ဂျာမနီမှာလုပ်ခဲ့တဲ့ သမိုင်းဝင်မှတ်တမ်းများကို မိတ်ဆွေတစ်ယောက်ရဲ့အီးမေးလ်မှတစ်ဆင့်ရပါတယ်။
အားလုံးဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
http://picasaweb.google.com/bigtheik
Showing posts with label ဓာတ်ပုံ. Show all posts
Showing posts with label ဓာတ်ပုံ. Show all posts
စင်ကာပူရှိ မြန်မာသံရုံးရှေ့မှ တိတ်ဆိတ်စွာ ပေါက်ကွဲမှုများ
The place is just completely silent.
There is nothing making any sound.
The light of candles.
The feeling of peoples.
All is moving quietly and peacefully.
But you can feel deeply the sound of silent praying and hoping for the best.
ရွှေဘိုသားတစ်ယောက် ဒီနေ့ညနေမှာ မြန်မာသံရုံးရှေ့ကိုရောက်ခဲ့ပါတယ်။ အဲဒီမှာ လူတွေအများကြီးရှိနေပေမယ့် အံ့သြစရာကောင်းလောက်အောင်တိတ်ဆိတ်နေပါတယ်။ အဲဒီတိတ်ဆိတ်မှုထဲမှာ ဗလောင်ဆူနေတဲ့ ခံစားချက်တွေ အပြည့်ပါရှိတဲ့ ရင်ဘတ်ထဲကလာနေတဲ့အသံတွေကို ရွှေဘိုသားရဲ့နားထဲမှာ ကြားနေရပါတယ်။ စင်ကာပူရောက်မြန်မာတွေရဲ့ခံစားချက်တွေကို ဖွင့်အံထုတ်ဖော်ပြထားတာတွေကို ဖတ်ရှုရတာလည်း ကြေကွဲမှု၊ နာကျည်းမှု၊ ခံပြင်းမှု၊ အားမလိုအားမရဖြစ်မှုစတဲ့ ရနံ့ပေါင်းစုံကို ရှုရှိုက်ရသလို ခံစားရပါတယ်။
ဖယောင်းတိုင်မီးကလေးတွေကို ထွန်းညှိကြရင်း မြန်မာပြည်သူတွေရဲ့ အပူမီးကို ကူညီခံစားနေကြတဲ့ စင်ကာပူရောက်မြန်မာတစ်စုပါ။ ယခု စက်တင်ဘာ ၂၀၀၇တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ မြန်မာပြည်သူတွေ၊ သံဃာတော်တွေနဲ့တကွ ဒဏ်ရာရခဲ့တဲ့ သူတွေအားလုံးကို အာဇာနည်များအဖြစ် အသိအမှတ်ပြုမော်ကွန်းတင်ရင်း မြန်မာနိုင်ငံသားတွေရဲ့ ဆင်းရဲဒုက္ခသောကအပူမီးတွေငြိမ်းစေဖို့ ရွှေဘိုသားလည်း ဖယောင်တိုင်ထွန်းရင်းဆုတောင်းပေးလိုက်ပါတယ်။



























