခြင်း (၆)


ဧည့်သည်လာရင် အနဲနဲ့ အများတော့ ဟင်းကောင်းစားရတယ် ဆိုတာကို ကျနော်တို့ မေ့ ထားလို့ မရပါဘူး။ အထူးသဖြင့်မျက်နှာကြီးဧည့်သည် လာတဲ့အခါမျိုးဆို ပိုသိသာပါတယ်။ ဖွယ်ဖွယ်ရာရာချက်ပြုတ် ကျွေးမွေးတာတင် မဟုတ်ပဲ ဧည့်သည်ရှိနေတဲ့ အချိန်များဆို ဆူစရာ ငေါက်စရာ ရှိရင်တောင် တိုးတိုးတိတ်တိတ် ညင်ညင်သာသာ ဆူတတ်ငေါက်တတ်ပါတယ်။ ခုရက်ပိုင်း မှာ ကျနော်တို့ တိုင်းပြည်ကို မျက်နှာကြီးဧည့်သည်တွေ တော်တော်များများ ရောက် ပါတယ်။ အိမ်သာလို့ ဧည့်လာတာတော့ မဟုတ်ပေမဲ့ ဧည်သည်ကို တော့ ဧည့်သည်လို ဆက်ဆံမှာပဲ ဖြစ်ပါတယ်။ ဒီ အချက်ကို ကျနော်တို့ လုံးဝမေ့ မထားသင့်ပါဘူး။ ဒီဧည့်သည် တွေအားလုံး ဟာ သံတမန်တွေ ဖြစ်တယ် ဆိုတာကိုလည်း မေ့လို့ မရပါ။ သူတို့ နောက်မှာ UNတပ်တို့ ၊ US တပ်တို့ ပါလာမယ် ဆိုတဲ့အတွေမျိုးလဲ မရှိသင့်ပါဘူး။

အိမ်ပြန်လက်ဆောင်
မစ္စတာဂမ်ဘာရီ အပြန်မှာ ယူသွားနိုင်တယ် လို့ သူယူဆသွားတဲ့လက်ဆောင်တွေ ကတော့
၁။ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘောထားကြေညာချက်ကို လူသိရှင်ကြား ထုတ်နိုင်ခြင်း၊
၂။ပါတီဗဟိုအလုပ်အမှုဆောင်များနှင့် တွေ့ဆုံနိုင်ခြင်း
၃။အဖမ်းအဆီးများထပ်မလုပ်ပဲ ဖမ်းထားသူများကို လွှတ်ပေးမည်ဟု အစိုးရက အာမခံခြင်း
၎။ ဆင်းရဲမှုပပျောက်ရေးကော်မရှင် ဖွဲ့စည်းရန် စဉ်းစားမည် ဟု ကတိရခြင်း
ဖြစ်တယ် လို့  ကုလသမဂ္ဂကိုယ်စာလှယ်တွေကို တရားဝင် အစီရင်ခံခဲ့ တယ်လို့ သိရပါတယ်။ နောက် မစ္စတာဂမ်ဘာရီရဲ့ အကောင်းမြင်တတ်တဲ့ ရှုထောင့်နဲ့  စကားကတော့ စစ်အစိုးရ အနေနဲ့ နိုင်ငံတကာရဲ့ တိုက်တွန်းမှု အတိုင်း ဒီမိုကရေစီ နိုင်ငံကူးပြောင်းရေးကို အလေးထား ဆောင်ရွက်ဖို့ ရှိတယ်လို့ သိရပါတယ်။


ကျားသေကို အသက်သွင်းတာ
ခုလောလောဆယ်မှာ အစိုးရအနေနဲ့ ဆွေးနွေးပွဲ ကို တာဝန်ယူဖော်ဆောင်ဖို့  ဝန်ကြီး တစ်ယောက်ကို တရားဝင်တာဝန်ပေးထား ပြီးဖြစ်တယ်လို့  စစ်တပ်ပိုင် မီဒီယာများ မှာ ဖော်ပြထားတာကို တွေ့  ရပါတယ်။ ဒါပေမဲ့ ဒီ ဆက်ဆံရေးအရာရှိ ဆိုတဲ့ရာထူးဟာ ဆွေးနွေးပွဲ အတွက် ထိထိရောက်ရောက် မဟုတ်ဘူးလို့ ခန့် မှန်းလို့ ရပါတယ်။ ဆွေးနွေးပွဲ အတွက် ကြိုတင်ဆွေးနွေး ပေးဖို့ ကြားပွဲစား သာသာအာဏာပဲ ရှိဟန်တူပါတယ်။ နောက် ဆွေးနွေးပွဲ ဆိုတာ နှစ်ဘက် ဘုံကြတဲ့ ရည်ရွယ်ချက် လုပ်ငန်းစဉ်တွေကို ရှာဖို့ လို့ မြင်ပါတယ်။ ဘယ်လို ရလဒ်၊ ဘယ်လို ဦးတည်ချက် ကို အဓိကထားဆွေးနွေး မယ်ဆိုတာလဲ အသင့်ရှိထားဖို့  လိုပါတယ်။ ကျနော် အမြင်အရတော့ စစ်အစိုးရဟာ ဆွေးနွေးပွဲ၊ ညှိုနှိုင်းပွဲ ဆိုတာရဲ့ သဘော ကို သိဟန်မတူပါဘူး။ သူတို့ သွားနေတဲ့လမ်းကြောင်းတွေ ဆွေနွေးပွဲ မစခင်အကြို တောင်းဆို မှုတွေ ရှိနေတဲ့ အတွက် သူတို့ ရဲ့ အစကတည်းက လမ်းဆုံးထိမရည်ရွယ်တဲ့ လမ်းပြမြေပုံ ကို အသက်ပြန်သွင်းဖို့ ကြိုးစားနေတယ် ဆိုတာသေချာပါတယ်။ တကယ်တမ်း ဆွေးနွေးပွဲ လုပ်မယ် သင်ပုန်းချေရေးလမ်းကြောင်းကို တွေမယ်ဆိုရင် ပထမ ဆုံး ပြင်ဆင်နိုင်သလောက် သူတို့ အတိတ်က အမှားတွေ ကို ပြင်ဖို့ လိုအပ်ပါတယ်။ ဥပမာ။ ။ဖမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွတ်ပေး တာမျိုးပေါ့။

၁။ သဘောထား ကြေငြာချက် ကိစ္စ
ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘောထားကြေငြာချက်ကို ထုတ်ပြန်ခွင့်ပေးတယ်ဆို တာ ကျနော်တို့ နိုင်ငံသားတွေ အတွက်ရည်ရွယ်တာ မဟုတ်ပါဘူး။ မစ္စတာဂမ်ဘာရီ ကနေ တဆင့် ထုတ်ပြန်ခွင့်ပေးတာ ကိုကြည့်ချင်းအားဖြင့် နိုင်ငံတကာရဲ့  ဖိအားတွေကို လျော့ကျဖို့  အသုံးချ တာသက်သက်ဖြစ်ပါတယ်။ မစ္စတာဂမ်ဘာရီ နဲ့  ဆက်ဆံရေးကောင်းမွန်လာ ဖို့ နဲ့ နိုင်ငံတကာ က မြင်နေတဲ့ စစ်အာဏာရှင်ရုပ်လုံးကို ဖျောက်ဖို့  မျက်နှာဖုံး သက်သက်ဆိုတာသိသာလွန်း အားကြီးပါတယ်။ နောက်ပြီးနေအိမ် အကျယ်ချုပ်ကို ဖြုတ်မပေးသေးတာ က လည်း တန်းတူ ရည်တူဆွေးနွေးဘက် လို့  မယူဆတာကို သိသာစေပါတယ်။ တကယ်ဖြစ်သင့်တယ် စေတနာ အမှန်နဲ့  ကြေငြာချက်ထုတ်ခွင့်ပေး တယ်ဆိုရင် စစ်အစိုးရ မီဒီယာတွေ မှာ အဲဒီကြေငြာချက် ကို ထုတ်ပြန်ခွင့် မပြုရင်တောင် NLD ကို သူအစီအစဉ်နဲ့ သူဖြန့် ဝေခွင့်ပေးသင့်ပါတယ်။ အင်တာနက်တွေ တယ်လီဖုန်းတွေ နဲ့  သတင်းမီဒီယာတွေ ကြောင့်သာ ဒီကြေငြာချက်ကို မြန်မာနိုင်ငံ အတွင်းမှာ နေတဲ့ လူတွေ သိခွင့်ရတာပါ။

၂။ တွေ့ ဆုံပွဲ
စစ်အစိုးရ က ဒေါ်အောင်ဆန်းစုကြည့်နဲ့  NLD ပါတီ အမှုဆောင်အဖွဲ့ တွေ ကို တရားဝင်တွေ့  ဆုံ ခွင့်ပေးခဲ့ပါတယ်။ လွတ်လပ်တဲ့ တွေဆုံမှုလို့ ပြောဖို့ ရာတော့ စဉ်းစားဖို့ အချက်တွေ ရှိနေပါ တယ်။ တွေဆုံခွင့်ပေးတဲ့ နေရာက အစိုးရဧည့်ဂေဟာ ဖြစ်နေတာ၊ ဆက်ဆံရေးဝန်ကြီး ကြို ရောက်နေတာတွေကို ကြည့်ရတာ ဟာ မရိုးသားမှု အနံအသက်တွေ ပါပဲ။ တကယ်တော့ ဆက်ဆံရေးဝန်ကြီးရဲ့ တာဝန်ဟာ စစ်အစိုးရနဲ့ NLD ကြားဆက်ဆံရေးတွေ ဆောင်ရွက်ဖို့  အတွက် လို့ ပဲထင်ပါတယ်။ NLD အဖွဲ့ ခေါင်းဆောင်နဲ့ သူအမှုဆောင်အဖွဲ့ တွေ ကြားမှာ ဘယ်လိုပုံစံမျိုးနဲ့ မှ ရှိမနေသင့်ပါဘူး။ အစိုးရဧည့်ဂေဟာ ကို အသုံးပြုခွင့်ပေးတယ် ဆိုတာလဲ ပျားရည်နဲ့ ဝမ်းချတဲ့ သဘောရယ်၊ နိုင်ငံတကာ မှာ အမြင်လှစေဖို့  အတွက်ရယ် လို့ ပဲ ထင်ပါတယ်။ နောက် မီဒီယာတွေ အမြင်ပြောင်းအောင်လုပ်တဲ့ ကြိုးစားချက်တစ်ခုဖြစ်ပါတယ်။ ဒေါ်အောင်စုကြည် ရဲ့ ဓာတ်ပုံတွေ ကို ခေါင်းတင်ပြီးထွက်လာ သမျှ ဂျာနယ်တွေ၊ စာဆောင် တွေ ဆိုတာလဲ ပြည်သူလူထုကို အိပ်ငွေ့ ချ၊ တစ်ကမ္ဘာလုံးကို အိပ်ငွေ့  ချတဲ့ အဓိပ္ပါယ်ပါပဲ။

၃။မဖမ်းတော့ဘူး
စစ်အစိုးရ က မစ္စတာ ဂမ်ဘာရီ ကိုပေးလိုက်တဲ့ သဘောတူညီချက်တစ်ခုဖြစ်တဲ့ မဖမ်းအစီး မလုပ်တော့ ပဲ ဖမ်းထားသူတွေ ကို ပိုလွတ်ပေးမယ် ဆိုတဲ့ အချက်ကတော့ စစ်အစိုးရရဲ့  မျက်ကန်းတစ္ဆေမကြောက် လိမ်ဆင်ပဲ ဖြစ်ပါတယ်။ မစ္စတာ ပီညဲရိုး ရန်ကုန်မှာ ရှိနေတုန်းမှာ ပဲ မစုစုနွေးကို ဖမ်းလိုက်တာကို အားလုံးအသိပါ။ နောက်လွတ်ပေးတယ် ဆိုတာ လဲ နိုင်ငံရေး အကျဉ်းသမား တစ်ယောက်မှာ သာမန် ရာဇဝတ်မှုနဲ့ အကျဉ်းသား တစ်ရာနှုန်းနဲ့  လွတ်ပေးနေတာမျိုးပါ။ တကယ်တမ်း ၈၈ က အရေးပါတဲ့ ခေါင်းဆောင်တွေ၊ NLD ရဲ့  ဦးဝင်းတင် လို ပုဂ္ဂိုလ်တွေ ကို လွတ်ပေးမှာ မဟုတ်ပါဘူး။ အဲဒီတော့ ဒီအချက်ကတော့ လုံးဝ ဖြစ်လာမဲ့ ကတိပေးမှုမျိုး မဟုတ်ဘူးဆို တာကို သိထားဖို့ လိုပါတယ်။

၎။ဆင်းရဲ မှုပပျောက်ရေး
ဆင်းရဲ မှုပပျောက်ရေး ကော်မရှင်ဖွဲ့ ဖို့ ကိစ္စကလည်း စဉ်းစားဖို့ တောင်လို တဲ့ကိစ္စမဟုတ်ဘူး ဆိုတာကို အားလုံး နားလည်ပြီးသား ကိစ္စပါ။ ဒါပေမဲ့ ဆင်ရဲမှုပပျောက်ရေး ကော်မရှင်ဖွဲ့ တာနဲ့  တပြိုင်တည်း ချမ်းသာမှုလျော့ချရေး အစီအစဉ်ကို ပါ ပူးတွဲအကောင်အထည်ဖော်ဖို့ လိုတယ် ဆိုတာ ကို သူတို့ သိထားပြီးသာ ဖြစ်တဲ့ အတွက် ဒီကော်မရှင်ဖွဲ့  ဖို့ ဆိုတာကလဲ နောက်ထပ် ပျာရည်တစ်ပုလင်းပဲ ဖြစ်ဖို့ များပါတယ် ။

မီးစတဖက်ရေမုတ်တစ်ဖက်
စစ်တပ်အနေနဲ့  နိုင်ငံတကာရဲ့ ဖိအားများအရ တွေ့ ဆုံဆွေးနွေးရေးစာ ပွဲပေါ်ကို ဒေါ်အောင်ဆန်းစုကြည် နဲ့  NLD ပါတီကို ခေါ်ထားပြီး ထွက်ပေါက်တစ်ခု အနေနဲ့  အသုံးချ တယ်ဆိုတာ သိသာပါတယ်။ နိုင်ငံတကာ က မေ့မေ့ပျောက် ဖြစ်ပြီဆိုတာနဲ့ တစ်ပြိုင်ထဲ နောက်တစ်ခါ ရူးချင်ဟန်ထပ်ဆောင်ဦး မယ်ဆိုတာ သေချာပါတယ်။ တစ်ဖက်က ဆွေးနွေးပွဲ ဆိုတဲ့ စကားလုံးတွေ အကြိမ်ကြိမ် ရေလဲ သုံးနေပေမဲ့ တစ်ဖက်မှ က ဒေါ်အောင်ဆန်းစုကြည် ရဲ့  သဘောထားအပေါ် ဆန်ကျင်တဲ့ သတင်းတွေကို စစ်တပ်ပိုင်မီဒီယာတွေ မှာ ဖော်ပြနေပါ တယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး လို့ ကြွေးကျော်နေပေမဲ့ တဖက်က ပြည်ပအားကိုး ပုဆိန်ရိုးဆိုတဲ့ စာတမ်းတွေ ချိတ်ဆွဲနေတုန်းရှိပါသေတယ်။ ငြိမ်းချမ်းစွာ နဲ့ စနစ်တကျ ဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖော်မယ် ပြောနေပေမဲ့ တဖက်က လူမသိသူမသိ ဖမ်းဆီ မှုတွေ လုပ်နေတုန်းဖြစ်ပါတယ်။ တဖက်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပုံနဲ့ သတင်း ကို ပြည်တွင်းစာဆောင်တွေ ၊ မီဒီယာတွေမှာ ဖေါ်ပြခွင့်ပေးနေပေမဲ့ တဖက်က NLD ကို မီဒီယာ တွေ ဆီ သတင်း မပို့ အောင် တားစီးနေတုန်းပဲဖြစ်ပါတယ်။

လူညံ့လိုတွေးတာ
စစ်တပ်ဟာ အာဏာလက်လွတ် ဆုံးရှုံးမှာ ကိုကာကွယ်ချင်လို့  ဒီဆွေးနွေးပွဲ ကို အသုံးချ တယ်လို့ မြင်ပါတယ်။သူတို့  ဆွေးနွေးပွဲ ရဲ့ အပြီးသတ်အဖြေ ဟာ လမ်းပြမြေပုံကို ပြန်ပြီး အသက်သွင်း ဖို့ ဆွေးနွေးဖို့ သက်သက်ပါ။ သူတို့ အာဏာစောစီးစွာ စွန့် လွတ်ရမဲ့ဘယ် လို ဆွေးနွေးချက်မျိုး ကိုမှ လက်ခံမှာမဟုတ်ဘူးလို့ ထင်ပါတယ်။ လိုချင်တဲ့ အဖြေပေးပြီး အဲဒီ အဖြေကို ရှာဖို့ သက်သက်ဆွေးနွေးတာဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အာရုံကို ခဏပြောင်းပေး ဖို့ ၊ နိုင်ငံတကာ ဖိအားလျော့ချဖို့ သက်သက်အသုံးချတာဖြစ်ပါတယ်။ သူတို့ အာဏာလက်မဲ့ ဖြစ်မဲ့ တစ်စုံတစ်ရာကို တွေ့ လိုက်တာနဲ့  ချက်ခြင်းပြန်အကြမ်းဖက်ဖို့  အသင့်ရှိနေတယ်လို့  ထင်ပါတယ်။ခုချိန်မှာ ဆွေးနွေးပွဲ စာပွဲပေါ်ကို NLD အနေနဲ့  သွားတာကို ထောက်ခံရမှာ ဖြစ်ပေမဲ့ ဒါဟာ အဆုံးသတ်အဖြေ ဖြစ်တယ်ဆိုတဲ့ အတွေးမျိုး ရှိမနေ သင့်ဘူးလို့ ထင်ပါတယ်။ ဗိုလ်ချုပ်ရဲ့ နေသူရိန် အစည်းအဝေးကို သတိရဖို့ လို ပါတယ်။ စာပွဲပေါ်တင် ကိစ္စပြီးရင် အကောင်းဆုံး ဖြစ်ပေမဲ့ မျှော်လင်သလို မဖြစ်ခဲ့ရင်လဲ ရှေ့ ဆက်ချီတက်ဖို့  အသင့်ဖြစ်နေဖို့ လို ပါတယ်။ တော်လှန်ရေး မပြီးသေး ပါခင်ဗျာ။




မိုးထက်နေ

သာမန်လူလို တွေးခေါ်ခြင်း (၅)

မြန်မာနိုင်ငံရဲ့  နောက်ဆုံး သတင်းများအရ စစ်အုပ်စုအနေ နဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့  ပူးပေါင်းဆောင်ရွက်မှုကို လုံးဝနီးပါး ငြင်ဆန်လိုက်ကြောင်းသိရပါတယ်။ ကုလသမဂ္ဂ ကိုယ်စားလှယ် တစ်ယောက်ကို နှင်ထုတ်တာ၊ မစ္စတာဂမ်ဘာရီ ကို ပြေပြေလည်လည် ဆက်ဆံခြင်း မလုပ်တာတွေ ကို ကြည့်ခြင်းအားဖြင့် သူတို့ ရဲ့ လမ်းကြောင်းကို ခန့် မှန်းလို့  ရနိုင်ပါတယ်။ မြောက်ကိုရီးယာ၊ အီယန် နဲ့ ကျူဘား တို့ ရဲ့ လမ်းစဉ်ကို လိုက်မယ်လို့  ဆုံးဖြတ်ထားပုံ ရပါတယ်။ ဂမ်ဘာရီ ၊ ပင်ညဲရိုးတို့ ကို လက်ခံတွေဆုံတယ်ဆိုတာလဲ (ဖဲသမား စကား နဲပြောရရင်) အောက်ပြုတ်နဲ့ ခွပ်တာပါ။ စစ်အုပ်စုလုပ်ပေး နိုင်တာတွေကို ချပြပေးတဲ့ သဘောပါ။ နိုင်ငံတကာရဲ့ ဖိအားအရတော့ ဘာကိုမှ အလျော့ပေးပြောင်းလဲမယ်လို့  မမျှော်လင့် နိုင်ပါဘူး။ မစ္စတာဂမ်ဘာရီကို ပထမတစ်ကြိမ် အန်တီစု နဲ့ တွေ့ ဖို့ စီစဉ်ပေးတယ်။ ဒုတိယအခါမှာ တော့ အန်တီစု နဲ့ ရော စစ်အုပ်စုခေါင်းဆောင် ဗိုလ်သန်းရွှေ နဲ့ ပါတွေ့  ခွင့်မရသေးပါဘူး။

ထမင်းရေပူရှာလွဲ
လက်ရှိနိုင်ငံတကာဖိအားတွေ များများစားစား နဲ့ ထိထိရောက်ရောက် ဖြစ်လာတာဟာ တကယ်တမ်း စက်တင်ဘာတော်လှန်ရေး ကြောင့်ဆိုတာ အသေအချာပါ။ စက်တင်ဘာ ဟာ တကယ်ပြည်သူ့ တော်လှန်ရေးစစ်စစ်ပါ။ ဒါပေမဲ့ တွေ့ ဆုံဆွေးနွေးရေးကို ပြောဆိုတဲ့ အခါမှာ တော့ NLD နဲ့ တွေဆုံပေးဖို့ ကြိုးစားတယ်ဆိုတာ ပြည်သူလူထုရဲ့ တိုက်ပွဲကနေ အတိုက်အခံ ပါတီ တစ်ခုရဲ့ တိုက်ပွဲ ပုံစံလို့ မြင်စေ့ချင်လို့ ထင်ပါတယ်။ နောက်ပြီး တကယ်တိုက်ပွဲ အစမှာပါ ဝင်ခဲ့တဲ့ ကိုမင်းကိုနိုင် တို့ နဲ့ ဘာလို့ တွေ့ ခွင့်မပေးတာလဲ ဆိုတာစဉ်းစား စရာအချက်ပါ။ လူထု ကိုယ်စာလှယ်လို့ အန်တီစု နဲ့  NLD ကို သတ်မှတ်တယ်လို့ မြင်ရင်မြင်လို့ ရတယ်ဆိုပေမဲ့ ဖြစ်နိုင်ခြေ အနေနဲ့ တော်တော်လေး နဲတာကိုတွေရပါတယ်။ တကယ်တော့ နိုင်ငံတကာ ဖိအား လျှော့လိုလျှောငြား အားထုတ်ခြင်းပဲဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ အားထုတ်မှု တစ်ခုမှ မတွေ့ ရသေးပါဘူး။ နိုင်ငံတကာရဲ့ ဖိအားအရတောင်ဆိုမှုတွေ ကို သူတို့ လိုက်လျော့ နိုင်သလောက် လိုက်လျော့ပေးနေခြင်းလို့ ပဲထင်ပါတယ်။

ပြန်လည်ဆုံတွေ့ ကြရာဝယ်
စက်တင်ဘာတော်လှန်ရေး အကြောင်းပြုပြီး ဒုတိယအကြိမ်ရောက်လာတဲ့ ကုလက ဂမ်ဘာရီ နဲ့  တွေ့ ဆုံဆွေးနွေးခွင့်ပေး ဖို့ သဘောတူထားတဲ့ ကိုယ်စားလှယ်တော်တွေ ကတော့ NLD က ဦးအောင်ရွှေရယ်၊ ဦးလွင်ရယ်၊ ဦးညွန့်ဝေရယ် လို့ သိရပါတယ်။ သူတို့ နဲ့ တစ်ပါထဲ အန်တီစု ကိုပါတွေ့ ခွင့်ပေးဖို့ တောင်းဆိုချက်ကိုတော့ ပယ်ချခဲ့တယ်လို့ သိရပါတယ်။ တွေးကြည့်ရင် စဉ်းစားစရာ တော်တော်များများကို တွေ့ ရပါတယ်။ ဘာလို့ တကယ်ပြည်သူထူထုရဲ့  ခေါင်းဆောင်ဖြစ်တဲ့ (National Figure) ဖြစ်တဲ့ အန်တီစု နဲ့ ပေးမတွေ့ တာလဲ ဆိုတာက အံ့သြဖို့ ကောင်းပါတယ်။ တကယ်ဖြစ်သင့်တာ အန်တီစု မဟုတ်တဲ့ အခြားပုဂ္ဂိုလ်တွေ နဲ့ ပေး တွေ့ မယ်ဆိုရင်လဲ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ် တို့  လူစုပဲဖြစ်သင့်ပါတယ်။

သူရဲကောင်းသုံးယောက်

ဒီအချိန်မှာတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ အနေနဲ့  ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးညွန့်ဝေ တို့  သုံးယောက်နဲ့  မစ္စတာဂမ်ဘာရီ တို့ ဆွေးနွေးပွဲရဲ့ အဖြေကို စောင့်မျှော်နေ ဖို့ ပဲရှိပါတယ်။ လောလောဆယ်မှာတော့ ဦးအောင်ရွှေ၊ ဦးညွန့် ဝေ တို့  ရဲ့ ဘောထားကို ခန့် မှန်းတွက်ချက် နိုင်ဖို့ ဘာအထောက်အထားမှာ မရှိပေမဲ့ ဦးလွင်ရဲ့ ဘောထားကိုတော့ အောက်တို့ ဘာ ၂၅ ရက်နေက ဒီဗီဘီ (DVB) နဲ့ လုပ်သွား တဲ့ အင်တာဗျူး ကတဆင့် ပြန်ချဉ်းကပ်လို့ ရပါတယ်။ ကျန်တဲ့ ပါတီတွင်းသဘောထားတွေ ၊ မစ္စတာဂမ်ဘာရီ၊ မစ္စတာ ပိညဲရိုး နဲ့ နိုင်ငံတစ်ကာအပေါ် မြင်တာတွေ ဆိုတာထက် ဆွေးနွေးပွဲ အပေါ်အမြင်ကို ပြန်ကြည့်မှ ရပါလိမ့်မယ်။ ကျနော် သတိထား မိတဲ့ အချက်အနေနဲ့ ကတော့ ၂ ချက်ပဲရှိပါတယ်။ ဦးလွင် အနေနဲ အန်တီစုနဲ့ အီစီ အဖွဲ့ တွေ့ ဖို့  ကိစ္စမျိုးကို စစ်အစိုးရအလိုက် တသိပေးတွေ့  တဲ့ အချိန်ရောက်လာမယ်လို့  ယုံကြည်ထားတယ် ဆိုတာနဲ့ ၊ တွေ့ ဆုံဆွေးနွေးရေး ဖြစ်လာဖို့ အပါအဝင် တော်လှန်ရေး အဆုံးကို ရောက်ဖို့ အချိန်ကြာဦး မယ် ဆိုတဲ့ အချက်နှစ်ချက်ပါ။ မည်သို့ ပင်ဖြစ်စေ လူထု အနေနဲ့ ကတော့ ကိုယ်စားလှယ်တော် သုံးယောက်ကို သူရဲကောင်းသုံးယောက်ဖြစ်စေ ချင်မှာသေချာပါတယ်။

လမ်းပြမြေပုံ
စစ်အုပ်စု ဟာ ပထမတစ်ခါမှ နိုင်ငံတကာ အပါဝင် တစ်နိုင်ငံလုံးကို လမ်းပြမြေပုံနဲ့ အိပ်ငွေ့ ချ ထားခဲ့ ဘူးပါတယ်။ နောက်ဒီလမ်းပြမြေပုံ ကိုသူတို့ ကိုယ်တိုင် တကယ်အကောင်အထည်ဖော် ဖို့  စိတ်ကူးမရှိတာလဲ သေချာပေါက်ပဲ။ ဒီတစ်ခါတွေ့ ဆုံ ဆွေးနွေးတယ်ဆိုတာလဲ အိပ်ငွေ့  ပြယ်စ လူကို ထပ်အိပ်ငွေ့ ချဖို့ ကြိုးစားတာဖြစ်မယ်ထင်ပါတယ်။ ဒီတစ်ခေါက်ဆွေးနွေးပွဲ မှာ ကျနော်တို့ ဘက်က လက်ပြမြေပုံ ကို လုံးဝ ဆွဲစုတ်ပြစ်နိုင်ဖို့ လို ပါတယ်။ စစ်အုပ်စုကတော့ လမ်းပြမြေပုံ ဆိုတဲ့ ခံစစ်လိုင်း ကို အသေယူပြီး အရာရာကို ရင်ဆိုင်သွားဖို့  ပြင်ဆင်ထားဟန် တူပါတယ်။ ဒါကြောင့်ထောက်ခံပွဲတွေ ကို ဒီလောက် အပူတပြင်း လုပ်နေတယ်လို့ ယူဆလို့  ရပါတယ်။ နိုင်ငံတကာ က ဒီအချက်ကို သဘောပေါက်ထားဖို့ လိုပါတယ်။ အတိုက်အခံ တွေ အနေနဲ့ ရော မစ္စတာဂမ်ဘာရီ အနေနဲ့ ပါ လမ်းပြမြေပုံကို ပြတ်ပြတ်သားသား ငြင်းဆန်ဖို့ လို ပါလိမ့်မယ်။

ဖွဲ့ စည်းပုံတဲ့လား
လမ်းပြမြေပုံ ကို ဆက်လက်လုပ်ဆောင်ခွင့် ပြုလိုက်တာနဲ့ ကျနော်တို့  ဖွဲ့ စည်းပုံခြေခံဥပဒေ ဆိုတာကြီး အကြောင်းကို ပြောရပါတော့မယ်။ ဒီဟာကြီးကိုလည်း လက်ခံလို့ က ဘယ်နည်းနဲ့  မှ မဖြစ်နိုင်တာသေချာပါတယ်။ ပြည်နယ်အလိုက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအလိုက် ကိုယ်စား လှယ်အရေအတွက် သတ်မှတ်တာကို လက်ခံနိုင်စရာ ရှိပေမဲ့ စစ်သားအစိတ်သား ဆိုတာကြီးကတော့ တမင်သက်သက် ခြေတံရှည်အိမ် ဆောက်ပေးပြီးလှေကား တပ်မပေးတာ ဖြစ်ပါတယ်။ စစ်သားမှ မဟုတ်ပါဘူး ဗမာအစိတ်သား၊ ရှမ်းအစိတ်သား၊ ယောင်္ကျားအစိပ်သား၊ မိန်းမအစိတ်သား ဆိုတာမျိုးတွေကိုလည်း ကျနော်တို့ လက်ခံလို့ လုံးဝမဖြစ်ပါဘူး။ တကယ် အရည်အချင်းရှိတဲ့ သူဆိုရင် ဘယ်နှစ်ရာခိုင်နှုန်းဖြစ်ဖြစ် လက်ခံပေးရမှာဖြစ်ပါတယ်။ စစ်သားအစိတ်သား ကိစ္စ ကို ဘယ်သူမှ လက်မခံနိုင်မှန် သိသိနဲ့  လမ်းပြမြေပုံ ကို ပျက်စေချင် လို့ တမင်ထည့်ထားတယ် လို့ ထင်ပါတယ်။ ဖွဲစည်းပုံ အခြေခံ ဥပဒေဆိုတာလဲ တစ်ခါထည်း ဟာကွက်မရှိအောင် ဆွဲလို့ ရတဲ့ အမျိုးမဟုတ်ပါဘူး။ အဓိက စစ်သားအစိပ်သားလို မျိုး စစ်တပ်နဲ့ နိုင်ငံရေး ရောထွေးအောင် လုပ်တဲ အချက်မျိုးမဟုတ်ရင် လက်ခံလို့  ရမယ်ထင်ပါ တယ်။

နီးတော့လာပါပြီ
စစ်အုပ်စု ခေါင်းဆောင်တွေ အနေနဲ့ မြောက်ကိုရီးယား၊ အီရန် စတဲ့ နိုင်ငံတွေရဲ့ လမ်းကြောင်း ကို လိုက်ဖို့ ပြင်ဆင်နေဟန်တူပါတယ်။ အီရန် နဲ့ IAEA ကိုယ်စာလှယ်တွေနဲ့ ဆက်ဆံရေး ပုံစံကို ဒီနေ့ စစ်အုပ်စု နဲ့ ကုလသမဂ္ဂကိုယ်စာလှယ်တွေ ကြားထဲမှာပြန်မြင်နေရတယ်လို့  ထင်ပါတယ်။ အီရန်ဆိုရင် လဲ သူတို့ လိုက်လျော့နိုင်သမျှ စစ်ဆေးခွင့်ပေးပါတယ်။ သူတို့  စစ်ဆေးခွင့် မပြုလို တာကို စစ်ဆေးဖို့ တောင်းဆိုလာရင်တော့ နင့်ပဲငဆ ပြောဆိုနှင်ထုတ် ခဲ့တာကို တွေ့ ရပါတယ်။ နောက်မြောက်ကို ရီးယား ပြဿနာကို ကြည့်ရင်လဲ မာမာထန်ထန် တုံပြန်ခဲ့တာကို တွေ့ ရပါတယ်။ မြောက်ကိုရီးယား ဆိုရင်သူတို့ ကို ရပ်ဆိုင်းထားတဲ့ အကူအညီ ပြန်ပေး ဖို့  တစ်ခုထဲကိုပြောတာဖြစ်ပါတယ်။ လုံးဝဆွေးနွေး ညှိနှိုင်းတာမျိုး မလုပ်ခဲ့ပါဘူး။ မြောက်ကိုရီးယာက လက်နက်ထုတ်လုပ်မှုရပ် ဖို့  လုံးဝ အပြောမခံခဲ့ ပါဘူး။ ကျနော် တို့  ကံဆိုးချင်လို့  လားတော့မသိဘူး အဲဒီနှစ်နိုင်ငံလုံး ကို လုံခြုံရေးကောင်စီက စစ်ရေးအရ အရေးမယူခဲ့ပါဘူး။ လက်နက်အားကို တဲ့ စစ်အုပ်စု တွေဟာ များသောအားဖြင့် လက်နက်ကို ပဲ ဂရုစိုက်လေ့ ရှိပါတယ်။ မစ္စတာဂမ်ဘာရီ ကို သူတို့ တွေ့ စေချင်တဲ့ သူတွေနဲ့ သာပေးတွေ တယ်ဆိုတာ အီရန်ပုံစံ ခံစစ်ကို ကျင့်သုံးနေတာဖြစ်ပါတယ်။ ဗိုလ်ကျော်ဆန်း က ဂမ်ဘာရီ ကို "ခင်ဗျား အစီရင်ခံ ပြီးမှ ပိုတောင် ဆိုးလာတယ်၊ ခင်ဗျား မဟုတ်တာလုပ်လို့ဘဲ" လို့ ပြောတာ ကတော့ ပြုံးယမ်း စတိုင်လို့ ထင်ပါတယ်။ ဒါဟာ အီရတ်နဲ့ အတော်နီးလာ ပြီဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

လူညံ့လိုတွေတာ
နအဖ ဘာကို ရည်ရွယ်ပြီး ဘာတွေလုပ်တော့မယ် ဆိုတာတော့ သိသာနေပြီဖြစ်ပါတယ်။ အမျိုးသာရင်ကြားစေ့ရေး၊ လမ်းညွှန်းမြေပုံ၊ ဖွဲစည်းပုံအခြေခံဥပဒေ၊ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် စတာတွေနဲ့  မျက်လှည့်ပြလာတာတွေ လဲမနည်းတော့ပါဘူး။ စစ်မှန်တဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲ ဖြစ်လာဖို့ ဆိုတာလဲ လုံးဝမျှော်လင့်လို့ မရတဲ့ အနေ အထားပါ။ နိုင်ငံတကာ နဲ့ ပူပေါင်းဆောင်ရွက်ဖို့ လဲ မစ္စဂမ်ဘာရီ အနေနဲ့ ဗိုလ်ကျော်ဆန်း ကိုတောင် ပူးပေါင်းဆောင်ရွက်အောင် လုပ်သေးတာမဟုတ်ပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေ ထဲ ကလည်း အပြင်ရောက်ရင် လူထူကို ဆွဲခေါ်နိုင်မဲ့ ခေါင်းဆောင်မှုပေးနိုင်မဲ့ ၈၈ မျိုးဆက်က ခေါင်းဆောင်တွေကို တစ်ယောက်မှ လွတ်ပေးချင်းမရှိသေးပါဘူး။ သူတို့ ခေါင်းတည်းပြီး ဆွေးနွေးဖို့ ခေါ်တဲ့ အန်တီစုကိုတောင် နေအိမ်အကျယ်ချုပ်ဖြုတ်မပေးသေးပါဘူး။ အဲဒီတော့ ကျနော်တို့ ဘက်က စစ်အုပ်စုရဲ့ ခြေခံဥပဒေကို လက်မခံဘူး။ မရိုးသားတဲ့ တဘက်စီးဆန်တဲ့ တွေ့ ဆုံဆွေးနွေးပွဲကို လက်မခံဘူး။ နိုင်ငံရေး အကျဉ်းသားတွေကိုလွတ်မပေးသေး သမျှ စစ်မှန်တဲ့ ရင်ကြားစေ့ရေးကို အကောင်ထည်ဖော်နိုင်မှာ မဟုတ်ဘူးဆိုတာလက်ခံထားကြ ပြီးဖြစ်ပါတယ်။ စစ်အုပ်စု က လဲ လက်ခံနိုင်ဖွယ် မရှိတဲ့ ဆွေးနွေးပွဲ နဲ့  ဖွဲ့ စည်းပုံ အခြေခံဥပဒေ ကို ချပေးပြီး သူတို့ ကြီးမားတဲ့ မေတ္တာစေတနာ ဗရပွနဲ့ ကမ်းလှမ်းမှုကို အတိုက်အခံဘက်က မပူးပေါင်းတဲ့ အတွက် တိုးတက်မှုမရှိတာပါ ဆိုတဲ့ အကွက်ကို ဖန်တီးနေတာပါ။ ကျနော်တို့  ဘက်က ငြင်စရာရှိတာကို ငြင်းချက်ထုတ်လိုက် ပါပြီ။ ဒါပေမဲ့ ငြင်းချက်ထုတ်ပြီး ရပ်နေလို့  ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ရှေဆက်ပြီးဘာဆက်လုပ်မလဲ ဆိုတာကို တော့ စနစ်တကျ ပြင်ဆင်ထား ဖို့ ကောင်းပါပြီ။ လူထုတိုက်ပွဲဖော်ဆောင်တယ် ဆိုတာလဲ ခေါင်းတွဲ မရှိတဲ့ ရထားလို မဖြစ်သင့်တော့ပါဘူး။ နောက်တစ်ခုက အန်ကယ်တွမ် (Uncle Tom) နဲ့ သူ့  သူငယ်ချင်းတွေ အလည်လာဖို့  ဆိုတာလဲ သူတို့ ခြေခင်းလက်ခင်းသာမှ သာဖြစ်လာနိုင်မဲ့ ကိစ္စဆိုတာ လူထုကို သိအောင်လုပ်ပေး ထားသင့်ပါတယ်။ ဘယ်တုန်းကမှ နာမည်ထပ်တူ မကျဘူးခဲ့တဲ့ တပ်ပေါင်းစု (အဖွဲ့ အစည်းပေါင်းစုံ) ညီညွတ်ရေး ဆိုတာကို မြင်ကြည့်ချင် ပါသေးတယ်။

မိုးထက်နေ

ပြည်သူ့သဘောထား - ၂

ဗိုလ်သန်းရွှေတပ်ချုပ်ကြီးဖြစ်ပြီးနောက်ပိုင်းသူ့မွေးရပ်မြေကျောက်ဆည်မြို့ကိုအလည် အပတ်သွားရင်ငယ်ပေါင်းကြီးဖေါ်သူငယ်ချင်းနှစ်ယောက်ကိုတွေ့ချင်လို့ဆိုပြီး အခေါ်လွတ် လိုက်ပါတယ်။ ဘော်ဘော်တွေလည်းရောက်လာရော တပ်ချုပ်ကြီးက အဆင်ပြေကြလား ဘာလား ညာလား မေးရင်း သူ့ရဲ့ငယ်ပေါင်းကြီးဖေါ်တွေကိုကူညီလိုတဲ့အကြောင်း လိုအပ်တာရှိရင်တောင်းဆိုနိုင်ကြောင်းမိန့်ပါသတဲ့။ဒါနဲ့ သူငယ်ချင်းတစ်ယောက်က ခြံဝင်းခပ်ကျယ်ကျယ်..တိုက်တစ်လုံးနဲ့စီးဖို့ကားလေးတစ်စီးလောက်ဆိုသူ့အတွက် လုံလောက်ပါပြီဆိုတော့ ဗိုလ်သန်းရွှေကလဲ လိုရာဆန္ဒပြည့်စေပေါ့။ အဲ့ဒီသူငယ်ချင်းလဲ ခြံကျယ်ဝင်းကျယ် တိုက်လေးတစ်လုံးနဲ့စီးစရာကားလေးနဲ့ဟန်ကျသွားပါတယ်။
နောက်သူငယ်ချင်းတစ်ယောက်ကတော့ "ငါ့ကိုတော့ကွာ မင်းနဲ့ဂိုက်တူဆိုက်တူ ပုံတူရုပ်တုတစ်ခု လက်ဆောင်ပေး" ပါဆိုပြီးတောင်းပါသတဲ့။ ဗိုလ်သန်းရွှေ ဘာပါလိမ့်လို့ အူကြောင်ကြောင်တော့ဖြစ်သွားတာပေါ့လေ။ ဝမ်းထဲကတော့ ငွေးကြေးအခွင့် အရေးထဲကို ငါ့ကိုကြည်ညိုရှာတယ် ဆိုတဲ့အတွေးနဲ ကြေနပ်လို့ ပေါ့။ ဒီသူငယ်ချင်းလည်းလို ရာဆန္ဒ ပြည့်စေပေါ့။
ဒီလိုနဲ့တပ်ချုပ်ကြီးလည်း နိုင်ငံတစ်ဝန်းမှာ လိုအပ်သည်များကိုမှာစားလိုက်၊ ဆက်ကြေး လိုက်စုလိုက် နေလာလိုက်တာ ကျောက်ဆည်လည်းမပြန်ဖြစ်သူငယ်ချင်းတွေလည်းမတွေ့ဖြစ် နဲ့ တစ်ရက်မှာတော့ ငါ့သူငယ်ချင်းတွေအဆင်ပြေကြရဲ့လား အခြေအနေသိအောင် သူတို့ဆီသွားလည်ဦးမှပဲဆိုပြီး ပထမသူငယ်ချင်းအိမ်ကိုသွားလည်တော့
"အေးကွာ မင်းအကူအညီပေးခါစတုန်းကတော့အဆင်ပြေပါတယ် အခုတော့ ကုန်ဈေးနှုန်းတွေတက် ၀င်ငွေကနည်း ကားလေးကလည်း ဈေးကောင်ရတုန်းရောင်းလိုက် လို့ မရှိတော့ဘူး။ ခြံကလည်း တစ်ဝက်ခွဲရောင်းလိုက်ရပြီ ။ အိမ်ကလည်းမြင်တဲ့အတိုင်းပဲ အခွံပဲကျန်တော့တယ်"
လို့ ညည်းပါတယ်။ ဒါနဲ့ တပ်ချုပ်ကြီးလည်း သူတိုက်တွေကားတွေပေးထားတဲ့ကောင်တောင် ဒီလောက်ဒုတ်ခရောက်နေတာ ဟိုအကောင်တော့ဘယ်လိုနေမယ်မသိဘူးဆိုပြီး။ ဒါပေမဲ့ ဟိုကောင်ကတော့ ငါ့ကိုကြည်ညိုတဲ့ သူဆိုတော့ ထပ်ပေးသင့်ရင် ပေးရမှာပဲ လို့ တွေးရင်း သူ့ရဲ့နောက်ဘော်ဒါဆီထွက်ခဲ့သတဲ့။သူ့သူငယ်ချင်း ရှိတဲ့ ရပ်ကွက်လည်းရောက်ရော လူတန်းရှည်ကြီးက သူ့သူငယ်ချင်းအိမ်သွားရာလမ်းတစ်လျှောက်စည်ကားနေပါတယ်။ သူလာမယ်သတင်းကြားလို့ရပ်ကွက်ထဲက ပြည်သူတွေတန်းစီကြို ဆိုနေကြတာများလား လို့တောင် ထင်သွားပါသေးရဲ့။ သူငယ်ချင်းအိမ်လည်းရောက်ရော ခြံကလည်းကျယ် တိုက်ကလည်း သူ့ရဲ့နေပြည်တော်က ဆပ်ကြေးနန်းတော် ကြီးအလား လှမ်းတွေ့  လိုက်ရပါတယ်။ ခပ်လှမ်းလှမ်းမှာ ပြုံးရွှင်စွာထွက်လာတဲ့ သူ့ ဘော်ဒါကြီး နဲ့  နောက်ပါအခြွေအရံတွေကို တွေ့ လိုက်ရပါတယ်။ ဒါနဲ့တပ်ချုပ်ကြီးက

တပ်ချုပ်။ ။"မင်းကိုတွေ့ရတာ လန်းသကွာ ဘာဂွင်တွေ ဘယ်လိုရိုက်ပြီး စီးပွားဖြစ် နေတာလည်း"
သူငယ်ချင်း။ ။"မင်း..ဒီအိမ်ကိုလာတော့ လူတန်းရှည်ကြီးမတွေ့ခဲ့ဘူးလား"
တပ်ချုပ်။ ။"အေး..တွေ့တယ်လေ။ အဲ့ဒါဘာလုပ်နေကြတာလည်း။ ငါတို့ တပ်က ဦးပိုင်နဲ့အပြိုင် စားအုန်းဆီရောင်းနေတာလား"
သူငယ်ချင်း။ ။"မဟုတ်ပါဘူးကွာ။ သိချင်ရင် အဲ့ဒီလူတန်းအဆုံးကိုသွားကြည့်လိုက်"

ဒါနဲ့တပ်ချုပ်လည်းသိချင်ဇောနဲ့ လူတန်းအဆုံးဖက်လျှောက်ပြီးကြည့်လိုက်တော့မှ သူရဲ့ ရုပ်တု ကြီး ဘေးမှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ကိုတွေ့ လိုက်ပါတယ်။

ဗိုလ်သန်းရွှေ၏ကိုယ်ပွားရုပ်တု

တံတွေး ထွေး...............၁၀ိ/
ဖိနပ်နဲ့ရိုက်...................၂၀ိ/
သေးနဲ့ပန်း...................၅၀ိ/
xင်ချ ...................၁၀၀ိ/

ဗိုလ်သန်းရွှေ။ ။ "ဂိန်"

ငတိ

သာမန်လူလို တွေးခေါ်ခြင်း (၄)

ဆူး စူး၍ပင်
အပ်နဲ့ ထွင်
အသင်ဘာလုပ် ချင်သနည်း။ ။


မောင်သာရ


၁၉၅၆ ဒီဇင်ဘာ (၂) ရက်နေ့  မှာ သမိုင်းဝင် ဂါရမာ(The Granma) ဆိုတဲ့ ရွက်လှေတစ်စင်း ကျုးဘား ဆိပ်ကမ်းကို ကပ်ခဲ့တယ်။ ယုံကြည်ချက် တွေ ပြည့်သိပ်နေတဲ့ လူငယ်သူရဲ ကောင်း တွေ ကို တင်ဆောင်လာ တဲ့ ဂါရမာရွက်လှေ ဟာ ကမ္ဘာ့သမိုင်းမှာ အံ့သြလောက်တဲ့ လက်နက်ကိုင် တော်လှန်ရေး ရဲ့ တံဘိုးသံ ဖြစ်ပါတယ်။ စုစုပေါင်း လူ ၈၂ ယောက်ပါဝင်တဲ့ ပြောက်ကျား တပ်ဖွဲ့ ရဲ့ ခေါင်းဆောင် ဖြစ်သူ ဖီဒယ်ကက်စထရို ဟာ တော်လှန်ရေးစတင်ချိန် မှာ အသက် ၃၀ ကျော်ပဲ ရှိပါသေးတယ်။ ဥပဒေကျောင်းသားဟောင်း ဖြစ်တဲ့ ကက်စထရို ဟာ တရားဥပဒေ စိတ်သုဉ်းနေတဲ့ စစ်အာဏာရှင် ဘာတစ်စတာ အစိုးရကို အနုနည်းနဲ့ တော်လှန်ခဲ့ ရာ ကနေ မဖြစ်နိုင်တဲ့ အဆုံးမှာမှ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ သူဖြစ်ပါ တယ်။ သူရဲ့ ကမ္ဘာကျော် အဆိုအမိန့် ကတော့ “We will be free, or we will be martyrs” လို့ မှတ်ထားဖူးပါတယ်။ သေမြေကြီးရှင်ရွှေထီး ဆိုတဲ့ စိတ်ကို အရင်တည်ပြီး သူတို့  ရွက်လွင့်ခဲ့ ကြပါတယ်။

စကတည်းက ယဉ်သကို
တကယ်တမ်း စစ်အာဏာရှင်ကို ဖြုတ်ချမဲ့ ပြောက်ကျားတပ်ဖွဲ့ ဟာ ယောင်္ကျား၊မိန်းမ စစ်သည် စုစုပေါင်း ၁၀၀ ဝန်းကျင်သာပါဝင်ပါတယ်။ တချို့ သမိုင်းစာအုပ်တွေမှ ၈၂ ယောက်ဖြစ်ပြီး၊ တချို့ သမိုင်းစာအုပ်တွေ က ၁၂၃ ယောက်လို့ ဖော်ပြပါတယ်။ မည်သို့ ပင်ဖြစ်စေ တိုင်ပြည် တစ်ခုရဲ့ စစ်တပ်ကို အံတုမဲ့တော်လှန်ရေး အင်အားဟာ စစ်တပ်ရဲ့ တပ်ရင်းတစ်ခုစာ မရှိတာ သေချာပါတယ်။ နောက်တစ်ချက်က ဂါရမာရွက်လှေ ကမ်းတက်ပြီး ၂၄ နာရီ မပြည့်ခင်မှာပဲ ဘာတစ်စတာရဲ စစ်တပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့ပြီး ဖီဒယ်ကက်စထရို ၊ ချေဂွေဗားရား ၊ နဲ့  ရော့ကက်စထရို အပါအဝင် လူပေါင်းတစ်ဒါဇင်ခန့် သာထွက်ပြေး လွတ်မြောက်ရှောင်တိမ်းနိုင် ခဲ့ပါတယ်။ ဘယ်လိုမှ မျှော်လင့်ချက်ထားနိုင်စရာ အခြေအနေ မဟုတ်ခဲ့တာသေချာပါတယ်။ မရှိတဲ့အင်အားထဲကမှ ၉၀ ရာခိုင်းနှုန်းလောက် ကျဆုံးသွားတဲ့ သဘောပါ။ တော်ယုံစိတ်ဓာတ် ကြံ့ခိုင်မှုမျိုးနဲ့ ဆိုရင် နောက်ပြန်လှည့်ရမဲ့ အခြေအနေမျိုးပါ။

လူသုံးမျိုးတော့ရှိမှာပဲ
ကျနော်တို့ ကမ္ဘာမှာ အာဏာရှင်ပေါင်း များစွာပေါ်ပေါက်ခဲ့ ဖူးပါတယ်။ ဒီအာဏာရှင်တွေကို ဆန့် ကျင်တဲ့ တော်လှန်ရေးတွေ လဲ အကြိမ်ပေါင်းများစွာပေါ်ပေါက်ဖူးပါတယ်။ ဒါပေမဲ့ အာဏာရှင် စနစ်နဲ့ အုပ်ချုပ်ခံရတဲ့ တိုင်းပြည်တိုင်းက ပြည်သူတိုင်းဟာ အာဏာရှင် စနစ်ကို မဆန်ကျင်ကြပါဘူး။ ယေဘုယျတွေကြည့်ရင် လူသုံးမျိုးသုံးစား ပါဝင်နေတာကိုတွေ့ ရပါတယ်။ အာဏာရှင်ဘက်တော်သား၊ တော်လှန်ရေးဘက်သား နဲ့ ဘယ်ဘက်မှ မပါတဲ့ လူတန်းစား သုံးမျိုး ကို တွေ့ နိုင်ပါတယ်။ နောက်တစ်ချက်က ကျနော်တို့ လူသားတွေရဲ့ အရင်းခံစိတ်ဓာတ် က သွေးထွက်သံယို မှုကို မုန်းတီးပါတယ်။ ကျူးဘားတော်လှန်ရေး ခြေပြုရာဖြစ်တဲ့ ကျူးဘား အနောက်တောင်ဘက် အပိုင်းမှာ နေထိုင်သူအများစု က အာဏာရှင်လက်တံဝေးရာ ဖြစ်ပါတယ်။ ပြောက်ကျားတပ်သားတွေ အပေါ် သူတို့ သဘောထားက လှိုက်လှိုက်လှဲလှဲ မဟုတ်ပါဘူး။ အစပိုင်းမှာ ရိက္ခာအခက်အခဲ နဲ့ လူထုနဲ့ အဆက်ပြတ်တဲ့ အခက်အခဲကို ရင်ဆိုင် ခဲ့ရပါတယ်။ ကျူးဘားမှာ အပေါဆုံးဖြစ်တဲ့ ကြံကိုပဲ ပင်မရိက္ခာအဖြစ်နဲ့ စားပြီးတော်လှန်ရေး အစပိုင်းကို ဖြတ်သန်းခဲ့ရတာပါ။

လူထုစစ်ပွဲ
ဖီဒယ် ကက်စထရို(Fidel Castro)၊အာနက်စတို ချေဂွေဗားရား (Ernesto Che Guevara) နဲ့ ရော့ကက်စထရို (Raul Castro) ခေါင်းဆောင်တဲ့ ပြောက်ကျားတပ်သားတွေ ဟာ လူထုစည်းရုံးရေး၊ တပ်သားသစ်စုဆောင်းရေး နဲ့  ရံပုံငွေရရှိရေး ကို စစ်ပွဲတွေတိုက်နေရင်းနဲ့ ပဲ ဟန်ချက်ညီညီလုပ်ဆောင်သွား နိုင်ခဲ့ပါတယ်။ တကယ်တော့ ကျူဘားပြောက်ကျား ရဲဘော်တွေ ရဲ့ တိုက်ပွဲဟာ ယုံကြည်ချက်တစ်ခုထဲပေါ်မှာ အရင်းခံပြီးစတင်ခဲ့တာဖြစ်ပါတယ်။ ငွေကြေးအင်အား၊ လက်နက်အင်အား၊ လူအင်အား အနေနဲ့ တွက်မယ်ဆိုရင် အားရစရာ တစ်ချက်ကလေးမှ မတွေ့  ရပါဘူး။

လူထုစည်းရုံးရေး
တိုင်းပြည်တစ်ပြည်ရဲ့ ပိုင်နက်အတွင်းမှာ ဖြစ်တဲ့ စစ်ပွဲ အမျိုးအစား အဓိကအားဖြင့် နှစ်မျိုးရှိ ပါတယ်။ နယ်ချဲ့ ကိုတွန်းလှန်တဲ့ စစ်ပွဲနဲ့ ၊ ပြည်တွင်းမှာနေထိုင်ကြတဲ့ တိုင်းရင်းသားအချင်းချင်း ဖြစ်တဲ့ စစ်ပွဲတွေဖြစ်ပါတယ်။ နယ်ချဲ့ ကို တွန်းလှန်တဲ့ စစ်ပွဲတွေမှာတော့ လူတိုင်းနီးပါ တက်ကြွစွာပါဝင် တိုက်ခိုက်ဖို့ ဝန်မလေးပေးမဲ့ ပြည်တွင်းအာဏာရှင်ကို ဖြုတ်ချတဲ့စစ်ပွဲမျိုး မှာတော့ တွေဝေလေ့ရှိပါတယ်။ လူမျိုးအချင်းချင်းဆိုတဲ့ အသိရယ်၊ ပြည်တွင်းစစ်ဖြစ်ရင်ကြား ထဲက တိုင်းပြည်နာမယ် ဆိုတဲ့ အသိရယ်ကြောင့် ပြည်တွင်းစစ်ကို နိုင်ငံတော်တော်များများက ပြည်သူတွေ က မနှစ်မျို့ ကြပါဘူး။ စစ်ဖြစ်တာချင်းတူပေမဲ့ လူမျိုးခြားကို တွန်းလှန်တာဟာ လုပ်သင့်လုပ်ထိုက်၊ တိုင်ပြည်နစ်နာမယ် ဆိုရင်လဲ ကိုယ်ပိုင်လွတ်လပ်ရေး နဲ့ အုပ်ချုပ်ခွင့် ရဖို့  အနာခံထိုက်တယ် ဆိုတဲ့ အသိနဲ့ ကြည့်ကြပါတယ်။ အာဏာရှင်ကို တွန်းလှန်တဲ့နေရာမှာ တော့ လူမျိုးတူတစ်နိုင်ငံထဲ သားတွေအေးအေးဆေးဆေးဖြေရှင် ယူနိုင်တယ်ဆိုတယ် လက်နက်ကိုင် စစ်ပွဲဟာတိုင်ပြည်နာမယ်၊ လူထုနစ်နာမယ်ဆိုတဲ့ အတွေးဟာ သာမန်လူတွေ မှာတင်မဟုတ်ပဲ အာဏာရှင်ကို ဖြုတ်ချရမယ်ဆိုတဲ့လူတွေ ရဲ့ အသိမှာပါစွဲထင်နေလေ့ ရှိပါတယ်။ တကယ်တမ်းလည်း သူဘက်ကို့ ဘက် လက်နက်ကိုင်တိုက်ခိုက်တဲနေရာမှာ ငွေကြေးရုပ်ဝတ္ထုနဲ့  အသက်ပေါင်းများစွာ စတေးရတာလဲ ဘယ်လိုစစ်ပွဲမျိုးမှာဖြစ်ဖြစ်တွေ့  ရမှာဖြစ်ပါတယ်။ အာဏာရှင်ရဲ့ ဖိနှိပ်မှုအောက်မှာ အချိန်တွေအကုန်ခံ၊ လူအခွင့်အရေး အဆုံးပါးခံ စတဲ့ သေမရရှင်မရ အခြေအနေကို အဆုံးသတ်ဖို့  လက်နက်ကိုင်တိုက်ပွဲ ဝင်ရတယ် ဆိုတဲ့ အကြောင်း လူထုကို ပညာပေးဖို့ လိုပါတယ်။ ကျူဘားတော်လှန်ရေး အောင်မြင်မှုရဲ့ သော့ချက်တစ်ခု ဖြစ်တဲ့ ဒီအချက်ကို ပြောက်ကျားစစ်သည် တွေ အောင်အောင်မြင်မြင်ထမ်းဆောင်နိုင်ခဲ့ပါတယ်။ လူတစ်ယောက်ချင်း စည်းရုံးရေး ကနေ ပျောက်ကြားတပ်ဖွဲ့ ရဲ့ အာဘော်တွေကို ထုတ်လွင့် ဖို့ ကိုယ်ပိုင်အသံလွှင့် ဌာနကို တိုက်ပွဲ တွေကြားထဲမှာပဲ ထူထောင်နိုင်ခဲ့တယ်။ လူထုကို ပညာပေးစည်းရုံးနိုင်ခဲ့တယ်။

တပ်သားသစ်စုဆောင်းရေ
တပ်သားသစ်စုဆောင်း တယ်ဆိုတာ ပြောတာလွယ်သလောက် လုပ်ဖို့ ခက်တယ်။ အာဏာလက်ရှိ စစ်တပ်တစ်ခု အတွက် စုဆောင်းစရာ နည်းလမ်းပေါင်းများစွာ ရှိပေမဲ့ လက်ရှိ အာဏာလက်မဲ့တပ်တစ်ခုထည်း ကို အသက်စွန့် ပြီးဝင်လာမဲ့ သူဆိုတာ အရေအတွက် အနည်းငယ်ပဲ ရှိပါလိမ့်မယ်။ စစ်ပွဲအောင်မြင်ခါနီးရင် တော့တစ်မျိုးပေါ့။ လူဆိုတာ ကိုယ့်အသက် စွန့် ရမဲ့ ကိစ္စကို တတ်နိုင်သမျှ ရှောင်ချင်တဲ့ အတ္တဆိုတာတော့ ရှိကြတာပါပဲ။ နောက်ဆုံးမဖြစ်မနေ ရွေးရမယ် ဆိုရင်တောင် သာတဲ့ဘက်ကနေမယ်ဆိုတဲ့ အတွေးမျိုး ရှိမှာပါ ပဲ။ သာမန်လူအများစု အတွက် အသက်စွန့် တိုက်ပွဲဝင်ဖို့ ဆိုတာက တော်တော်ခဲယင်းတဲ့ ဆုံးဖြတ်မှုပါ။ နောက် တော်လှန်ရေးမအောင်မြင်မခြင်း မုတ်ဆိတ်မရိတ်ဘူး ဆိုတဲ့ ခပ်ဆန်းဆန်း အတွေအခေါ်နဲ့  လူတစ်ဒါဇင်လောက်ရဲ့ နောက်ကို ဘယ်သူလိုက်ရဲ မလဲ။ အဲဒီအခက်အခဲ ကို လဲ နိုင်ငံတစ်ကာတော်လှန်ရေး သမားဖြစ်တဲ့ အာဂျင်တီးနားသား ချေဂွေဗားရား နဲ့  ကမ်မဲလ်လို(Camilo) ရိုက်ချိုးပစ်နိုင်တယ်။ အင်အားကို စိတ်ဓာတ်လုပ်ရည် ကိုင်ရည်နဲ့  အနိုင်ယူပြခဲ့တယ်။ တိုက်ပွဲတိုင်း နီးပါ အနိုင်ရအောင်တိုက်နိုင်ခဲ့တယ်။ လက်နက်ကိုင် နယ်မြေ (Arms Area) ချဲ့ ယူနိုင်ခဲ့တယ်။နယ်မြေတွေ တိုးချဲ့ သိမ်းပိုက်လာ နိုင်တာနဲ့ အမျှ ရန်သူ ငွေကြေး၊ ရန်သူရိက္ခာဆေးဝါး နဲ့  ရန်သူလက်နက်တွေပါ တော်လှန်ရေး အတွက် သိမ်းယူနိုင်ခဲ့တယ်။ လူထုရဲ့ စိတ်ဓါတ်အင်အားနဲ့ ယုံကြည်ကိုးစား စိတ်ကိုလဲ ပိုပြီး ခိုင်မာလာစေပါတယ်။

ရံပုံငွေရရှိရေး
လက်နက်ကိုင်တော်လှန်ရေး မှာဖြစ်ဖြစ်၊ လူထုတိုက်ပွဲ မှာဖြစ်ဖြစ် ရေရှည်တိုက်ပွဲ ဝင်နိုင်ဖို့  အတွက် ငွေကြေးဟာ အတိုင်းအတာတစ်ခုထိအရေး ကြီးပါတယ်။ ရံပုံငွေရှာတဲ့နေရာမှာ နှောင်ကြိုးမဲ့ ရံပုံငွေ မဖြစ်ဖို့ ကလဲ အင်မတန်အရေးကြီးပါတယ်။ အာဏာရှင်ရဲ့ ဖိနှိပ်ဗိုလ်ကျ မှုကို ခံစားနေရတဲ့လူထု မှာလဲ ထိရောက်တဲ့ အတိုင်းအတာ လုံလောက်အောင်ကူ ညီနိုင်ဖို့  အခွင့်အရေး အင်မတန်နည်းပါတယ်။ ဒီအတွက် ပြည်ပနိုင်ငံရောက် မိမိနိုင်ငံသား သူဌေးတွေ အမှန်တရားမြတ်နိုးတဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ ပြည်ပနိုင်ငံကြီးတွေ ရဲ့ အကူအညီကို တစ်နည်း မဟုတ်တနည်း နဲ့ ရယူရပါတယ်။ ငွေကြေးအကူအညီ လက်နက်အကူ အညီပေးဖို့ ဆိုတာလဲ အကျိုးမဲ့တော့ ဘယ်နိုင်ငံကမှ ပေးမယ်လို့ မျှော်လင့်နိုင်စရာမရှိပါဘူး။ အဲဒီခေတ်က တောင်အမေရိက နိုင်ငံအများစု မှာလဲ အာဏာရှင်ကိုယ်စီနီးပါ ရှိနေတဲ့ အတွက် အိမ်နည်းချင်း နိုင်ငံတွေရဲ့ အကူအညီကို မျှော်လင့်နိုင်စရာမရှိပါဘူး။ ဒုတိယ ကမ္ဘာစစ်ရဲ့ လက်ဆောင် နာဇီလူထွက်တွေ တောင်အမေရိကနိုင်ငံတွေမှာ မှာ တဖွဲဖွဲခိုလုံဝင်ရောက်နေတဲ့ ကာလဖြစ်တဲ့ အတွက် ဖြစ်ပါတယ်။ နောက်တစ်ချက် လက်ဝဲလက်ယာ အားပြိုင်မှုရှိနေတဲ့ အတွက် လက်ဝဲ ဝါဒီဖြစ်တဲ့ ကျူဘားတော်လှန်ရေး သမားတွေဘက်က မားမားမတ်မတ်ကူညီပေးမဲ့ လူမရှိပါဘူး။ ဘာတစ်စတာ ဘက်ကို တော့ အမေရိကန်ပြည်ထောင်စုက တရားဝင်ရော၊ တရားမဝင်ရော အကူအညီပေးရပ်တည်ပေးနေပြီး၊ အဲဒီလက်ဝဲ ဦးဆောင်နိုင်ငံတွေ ဖြစ်တဲ့ ရုရှနဲ့ တရုတ်ကတော့ လက်ဝဲသြဇာ ပြိုင်ဆိုင်လို့ ကောင်းနေတုန်ဖြစ်ပါတယ်။ ထိရောက်တဲ့ အကူအညီ ပေါ်ပေါ်ထင်ထင်ပေးလေ့ မရှိပါဘူး။ ဝါဒနှောင်ကြိုးနဲ့ အကူအညီကို ကန့် သတ်လေ့ ရှိပါတယ်။ ပြောက်ကျား တော်လှန်ရေး အတွက် စစ်ပညာကို တောင် စပိန်ပြည်တွင်းစစ်ပြန်ဖြစ် တဲ့ အလ်ဘတ်တို ဘေးရိုး(Alberto Bayo ) က သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ ဒီလို ကျဉ်းထဲ ကျပ်ထဲ က အခြေအနေကို ကက်စထရို က ဦးဆောင်ကိုင်တွယ် ဖြေရှင်းပေးနိုင်ခဲ့ ပါတယ်။ တော်လှန်ရေးအတွက် ရန်ပုံငွေကို ကျူဘားလူမျိုး ပြည်ပရောက် စီးပွာရေးလုပ်ငန်းရှင်တွေထံ ကနေ ရယူနိုင်ခံပါတယ်။

၁၉၅၃-၁၉၅၉
တော်လှန်ရေး စတင်တဲ့ ၁၉၅၃ ကနေ ပြီး ၆ နှစ်အတွင်း ကျူးဘားနိုင်ငံကို အာဏာရှင် လက်ထဲက ကယ်တင်နိုင်ခဲ့ပါတယ်။ စနစ်တကျ တော်လှန်တာဖြစ်တဲ့ ဂါမာရွက်လှေ ကျူဘား ကမ်းခြေကပ်တဲ့ အချိန်ကနေတွက်ရင် ၂ နှစ်ပိုပိုလေးပဲ ကြာပါတယ်။ ဒါဟာ လက်နက်ကိုင် တော်လှန်ရေးပေါ်မှာ အခြေခံပြီး ပါးပါးနပ်နပ်လုပ်ကိုင်သွား နိုင်တဲ့ အတွက်ကြောင့်ပါ။ တညီတညွတ်ထဲ အမိန့် တစ်ခုထဲအောက်မှာ လုပ်ဆောင်နိုင်ခဲ့ တာကိုလဲ မေးထားလို့ မရပါ။ လက်နက်ကိုင်တော်လှန်ရေး ကို လူထုနဲ့ တစ်သားတည်းကျအောင် လုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။ စနစ်တကျ ရှိတဲ့ တော်လှန်ရေး အစီအမံကို ဟန်ချက်ညီညီနဲ့  အသုံးချလုပ်ကြံနိုင် ခဲ့တဲ့ အတွက် အချိန်တို ကာလအတွင်း အောင်မြင်မှုကြီးကြီးမာမာ ရနိုင်ခဲ့တာဖြစ်ပါတယ်။

ကျနော်တို့ တော်လှန်ရေး
ကျနော်တို့ နိုင်ငံတော်လှန်ရေး နဲ့ ပတ်သက်လို့ ကျနော် ကြားသိနေရသလောက်တော့ အများစု က လက်နက်ကိုင်တော်လှန်ရေးကို လက်မခံကြဘူး။ လက်နက်ကိုင်တော်လှန်ရေး ကို အကြမ်းဖက်ရေးလို့ မြင်တယ်။ ဒီနေခေတ်မစားတော့ဘူး လို့ တွေးကြပြောဆိုကြတယ်။ ဒါပေမဲ့ ကျနော့အမြင်တော့ လက်နက်တွေတကားကားနဲ့ ငါတကောကောနေတဲ့ အာဏာရူး တစ်စုကို ဘယ်လို အကြမ်းမဖက်နည်းနဲ့ ဖြုတ်ချလို့ ရမလဲ ရှာမတွေ့ သေးဘူး။ လက်နက်ကိုင်တော်လှန်ရေး ဆိုတာ အကြမ်းဖက်ရေးမဟုတ်ပါဘူး။ လက်နက်ကိုင် ထားတဲ့ လူအများစု ဟာ လက်နက်ကိုင်ထားတဲ့လူကိုပဲကြောက်တာပါ။ လက်နက်ကိုင်ထားတဲ့ လူကို မခံနိုင်လွန်းလို့ လက်နက်နဲ့ တုံ့ ပြန်တာနဲ့  အကြမ်းဖက်လှုပ်ရှားမှုနဲ့ အဓိပ္ပါယ်တော်တော် ခြားနားပါတယ်။ နောက်ဆုံးစက်တင်ဘာ အရေးအခင်မှာ အကြမ်းမဖက်တိုက်ပွဲဝင်တဲ့ ပြည်သူ တွေ အပေါ်ဘယ်လို တုံ့ ပြန်သွာလဲ ဆိုတာလဲ အားလုံးတွေ့ မြင်ပြီးဖြစ်ပါတယ်။ ဆက်ပြီးလက် မိုက်မဲ လာဖို့ အသင့်ရှိတဲ့ အနေအထားကို လဲတွေ့ ရပါတယ်။ နိုင်ငံတကာကို လဲ ဂရုပြုမဲ့ အနေအထား လုံးဝမတွေ ရပါဘူး။ ကျားသနားမှ နွားချမ်းသာရရမယ် ဆိုတဲ့ အတွေးနဲ့ ပဲနေရ တော့မှာလား။ တကယ်သနားတတ်မဲ့ ကျားဆိုရင်တော့ ဒီလောက်နှစ်ရှည်လများ နွားဂုတ်ကို ခဲထားမယ် မထင်ပါဘူး။

လူညံ့စိတ်ကူး
တကယ်တော့ ကျနော်ကလက်နက်ကိုင်တော်လှန်ရေး ကို တလျှောက်လုံး ဆန့် ကျင်ခဲ့ တာပါ။ ကျနော် စက်တင်ဘာမတိုင်ခင်က ရေးထားတဲ့ သာမန်လူလို တွေးခေါ်ခြင်း (၁) မှာလဲ ကျနော် လက်နိုင်ကိုင်တော်လှန်ရေး ကို ဆန့် ကျင်ကြောင်းရေးထားခဲ့ ပါတယ်။ အကြမ်းဖက်မှုလို့  မြင်တဲ့ အတွက်မဟုတ်ပါဘူး။ ကျနော်ကိုတိုင်ကို က သွေးထွက်သံယိုမှုနဲ့ ပတ်သက်ရင် ကျနော် ကလဲ သူများကို နာအောင်မလုပ်ရဲ ပါဘူး။ သူများက ကျနော်ကိုနာအောင် လုပ်မှာလဲ အတတ်နိုင်ဆုံး ရှောင်ချင်တဲ့ စိတ်ရှိလို့ ပါ။ ဒါပေမဲ့ လောလောဆယ်တော့ လူမိုက်အလိုရှိသည် ဆိုတဲ့ ကြေငြာချက်မျိုးရေးချင်နေမိတယ်။ တစ်ခါတစ်ခါ လူလိမ္မာတွေ ကောင်းစားဖို့  လူမိုက် တွေ လိုနေလို့ လားလို့ တွေးမိပါတယ်။ ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေးကို အဓိကနေရာကထားပြီး လူထုတိုက်ပွဲတွေ၊ လူထုလုပ်ရှားမှုတွေနဲ့ ဝိုင်းရံခဲ့မယ်ဆိုရင် ကျနော်ဘဝမှာ ဆန္ဒမဲပေးဖူးလောက်ပြီထင်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး မှာတော့ အသက်တွေ၊ ပိုင်ဆိုင်မှု ဥစ္စာပစ္စည်းတွေ အများကြီးပို ရင်းရမှာပေါ့လေ။ ခုကျနော်တို့ ရင်းနေရ တဲ့ လူအခွင့်အရေး၊ ဘဝမလုံခြုံမှု၊ စီပွားရေးကြပ်တည်း မှု၊ ကျန်မာရေး မပြည့်စုံမှု၊ ပညာရေးနိမ့်ပါးမှုတွေ နဲ့ ချရေးပြလို့ မလောက်မဲ့ အဆိုးတရားတွေ ရဲ တန်ဖိုးနဲ့  လက်နက်ကိုင်တော်လှန်ရေးမှာ ရင်နှီးရမဲ့ တန်ဖိုးတွေကို ချိန်ထိုးတွက်ကြည့်ဖို့  တော့ ကျနော် ဥာဏ်မမှီဘူး ခင်ဗျ။


မိုးထက်နေ

ကျောင်းသာတပ်မတော် ၁၉ နှစ်မြောက်မွေးနေ့ အတွက် ရည်ရွယ်ပါတယ်ခင်ဗျာ။

ပြည်သူ့ သဘောထား

လောင်စာဆီ ဈေးနှုန်းမြင့်တက်ရာ ကစတင်လာတဲ့ ဆန္ဒပြပွဲတွေနဲ့  သံဃာကံဆောင်သပိတ်ကြီးကို အကြမ်းဖက်နှိမ်နင်း ပြီးတော့ နိုင်ငံတွင်းက ပြည်သူတွေရော နိုင်ငံတစ်ကာ အသိုင်းအဝိုင်း တွေကရော ရွံရှာ မုန်းတီးခြင်း ခံနေရတဲ့ ကျုပ်တို့ ရဲ့ ဘဝရှင်မင်းတြားရူးကြီး ဗိုလ်သန်းရွှေ ဟာ လူတွေရဲ ဂရုဏာ အကြင်နာခွတ်လွတ်မှုကို လိုချင်ရှာသတဲ့။

ဒါနဲ့ ဘဝရှင်မင်းတြားကြီးက ဒီလိုစဉ်းစားမိသတဲ့
"အင်း .... လူတစ်ယောက်သေဆုံးသွားပြီ ဆိုရင်တော့ လူတွေက သနားကြ အပြစ်တွေကို ခွင့်လွတ်ပြီး သတိရအောက်မေ့နေမှာပဲ"
ဒါနဲ့  ဗိုလ်သန်းရွှေ က သူ့ မိုက်ပြစ်တွေ အတွက် သူ့ ကိုသူ ဓါတ်ဆီလောင်းမီးရှို့ သတ်သေပြီး အပြစ်ပေးလိုက်ပြီလို့ ပေါကြောင်ကြောင် သတင်းလွင့်စေခဲ့တယ်။

ပြီးတော့တိုင်းသူပြည်သားတွေ ရဲ့ ပြည်သူ့ သဘောထားအမှန်ကို သိလိုတာကြောင့် လူကြီးလူကောင်းဟန်ဆောင်ပြီး အရပ်ဝတ်လေးနဲ့  လူထူကြားထဲ တိတ်တိတ်လေး ဝင်ပြီးတိုင်းခန်း လှည့်လည်တော်မူပါသတဲ့။

တစ်နေရာရောက်တော့ လူတွေ စုစု စုစု လုပ်နေကြတာတွေ့ လို့ စိတ်ဝင်စားပြီး အနားကိုသွားပြီး မေးပါတယ်။

ဘဝရှင်။ ။"ဟေ့ သူငယ်... လူတွေစုရုံး စုရုံးနဲ့ ဘာလုပ်နေကြတာလဲ"
လူငယ်။ ။ "အဘ..မသိဘူးလား .. ကျုပ်တို့ ဗိုလ်ချုပ်မှုးကြီး ဒီနေမနက်ကပဲ သူ့ ကိုသူ ဓါတ်ဆီလောင်း မီးရှို့ သတ်သေသွားပြီလေ။ အဲဒါကျန်ခဲ့ တဲ့ ကြိုင်ကြိုင်တို့  သန္ဒာရွှေ တို့ နဲ့  သူ့ ရဲ့ ဆွေမျိုးအသိုင်းအဝိုင်း အတွက် ကူညီဖို့ အလှုခံနေတာပါ"

အဲလိုလဲကြားလိုက်ရော ဗိုလ်သန်းရွှေက ဒီလိုဆိုတော့လည်း ပြည်သူပြည်သားတွေက ငါ့ရဲ့ ဆွေတော်မျိုးတော်တွေကို ချစ်ခင်ကြင်နာပါလား ဆိုပြီး ကြိတ်ကြည်နူးနေလေရဲ့ ။အဲဒါနဲ့  ဆက်ပြီး

ဘဝရှင်။ ။"နို့ ...မင်းတို့ အလှုခံတာ ထည့်ရောထည့်ကြရဲ့ လား"
လူငယ်။ ။"ဟာ.. ဘာပြောကောင်းမလဲ အဘရာ.. ပြည်သူတွေ လှုကြတာများ.. ခုမနက်ပိုင်းလေးတင် ဂါလံတစ်ရာကျော် ရပြီ"
ဘဝရှင်။ ။"ဂိန်"


ငတိ

သူငယ်ချင်းတစ်ယောက်ရေး ပို့ လိုက်တာပါ။ မူရင်း ရုရှားဟသ တစ်ပုဒ်ကို ဘာသာပြန်မှီးထားခြင်းဖြစ်ပါတယ်။

သာမန်လူလို တွေးခေါ်ခြင်း (၃)

စက်တင်ဘာလူထုတိုက်ပွဲ တွေပြီးတာ ခုဆို ၁လစွန်းစွန်းရှိခဲ့ပါပြီ။ လက်ရှိလဲ နောင်ထပ်လှိုင်း လုံးတွေ တလိပ်လိပ်တက်နေတဲ့ သတင်းတွေလဲ ကျနော်တို့ ကြားနေရပါတယ်။ လူတိုင်းပြော နေတဲ့ အတိုင်း ဒီတစ်ကြိမ် လူထုတိုက်ပွဲက ၈၈ အရေးတော်ပုံရဲ့ ဒုတိယပိုင်းနဲ့ နောက်ဆုံး အပိုင်းဖြစ်တယ်ဆိုတာလည်း သေချာပါတယ်။ အားတက်စရာကောင်းတဲ့ အချက်တွေက စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖြိုခွင်းမှုတွေက ကျနော်တို့ ပြည်သူလူထုရဲ့  တော်လှန်ရေးစိတ်ဓာတ်ကို လုံးဝဒုက္ခမပေးနိုင်၊ ရိုက်လဲဖို့ မတတ်နိုင်ဘူးဆိုတာပါပဲ။ တစ်ဘက် က စစ်အာဏာရှင်တွေ ဘက်မှာလဲ ၁၉ နှစ်လုံးလုံး မှာ အဖက်ဖက်က အဆိုးဆုံးအခြေအနေ ကို ရင်ဆိုင်နေရတယ်ဆိုတာလဲ သေချာပါတယ်။ ငွေကြေးဆိုင်ရာ ထိန်းချုပ်မှုတွေ၊ စီးပွားရေး ဆိုင်ရာ ထိန်းချုပ်မှုတွေ ဟာလဲ ထိထိရောက်ရောက် ဒုက္ခပေးနိုင်တာကို တွေ့ ရပါတယ်။

စစ်ဘုရင်ပွဲ
ယေဘူယျ အားဖြင့် စစ်ဘုရင်ပွဲ တစ်ပွဲကိုသေချာထိုင်ကြည့်ရင် ပထမပိုင်းရွှေ့ တဲ့အကွက်တွေ ထက် နောက်ပိုင်း ရွှေ့ ရတဲ့ အကွက်တွေ က ပွဲအနိုင်အရှုံးကို အဆုံးအဖြတ်ပေးတာတွေ့ ရ ပါတယ်။ End Game ကစားတဲနေရာမှာ စိတ်ရှည်တဲ့လူ၊ ပိုပြီးတွက်ချက်နိုင်တဲ့သူက အနိုင်ရ သွားလေ့ရှိပါတယ်။ သိပ်သွေးဆူတဲ့လူက အမှားတွေ့ တာများပါတယ်။ ရှေ့ ပိုင်းအကွက်မှား တွေကို ပွဲစဉ်တစ်ရှောက်လုံးကုစားလို့ ရပေမဲ့ ပွဲသိမ်းကစားနေတဲ့ အချိန်မှာ အကွက်အမှားရွှေ့  မိသွားရင် ကုစားလို့ လုံးဝမလွယ်တော့ပါဘူး။ ပွဲသိမ်းနီးလာလေ တစ်ဘက်နဲ့ တစ်ဘက် ပိုပြီး သတိထား ဂရုစိုက်ဖို့ လိုလာလေဖြစ်ပါတယ်။

လက်ဝဲလက်ယာရှိသေးလား
၁၉၉၁ ရုရှားကွဲ အပြီး မှာ လက်ဝဲ၊လက်ယာတိုက်ပွဲ စစ်အေးတိုက်ပွဲ ပြီးဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာဝါဒနှစ်ခု ကျဆုံးသွားတာမဟုတ်ဘူးလို့ ထင်ပါတယ်။ စစ်မျက်နှာတစ်ခု ချုပ်ငြိမ်းသွားခြင်း သာဖြစ် ပါတယ်။ အသွင်ပြောင်းသွားခြင်းသာ ဖြစ်ပါတယ်။ ပိုမိုသိမ်မွေ့ တဲ့ အတွေးအခေါ်နဲ့  လက်ဝဲရောလက်ယာပါ တည်ရှိနေပါသေးတယ်။ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မတူပေမဲ့ အရင်းရှင် လူတန်းစား၊ ဆင်းရဲသားလူတန်းစား ဆိုတာ ရှိနေသမျှလက်ဝဲ၊လက်ယာဆိုတာ ရှိနေပါလိမ့် ဦးမယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ ကျနော်တို့  ကမ္ဘာဟာပိုမို သိမ့်မွေ့ လာတယ်လို့ ပြောနိုင်ပါ တယ်။ ကမ္ဘာနဲ့ ချီပြီးဖြစ်ရမဲ့ စစ်ပွဲတွေကို ရှောင်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လူတန်းစား ကို ကိုယ်စားပြုလဲ ဆိုတာတော့ခုထိရှိနေတုန်းပါပဲ။ အရင်အတိုင်းပြန်မလာ နိုင်တော့ပေမဲ့ ဗဟုပုံစံနဲ့ လက်ဝဲဆန်တဲ့လမ်းကြောင်း၊ လက်ယာဆန်တဲ့လမ်းကြောင်းဆိုတာတော့ ရှိနေပါ လိမ့်ဦးမယ်။ ၁၉ရာစုဆင်းရဲသား လူတန်းစားနဲ့  ခုခေတ်ဆင်းရဲသားလူတန်းစာ ကိုတစ်တန်းထဲ မြင်လို့ မရပါဘူး။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ကမ္ဘာမှာ လက်ဝဲလက်ယာ ပြဿနာကတော့ ထပ်ဖြစ်လာတော့ မယ်မထင်ပါဘူး။ ခုခေတ်အရင်းရှင်တွေကလဲ ပိုမိုပျော့ပြောင်းလာ လို့ ပဲ ဖြစ်ပါတယ်။ လက်ဝဲဆိုတာလဲ ဘယ်သူနဲ့ မှ မဆက်ဆံဘူး တံခါးပိတ်ထားမယ်ဆိုတာမျိုး မဟုတ်တော့ပါဘူး။ကျနော် ခဏခဏတွေး မိတဲ့ မေးခွန်းတစ်ခုဆိုပါတော့။ စစ်တပ်က လက်ဝဲလား၊ လက်ယာ လား၊ ဆိုတဲ့ အတွေးပါ။ ကျနော်တို့  ကမ္ဘာ့သမိုင်းမှာ အာဏာရှင်တွေ အကြိမ်ကြိမ်ပေါ်ခဲ့ ဘူးပါတယ်။ တချို့ ကလက်ဝဲအာဏာရှင်ဖြစ်ပြီး၊ တစ်ချို့ ကလက်ယာ အာဏာရှင်တွေ ဖြစ်တာ ကိုတွေ့ ရပါတယ်။ ဒီကိစ္စကို တွေးစရာမလိုဘူးလို့ အများစုကတွေး လိမ့်မယ်။

ဘယ်လိုအာဏာရှင်လဲ
ကျနော် သေချာပြောနိုင်တဲ့ လက်ယာအာဏာရှင် ကတော့ ဟစ်တလာ ပါ။ လက်ဝဲအာဏာရှင် ကတော့ စတာလင်ကို ပဲလက်ညှိုးထိုး ပြဖို့ ရှိပါတယ်။ ဟစ်တလာ ဆိုရင်လဲ ကမ္ဘာအတွက် လူဆိုးဖြစ်ပေမဲ့ သူ့ ဂျာမန်ကောင်းစားရေးကို အခြေခံထားတဲ့ မျိုးချစ်စိတ်ပြင်းထန်လွန်းတဲ့ အတွက်အာဏာရှင်ဖြစ်သွားတယ်လို့ မြင်ပါတယ်။ စတာလင် ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ဆိုတာလဲ သူယုံကြည်ရာ ဝါဒအပေါ်မှာထားတဲ့ အတ္တကြောင့်လို့ မြင်ပါတယ်။ အာဏာကို မက်မောတဲ့ စိတ်ဓါတ်ပေါ်မှာတော့ အခြေခံတာပေါ့။ သူတို့ ကောင်းသည်ဖြစ်စေ မကောင်း သည်ဖြစ်စေ သူတို့ ဝါဒပေါ်မှာတော့ အစွန်းဆုံး သစ္စာထားသွားနိုင်တဲ့လူတွေလို့ ပြောလို့  ရပါတယ်။ အနည်းဆုံး ငါ့နိုင်ငံငါ့လူမျိုးဆိုတဲ့ စိတ်ဓါတ်ကိုတော့ တွေ့ နိုင်ပါတယ်။ ကျနော်တို့  တိုင်းပြည်ရဲ့ လက်ရှိ စစ်အာဏာရှင်တွေ ကတော့ ချပြစရာဘာဝါဒမှ ရှိမယ်မဟုတ်ပါဘူး။အာဏာတည်မြဲရေး အတွက်အထောက်အကူ ဖြစ်မယ့် ဝါဒတိုင်းရဲ့ ဆိုးကွက်တွေ ကို နအဖ ဆီမှာ လေ့လာလို့ ရပါတယ်။

လက်ယာလမ်းကြောင်း
စစ်အာဏာရှင်တွေ တလျှောက်လုံးရပ်တည်လာ တာ စီးပွားရေးလုပ်ငန်းရှင်၊ အရင်ရှင်တွေ နဲ့  အဆင်တပြေဖြစ်အောင်ပေါင်း သင်းမှုနဲ့ ပါ။ကျနော်တို့ နိုင်ငံရဲ့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်း ရှင် တွေရဲ့ နောက်မှာ အာဏာရှင်အသိုင်းအဝိုင်းထဲ က ဗိုလ်ချုပ်တစ်ယောက် ကိုတွေ့ နိုင်ပါ တယ်။ တနည်းအားဖြင့် အကျိုးစီးပွာတစ်ခုထဲ ဖြစ်အောင်လုပ်ယူလိုက်တာပါ။ လက်ကြီးစီးပွား ရေးလုပ်ငန်းရှင် တစ်ယောက်ကို ထိန်းချုပ်ပံပိုးပေးထားနိုင်တဲ့ အတွက်သူရဲ့ လုပ်ငန်းကလူ အများစုကို သွယ်ဝိုက်တဲ့နည်းနဲ့ ထိန်းချုပ်ထားနိုင်တယ်ဆို တဲ့ အချက်ကိုအသုံးချတဲ့သဘော ပါ။ လက်ကြီးစီးပွားရေးသမား တစ်ယောက်ကို မှီခိုနေထိုင်ရတဲ့လူတွေ ရဲ့ အရေအတွက် ဆိုတာကလည်း လုပ်ငန်းအကြီးအသေးအပေါ်မူတည် ပြီးအနည်းအများရှိပါတယ်။ ကံမ္မောဇ ဘဏ် ပိုင်ရှင် ဦးအောင်ကိုဝင်း ကို မွေးထားခြင်းအားဖြင့် တနိုင်ငံလုံးနီးနီးမှာရှိတဲ့ဘဏ်ဝန်ထမ်း တွေနဲ့ အိမ်ထောင်စုတွေကို အနည်းနဲ့ အများချုပ်ကိုင်ထားနိုင်တဲ့ သဘောမျိုးရှိပါတယ်။ သူတို့  တွေးလုံးကလည်း အနည်းနဲ့ အများတော့ထိရောက်ပါတယ်။ ကျနော်တို့ မြန်မာတိုင်းရင်းသား တွေက ကျေးဇူးတရား ဆိုတာကို အလွန်အကျွံသိတတ်တဲ့ အားနည်းချက်ရှိပါတယ်။ ကမ္မောဇ ဝန်းထမ်းတွေလဲ အာဏာရှင်ရဲ့ ဆိုးဝါးယုတ်မာမှုကို သတိမထားမိပဲနေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဦအောင်ကိုဝင်း ဟာ နအဖ ဒေါက်တိုင်တစ်ချောင်းဖြစ်တယ် ဆိုတာကို တွေးမိတဲ့ လူ က အနည်းစုပဲ ရှိမယ်ထင်ပါတယ်။ ဒီအချက်ကို တွေးမိတဲ့ နအဖဟာ လက်ယာလက်ကြောင်း ကို အခိုင်အမာရပ်တည်ထားတာ ကိုတွေရပါတယ်။ လက်ယာလမ်းကြောင်းရဲ့ ကောင်းတဲ့ အချက်တစ်ချက်တစ်လေကို အသုံးချတာကိုတော့ဒီနေထိမတွေ့ ရပါဘူးခင်ဗျာ။

လက်ဝဲလမ်းကြောင်း
ကွန်မြူနစ်စနစ်နဲ့ ကွန်မြူနစ်ဇင်တွေ ဟာ နအဖ ရဲ့ နံပါတ်တစ်ရန်သူတွေ အဖြစ်ဒီနေ့ အထိ ရှိနေဆဲဖြစ်ပါတယ်။ ကွန်မြူနစ်ဇင်ကို စစ်အစိုးရအဆက်ဆက် (တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖ) က အသည်းအသန်ဆန့် ကျင်ခဲ့ပါတယ်။ တန်ပြန်ဝါဒဖြန့် မူတွေလဲ အများကြီးလုပ်ဆောင်ခဲ့ပါတယ်။ ဒီနေ့ ဒီအချိန်အထိ ဘာမှန်းမသိတဲ့ နိုင်ငံရေးလှုပ်ရှားမှုတိုင်း ကို ကွန်မြူနစ်ပါတီကို ခေါင်းစဉ်တပ်တဲ့လေ့ရှိပါတယ်။ ဘာကြောင့်ကွန်မြူနစ်ဇင်ကို မုန်းတယ် ဆိုတာက လည်း အများစုဖြစ်တဲ့ ဆင်းရဲသားလူတန်းစားတွေ အတွက်ရပ်တည်တဲ့ ဝါဒဖြစ်တဲ့ အတွက်ကြောင့်ပဲဖြစ်ပါတယ်။ နောက်ကျနော်တို့ တိုင်းပြည်မှာက ဘယ်လောက်ကောင်းမွန် ပြည့်စုံတဲ့ စနစ်ဖြစ်ပါစေ ဘာသာရေးကို ထိခိုက်လာရင်လုံးဝ လက်ခံနိုင်ခြင်းမရှိပါဘူး။ သခင်သန်းထွန်းနောက်ဆုံးနေများ၊ ဇင်ချစ်နောက်ဆုံး ၂၊ ထို့ ကြောင့်ဤသို. စတဲ့ စာအုပ်တွေ နဲ့  ကွန်မြူနစ်ပါတီနဲ့ ကွန်မြူနစ်စနစ်ကို ဝါဒဖြန့် နှိပ်နင်းထားတာ လက်ရှိစစ်အာဏာရှင်တွေရဲ့  ခေါင်းကိုင်ဖခင်ကြီးလက်ထက်ကတည်းကပါ။ ဗိုလ်ချုပ်အောင်ဆန်း ကိုတိုင် အတွင်းရေးမှုးဖြစ် ဘူးတဲ့ ကွန်မြူနစ်ပါတီကို ကျနော်တို့ နိုင်ငံကလူအများစုရဲ့ အမြင်မှာ မိစ္ဆာဒိထိ ပါတီလို့ မြင် အောင်ဖန်တီ တာပါ။ လက်ရှိကျနော်တို့ နိုင်ငံက လူအများစု က ကွန်မြူနစ်ဆိုတဲ့ အသံကြား လိုက်တာ နဲ့  ဘာသာမဲ့၊ဖြုတ်ထုတ်သတ်ဆိုတာတွေနဲ့ တွဲမြင်နေ တာပါ။ ဒါပေမဲ့ လူဆင်းရဲ အလွှာကို ကိုယ်စားပြုနိုင်တဲ့ အမြတ်ကိုတော့ မရရအောင်ဖန်တီးယူသွားပါတယ်။ ကြက်ခြေနီ၊ အရံမီးသတ်၊ ကြံ့ဖွတ်၊ စွမ်းအားရှင်အဖွဲတွေကို ဖွဲ့ စည်းတာကို ကြည့်ရင်သိနိုင်ပါတယ်။ အဲလို အဖွဲ့ အစည်းတွေဆို တာလူမှုရေးလုပ်ငန်းတွေ အတွက်လိုအပ်တယ်ဆိုတဲ့ အကြောင်းပြနဲ့ ဖွဲ့  စည်းတာဖြစ်ပေမဲ့ တကယ်တမ်း သူတို့ ကိုပေးထားတဲ့လုပ်ပိုင်ခွင့် အာဏာတွေက လူမှုရေး အဖွဲ့ အစည်းတစ်ခုမှာရသင့်တာထက်ပိုပါတယ်။ ဧည့်စာရင်းစစ်တဲ့ ကိစ္စက အစလုံခြုံရေး ကိစ္စ အထိ ဒီအဖွဲ့ အစည်းတွေကို တာဝန်ပေးစေခိုင်းထားပါတယ်။ ကြံ့ဖွတ်မှာ အမြဲတမ်းနဲ့  တက်တက်ကြွကြွပါဝင်နေတဲ့ လူတွေကို ကြည့်ရင် အခွင့်အရေးလိုချင်တဲ့ လူချမ်းသာစီးပွာရေး အသိုင်းအဝိုင်းကလူတွေရယ်၊ လူတွင်ကျယ်လုပ်ချင်တဲ့ ဆင်းရဲ တဲ့အလွှာကလူတွေရယ် ကိုတွေ့ ရမှာဖြစ်ပါတယ်။ ကြက်ခြေနီ၊ စွမ်းအားရှင်နဲ့ အရံမီးသတ်တွေကို ကြည့်မယ်ဆိုရင် တော့ အလုပ်လက်မဲ့ လူတန်းစားတွေထဲက လူတွင်ကျယ်လုပ်ချင်တဲ့လူတွေများပါတယ်။ သာမန်လူလတ်တန်းစားတွေ၊ ကိုယ့်ဘဝကိုနားလည်ပြီး ကြိုးစာမှုရှိတဲ့ ဆင်းရဲတဲ့မိသားစု က လူတွေ အနေနဲ့ ကတော့ ဒီလိုအဖွဲ့ အစည်းတွေမှာ တက်ယောက်ဝါးအချိန်ပြည့်လုပ်နေဖို့  အချိန်မရှိပါဘူး။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဒီအာဏာရူးတွေဟာ လက်ဝဲစနစ်ကို လည်း သူတို့ အာဏာတည်မြဲရေး အတွက် လူမိုက်မွေးဖို့ အသုံးချတယ်ဆိုတာတွေရပါတယ်။

အာဏာရှင်ဘယ်လိုစည်းရုံးလဲ
ကျနော်တို့ လူမျိုးတွေက အမှတ်အတေးနည်းတယ်။ ခွင့်လွတ်လွယ်တယ်။ ပျော်ပျော်ရွှင်ရွှင်နေ ရတာကို ကြိုက်တယ်။ အလှုအတန်းကို ဝါသနာပါတယ်။ ဒီအားနည်းချက်တွေအပေါ် နင်းပြီး စည်းရုံးထားတာကိုတွေ့ ရပါတယ်။ ညဘက်ရုပ်မြင်သံကြားသတင်းတွေကို ကြည့်လိုက်ရင် ဘုရားလှည့်ဖူးတာ၊ အလှုလှည့်လုပ်တာကို အမြဲလွင့်ပေးနေတာ ဘာသာရေးနဲ့ စည်းရုံးတာပါ။ နောက်ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခွင့်ပေးခဲတာ လှေပြိုင်ပွဲ၊လှည်းပြိုင်ပွဲတွေလုပ်ခဲ့တာ ဟာ ပျော်ရွှင်မှုနဲ့ စည်းရုံးတာပဲဖြစ်ပါတယ်။ နောက်ခံယူချက်သိပ်မရှိတဲ့ ဆန့် ကျင်ဘက်လက်နက် ကိုင်တွေကို လိုသမျှအခွင့်အရေးပေး ပြီးစည်းရုံးတယ်။ သူတို့ ဆီက အာဏာကလွဲ ပြီး တခြား အခွင့်အရေးမှန်သမျှပေးတယ်။ အစဉ်အလာကောင်းတဲ့ တော်လှန်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ KNU ကို လည်း ဘာသာရေး အကြောင်းပြပြီးခွဲခဲ့တယ်။ နောက်တစ်ခါ အခွင့်အရေးပေးပြီးထပ်ခွဲ တယ်။ အဓိက ကတော့ ကျနော်တို့ တိုင်းရင်းသားတွေအားလုံးရဲ့ ပင်ကိုယ်စိတ်က ဘယ်သူကို မှ ဒုက္ခမပေးပဲ ငြိမ်းငြိမ်းချမ်းချမ်နေချင်တဲ့ ချစ်စရာကောင်းတဲ့ စိတ်တွေကို အရောင်းဆိုးအသုံး ချတာဖြစ်ပါတယ်။

သူတို့ ထွက်ပေါက်
နောက်သူတို့ ခေတ်အဆက်ဆက် ကျဉ်းထဲကျပ်ထဲရောက်တာနဲ့  သုံးလေ့ရှိ တဲ့ ထွက်ပေါက် တစ်ခုက ညှိနှိုင်းရေး စာပွဲပေါ်ကို ခေါ်တတ်တာပါ။ ကွန်မြူနစ်ပါတီကို လည်း ညှိနှိုင်းရေး ခေါ်ခဲ့ဘူးပါတယ်(၁၉၅၅ လို့ ထင်ပါတယ်)။ ဦးနု အစိုးရလက်ထက်မှာဖြစ်ပါတယ်။ နောက်ထပ်ခေါ် တာတွေလဲရှိပါတယ်။ နောက် KNU ၊ NLD တို့ ကိုလည်း ညှိနှိုင်းရေးတွေ လုပ် ခဲ့ပါတယ်။ အဲလို ညှိနှိုင်းရေးတွေ လုပ်တယ်ဆိုတာ BCP၊ KNU၊ NLD တို့ ကိုစည်းရုံးတာ မဟုတ်ပဲ အသုံးချတာပါ။ သူတို့ တကယ်လို ချင်တဲ့ ပြယုဒ်က အာဏာပိုင်ဘက်ကသဘော ထားကြီးကြီးထား စည်းရုံးတာကို ဆန့် ကျင်ဘက်အဖွဲ့ အစည်းတွေက လက်မခံနိုင်လို့ ပျက်ရပါ တယ် ဆိုတဲ့ အဖြစ်ကိုလိုချင်တာပါ။ ဒါ့ကြောင့်လဲ ဘယ်တော့မှ လက်ခံနိုင်တဲ့ ကမ်းလှမ်းမှုမျိုး နဲ့ မညှိနှိုင်းတာဖြစ်ပါတယ်။ ခုလက်ရှိအနေအထားမှာ လဲ NLD နဲ့ တွေ့ ဖို့ ကမ်းလှမ်း ထားတာ လဲ ဒီအကွက်ကို လိုချင်လို့ ပါ။

သင်းတို့ ရဲ ဆရာဘယ်သူလဲ
ကျနော် အထင်တော့ ခေတ်အဆက်ဆက်အတိုက် အခံအဖွဲ့ အစည်းတွေအားလုံး က အာဏာရှင်ရဲ့ ဆရာပါပဲ။ သူတို့ ဘက်က အထက်စီးနဲ့ ညှိနှိုင်းဖို့ တောင်းဆိုရင် အလိုလို ပျက်သွားတတ်တယ် ဆိုတာကို ကျနော်တို့ ဘက်က သက်သေအကြိမ်ကြိမ်ပြသင်ကြားခဲ့ တာပါ။ လက်ရှိစစ်တပ်က ခေါင်းဆောင်ဆိုတဲ့ လူတွေထဲမှာ ကျနော်မြင်သလောက်လူတော် တစ်ယောက်မှ မပါဘူး။ ဒါပေမဲ့ အမှတ်သဲခြေကြီးတဲ့ ခပ်တုံးတုံးကလေး တစ်ယောက်လိုပါပဲ။ နောက် မေးခွန်းနားမလည်ပေမဲ့ အလွတ်ကျက်ပြီးစာမေပွဲဖြေတဲ့ လူတစ်ယောက်ကျက်ထား သမျှအကုန်တိုးသလို ပါပဲ။ စက်တင်ဘာလူထုတိုက်ပွဲ အဆုံးသတ်အပိုင်းမှာ အင်တာနက် အပါ အဝင် ပြည်ပနဲ့ ဆက်သွယ်လို့ ရတဲ့ ဖုန်း၊Fax အားလုံးကို ပိတ်ပစ်လိုက်တယ်။ အဲလို ပိတ်ထား တာအဓိက အကြောင်းတစ်ခုမဟုတ်ပေမဲ့ အဲဒီအချိန်မှာပဲ လူထုတိုက်ပွဲတွေ အဆက်ပြတ်သွား တာဖြစ်ပါတယ်။ ဒါကြောင့် အခုတစ်ခါ ပခုက္ကူ က သံဃာတွေ လှုပ်ရှားတာနဲ့ တပြိုင်းထဲ ပထမ ဆုံးလုပ်လိုက်တာ ပြည်ပဆက်သွယ်ရေး လမ်းကြောင်းတွေ အကုန်လုံးကို ပိတ်ဆို့ လိုက်တာ ကို တွေရတယ်။ အန်တီစု ကို ဆွေးနွေးဖို့  ကမ်းလှမ်းတယ်ဆိုတာလဲ နိုင်ငံတကာဖိအားလျော့ သွားစေ့ချင်တာရယ်။ ဒီဆွေနွေးပွဲဟာဖြစ်လာမှာ မဟုတ်ဘူးဆိုတာယုံတာရယ်ကြောင့်ပါ။ သေချာတွေကြည့်ရင် ကျနော်တို့ ဘက်က အာဏာရှင်ကို သင်ပေးထားတာတွေအများကြီးဗျ။

End Game

နအဖ ရဲ့ လက်ရှိအခြေအနေကို ကျနော် ဥာဏ်မှီသလောက် တွေးကြည့်လို့ ရတာကတော့ သူတို့ ဘက်က ဒီအခြေအနေကို ရှင်းရှင်းလင်းလင်း သဘောပေါက်ထားတယ်လို့ ထင်ပါတယ်။ ဒီတစ်ခါတိုက်ပွဲမှာ အကောင်းဆုံးတစ်ယောက်ပဲ ကျန်မယ်ဆိုတာကို လဲ လက်ခံထားပြီးလို့  ထင်ပါတယ်။ ရင်ဆိုင်ဖို့  အစီအစဉ်တွေကိုလည်း အသေးစိတ်ရေးဆွဲပြီးဖြစ်မယ်ထင်ပါတယ်။ အာဏာရှင်တွေ ဆိုတာကတော့ သူတို့ အာဏာတည်မြဲရေးအတွက် နောက်ဆုံး မြန်မာပြည်က လူတွေကုန်အောင် သတ်ဖို့  ထောင်ထဲထည့်ဖို့ လည်းအသင့် အနေအထားဖြစ်မှာပါ။ နောက်ဆုံး နိုင်ငံတစ်ကာက လက်နက်ကိုင် အရေးယူတာမျိုးဆို (နိုင်ငံတကာတပ်တွေ လာမယ်လို့  လောလောဆယ်တွေမိသလောက် လုံးဝ မယုံပါ) တောင်မှ ထမင်းအိုးညှိမဲ့ အစီအစဉ်တွေ ရှိနေလောက်ပါတယ်။ စစ်တပ်ကတော့ တကယ်လို့  နိုင်ငံတကာတပ်ဝင်လာ ခဲ့ လို့ တိုက်ကျခိုက်ကျရင် ပြည်သူတွေပါ ဒုက္ခရောက်မယ်ဆို တဲ့ တွေးလုံးမျိုးလဲရှိနေမှာပါ။ သူတို့ ကို သူတို့  အရှုံးဘက်ကတွက်ထာပြီးဖြစ်မှာပါ။ သူတို့  အာဏာလက်မဲ့ ဖြစ်တာနဲ့  ပြည်သူ့ ခုံရုံးမှာ တရားစွဲ ခံရမယ်ဆိုတာကို လည်းထိတ်လန့် နေမှာပါ။ အဲဒီအတွက် အစွန်းဆုံး ထိမိုက်မဲ ဖို့  ပြင်ဆင်ထားတာဖြစ်ပါတယ်။

လူညံ့စိတ်ကူး
ဒီတစ်ခါအခြေအနေ က လုံးဝအမှာမခံနိုင်တဲ့ အခြေနေဆိုတာ အားလုံးလဲသိနေပြီဖြစ်မှာပါ။ စစ်အာဏာရှင်တွေဘက်ကလဲ လုံးဝအခြေမလှတာကို တွေ့ နေရပါတယ်။ ၁၉ နှစ်အတွင်းမှာ အဆိုးးဝါးဆုံးအခြေအနေကို ရောက်နေတာဖြစ်ပါတယ်။ ဒီလိုအခြေအနေပေး တုန်းမှာ ကျနော် တို့ ဘက်က ပါးပါးနပ်နပ်နဲ့  ရုန်းနိုင်ရင် ကျနော်တို့ ရည်ရွယ်တဲ့ လေထုသစ်ကို အလွယ်တကူ ရနိုင်လိမ့်မယ်ထင်ပါတယ်။ ကျနော်စိတ်ကူးထဲမှာတော့ အန်တီစုက ညှိနှိုင်းရေး စာပွဲမှာထိုင် ။ လူထုကလည်း ငြိမ်းငြိမ်း ချမ်းချမ်း တိုက်ပွဲဝင်။ ကျနော်တို့ ကျောင်းသားတပ်မတော်က လည်း ရသလောက်နေရာ မှာ လက်နက်ကိုင်တိုက်ပွဲဝင်။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ရွှေမန်း နဲ့  သူ့ တို့ ရဲ့  နောက်လိုက်နောက်ပါတွေလဲ မေးခွန်းမတိုးလို့  စာမေးပွဲခန်းထဲ မှာချွေးပြန် နေတာကို မျက်စိထဲ ပြေးပြေးမြင်နေမိတယ်ဗျာ။

မိုးထက်နေ


အသိပေးချက်
လက်ရှိအနေအထားမှာ ကိုရွှေဘိုသား မအားမလပ်ဖြစ်နေတဲ့ အတွက်ကြောင့်ဒီဆောင်းပါကို ကိုရွှေဘိုသားရဲ့  သဘောတူညီချက်မယူလိုက်ရပဲ ကျနော် ကိုယ်တိုင်တင်လိုက်တာပါ။ ဆောင်းပါမှာ အမှားအယွင်း တစ်စုံတစ်ရာများရှိခဲ့ရင် ကျနော် နှင့်သာတိုက်ရိုက် သက်ဆိုင်ပါတယ် ခင်ဗျာ။ ဒီဆောင်းပါနဲ့ ပတ်သက်လို့ ဝေဖန်အကြံ ပေးလို ရင် moehtetnay@gmail.com ကို CC နဲ့ ပေးပို့ စေလို ပါတယ်။ ရှေ့ ဆက် ကိုရွှေဘိုသား နဲ့  အဆက်အသွယ်မရခဲ့ သေးရင်လဲ ကျနော် မာဆိုး၊မိုးထက်နေ နာမည်နဲ့ ဆောင်းပါများကို ဆက်တင်သွားပါမယ်ခင်ဗျာ။
မိုးထက်နေ (မာဆိုး)