ရက်စပြူတင် မသေသေးဘူးဗျို့ 

ရက်စပြူတင် ဆိုတာကို ကြားဖူးကြမယ်လို့ ထင်ပါတယ်။ ရုရှနောက်ဆုံး ဘုရင် ဇာနီကိုလပ် လက်ထက် ရုရှားနန်းတွင်းရေး မှာ သြဇာကြီးတဲ့ ဘုန်းတော်ကြီးတစ်ပါးပါ။ ဘုရင်နဲ့ မိဖုရား ကို တိုင် သူကို မလွန်ဆန်နိုင်ကြပါ ဘူး။ သူ့ကို ကိုးကွယ်ရတာ လဲတော်တော် ပျော်ဖို့ ကောင်းသ ကိုး။ အရက်သောက် နိုင်လေ ဘုရားသ္ခင်နဲ့  နီးလေ။ ခပ်ကြမ်းကြမ်းက နိုင်လေ ကောင်းကင်ဘုံ နဲ့ နီးလေ ဆိုတဲ့ ဘာသာရေး စည်းကမ်းတွေ နဲ့ တော်တော် တင်းကြပ်ပြင်းထန်တာ ကလား။ ကိုးကွယ် သူလဲတော်တော်ပေါ ဆိုပဲဗျ။ ကိုယ်တိုင်က ကြည်ညိုစရာကောင်းတာ ရော ဘုရင် နဲ့ မိဖုရား အပေါ် သြဇာငြောင်းတာရော နေမှာပေါ့ဗျာ။

သူ က ဘုရားသ္ခင် ရဲ့ အသွေးတော်ကို လဲ ရထားသူ လို့  သူကို သူပြောထားသကို။ အဲဒီ ခေတ်ရုရှားနန်းတွင်း အသိုင်းအဝိုင်း မလဲ ဘုရားသားတော် သမီးတော် တွေရှိမပေါ့လေ။ သူဆီကတဆင့် ရတာပေါ့။ နောက်ဆုံးတော့ လဲ ဝိုင်းသတ်လို့ သေတယ်ပြောတာပဲ။ သတ်တာတောင် တော်တော်ကို သတ်ယူရတယ်တဲ့။ အဆိပ်တွေ ကျွေး၊ မသေတော့ ဒုတ်နဲ့ ရိုက်၊ အဲဒါကို ထပ်မသေတော့ သေနပ်နဲ့ ပစ် ပြီး သူ အလောင်း ကို ကြိုးတုပ် ရေးခဲနေတဲ့ မြစ်ထဲပစ်ချမှ သေတယ်လို့ ဆိုတာကို။ သူအကြောင်း သေသေချာချာသိချင် ရင်တော့ အပင်ပန်းခံ ပြီလိုက်ရှာဖတ် နေဖို့ မလိုပါဘူး။ BoneyM အဖွဲ့  ဆိုထားတဲ Rasputin ဆိုတဲ့ သီချင်းကို YouTube မှာရှာနားထောင်လိုက်ပါ။ ကွက်ကွက် ကွင်းကွင်း မြင်ရပါလိမ့် မယ်။ သူရဲ့ ကြည်ညိုစရာ အကျင့်သီလ အကြောင်းတိုတို နဲ့ လိုရင်း ဂုဏ်ပြုသီ ဆိုသွားတာပါ။

အဲဒါက ထားပါတော့။ လူအထင်ကြီးခံရ မနည်းဘူးဆိုပြီး အာလူး ဖုတ်တာပါ။ ကျနော်ပြောချင်တာက ကျနော်တို့ နိုင်ငံပိုင် အစိုးရမင်းများ ဆီမှာလဲ အဲလို ပုဂ္ဂိုလ် တစ်ယောက် အနီးကပ် လမ်းပြပေးနေတယ် ဆိုတဲ့အကြောင်း အားတက်စရာပြောချင်လို့ ပါ။ ကျနောတို့  ရေမြေ့ သခင် ဂွစာသောင်းသောင်း သခင်ကြီး ကို အဟောချ သွာပုံလေး သူငယ်ချင်း တစ်ယောက်ကပို့ ပေး လို့ ခင်ဗျားတို့ လဲ နားထောင်ပါစေ ဆိုတဲ့ စေတနာနဲ့ ပါ။

မေတ္တာဓါတ် ပြည့်ဝပုံ တော့ ခု ကျနော်တို့ နိုင်ငံ ထဲက ပြဿနာတွေ ကို မြန်မြန်မဖြတ်လို့ တဲ့။ သိမ်မွေ့ တဲ့နည်းနာတွေ လမ်းပြသွားတာ။ အတိုက်အခံဆို ရန်သူဖြစ်လို့ ရန်ကိုအကြွင်းအကျန် မထားပါနဲ့ တဲ့။ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ဖြတ်ပါ။ လွှနဲ့ ပြတ်ရင်လွှနဲ့ ဖြတ်၊ ဓားနဲ့ ပြတ်ရင် ဓားနဲ့ ဖြတ် ၊ပေါက်ဆိန်နဲ့ ပြတ်ရင် ပေါက်ဆိန်နဲ့ ဖြတ်၊ လက်သီးနဲ့ ပြတ်ရင်လက်သီး နဲ့ ဖြတ် ဆိုပဲဗျ။ ကျနော်တို့ တပ်မတော် ကလဲ နူးညံ့တဲ့ အမိန်တော် အတိုင်းပါပဲ။ နားထောင်ရှာပါတယ်။ သေနတ်ကလေး တွေ၊ မျက်ရည်ယို ဗုံးလေး တွေ တောင် အဆစ်ပေးလိုက်သေးတယ်။ အင်း ပေါ့ လေ တိုင်းမှူးကြီးနဲ့  မီရထားဝန်ကြီးတောင် နာထောင်ရသေးတာပဲ။ စာနဲ့ ပေနဲ့ ကို ရေးပြော တာနော် ။ ခုခေတ်လူငယ် တွေ မှတ်ကြပါ။ ဇာတ်စာဆို တာ မကြားဖူးကြရင်ပေါ့။ “အောင်မြင် မှ ပန်းတိုင်ကို ဗိုလ်ချုပ်မှုးကြီးတို့ လှမ်းကိုင်ရမှာသေချာသည်” ပါတဲ့ ခင်ဗျာ။

ပြည်တွင်းအား၊ ပြည်ပအား ၊ လူငယ်အား၊ လူကြီးအား ဘယ်လို ရှိတယ်ဆို တာ ကိုလည်း သူကသိနေတာကို ဗျ။ ပင်တဂွန်ကသာသိ ရင် ငွေအများကြီးပေး ခေါ်လောက်တယ်။ တို့နိုင်ငံ က အဖိုးတန်သူတော်စင် ကို လေ။ ရေးရင်းနဲ့ တောင်စိုးရိမ်လာ ပြီ။ ဘုရားသား၊ ကျောင်းသား၊ စစ်သား ကို လည်း မျက်စိထောက်ထောက် ကြည့်ရမယ် လို့ ပြောသွားတာကလား။ ဆိုလိုရင်းကတော့ သားသုံးသား ကို ဂရုစိုက် ရင် အောင်ရမည် ပေါ့ဗျာ။ မီးဆိုတာ မြန်မြန်သတ် မီးကြွင်းမီးကျန် မထားနဲ့ တဲ့။ အရန်မီးသတ် အဖွဲ့ နဲ့ လည်း နီးစပ်ပုံ ရပါတယ်။ ကျနော့ ခပ်တော်တော် ခေါင်းသုံး ပြီးတွေ ကြည်တာတော့ တကယ်လို့ များ သားသုံးသား ပေါင်းပြီး ဗိုလ်ချုပ်တွေ ကို ဆော်တယ် ဆိုရင်တောင် သူနားမှာ လက်နက်ကောင်း ရှိတယ်ထင်ပါတယ်။ ဂါထာတို့ ဘာတို့  နေမှာပေါ့ ဗျာ။ ပြောချင်ပြောမှာ ဗျ။ အသံဖမ်းတဲ့ လူက ညစ်ပြီး ထည့်မ ပေးတာရှိမှာ။ ဗိုလ်ချုပ်မှုး ကြီးတို့ လည်း ပန်းတိုင်မြန်မြန် ကိုင်နိုင်ပါစေ လို့ဆုတောင်းပါတယ်လေ။

ပန်းတိုင် ကိုင်ဖို့ သိပ်ခက်နေလဲ ကျနော့ ဆီသာလာခဲ့ပါ။အားမငယ်ပါ နဲ့ ။ စည်းနဲ့ကမ်းနဲတစ်ယောက် တစ်လှည့်စီကိုင် မယ်ဆို ရင် ကျနော် ကူညီမှာပေါ့။ အေးဗျာ ကျနော့ စိတ်ထင်တော့ ရက်စပြူတင် သေတာ တကယ်မဟုတ်ဘူးထင်တယ်။
အင်မတန် မှာ ကြည်ညို ဖွယ်ရာ Rasputin ကိုတော်ကြီးပုံကို လဲ ကြည့်သွား ကြပါ ဦး ဗျာတို့ ။
ကိုရွှေဘို သားရေ အသံဖိုင်လေး တော့ ဝေပေးလိုက်ပါဦးဗျာ။ နားထောင်ချင်တဲ့ လူရှိရင်ပေါ့။ ကျနော်တို့ နိုင်ငံက ကိုယ်တော်ကြီးကတော့ ဘယ်သူဆိုတာတော့ ကျနော်မသိပါဘူးခင်ဗျာ။

ရေးသားသူ- မာဆိုး

ဒီလင့်ကနေ အသံဖိုင်ကိုရယူနိုင်ပါတယ်။
http://www.mediafire.com/?b3lmmonpvdc

3 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):

Anonymous said...

ချင့်ချိန်ပြီးမှယုံစေခြင်ပါတယ်။ ကြက်ခတ်ဝိုင်းဆရာတော်က စာတတ်ပေတတ်ဘုန်းကြီး။ အခုလိုပြောရင် ပါရာဇိက ကျမယ်ဆိုတာ သူသီးပြီးသားဘဲ။ ပြောမယ်မထင်ဘူး။ ဘုန်းကြီးတွေကိုအမြင်စောင်းအောင်လုပ်တဲ့ အစိုးရလှည့်ကွက်လို့ဘဲ ထင်တယ်

Anonymous said...

Somebody can identify through voice?

Unknown said...

but anyway this is not suitable to make speech like this,