မေး။ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် အနိုင်ရလို့တက်လာမယ့်အစိုးရလက်ထက်မှာ ခိုးတာ ၀ှက်တာတွေ ရှိဦးမလား?
ဖြေ။ မရှိတော့ဘူး။
မေး။ ဘာဖြစ်လို့ပါလဲ။
ဖြေ။ ၂၀၁၀ မတိုင်ခင်ကတည်းက စစ်အစိုးရခိုးလို့ ကုန်သွားပြီ။
-----------------------------------------------------------------------
မေး။ သဘာဝနဲ့ ဆန့်ကျင်တဲ့ အချစ် ဘယ်နှစ်မျိုးရှိပါသလဲ?
ဖြေ။ သုံးမျိုးရှိပါတယ်။ ယောက်ျားက ယောက်ျားကို ချစ်တာ။ မိန်းမက မိန်းမကိုချစ်တာ။ မြန်မာပြည်သူက မြန်မာ့တပ်မတော်ကို ချစ်တာ။
-----------------------------------------------------------------------
မေး။ အနာဂတ် မြန်မာနိုင်ငံတော်မှာ ဘာလို့ တပ်မတော် တစ်ခုတည်း ထားရှိမှာဖြစ်ပါသလဲ?
ဖြေ။ တစ်ခုထက်ပိုများရင် မြန်မာပြည်သူတွေက ကျွေးမထားနိုင်လို့ပါ။
----------------------------------------------------------------------
မေး။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံကိုပြောပြပါ။
ဖြေ။ မြန်မာနိုင်ငံဖြစ်ပါတယ်။
မေး။ ဘယ်လိုသက်သေပြနိုင်ပါသလဲ။
ဖြေ။ နှစ် ၅၀ နီးပါး ခိုးလို့ရတာအကုန်ခိုးတာတောင် အခုထိမကုန်သေးလို့ပါ။
----------------------------------------------------------------------
ဆိုဗိယက်ခေတ်မှ ဟာသများကို ကိုးကားပါသည်။
Showing posts with label ဟာသ. Show all posts

လုပ်ချင်ဦးဟဲ့ လုပ်ကြံရေး
မြန်မာနိုင်ငံ စစ်အာဏာရှင်အောက်က လွတ်မြောက်ဖို့ ဝိုင်းဝန်းကြိုးစား ကြတဲ့လူငယ်တွေ ရဲ့  ဦးဆောင်မှုနဲ့ နောက်ဆုံးတော့ အာဏာရှင်အဓိပတိကြီးကို ဆုငွေထုတ်နိုင်ခဲ့ပါတယ်။ ဆုငွေ ပမာဏကလဲ မြို့ မေတ္တာခံယူတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တာကြောင့် ဒီရေအလား တရိပ်ရိပ်တက်လိုက် တာများ နောက်ဆုံတော့ စတင်မတည်ငွေဟာ စုစုပေါင်းရရှိမဲ့ ဆုငွေရဲ့ ဝ.၁ ရာခိုင်းနှုန်းသာရှိပါ တော့တယ်။
တစ်နေ့ တော့ ဆုငွေကိုင်တွယ်ထားတဲ့ ကော်မတီထံကို ဗမာပြည်တွင်း ကနေဖုန်း ခေါ်သံတစ် ခုဝင်လာခဲ့ပါတယ်။ တော်တော်မူးယစ်နေပုံ ရတဲ့ ဟယ်လို ဆိုတဲ့ အသံနဲ့ ပေါ့။
လူစိမ်း။ ။ ဗိုလ်သန်းရွှေကို သတ်ပေးတဲ့ ဘယ်သူ့ မဆို ဒီဆုငွေကို ထုတ်ယူခွင့်ရှိပါသလား။
တာဝန်ခံ။ ။ ရပါတယ်ခင်ဗျာ။ တကယ်လို့ မပြောကောင်းမဆိုကောင်း ခင်ဗျား အထိအရှ ဖြစ် သွားတယ် ဆိုလဲ ကျန်ခဲ့တဲ့ ခင်ဗျားမိသားစု ကို ကျနော်တို့ လွဲပေးမှာဖြစ်ပါတယ်။
လူစိမ်း။ ။ကျုပ်သိချင်တာ ကျုပ်ရမလား မရဘူးလားပဲသိချင်တာ။
တာဝန်ခံ။ ။ရပါတယ်။
လူစိမ်း။ ။ကျုပ်က ရာဇဝတ်သား၊ အရက်သမား၊ စက်တင်ဘာတုန်းက လူတွေကိုရိုက်ခဲ့နှက်ခဲ့ ဘူးတဲ့ ကောင်ဆိုရင်ရော ဗျာ။
တာဝန်ခံ။ ။အဲဒါဆိုလဲ ခင်ဗျားလုပ်ခဲ့တဲ့ မကောင်းမှု အားလုံးကို ခင်ဗျားရဲ့ နောက်ဆုံး လုပ်ရပ် နဲ့  ချေဖျက်ပေးရမှာပါဗျာ။ စိတ်ချပါ။
လူစိမ်း။ ။ကျနော် သူ့ နှဖူးအလည်တည့်တည့်ကို ပစ်မယ်ဗျာ။ ပြီးတော့ သူ့ လက်မကို ပါစပ်ထဲ ပြန်ထိုးထဲ့ ခဲ့မယ်။
တာဝန်ခံ။ ။ဒီလောက်သေချာနေရင် ခင်ဗျား က သူ့ ကိုယ်ရံတော်တပ်အရာရှိတို့ ဘာတို့  ဖြစ်မယ် ထင်တယ်။ လေစားပါတယ်ဗျာ။ ခင်ဗျား နအဖ ကိုဆန့် ကျင်တဲ့ ပြည်သူဘက်သား တစ်ယောက်အနေနဲ့ ကြိုဆိုပါတယ်။ ကျနော်တို့ ခင်ဗျားကို အကာအကွယ်ပေးဖို့ လဲကြိုးစား ပါမယ်။
လူစိမ်း။ ။မလိုဘူးဗျာ။ အဓိကက ပိုက်ဆံပဲ။ သတင်းစာစောင့်ဖတ် အဲဒီပုံစံနဲ့  သေတယ် သတင်းပါလာရင် ကမ္ဘောဇဘဏ် အကောင့်နံပတ် xxxxxxxxxx ကို သာ ပိုက်ဆံလွဲလိုက်၊ မြဝတီဘဏ်ခွဲကနေလွဲ ငွေသိပ်များတော့ အဲဒီဘဏ်ရဲ့ တာဝန်ခံ ဦးxxx ကနေတဆင့်လွဲ ဟုတ်ပြီလား။ ဒေါ်လာပေးလဲ ရတယ်။
တာဝန်ခံ။ ။စိတ်ချပါဗျာ။ အောင်မြင်ပါစေရဲဘော်။
လူစိမ်း။ ။ပိုက်ဆံပဲ အရေးကြီးတယ် ကျန်တာအရေးမကြီးဘူး။ ကျုပ်အကုန် စီစဉ်ပြီးသား။ ငှဲငှဲငှဲ
ဆုငွေတာဝန်ခံကော်မတီ ဝင်များလဲ အဲဒီအမူးသမား အသံနဲ့ လူဖုန်းဆက်ပြီးနောက်ပိုင်း သတင်းဆိုဒ်တွေ၊ ဘလော့တွေ၊ ပြည်တွင်းသတင်းစာတွေ မလွတ်တန်းထိုင် ဖတ်ရင်း သတင်းကိုမျှော်နေတာပေါ့လေ။ လုပ်ကြံမှုအောင်မြင်တဲ့ သတင်းပဲပါလာမလား။ ကိုယ်ရံတော် တပ်က ဗိုလ်တစ်ယောက်ယောက် လုပ်ကြံရန်ကြံစည်မှုနဲ့ အဖမ်းခံရမဲ့ သတင်းများပါလာမလား ဆိုတဲ့ မျော်လင့်ချက်နဲ့ ပေါ့လေ။ တဖက်ကလဲ ရူးကြောင်မူးကြောင်စိတ်ကူယဉ်ဆန်ဆန်တွေးပြီ ပြောများသွားသလား။ ဒါမှမဟုတ် ဘဏ်တွေဘာတွေပါ အသေးစိတ်ပါလာတယ် ဆိုတော့လဲ အားကိုးလောက်တဲ့ အဖွဲ့ အစည်းတစ်ခုများ ပြည်တွင်းမှာ ပေါ်ပေါက်နေပြီးလား အစသဖြင့် တွေးလိုက်၊ ငြင်းလိုက်နဲ့ နေ့ လာလိုက်တာ တပတ်လောက်ထိ ဘာမှမထူးခြားတဲ့ အခါတော့ စိတ်လျော့ ရမလို ဖြစ်နေပါရောလား။ ဖုန်းဆက်တဲ့ရက်က နေ ၈ ရက်မြောက်တိတိမှာ နိုင်ငံတကာသတင်းဆိုဒ် တွေ၊ ဘလော့တွေနဲ့  သတင်းစာတွေ မှာ ဗိုလ်သန်းရွှေ အလုပ်ကြံခံ ရတဲ့ သတင်းတွေဝေဝေ ဆာဆာနဲ့ ပါလာပါတော့တယ်။ ဓာတ်ပုံတွေ မှာပါတဲ့ ပုံကလဲ နှဖူးအလည်တဲ့တဲ့မှာ အပေါက် လေးနဲ့ ၊ လက်မကို ပါးစပ်ထဲကိုက်ထားပြီး ကွေးကွေးလေး လဲကျနေတာလဲသေချာပါတယ်။ ဒီတော့ ဆုငွေတာဝန်ခံကော်မတီလူကြီးများလဲ မဲဆောက်မှာ ရှိတဲရဲဘော်တွေ ဆီကိုငွေလွဲ၊ အဲဒီကမှ တဆင့် မြဝတီဘက်ကူး၊ ဘဏ်ရောက်တော့လဲ အဆက်အသွယ် လုပ်ရမဲ့ ဘဏ့်တာဝန်ခံ ဦးxxx ကလဲ အသင့်စောင့်ကြိုလို့ ပေါ့လေ။ ငွေလွဲတဲ့ လူတွေရော ငွေလက်ခံတဲ့ လူတွေပါ တပြုံးပြုံး နဲ့ ပေါ့။ ငွေတွေရေနေတဲ့ အချိန် ဘဏ်ကဧည့်ခံ ထားတဲ့ လက်ဘက်ရည်တွေ၊မုန့် တွေစားကြသောက်ကျနဲ့ ပေါ။ အားလုံးရေတွက်ပြီးသွားတဲ့ အခါ မှာတော့
ဦးxxx။ ။ငွေလဲပြည့်ပါတယ် ခင်ဗျာ။ ခုလို ချက်ချင်းလာပို့ ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
ငွေပို့ သူ။ ။ကျနော်တို့ ဘက်က သိတတ်ရမှာပေါ့ဗျာ။ ဒါနဲ့ ငွေလွဲခဘယ်လောက်ကျပါလဲ ခင်ဗျာ။
ဦးxxx။ ။ဟာပေးစရာမလိုပါဘူးခင်ဗျာ။ FOC ပါ။ ဒါက ခင်ဗျားတို့ ငွေလာပို့ တဲ့လူ နှစ်ယောက် အတွက် အကျိုးဆောင်ခ ဒေါ်လာ ၁၀၀၀ စီ။ ပေါင်း ၂၀၀၀ ရေကြည့်ပါဦး။
ငွေပို့ သူ။ ။ဟုတ်ကဲ့ပါ ကြည့်ရတာအခြေအနေကလဲ အေးချမ်းပုံပါပဲ။ သတိတော့ထားဗျာ။ သိပ်မရဲတင်း စေချင်ဘူး။ ဒီလိုကိစ္စဆိုတာ အန္တရယ်ကြီးတယ်ဗျ။ ဘယ်လိုပဲ ဖြစ်ဖြစ်ခင်ဗျားတို့  လူစုရဲ လုပ်ရပ်နဲ့ သတ္တိကိုတော့ လေးစားပါတယ်။ နိုင်ငံမှာ ခင်ဗျားတို့ လို လူတွေချည်းဆို ကျုပ်တို့  တိုင်းပြည်ကောင်းစားပြီဗျ။
ဦးxxx။ ။ ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ။
ငွေပို့ သူ။ ။မသိလို့ တစ်ခုမေးပါရစေ ဖြေလို့ မရရင်လဲ ကိစ္စမရှိပါဘူး။ ကျနော်တို့ ခုငွေပို့ တဲ လူရဲ့ နာမည် ၊လျှို့ ဝှက်အမည် ဖြစ်ဖြစ်ပေါ့ ခင်ဗျာ ပြောလို့ ရမလား။ ကျနော်တို့ သေချာ မှတ်တမ်းလေး ရေးထားချင်လို့ ပါ။
ဦးxxx က မျက်မှောင်ကျုတ်ပြီး ပြန်ပြောလိုက်တာကတော့
“ဟာ ခင်ဗျားတို့ မသိသေးဘူးလားဗျာ ဒီလာက် တစ်တိုင်းပြည်လုံး အုပ်အော်သောင်းနင်း ဖြစ်နေတာကို ။ ခုနပဲ သူ ကာကွယ်ရေးဦးစီချုပ်အသစ်စက်စက်အနေနဲ့  တီဗီကနေ
မိန့် ခွန်းပြောသွားတယ်လေဗျာ။”
ဒွန်ကွီးဇိုး

ပြည်သူ့သဘောထား - ၂
ဗိုလ်သန်းရွှေတပ်ချုပ်ကြီးဖြစ်ပြီးနောက်ပိုင်းသူ့မွေးရပ်မြေကျောက်ဆည်မြို့ကိုအလည် အပတ်သွားရင်ငယ်ပေါင်းကြီးဖေါ်သူငယ်ချင်းနှစ်ယောက်ကိုတွေ့ချင်လို့ဆိုပြီး အခေါ်လွတ် လိုက်ပါတယ်။ ဘော်ဘော်တွေလည်းရောက်လာရော တပ်ချုပ်ကြီးက အဆင်ပြေကြလား ဘာလား ညာလား မေးရင်း သူ့ရဲ့ငယ်ပေါင်းကြီးဖေါ်တွေကိုကူညီလိုတဲ့အကြောင်း လိုအပ်တာရှိရင်တောင်းဆိုနိုင်ကြောင်းမိန့်ပါသတဲ့။ဒါနဲ့ သူငယ်ချင်းတစ်ယောက်က ခြံဝင်းခပ်ကျယ်ကျယ်..တိုက်တစ်လုံးနဲ့စီးဖို့ကားလေးတစ်စီးလောက်ဆိုသူ့အတွက် လုံလောက်ပါပြီဆိုတော့ ဗိုလ်သန်းရွှေကလဲ လိုရာဆန္ဒပြည့်စေပေါ့။ အဲ့ဒီသူငယ်ချင်းလဲ ခြံကျယ်ဝင်းကျယ် တိုက်လေးတစ်လုံးနဲ့စီးစရာကားလေးနဲ့ဟန်ကျသွားပါတယ်။
နောက်သူငယ်ချင်းတစ်ယောက်ကတော့ "ငါ့ကိုတော့ကွာ မင်းနဲ့ဂိုက်တူဆိုက်တူ ပုံတူရုပ်တုတစ်ခု လက်ဆောင်ပေး" ပါဆိုပြီးတောင်းပါသတဲ့။ ဗိုလ်သန်းရွှေ ဘာပါလိမ့်လို့ အူကြောင်ကြောင်တော့ဖြစ်သွားတာပေါ့လေ။ ဝမ်းထဲကတော့ ငွေးကြေးအခွင့် အရေးထဲကို ငါ့ကိုကြည်ညိုရှာတယ် ဆိုတဲ့အတွေးနဲ ကြေနပ်လို့ ပေါ့။ ဒီသူငယ်ချင်းလည်းလို ရာဆန္ဒ ပြည့်စေပေါ့။
ဒီလိုနဲ့တပ်ချုပ်ကြီးလည်း နိုင်ငံတစ်ဝန်းမှာ လိုအပ်သည်များကိုမှာစားလိုက်၊ ဆက်ကြေး လိုက်စုလိုက် နေလာလိုက်တာ ကျောက်ဆည်လည်းမပြန်ဖြစ်သူငယ်ချင်းတွေလည်းမတွေ့ဖြစ် နဲ့ တစ်ရက်မှာတော့ ငါ့သူငယ်ချင်းတွေအဆင်ပြေကြရဲ့လား အခြေအနေသိအောင် သူတို့ဆီသွားလည်ဦးမှပဲဆိုပြီး ပထမသူငယ်ချင်းအိမ်ကိုသွားလည်တော့
"အေးကွာ မင်းအကူအညီပေးခါစတုန်းကတော့အဆင်ပြေပါတယ် အခုတော့ ကုန်ဈေးနှုန်းတွေတက် ၀င်ငွေကနည်း ကားလေးကလည်း ဈေးကောင်ရတုန်းရောင်းလိုက် လို့ မရှိတော့ဘူး။ ခြံကလည်း တစ်ဝက်ခွဲရောင်းလိုက်ရပြီ ။ အိမ်ကလည်းမြင်တဲ့အတိုင်းပဲ အခွံပဲကျန်တော့တယ်"
လို့ ညည်းပါတယ်။ ဒါနဲ့ တပ်ချုပ်ကြီးလည်း သူတိုက်တွေကားတွေပေးထားတဲ့ကောင်တောင် ဒီလောက်ဒုတ်ခရောက်နေတာ ဟိုအကောင်တော့ဘယ်လိုနေမယ်မသိဘူးဆိုပြီး။ ဒါပေမဲ့ ဟိုကောင်ကတော့ ငါ့ကိုကြည်ညိုတဲ့ သူဆိုတော့ ထပ်ပေးသင့်ရင် ပေးရမှာပဲ လို့ တွေးရင်း သူ့ရဲ့နောက်ဘော်ဒါဆီထွက်ခဲ့သတဲ့။သူ့သူငယ်ချင်း ရှိတဲ့ ရပ်ကွက်လည်းရောက်ရော လူတန်းရှည်ကြီးက သူ့သူငယ်ချင်းအိမ်သွားရာလမ်းတစ်လျှောက်စည်ကားနေပါတယ်။ သူလာမယ်သတင်းကြားလို့ရပ်ကွက်ထဲက ပြည်သူတွေတန်းစီကြို ဆိုနေကြတာများလား လို့တောင် ထင်သွားပါသေးရဲ့။ သူငယ်ချင်းအိမ်လည်းရောက်ရော ခြံကလည်းကျယ် တိုက်ကလည်း သူ့ရဲ့နေပြည်တော်က ဆပ်ကြေးနန်းတော် ကြီးအလား လှမ်းတွေ့  လိုက်ရပါတယ်။ ခပ်လှမ်းလှမ်းမှာ ပြုံးရွှင်စွာထွက်လာတဲ့ သူ့ ဘော်ဒါကြီး နဲ့  နောက်ပါအခြွေအရံတွေကို တွေ့ လိုက်ရပါတယ်။ ဒါနဲ့တပ်ချုပ်ကြီးက
တပ်ချုပ်။ ။"မင်းကိုတွေ့ရတာ လန်းသကွာ ဘာဂွင်တွေ ဘယ်လိုရိုက်ပြီး စီးပွားဖြစ် နေတာလည်း"
သူငယ်ချင်း။ ။"မင်း..ဒီအိမ်ကိုလာတော့ လူတန်းရှည်ကြီးမတွေ့ခဲ့ဘူးလား"
တပ်ချုပ်။ ။"အေး..တွေ့တယ်လေ။ အဲ့ဒါဘာလုပ်နေကြတာလည်း။ ငါတို့ တပ်က ဦးပိုင်နဲ့အပြိုင် စားအုန်းဆီရောင်းနေတာလား"
သူငယ်ချင်း။ ။"မဟုတ်ပါဘူးကွာ။ သိချင်ရင် အဲ့ဒီလူတန်းအဆုံးကိုသွားကြည့်လိုက်"
ဒါနဲ့တပ်ချုပ်လည်းသိချင်ဇောနဲ့ လူတန်းအဆုံးဖက်လျှောက်ပြီးကြည့်လိုက်တော့မှ သူရဲ့ ရုပ်တု ကြီး ဘေးမှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ကိုတွေ့ လိုက်ပါတယ်။
ဗိုလ်သန်းရွှေ၏ကိုယ်ပွားရုပ်တု
တံတွေး ထွေး...............၁၀ိ/
ဖိနပ်နဲ့ရိုက်...................၂၀ိ/
သေးနဲ့ပန်း...................၅၀ိ/
xင်ချ ...................၁၀၀ိ/
ဗိုလ်သန်းရွှေ။ ။ "ဂိန်"
ငတိ

ပြည်သူ့ သဘောထား
လောင်စာဆီ ဈေးနှုန်းမြင့်တက်ရာ ကစတင်လာတဲ့ ဆန္ဒပြပွဲတွေနဲ့  သံဃာကံဆောင်သပိတ်ကြီးကို အကြမ်းဖက်နှိမ်နင်း ပြီးတော့ နိုင်ငံတွင်းက ပြည်သူတွေရော နိုင်ငံတစ်ကာ အသိုင်းအဝိုင်း တွေကရော ရွံရှာ မုန်းတီးခြင်း ခံနေရတဲ့ ကျုပ်တို့ ရဲ့ ဘဝရှင်မင်းတြားရူးကြီး ဗိုလ်သန်းရွှေ ဟာ လူတွေရဲ ဂရုဏာ အကြင်နာခွတ်လွတ်မှုကို လိုချင်ရှာသတဲ့။
ဒါနဲ့ ဘဝရှင်မင်းတြားကြီးက ဒီလိုစဉ်းစားမိသတဲ့
"အင်း .... လူတစ်ယောက်သေဆုံးသွားပြီ ဆိုရင်တော့ လူတွေက သနားကြ အပြစ်တွေကို ခွင့်လွတ်ပြီး သတိရအောက်မေ့နေမှာပဲ"
ဒါနဲ့  ဗိုလ်သန်းရွှေ က သူ့ မိုက်ပြစ်တွေ အတွက် သူ့ ကိုသူ ဓါတ်ဆီလောင်းမီးရှို့ သတ်သေပြီး အပြစ်ပေးလိုက်ပြီလို့ ပေါကြောင်ကြောင် သတင်းလွင့်စေခဲ့တယ်။
ပြီးတော့တိုင်းသူပြည်သားတွေ ရဲ့ ပြည်သူ့ သဘောထားအမှန်ကို သိလိုတာကြောင့် လူကြီးလူကောင်းဟန်ဆောင်ပြီး အရပ်ဝတ်လေးနဲ့  လူထူကြားထဲ တိတ်တိတ်လေး ဝင်ပြီးတိုင်းခန်း လှည့်လည်တော်မူပါသတဲ့။
တစ်နေရာရောက်တော့ လူတွေ စုစု စုစု လုပ်နေကြတာတွေ့ လို့ စိတ်ဝင်စားပြီး အနားကိုသွားပြီး မေးပါတယ်။
ဘဝရှင်။ ။"ဟေ့ သူငယ်... လူတွေစုရုံး စုရုံးနဲ့ ဘာလုပ်နေကြတာလဲ"
လူငယ်။ ။ "အဘ..မသိဘူးလား .. ကျုပ်တို့ ဗိုလ်ချုပ်မှုးကြီး ဒီနေမနက်ကပဲ သူ့ ကိုသူ ဓါတ်ဆီလောင်း မီးရှို့ သတ်သေသွားပြီလေ။ အဲဒါကျန်ခဲ့ တဲ့ ကြိုင်ကြိုင်တို့  သန္ဒာရွှေ တို့ နဲ့  သူ့ ရဲ့ ဆွေမျိုးအသိုင်းအဝိုင်း အတွက် ကူညီဖို့ အလှုခံနေတာပါ"
အဲလိုလဲကြားလိုက်ရော ဗိုလ်သန်းရွှေက ဒီလိုဆိုတော့လည်း ပြည်သူပြည်သားတွေက ငါ့ရဲ့ ဆွေတော်မျိုးတော်တွေကို ချစ်ခင်ကြင်နာပါလား ဆိုပြီး ကြိတ်ကြည်နူးနေလေရဲ့ ။အဲဒါနဲ့  ဆက်ပြီး
ဘဝရှင်။ ။"နို့ ...မင်းတို့ အလှုခံတာ ထည့်ရောထည့်ကြရဲ့ လား"
လူငယ်။ ။"ဟာ.. ဘာပြောကောင်းမလဲ အဘရာ.. ပြည်သူတွေ လှုကြတာများ.. ခုမနက်ပိုင်းလေးတင် ဂါလံတစ်ရာကျော် ရပြီ"
ဘဝရှင်။ ။"ဂိန်"

သူငယ်ချင်းတစ်ယောက်ရေး ပို့ လိုက်တာပါ။ မူရင်း ရုရှားဟသ တစ်ပုဒ်ကို ဘာသာပြန်မှီးထားခြင်းဖြစ်ပါတယ်။
ကျနော်ကြားခဲ့ရတဲ့အဖြစ်အပျက်လေးတစ်ခု
အခုရန်ကုန်မှာ လူထုဆန္ဒပြပွဲတွေပြုလုပ်နေတော့ နအဖစစ်ခေါင်းဆောင်ကြီးတွေက အဲဒီဆန္ဒပြပွဲတွေကိုထိန်းချုပ်ဖို့ အစည်းအဝေးလုပ်ကြပါသတဲ့။ အဲဒီမှာ ဗိုလ်သန်းရွှေက သူ့ရဲ့အပေါင်းအပါတွေကို အခုပြုလုပ်တဲ့ ဆန္ဒပြပွဲရဲ့ခေါင်းဆောင်ကို ဖမ်းဖို့ အမိန့်တော်ချမှတ်တော်မူသတဲ့ဗျာ။ ဒါပေမယ့် ခက်နေတာက လူထုရဲ့ခေါင်းဆောင်ကဘယ်သူဆိုတာကို ဘယ်စစ်အရာရှိကမှ မသိကြဘူးတဲ့။ သိသမျှခေါင်းဆောင်အားလုံးကို ဖမ်းဆီးပြီးတာတောင် လူထုအုံကြွမှုက ဆက်လက်ဖြစ်နေဆဲဆိုတော့ အကြံအိုက်နေကြတာပေါ့ဗျာ။
အဲဒီအချိန်မှာပဲ ထောက်လှမ်းရေးအရာရှိငယ်တစ်ယောက်က အစည်းအဝေးခန်းထဲကို ကသောကမျောပြေးဝင်လာပြီး ၀မ်းသာအားရ အခုလိုပြောပါသတဲ့။
" ကျနော်သိပြီ၊ ကျနော်သိပြီ သူတို့ခေါင်းဆောင်ကို ကျနော်သိပြီ"
အဲဒီမှာပဲ ဗိုလ်သန်းရွှေက
"အဲဒီကောင် ဘယ်သူလဲ" လို့မေးတော့
ထောက်လှမ်းရေးအရာရှိငယ်ကလေးက မျက်နှာလိုအားရနဲ့
"သူတို့ကို ခေါင်းဆောင်နေတာ ဂေါတမဗုဒ္ဓ လို့ကြားခဲ့ရပါတယ် တပ်ချုပ်ကြီး"လို့ ပြန်ဖြေသတဲ့။
ဗိုလ်သန်းရွှေရဲ့မျက်နှာက အဲဒီမှာ ပြုံးရွှင်သွားပြီး
" ခေါင်းဆောင်ကို သိမှတော့လွယ်သွားပါပြီကွ အဲဒီ ဂေါတမဗုဒ္ဓကိုဖမ်းခေါ်ပြီး စစ်ကြောရေးစခန်းထဲကို ထည့်လိုက်" လို့ သူ့ရဲ့မိုက်ဖော်မိုက်ဖက်တွေကို အမိန်တော်မြတ်ချမှတ်တော်မူလိုက်ပါသတဲ့ ခင်ဗျာ။