မနေ့ က ကျနော့သူငယ် ချင်းတစ်ယောက်က ဖုန်းဆက်တယ်။ သူက သေသွားပြီး ငရဲပြည် က ငရဲ သားတွေ ကို ကွန်ပြူတာသုံးတက် ဆွဲတတ်အောင်သင်ပေးနေ တာလို့ ပြောတယ်။ သူက လည်း ကျနော်လို ပဲ သိပ်ချမ်းသာချင်တဲ့လူ ဗျ။ ဘယ်လို ချမ်းသာရချမ်းသာရ ချမ်းသာရင် ပြီးရော ဆိုတဲ့ကောင်စားမျိုး။ အခုလဲ အလကားနေရင် သေတာတော့မဟုတ်ဘူး ဂွင်ရှိလို့ သေ တယ်ဆိုတာ သူပြောတဲ့ စကားနားထောင်တာနဲ့  သိတာပေါ့။ နောက်သူက နာမည်လည်း နည်းနည်းတော့ ကြီးချင်သေတာ ဗျ။ သူဖုန်းဆက် ပြီးပြောရင် ကျနော်က စာရေးမယ်။ အဲဒီ အခါ သူနာမည်ပါလာမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖုန်းဆက်တာပါ။ ကျနော် ကလဲ ဘယ်ပြော မလဲ။
ပြောချင်တာက ဒီလိုဗျ။ ပထမဆုံး ကျနော်တို့ လူတွေသေရင် ဘာတွေဖြစ်တယ် ဆိုတာအရင် ပြောပြမယ်။ သေပြီး တာနဲ့ ကျနော်တို့ က ယမမင်း နဲ့ တွေ ရရောဗျ။ ရုံးတင်ခံ ရတာပေါဗျာ။ မသေခင်ဘာတွေလုပ် ခဲ့လဲဆိုတာ ကို ဆွဲချက်တွေ တင်တာပေါ့နော့။ ဆွဲချက်အတင် ခံရတဲ့ သူဘက်ကလည်း ပြန်ဖြေရှင်းရတာပေါ့။ အရင်ကတော့ ပုရပိုဒ်တွေ ဖွင့်ဖွင့်ပြီး ကြည့်ရတော့ အချိန်တော်တော်ကုန်ကုန် တယ်ပြောတယ်။ ခုနောက်ပိုင်းတော့ ကွန်ပျူတာ တွေသုံးတော့ တစ်ယောက်တစ်ယောက် သိပ်အချိန်မကုန်တော့ဘူး ပေါ့လေ။ နောက်ပြီး ငရဲ ဥပဒေ တွေ၊ ၃၁ ဘုံ ဥပဒေ တွေကလဲ Globalization နဲ့ အညီ လိုက်ပြောင်းထားတာတွေလဲ ရှိတယ်။ Under Table တွေဘာတွေ တောမရှိပါဘူး။ ဆုံးဖြတ်ချက်တွေကို လည်း ယမမင်း တစ်ယောက်ထဲ လုပ်လို့ မရဘူး သက်ဆိုင်ရာ ဘုံက ကိုယ်စာလှယ် ၃၁ ယောက်ပါ ဝိုင်းဆုံးဖြတ် အကြံပေးရ တယ်။
စတာက အဲဒီ Globalization ပဲ။ ခုနောက်ပိုင်း ကျနော်တို့ ကမ္ဘာမှာတင် မဟုတ်ပဲ တခြားဘုံ တွေ မှာလဲ လူဦးရေ ထိန်းချုပ်ရေးကို လေးထားလာကြတယ်။ အဲဒီတော့ အရင်ကလို ပြစ်ဒဏ် ကျခံ ပြီးတာနဲ့  ကိုနဲ့ သက်ဆိုင်တဲ့ ဆီ တစ်ခါတည်း သွားလို့ မရတော့ဘူးဗျ။ ငရဲသားတွေ ကလဲ အလုပ်ကို တစ်ရက် ၈ နာရီ ထက်ပို ရင် အပိုကြေးပေးရတယ်။ ငရဲ ကျတွေကို လဲ ပြစ်ဒဏ်ကျတဲ့ အချိန်ကလွဲ လို့  စာကြည့်တိုက်တို့ ၊ ရုပ်မြင်သံကြားတို့  ကြည့်ခွင့်ပေးထား တယ်။ Right ရှိတဲ့ သဘောပေါ့ဗျာ။ အဲဒီတော့ အပြစ်ကြပြီးတဲ့ လူ တစ်ယောက်က သူဘယ် ဘုံကို ပြန်သွားရမလဲ။ ဒါမှ မဟုတ်ဘယ်လို ပြစ်ဒဏ် မျိုးခံရမလဲ ဆိုတာသိပြီးတာနဲ့  သူနဲ့  သက်ဆိုင်တဲ့မြို့ မှာ သွားစောင့်ရတယ်။ ကို့ စရိပ်ကို စားပြီးတော့ စောင့်ရတာ။ ပိုက်ဆံဘယ် လို ပေးလဲမေး မယ်မဟုတ်လား။ ခင်ဗျားတို့ ကျနော်တို့ ပိုက်ဆံတွေ ကျကျပျောက်ဘူးတယ် မဟုတ်လား။ အဲဒါ ငရဲဘဏ်က အကြွေးလာလာ ဖြတ်တာ။ ထားပါတော့ လူပြန်ဖြစ်မယ့် လူက လူတွေကြီးနေ တဲ့ လူမြို့ မှာ သွားစောင့်နေရတယ်။ တိရိစ္ဆာန်ဆို လဲ တိရိစ္ဆာန်မြို့ မှာ သွားနေပေါ့။ အဲဒီ အချိန်မှာပဲ လူဝင်မှုကြီးကြပ်ရေးရုံးတို့ ၊ တိရိစ္ဆာန်ဝင်မှုကြီးကြပ်ရေးရုံးတို့ မှာ ပြည်ဝင်ခွင့်တင်ရတယ်။
အဲလိုဆောင့်နေတဲ့ အချိန်မှာ နေစရာကိုယ့်ဘာသာ ငှားရတယ်။ ကိုယ့်ဘာသာ စားရတယ်။ အချိန်ပိုင်း အလုပ်တွေလုပ်လို့  ရပါတယ်။ ဆီအိုးဆေးတာတို့ ၊ မီးထိုးပေးရတာတို့ ၊ ဓားတွေလှံ တွေသွေးပေးရတာတို့ ပေါ့။ ၃၁ ဘုံရှိတဲ့ အတွက် ၃၁ မျို့ ရှိတာပေါ့နော့။ ၃၁ မြို့ လုံး ဒီပုံစံနဲ့ ပဲ ရပ်တည်နေလာခဲတာ တော်တော်ကြာပါပြီ။ အဲဒီ မြို့ တွေမှာ ရှိတဲ့ မြေကွက်တွေကို အပိုင်ဝယ် မယ်ဆိုလဲ့ ရတယ်။ ဒါပေမယ့် ကိုနဲ့ ပတ်သက်တဲ့ မြို့ ကမြေကွက်ကို ပဲဝယ်ခွင့်ရှိတာပါ။ အများစုကတော့ ငရဲပြည်သူပြည်သားတွေ ကပိုင်ပြီးတဆင့် ငှားယူကြရတာပါ။
ပြဿနာက ဒီပဲရင်းမင်းသားကြီး အသက်ပျောက်တာက စတာပဲ။ ပထမဆုံး ပြဿနာက သူ့  အပစ်တွေကို ပြန်ထုတ်နေတဲ့ ကွန်ပျုတာ အလုပ်မလုပ်နိုင်တော့တဲ့ အတွက် အရေးပေါ် Backup ထားတဲ့ Super Computer နှစ်လုံး ကနေ တိုက်ရိုက်သုံးရတာပါ။ အဲဒီနေက သူ အမှုတစ်ခု ထဲက ပြစ်ချက်တွေ ကို ဖတ်တာ။ အယ်ကေဒါ အယောက် တစ်သောင်းအမှုကို ရုံးချိန်းရွှေ့ လိုက် ရရော။ အဲနောက် ပြဿနာတစ်ခု က သူကို ပြစ်ဒဏ်ချတဲ့ အချိန်မှာပါ။ ပြစ်ဒဏ်တွေကို မှတ်ထားဖို့  ကွန်ပျုတာတွေမှာ နေရာမရှိတော့တာပါပဲ။ အဲဒါနဲ့  ငရဲကောင်စီ က Nasa မှာသုံး တဲ့ Super Computer မျိုး နှစ်လုံး ကို အမှာစာပို့ ဖို့ ချက်ချင်းဆုံးဖြတ် အကောင်အထည်ဖော် လိုက်ရတာပဲ။ (မယုံရင် IBM ကိုလှမ်းမေးကြည့်) အဲဒီ Computer နှစ်လုံးက မင်းသားကြီးတို့  အသိုင်းအဝိုင်း ကလူတွေရဲ့ ကိုရေရာဇဝင်မှတ်ဖို့ ရယ်၊ ပြစ်ဒဏ် တွေကို မှတ်ဖို့ ရယ်ပဲ သုံးမှာပါ။ နောက်နှစ် ဘတ်ချက်ကြရင် ထပ်ဝယ်ဖို့ လဲ မှတ်ချက်ရေး ထားသေးတယ်။ သူတို့ လူတွေကလဲ တဖွဲဖွဲရောက် လာဦးမှာကို။
နောက်ဆုံးတစ်ခုကတော့ သူကို ဘယ်ဘုံကမှ လက်မခံတာပါ။ ၃၁ ဘုံ ကိုယ်စာလှယ် အားလုံး ကသူကို သာလက်ခံရရင် အလုပ်ကထွက်မယ် လို့ ညီတူညီညာ ပြော ကြတာပါ။ နောက်ဆုံး ယမမင်း ခမျာ သိကြားမင်း နဲ့  Gtalk မှာ အခြေတင် ဆွေးနွေးပြီး အဲလို လူတွေအတွက် မြို့ သစ် တစ်ခုထားပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက် ပြီး အဲဒီမြို့ သစ်ကို တာဝန်ယူ မဲ့ လူ မရှိလို့  အဲဒီမြို့ မှာ လုပ်တဲ့ဝန်ထမ်းတိုင်းကို လုပ်ဆ သုံးဆနဲ့  ခံစားခွင့် နှစ်ဆ ပေး ဖို့ လဲ သဘောတူထား ပါတယ်။ နောက်ဆုံးသတင်းကောင်း က အဲဒီ မြို့ ကမြေကွက်တွေကို ဝယ်မဲ့ သူမရှိလို့ အလကားပေးမယ်။ ဘယ်လို လူမျိုးတွေရမလဲ ဆိုတော့
(၁) မြန်မာနိုင်ငံသား ဖြစ်ရမည်။
(၂) စစ်မှုထမ်းသက်၊ ရဲသက် အနည်းဆုံး တစ်နှစ်ရှိရမည်။ (သို့ ) ကြံဖွံ ၊ စွမ်းအားရှင် အဖွဲ့  များတွင် တက်ကြွစွာပါဝင်ဘူးရမည်။
(၃)စစ်တပ်နှင့် အကျိုးတူ စီပွားရေး သမားများလည်း အထောက်အထားပြ လျှောက်ထား နိုင်သည်။
အသုံးချတတ်ရင် ချမ်းသာနိုင်မဲ့ အခွင့်အရေး မို့ ကျနော်ဖောက်သည်ချလိုက်တာပါ။ ဒီသုံး ချက်နဲ့ မကိုက် တောင်ဝန်ထမ်းလုပ် ဖို့ အခွင့်ရေး လဲ ရနိုင်ပါတယ်။ နောက်သတိပေး ချင်တာ တစ်ချက်က စစ်ခွေးတွေ တို့  မိစ္ဆာစစ်တပ်တို့  ဆိုတဲ့ စကားလုံးတွေကို လူလောကမှာ သုံးခဲ့ ဘူးတယ် ဆိုရင် သက်ဆိုင် ရာ ဘုံ ကိုယ်စာလှယ် တွေက အသရည်ဖျက် မှုနဲ့ တရားစွဲမယ်လို့  လဲပြောပါတယ်။ မသေခင် ရှောင်နိုင်အောင် သတိပေးတာပါ။ လောလော ဆယ်တော့ နအဖ ဘုံ နဲ့  နအဖ မြို့ သစ်လို့ ခေါ်ပါတယ်။ အဝိဇိ အောက်မှာ နောက် ငရဲ ခန်းတစ်ခုဆောက် ပြီးတာနဲ့  သူတို့ နဲ့ ထိုက်တန်တဲ့ နာမည် အသစ်တစ်ခုကို ပေးမှာပါ။ နအဖ မြို့ သစ် နအဖ ဘုံ လို့ ခေါ်တာကို တောင် အသူရကယ် ကိုစာလှယ် က သိပ်သဘောမတူ ဘူးလို့  သိရပါတယ်။ အကြောင်း ကတော့ ဒီလို့ အဆင့် အတန်းတောင် သတ်မှတ်လို့ မရလောက်အောင် အောက်တန်းကျတဲ့ ဘုံမှာ “အ” ပါနေတဲ့ အတွက် သူတို့  သိက္ခာထိပါးတယ်လို့ ယူဆလို့ ပါတဲ့ ခင်ဗျာ။ ခင်ဗျားတို့ မှာ အဲဒီဘုံ နာမည်အတွက် စိတ်ကူးကောင်းကောင်းလေး များရှိရင် ရွှေဘိုသား ဘလော့ ကနေ တဆင့် အကြံပေးနိုင်ပါတယ်။ သိကြားမင်း နဲ့ ယမမင်း က ဆုငွေ လဲ ပေးမှာ ပါ။ အဲဒီ ဆုငွေက မောင်မာဆိုး အိမ်ထောင်ပြုရန် ရန်ပုံငွေ ထဲကို သဘောတူ သည် ဖြစ်စေ မတူသည်ဖြစ်စေ လှုရမယ်ဆိုတာတော့ ကြိုအသိပေးထားလိုက်တယ်ဗျို့ ။

မာဆိုး
4 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):
Do you have experience about dying stage and death feeling? Your post is nice story.
Would u like to know the actual feeling of the moment of death stage?
U r invited to visit to my site about true story.
hahaha
very good satire
အဲ့ဒီမြို့ သစ်တာဝန်ခံလုပ်ချင်တယ်ဗျာ.. ဒီကောင်တွေကိုမ.ဝ.တ...ရ.ဝ.တ.. တွေဘာလုပ်လဲသိအောင်အမြည်းလေး ပေးချင်လို့ ။
Post a Comment