ကျနော်တို့ နိုင်ငံမှာ တော်လှန်ရေးနဲ့ ပတ်သက်ရင် ကျနော့အတွက်တော့ အံ့သြဖို့  ကောင်းတဲ အချက်လေး တစ်ချက်ရှိပါတယ်။ ဘာလဲ ဆိုတော့ ကျနော်တို့ နိုင်ငံမှာ တော်လှန်ရေးကို ဦးဆောင်နိုင်တဲ့လူတော်တွေ အရမ်းပေါတယ်ဆိုတာပါ။ ဒါဟာ တကယ်ကောင်းတဲ့ အချက်လို့  ပြောလို့ ရသလို အဲဒီ အချက်ကြောင့်များ ကျနော်တို့  နှစ်ပေါင်းများစွာ တော်လှန်ရေးသက် ကြာနေသလား ဆိုတဲ့ လူပိန်းအတွေး အခေါ်မျိုးလေး ဝင်လာမိပါတယ်။ ကျနော့မှာ ကိုးကားဖို့  စာအုပ်စာတမ်း မလုံလောက်တဲ့ အတွက် သမိုင်းဆိုင်ရာ အချက်အလက်တွေ မှားယွင်းနေ မယ်ဆိုရင်လဲ ထောက်ပြအကြံပေး ကြဖို့ တောင်းဆိုပါတယ်။
၁၉၁ရ အောက်တိုဘာတော်လှန်ရေး
လောလောဆယ် အာဏာရှင် အားပေးအာမြောက်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ရုရှားပြည်ထောင်စု ဆိုတာပေါ်ထွက်လာ ဖို့  ပဒေသရာဇ်အာဏာရှင်ကို တွန်းလှန်ခဲ့တဲ့ အထင်ကရတော်လှန်ရေး ပါ။ ပထမဦးဆုံး လက်ဝဲစနစ်ကို စာရွက်ပေါ်ကနေ အပြင်ကို ဆွဲထုတ်နိုင်ခဲ့တဲ့ တော်လှန်ရေး လဲဖြစ်ပါတယ်။ အလုပ်သမား၊ လယ်သမား၊ တပ်မတော်သား တွေ ပါဝင်တဲ့ တော်လှန်ရေးကြီး ကိုပြန်ကြည့်ရင် ကွန်မြူနစ်ပါတီ တစ်ခုထဲကနေ အဓိက ဦးဆောင်မှုပေးသွားတာကို တွေ့ ရပါ တယ်။ ၁၉၁၂ မှာ ဒီမိုကရက်တစ်အလုပ်သမားပါတီ ရဲ့ အဖွဲ့ ခွဲတစ်ခုအနေ နဲ့ ဖွဲ့ စည်းခဲ့ တဲ့ ကွန်မြူနစ်ပါတီ တစ်ခုထဲရဲ့ ဦးဆောင်မှုအောက်မှာပဲ ရုရှပြည်ရဲ့ ပဒေသရာဇ်အာဏာရှင် စနစ် ကို အပြီးသတ်တွန်းဖြိုနိုင်ခဲ့တယ်။ရုရှပြည်တွင်းတော်လှန်ရေး စတင်ချိန်မှာ ပြည်နှင်ဒဏ်ခံနေရ တဲ့ ခေါင်းဆောင်အများစု က ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာပြီး တော်လှန်ရေး ကို အနားသတ်ပေးနိုင်ခဲ့ပါတယ်။ ၁၈၉၀ လောက်ကတည်းက အခြေတည်ခဲ့တဲ့တော်လှန်ရေး မှာ အကွဲအပြဲ ဇာတ်လမ်းတွေ ဆိုတာပြောမကုန်နိုင်လောက်အောင် များခဲ့ပါတယ်။ အထင်ကရ အားဖြင့်တော့ ဘော်ရှိဗစ် နဲ့  မင်ရှိဗစ် အကွဲအပြဲပါ။ ဒါပေမဲ့ နောက်ဆုံး တိုက်ပွဲရင့်မဲ့ ချိန်မှာ ဆိုဗီယက်ကွန်မြူနစ်ပါတီ တစ်ခုထဲရဲ့ အောက်မှာ အောင်လံလွင်ထူနိုင်ခဲ့တာဖြစ်ပါတယ်။
မော် နဲ့ ချန်ကေရှိတ်
နောက်ထပ်အာဏာရှင် အာပေးအားမြောက်နိုင်ငံ တစ်ခုဖြစ်တဲ့ တရုတ်ပြည်ကြီး ရဲ့ ဖြစ်စဉ်ပါ။ အင်္ဂလိပ်အရင်းရှင်တွေ နဲ့  ပဒေသရာဇ်အာဏာရှင်လက်အောက် က ရုန်းထွက်ဖို့  ကြိုးစားနေ တဲ့ ခေါင်းဆောင်တွေ ကြားထဲက အကွဲအပြဲပါ။ ချန်ကေရှိတ်ခေါင်းဆောင် တဲ့ ကူမင်တန်ပါတီ နဲ့  မော်စီတုန်းခေါင်းဆောင်တဲ့ ကွန်မြူနစ်ပါတီ တို့ ရဲ့ ပြည်တွင်းစစ်ပါ။ ကူမင်တန်ပါတီ ရဲ့  ခေါင်းဆောင်ဖြစ်တဲ့ ဒေါက်တာဆွန်ယက်ဆင် ကွယ်လွန်တဲ့ ၁၉၂၅ မှာ စတင်ပေါ်ပေါက်ခဲ့ တဲ့ သဘောထားကွဲလွဲ မှုတွေအပေါ် အခြေခံပြီး ဖြစ်ခဲ့တာပါ။ ကွန်မြူနစ်နဲ့  ကူမင်တန် နှစ်ပါတီဟာ ၁၉၃၇ ဖက်ဆစ်ဂျပန်ကို ခုခံတဲ့စစ်ပွဲ မှာ တော့ယာယီမဟာမိတ် အနေနဲ့ အတူတူ တိုက်ခိုက်ခဲ့ကြပါတယ်။ ဒုတိယ ကမ္ဘာစစ်ပြီးတော့ မှ အချင်းချင်း ပြန်တိုက်ကြခိုက် ကြ ပေါ့။ ဒါဟာ လိုအပ်တဲ့ အချိန်မှာ ဦးတည်ချက်တူပြီး လမ်းကြောင်းကွဲတဲ့ အဖွဲ့ အစည်းနှစ်ခု ကြားမှာ ကာလတစ်ခု အထိ ညီညွတ်ရေး တည်ဆောက်နိုင်တယ်ဆိုတဲ့ သာဓကပါ။
လွပ်လပ်ပြီးခေတ်
ကျနော်တိုနိုင်ငံ လွတ်လပ်ရေး ရတဲ့အချိန်မှာ ဖ.ဆ.ပ.လ အဖွဲ့ ကြီး ဟာ အင်အား တောင့်တင်း တဲ့ အဖွဲ့ အစည်းတစ်ခု အဖြစ်ဆက်လပ်ရပ်တည်နေနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာ ပဲ ဆိုရှယ်လစ်အင်အားစု နဲ့  ဒီမိုကရေစီအင်အားစု တွေအဖြစ် သန့် ရှင်း၊ တည်မြဲ ဆိုတဲ့နာမည် သစ်တွေနဲ့ ထပ်ကွဲကြပြန်တယ်။ ဒီတစ်ခါ အကွဲအပြဲကတော့ ဘယ်လိုမှ ရင်ကြားပြန်စေ့လို့  မရတဲ့ အပြင့် စစ်တပ်ကို အာဏာရဲ့ အရသာကို မြည်းစမ်းဘူးသွားအောင် သင်ကြားပေးလိုက် တဲ့ဖြစ်စဉ်လို့ ပြောလို့ ရပါတယ်။ ဒါက အာဏာရပါတီမှာ ဖြစ်တဲ့ ကိစ္စတွေပါ။ အတိုက်အခံ ပါတီတွေမှာလဲ အကွဲအပြဲတွေ အများကြီးပါပဲ။ ကွန်မြူနစ်ပါတီခြင်းတူတူ မှာပဲ မြန်မာပြည်ကွန်မြူနစ်ပါတီ ရယ်၊ ကွန်မြူနစ်ပါတီမြန်မာပြည်ရယ် ဆိုပြီး ကွဲတဲ့ အကွဲအပြဲတွေ လဲ ရှိပါတယ်။ တပ်ပေါင်းစုညီညွတ်ရေး တို့ ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ရင်ခြင်းကပ်ဖို့ ကြိုးစားခဲ့တာလဲ အတိုက်အခံနဲ့  အာဏာရပါတီကြားမှာရော၊ အတိုက်အခိုင် အချင်းချင်း ကြားမှာပါ အကြိမ်ပေါင်း များစွာကြိုးပမ်းခဲ့ကြပါတယ်။ တစ်ခါမှလဲ အလုံးစုံ ညီညွတ်ရေးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ နောက်ဆုံး တော့ သမိုင်းစာမျက်နှာတွေ မှာ စစ်အာဏာရှင်ကို နေရာပေးလိုက်ရတာပဲ။
၁၉၆၂-၁၉၈၈
ဒီကာလမှာလဲ ကျောင်းသားလိုင်းက ဦးဆောင်တဲ့ တိုက်ပွဲပေါင်းများစွာ ပေါ်ပေါက်ခဲ့ပါတယ်။ ၁၉၆၂ မှာ 7 July၊ ၁၉၇၄ မှာ ဦးသန့်  ၊ ၁၉ရ၆ မှာ မှိုင်းရာပြည့်။ စတဲ့အထင်ကရ တိုက်ပွဲ များ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီမှာလဲ တပ်ဦး ရယ်၊ တပ်ဦးသစ်ရယ် ဆိုပြီးခေါင်းဆောင်မှု တစ်ခု ထက်ပို များခဲ့တာကို တွေ့ ရပါတယ်။ နောက်တစ်ခါ ၁၉၈၈ မှတော့ တော်လှန်ရေးဟာ တက္ကသိုလ် ကျောင်းထဲမှာတင် ရပ်မနေတော့ပဲတစ်နိုင်ငံလုံး အတိုင်းအတာ အထိပျံ့ နှံ့ သွား ခဲ့ပါတယ်။ ၁၉၆၂-၁၉၈၈ အရေးအခင်းတွေမှာ ခေါင်းဆောင်မှုသွေးကွဲ တာမျိုးမရှိပေမဲ့ သွေးစည်းတာမျိုးကို အားရလောက်အောင် မတွေ့ ခဲ့ရပါဘူး။
၁၉၈၈ နောက်ပိုင်း
စစ်အာဏာရှင်အာဏာသိမ်း ပြီးတဲ့နောက်ပိုင်း ၁၉၉၀ ကံဆောင်တိုက်ပွဲ များ၊ ၁၉၉၁-၉၂ အခြေခံပညာကျောင်းတိုက်ပွဲ များ၊ ၁၉၉၆ တက္ကသိုလ်ကျောင်းများတိုက်ပွဲ၊ ၁၉၉၉-၂၀၀၀ တိုက်ပွဲများဆက်တိုက်ပေါ်ပေါက်ခဲ့ ပါတယ်။နောက်ဆုံး ပြီးခဲ့တဲ့ ၂၀၀၇ စက်တင်ဘာ မှာတော့ သံဃာထုဦးဆောင်တဲ့ လူထုတိုက်ပွဲပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့တိုက်ပွဲ အဖြေတွေကတော့ ကျနော်တို့ မျှော်လင့်ထားသလို ဖြစ်မလာနိုင်သေးပါဘူး။ ဒီကလာရဲ့ ရှေ့ ပိုင်းတိုက်ပွဲတွေ သွေးတိုးအားလျော့တာ မျှော့်လင့်ထားသလောက် မအောင်မြင်နိုင်ခဲ့တာ လူထုအဆင်သင့် မဖြစ်သေးလို့ လို့ ပြောဆိုလို့ ရပေမဲ့ စက်တင်ဘာ ၂၀၀၇ တိုက်ပွဲ ကတော့ ကျနော်တို့ အဲဒီ လိုအမြင်နဲ့ ကြည့်လို့ မရဘူးလို့ ထင်ပါတယ်။ သံဃာ၊လူထု၊ကျောင်းသား အကုန်ပါပါရက်သား နဲ့ ခုလို ပွဲအီသွားရတာ၊ ဝန်ထမ်းသပိတ် ထိ ဆွဲခေါ်မသွားနိုင်တာတော့ ဆန်းစစ်ဖို့ လို မယ်ထင် ပါတယ်။
ဒီတိုက်ပွဲ ပေါ်ပေါက်လာဖို့ တကယ်အနာခံအားထုတ် သွားတာကတော့ ၈၈မျိုးဆက် ဆိုတာ ကျနော်တို့ ဘယ်လိုမှ ငြင်းဆန်လို့ မရပါဘူး။ သူတို့ အများစု အထိန်းသိမ်းခံထားရတဲ့ အချိန်၊ အပြင်မှာ ကျန်နေတဲ့ခေါင်းဆောင်တွေလဲ မြေအောက်လျှိုးနေတဲ့ အချိန်မှာ ခေါင်းဆောင် အဆက်ပြတ်မှုပြဿနာ နဲ့ ထိပ်တိုက်တွေ့ ရတာ ကလည်းအဓိက အချက်တစ်ချက်အနေနဲ့ ပါ ဝင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ သာမန်လူတွေ မသိနိုင်တဲ့ မြေအောက်ခေါင်းဆောင်တွေ ရှိကောင်းရှိခဲ့နိုင်ပါတယ်။ ဒီတိုက်ပွဲ ကြောင့်ပဲ မြန်မာ့ပြည်တွင်းရေးကို ကမ္ဘာက အာရုဏ်ထား လာစေတာပါ။ နောက်တစ်ချက် ကတော့ ကျနော်တိုင်ပြည်မှာ နိုင်ငံရေးကို စိတ်လဲမဝင်စားတဲ့ လူတန်းစား၊ စိတ်ဝင်စားဖို့ အချိန်မတတ်နိုင်တဲ့ အခြေခံလူတန်းစာတွေ ရဲ့ အိပ်ပျော်နေတဲ့ စိတ်ကို လှုပ်နှိုးလိုက်နိုင်ပါတယ်။ စစ်အာဏာရှင်ရဲ့ ပကတိရုပ်ကိုလဲ လှစ်ပြနိုင်ခဲ့ပါတယ်။
ကျနော်တို့ ဘက်မှာ အရည်အချင်းပြည့်တဲ့ခေါင်းဆောင်တွေ အများကြီးကို ရှိပါတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲ က ရုတ်တရက်ပေါ်ပေါက်လာတာ ဖြစ်လို့ အချက်ကျကျလှုပ်ရှားနိုင်ဖို့  အဆင်သင့် ရေးဆွဲထားတဲ့ စီမံကိန်း အသင့်ရှိမနေတာ လို့ ထင်ပါတယ်။ စစ်အာဏာရှင်အနေနဲ့ ကလဲ သူတို့ ရပ်တည်မှုကို အကြမ်းဖက်သမား ဆန်ဆန်ကျင့်သုံးခဲ့တာ ကလဲ အကြောင်းတစ်ချက် အနေနဲ့ ပါမှာပါ။ ခုလိုတိုက်ပွဲ အီသွားတဲ့အချိန်မှာခေါင်းဆောင်တွေ အနေနဲ့ ရတဲ့အခွင့်အရေး ကို အသုံးချပြီး ဘယ်လို ဆက်သွားမယ် ဆိုတာတွေးနေမှာသေချာပါတယ်။
လူညံ့တစ်ယောက်ရဲ့ အသံ
ရုရှားတော်လှန်ရေးအောင်မြင်တာ တခြားအချက်တွေ အများကြီးရှိနိုင်ပေမဲ့ ခေါင်းဆောင်မှုတစ် ခုထဲအောက်မှာ ရှိတာက အရေးပါတဲ့ နေရာတစ်ခုက ပါလိမ့်မယ်။ တရုတ်ပြည် ဂျပန်အောက် မကျတာလဲ ဆန့် ကျင်ဘက်ပါတီနှစ်ခု ညီညွတ်ခြင်းဟာ အရေးတော်တော်ပါခဲ့ မယ်လို့  ထင်တယ်။ ကျနော်တို့ တိုင်းပြည်လွတ်လပ်ရေးရတာလဲ ဗမာထွက်ရပ်ဂိုဏ်အဓိကနေရာ ကပါ ပါတယ်။ ကျနော်တို့ ဒီနေ့ အခြေအနေ မှာ နအဖ ကို ဆန့် ကျင်နေတဲ့ အဖွဲ့ အစည်းတွေ အများ ကြီး ခေါင်းဆောင်ကောင်းတွေ အများကြီး။ ပြီးတော့ ဒီအဖွဲ့ အစည်း တွေ အားလုံရဲ့  ဘုံရည်ရွယ်ချက် ကလည်း စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ဆိုတာလဲသေချာတယ်။ ဘယ်သူမှ လဲ ကိုယ့်အဖွဲ့ အစည်းကို ပါတီအာဏာရဖို့  လုပ်ကိုင်နေကြတာမဟုတ်ဘူးဆိုတာသေချာတယ်။ အဲဒီတော့တပ်ပေါင်းစု ပေါ်ပေါက်လာဖို့ ဆိုတာ ကျနော်တို့ အတွက်ဘာမှ အခက်အခဲမရှိဘူး ဆိုတာယုံကြည်ပါတယ်။ ကျနော်တို့ မှာ အန်တီစုရှိတယ်၊ ကျနော်တို့ မှာ ၈၈ မျိုးဆက်ရှိတယ်၊ ကျနော်တို့ မှာ လူဘောင်သစ်ရှိတယ်၊ ကျနော်တို့ မှာ ကျောင်းသား တပ်မတော်ရှိတယ်၊ ကျနော်တို့ မှာ တိုင်းရင်းသား အဖွဲ့ တွေရှိတယ်၊ ကျနော်တို့ မှာ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေ အဖွဲအစည်းတွေ အများကြီးရှိတယ်။ ကျနော်တို့ ကို ဝန်းရံပေးမဲ့ လူထု ရှိတယ်။ ကျနော်တို့  အတွက်လိုအပ်နေတာ အင်အာရှိတဲ့ အသေးတွေပေါင်းပြီး ကြီးမားတဲ့ အင်အားတစ်ခုကို ဖော်ထုတ်ရမယ်။ စစ်အာဏာရှင်ကို အမြစ်ကနေလှဲဖြိုပစ်မယ်။ အဲဒီနောက် တော့ စိတ်ရှိရင် ဖက်ဒရယ်မြေပြင်မှာ ရောင်စုံပန်းတွေ အပြိုင်အဆိုင်ပွင့်ကြတာပေါ့။ လောလောဆယ် တော့ တစ်သွေးတစ်သံတစ်မိန့် ။ ကျနော်ကတော့ လူပြိန်းလိုပဲတွေးတတ် တယ်ဗျာ။
မိုးထက်နေ

4 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):
Both articles are extremely nice!!
Best rgds!
I don't want to be as such illiterate horse-keeper who praised YAW-Minn-gyii.To the best of my capacity--very nice I can just say!!
ရွှေဘိုသားရေ..
တို့နိုင်ငံကြီးမှာ တကယ်လိုနေတာက မိမိကိုယ် ကိုယ်ထက် နိုင်ငံကိုချစ်တဲ့သူတွေပါ။ ရွှေဘိုသားပြောသလို အရည်အချင်းရှိတဲ့ခေါင်းဆောင်တွေ ရှိတယ်ဆိုပေမဲ့ သူတို့က ခေါင်းဆောင်ပဲ လုပ်ချင်ကြတာကလား....
ပြည်သူနဲ့တသားတည်း ဖြစ်တဲ့ ပြည်သူရှေ့က တပ်ဦးက ရင်ဆိုင်မဲ့လူတွေကသာ သမိုင်းကိုပြောင်းပေးနိုင်မှာပါ...
တပ်ပေါင်းစုတွေကလည်း မရှိမဟုတ်ပါဘူး ရှိနေပါတယ် လက်တွေ့မှာ လူထုတိုက်ပွဲဖော်ဆောင်ကြလို့ ကိုင်စွဲနေတဲ့ တပ်ပေါင်းစုအကြီးကြီးဆီမှာတောင် ဖော်ဆောင်လို့ ဖြစ်လာရင် ဘာလုပ်မယ် စီမံကိန်းရှိခဲ့ပုံ မပေါ်တာများလားလို့ အမစဉ်းစားမိသေးတယ်။ ပေါင်းစည်းညီညွတ်မှဆိုတာကို သိနေယုံနဲ့ မရပဲ တကယ်ပေါင်းစည်းနိုင်ဖို့ က တကယ့်ကို အနစ်နာခံပေးနိုင်ရမယ် ထင်ပါတယ် ။ အဲဒီအခါ ကိုယ့်အဖွဲ့မှာ ကိုယ်ဥက္ကဌပေမဲ့ ပေါင်းစုလိုက်တဲ့အချိန်မှာ ကိုယ်က သာမန်ဖြစ်ချင်လဲ အဖြစ်ခံနိုင်ရမယ် ထင်တယ်။
နောက်တချက်က တို့နိုင်ငံကို ကူညီသယောင်နဲ့ ချောက်ထဲကို ရောက်အောင် လမ်းလွှဲပေးနေတဲ့ NGO တွေလဲ ရှိနေတယ်လေ။ သူတို့က အဓိကရန်သူကို ပျောက်ပြီး ကိုယ့်အင်အားချင်းသွေးကွဲစေမယ့် စည်းလုံးမှုပျက်ပြားစေမယ့် ခေါင်းစဉ်တွေနဲ့ ငွေကိုပုံပေး ဖျက်စီးနေသေးတယ်။
အဲဒီအခါ အတွေးအခေါ်မပြတ်သား မခိုင်မာပဲ ၊ အနစ်နာမခံချင်သူတချို့က အဲဒီလမ်းတွေကို ပျော်ပျော်ကြီးလျှောက်ယုံမကပဲ ရန်သူကိုတောင် ပြန်အထင်ကြီး ။ ကိုယ့်ဖက်ကလူတွေကို နားမလည်သူတွေအဖြစ် ပြန်မြင်နဲ့ တောအုပ်ကြီးကိုမမြင်နိုင် ဖြစ်ကြပြန်ရော...
တကယ့်စစ်အာဏာရှင်ကိုတိုက်ထုတ်အပြတ်ရှင်းပြီးမှ ရလာနိုင်မဲ့ ငြိမ်းချမ်းရေး လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးတွေ
အောက်မှာ ကိုယ်တို့ရဲ့ အင်အားတွေ ရန်သူကိုမေ့သွားကြတယ်။
အာဏာရှင်လက်အောက်မှာ အဲဒါတွေဘယ်တော့မှ စစ်မှန်စွာမရရှိနိုင်ဘူးဆိုတာကို မေ့သွားအောင်လဲ ငွေတွေက လုပ်ပေးလိုက်တာကိုး....
အဲဒီအခါမှာ တော်လှန်ရေးထဲမှာ ခေါင်းဆောင်တော့ ခေါင်းဆောင်ပဲ ။ အဖွဲ့အစည်းတွေကလည်း တော်မှတော်ပဲ....။
ဒါပေမဲ့ နအဖပြုတ်ကျမှ ဖြစ်မယ် ဆိုတာထက် အရေးကြီးတာတွေ ရှိသယောင် ထင်သွားတဲ့အခါမှာ.....
ရွှေဘိုသားရေ ....
ကိုယ့်ပေါင်ကိုယ်လှန်မထောင်းရက်ပါဘူးကွယ်...
အမြည်းကလေးသာ ပေးပါရစေ...
အဓိကပြည်သူဆိုတာရယ် ပြည်တွင်းဆိုတာရယ်ကို
မမေ့ဘို့ ကိုယ့်ကိုယ်ကိုပဲ သတိပေးနေရတယ်လေ။
ရွှေဘိုသားပို့စ်တွေကို စိတ်ဝင်စားတယ်။ တကယ့်ကို ထောင့်စုံအောင်လဲ တွေးနိုင်ရေးနိုင်ပါတယ်။ ဆက်လက်ပြီး ဆွေးနွေးပါရစေ။။
u r right, but we continue what we can do,and also encourage to u, pls write more & more again & again, our aim will be coming soon
Your two articles is so nice!
It make us to think!
Yes I agree to you.
But as you know Daw Su is under house arrest.So if possible we need another hero who lead all Myanmar people.
Please wrtie similar article which are very helpful cause it is based on history and present situation.
You are a great man!
Post a Comment