ကိတ်မုန့် ဖုတ်တဲ့ ရွှေဘိုသား

ဒီရက်ပိုင်းမှာ ကျနော်တို့ ဘလော့ အုံနာကြီး ရွှေဘိုသားတစ်ယောက် ဘာစိတ်ကူးတွေ ပေါက်နေတယ် မသိပါဘူးဗျာ။ သူဘလော့ သူလည်လှဲ့ မကြည်နိုင်၊ စာလည်းမရေးနိုင် နဲ့  တစ်နေ့ တစ်နေ့  NTUC သွားလိုက်၊ ပြန်ရောက်လာလိုက်၊ မီးဖိုထဲ ဝင်လိုက်နဲ့  တော်တော်ကို ကြာနေပြီ။ အချိန်ရှိတိုင်း လဲ မုတ်ဆိတ်ငုတ်စိလေး ပွတ်ခါပွတ်ခါနဲ့ ။ မာဆိုးတို့ ၊ မိုးထက်နေတို့  ကို လဲ ဘလော့မှာ ပိုစ့်ရေးဖို့  ပြောတာက လွဲပြီး ရုပ်တည်ကြီးနဲ့ ဗျ။ မိုးထက်နေ ဆိုတဲ့ကောင် ကလဲ ခုပဲပါတီထောင်တော့ မလို၊ ခဏနေ ရင်ပဲတောခို တော့မလိုနဲ့  ကျနော်လူလိမ်မာ မောင်မာဆိုး လေးပဲ သူတို့ မျက်နှာ ကြည့်ပြီး သူတို့ ခိုင်းတာလုပ်ပေးနေ ရတာပေါ့ ဗျာ။ ဒါပေမဲ့ ခင်ဗျားတို့ စဉ်းစားကြည့်ပါ ဦး စုစုပေါင်း မှလူကလေး ၃ ယောက်ဗျာ နှစ်ယောက်ကထင်ရာ လုပ် နေတာ တစ်ရက်လဲ မဟုတ် နှစ်ရက်လဲမဟုတ် ဆိုတော့ ရင်ထဲကလိကလိနဲ့ ပေါဗျာ။ ဓာတ်ဆင်ဓာတ်ရိုက်များ လုပ်နေသလား။ တကယ်ပဲ မြန်မာပြည်ထဲ ပြန်ဝင်ပြီးတော်လှန်ရေး လုပ်တော့ မလား ဆိုပြီး သူတို့  ကို လေးစားတဲ့မျက်လုံး နဲ့  စောင့်ကြည့်နေရတာလဲမောလှပြီ။ ဒါနဲ့ တစ်နေ့ တော့ သုံးယောက်စုံ နေတုန်း အွန်လိုင်းမှာလဲ သူတို့ ကောင်မလေးတွေ မရှိတုန်း၊ သူတို့ မေးစိ သူတို့  ပွတ်နေတဲ့ အချိန်မဟုတ်တုန်း နဲ့ တိုက်ဆိုင်နေတော့ မေးလိုက်တာပေါ့ ဗျာ။ ဘာလုပ်နေတာလဲ ပြောပြပါဦးပေါ့။ မိုးထက်နေ ကတော့ ဘာမှမပြောပဲ ရှုတည်တည်နဲ့  ပြန်စိုက်ကြည်ရောဗျ။ သူတို့ နဲ့ က ကျောင်းမှာ ကတည်းက မကောင်းအတူ ကောင်းအတူ (မကောင်းတာတွေ ပိုများမယ်ထင်ပါတယ်) ပေါင်းလာတဲ့ လူတွေဆိုတော့သိလိုက်ပါတယ်။ မိုးထက်နေ ဘာမှ လုပ်မနေဘူးဆိုတာ။ သူကအဲလို ပဲ ရှုတည်တည်ပြန်ကြည့်ရင် သူစိတ်နဲ့ သူ့  ကို မကတ်ဘူး ဆိုတာ ဒီကကောင် ကသိပြီးသာဗျ။ ထပ်မေးရင်လဲ ဟိုတို့ စိဒီတို့ စိ ဖတ်ထား တဲ့ စာလေးတွေ ကို မရှိတဲ့မျက်မှောင် ကို ကျုံ့ ကျုံ့ ပြီး လက်ချာပေးတော့မှာ။ သူ့  ကောင်မလေး အွန်လိုင်းတက်မလာ မချင်းဆိုပါတော့။ ရွှေဘိုသားကတော့ မရှိတဲ့ ရင်အုံကြီ ကို မောက်နေအောင် အသက်ရှုထဲ့လိုက်တယ်။ ပြီတော့ မွေးထည်းက ခုမှ စချဖြစ်တဲ့ သက်ပြင်းလို တော်တော်ရှည်လျားလေးလံ တဲ့ သက်ပျင်းချလိုက်ရော။ သေချာပြီ ရွှေဘိုသား အရေးတကြီး တစ်ခုခုပြောတော့မယ်ဆိုတာ။ (ပိုလေးနက်အောင်ထင်တာပဲ သက်ပြင်းကို သုံးခါတိတိချတယ် ခင်ဗျာ) မိုးထက်နေ တောင် ရွှေဘိုသားကို လေးစားတဲ့ အကြည့်နဲ့ ကြည်လို့ ။
“ကိတ်မုန့် ဖုတ်နေတာ” ရွှေဘိုသား က တကယ်ကို လေးနက်တည်ကြည်တဲ့ အသံနဲ့ ပြော ချလိုက်တာပါ။ ကျနော် နဲ့ မိုးထက်နေ လည်း ဘာပြန်ပြောရမှန်းတောင် မသိလောက်အောင် ငြိမ်ကျသွား တာပေါ့။ ခဏနေ မှ မိုးထက်နေ က စကားစပြောရော
“ခင်ဗျား ဘာလုပ်မဖို့  ဒီလို အချိန်ကြီး ကိတ်မုန့် ဖုတ်နေတာတုန်းဗျ ၊ ဘယ်လိုကိတ်မုန့် မျိုး ဖုတ်နေတာမို့ ဒီလောက် အချိန်တွေ သုံးနေရတာတုန်း”
မိုးထက်နေမေး မှ ကျနော်လည်း စဉ်းစားမိတော့တယ်။ ပါဆယ်ဗုံးတို့ ဘာတို့ လို မျိုး ကိတ်မုန် ဗုံးတို့ ဘာတို့ များ တီထွင်နေသလားပေါ့ လေ။

ရွှေဘို။ ။ “ဘယ်လို ကိတ်မုန့် တုန်း ဆိုတော့လူစားတဲ့ ကိတ်မုန့် ပေါ့ ကွ၊ ဘယ်လို ဖုတ်တာတုန် ဆိုတော့ ပထမ ဆုံး ကိတ်မုန့် ထဲဘာတွေ ပါလဲ တွေးကြည်တယ်ကွာ၊ ဘယ်လို ပစ္စည်းတွေ သုံးတုန်းပေါ့။ ပြီတော့ အဲဒါတွေဝယ်တယ် ကွာ ပြီတော့ ဖုတ်တယ်”
မိုးထက်။ ။ “ခင်ဗျား မုန့် လုပ်နည်း စာအုပ်လေးဘာလေး ဝယ်ဖတ်ပြီးမှ လုပ်ပါလား”
မာဆိုး ။ ၊ “Google ကရှာကြည့်ရင်လဲ ရမယ်ထင်တယ် ”
ရွှေဘို။ ။ “အဲဒါတွေ တော့ ခင်ဗျားတို့ ပြောမှလားဗျ၊ ကျုပ်လဲသိတာပေါ့ ကိုယ်တိုင်တွေး ပြီးလုပ်ချင်လို့ ၊ ဘယ်သူ့ ဆီက နည်းနဲ့ မှ မလုပ်ချင်လို့ ပေါ့ဗျ၊ ကျုပ်က ဘာလုပ်လုပ် ကိုယ့်ပုံစံ နဲ့  ကို ပဲလုပ်ချင်တာ ခင်ဗျားတို့ လဲ သိရဲ့ သားနဲ့  ”
မိုးထက်။ ။”မဟုတ်ဘူးလေ ဗျာ အချိန်ကုန်သက်သာတာပေါ့။ စာအုပ်ထဲ က အတိုင်းလုပ်ရ မယ် ပြောနေတာမှ မဟုတ်တာ၊ နည်းနာလောက် ယူ၊ ပြီတော့ ခင်ဗျားလို ချင်တဲ့ ပုံစံပြင်ယူ ရင်လဲ ရတာပဲကို ”
မာဆိုး။ ။ “ဟုတ်တယ်လေ အရင်ဆုံး စားလို့ ရမဲ့ ကိတ်မုန့် လေ်း ဖြစ်အောင်အရင် လုပ်ပေါ့ ”
မိုးထက်။ ။”ကျနော် ကြားဖူးတာတော့ မုန့် ဖုတ်တယ်ဆိုတာ မီးပေးတာလဲ တော်တော်အရေး ကြီးဆိုပဲ”
ရွှေဘို။ ။”မီးပေးတာလား၊ ကျနော် Oven နဲ့ လဲ ဖုတ်တယ်၊ မီဖိုသုံး ပြီးလဲ ဖုတ်တယ်လေ”
မိုးထက်။ ။”အခြေအနေကရော ဘယ်လိုလဲ”
ရွှေဘို။ ။”အင်း ကောင်းတာပဲ၊ ….တဖြည်းဖြည်းလဲပို ကောင်းလာပါတယ်”
မိုးထက်။ ။”မဟုတ်သေးပါဘူးဗျာ ခင်ဗျားဟာက၊ ရမ်းသမ်းပန်းသမ်း ရှောက်လုပ်နေတာ ပဲဗျ၊ တကယ်ကောင်းကောင်း စားချင်ရင် သေသေချာချာ လေ့လာပြီးမှ လုပ်ပေါ့ဗျ၊ ကောင်းကောင်းလဲ စားရတယ်၊ အချိန်ကုန်လဲသက်သာတာပေါ့၊”
မာဆိုး။ ။”ဒါနဲ့ ခင်ဗျား ကိတ်မုန့် လုပ်နေတာ ဘယ်လောက်ရှိပြီလဲ”
ရွှေဘို။ ။”တစ်လလောက်တော့ ရှိပြီဟ။ ကျုပ်ဘာသာကျုပ် စဉ်းစားလို့ ရလောက်နည်း ပေါင်းစုံ နဲ့  လုပ်နေတာပဲ။ တချို့ နည်းတွေ ဆိုနှစ်ခါသုံးခါလောက် ရှိပြီ”
မိုးထက်။ ။”ထပ်စမ်းတာလား၊ ဒါမှမဟုတ် မေ့ပြီးမအောင်မြင်တဲ့ နည်း အတိုင်းပြန်စမ်းမိ တာလား”
ရွှေဘို။ ။”မှတ်ကို မထားတာ။ ထပ်စမ်းတာလား၊ နည်းအသစ်လားကို မသိတာ၊ လုပ်ရင်းနဲ့ မှ လုပ်ဖူးပြီးသာမှန်း သိတာဗျ”
မာဆိုး။ ။”ခင်ဗျား ကလဲ လုပ်တာလဲဒီလောက်ကြာပြီ၊ အမယ် သိပ်များတာလဲ မဟုတ်ပဲနဲ့ ၊ စာအုပ်တစ်အုပ်နဲ့ သေချာမှတ်လုပ်ရင်တောင် ဒီအချိန်ဆို ပြီးပြီ၊ Decision Table မသင်ဘူး တာလဲမဟုတ်ဘူး”
ရွှေဘို။ ။”ခင်ဗျား တို့ နှစ်ယောက်လုံး သူများလုပ်နေတဲ့ ကိစ္စကို အကောင်းလဲမမြင်ဘူး၊ ကူလဲ ကူညီပေးတာမဟုတ်ပဲ၊ ဘေးကနေ ရှောက်ဝေဖန်နေတာပဲ”
မိုးထက်။ ။”ခင်ဗျားလုပ်တာနည်းလမ်း မကျလို့ ပြောတာဗျ”
ရွှေဘို။ ။”ကျုပ်ဘာသာကျုပ် လုပ်ချင်ရာလုပ်မယ်ဗျာ၊ ဘာမှမပြောနဲ့ တော့”

စကားဝိုင်း ကနေ လက်ဝှေ့ ပွဲ ဖြစ်ခါနီးမှာပဲ ရွှေဘိုသားကောင်မလေး နားကဖုန်းခေါ်တာနဲ့  ငြိမ်းငြိမ်းချမ်းချမ်း ပြီးသွာတယ်ဆိုပါတော့။ ဒါပေမဲ့ မာဆိုး ကတော့ သူများကို မစပ်စုရရင် အိပ်မပျော်တဲ့ ဗီဇလေးကြောင့် ရွှေဘိုသား နဲ့ သူကောင်မလေး ဘာပြောနေတုန်း နားထောင် နေ မိသေးတယ်။ ကောင်မလေး ဘာတွေပြောနေတယ် တော့မသိဘူး။ ကျနော်တို့  ဇာတ်လိုက် ကတော့ ကိတ်မုန့် တရားဟောနေတော့တာပဲ။ တကယ်ယုံယုံ ကြည်ကြည် ဟောနေတာလား သူဘာသာ ယုံတယ်ထင်ပြီးပြောနေတာလား တော့မသိဘူးဗျ။ တော်တော် တော့ အာဘောင်အာရင်းသန်သန်ပဲ။ ပုံစံကြည့်ရတာကို က အရပ်ပုပုနဲ့  နအဖ သတင်းစာ ဗီလိန်နဲ့ ချွတ်စွတ်ဗျာ။ စိန်စီသောည သာပြန်ကြည့် ရွှေဘိုသား ရဲ့ ဟန်က အဲဒီအချိန်မှာ အဲဒီအတိုင်း ကွက်တိပဲ။

နောက်ပိုင်းတော့ ကျနော့မှာ အလုပ်တစ်ခုတိုးလာပါရောလား။ ရွှေဘိုသားကို စောင့်စောင့် ကြည့်နေရတာ။ သိပ်ပေါ်တင်တော့လဲ မကြည်ရဲဘူး။ တော်ကြာစိတ်တို ပြီး အိမ်ပေါ်ကနှင်ချ ရင် နေစရာပျောက်နေ မှာကကြောက်ရသေးတယ်။ မိုးထက်နေ နဲ့ ရွှေဘိုသား လဲ အဲဒီကိစ္စ ဖြစ်ပြီးကတည်း က တစ်အိမ်ထဲ နေပြီးပြောစရာကို Gtalk ကတဆင့်ပြောတော့တယ်ဗျာ။ ဟုတ်တယ်ဗျ။ ကျနော် သတိထားမိသလောက် ဒီရက်ပိုင်းတွေ မှာ ရွှေဘိုသား က သူနဲ့ တွေ့  သမျှလူကို အာဘောင်အာရင်း သန်သန်နဲ့ ကိတ်မုန့် တရားပဲဟောနေတော့တာ။ နောက် သူအားတဲ့ အချိန်တိုင်းလဲ မီးဖိုချောင်ထဲ မှာ တစ်ယောက်ထဲ မုန့် ဖုတ်နေတော့တာဗျ။ မုန့် ဖုတ် နေတဲ့ အချိန် သူမျက်နှာကို ကြည့်တော့ကျလဲ စိတ်အားထက်သန်မှုတွေပျောက်နေပြန်ရော။ အိပ်မက်ယောင်ပြီး လုပ်နေတဲ့ လူရဲ့ မျက်နှာပေးနဲ့ ဗျ။ ထူးတော့ထူးဆန်းတယ်။ ဘာမှကို နားလည်လို့ မရတော့ဘူး။

အဲလို နဲ့  မနေ့ ကတော့ ကျနော်တို့ အားလုံးရော ရွှေဘိုသားရဲ့ ကောင်မလေးရော ဆုံတဲ့ အချိန် ရွှေဘိုသား မုန့် ဖုတ်ပါလေရောလားဗျာ။ ပြီးလဲပြီးရော သူ့ ရဲ့ တော်တော်လေး ကို ကိတ်မုန့်  နဲ့ မတူတဲ့ ကိတ်မုန့် ကို လူကုန်လိုက်ကျွေး တယ်။ မိုးထက်နေ ကတော့ ထုံးစံ အတိုင်းရွှေ ပျောက်တာလိုလို အတိတ်မေ့တာလိုလို ပုံစံနဲ့  မသိချင်ဟန်ဆောင်နေတယ်။ ကျနော် ကလည်း ဗိုက်မကောင်း လို့  ဆော်ဒါပါတဲ့ အစာမစားရဲ ဘူးလို့  လိမ်လိုက်ရော။ သူ့ ကောင်မလေး မျက်နေပေး ကလဲ သေသော်မှတည့်အော်ကောင်း၏ မျက်နှာပေးနဲ့ ။ သူလဲ မစားဘူး ဗျ။ ရွှေဘိုးသား က လည်းအေးဆေးပါပဲ။ ဘယ်သူမှ မစားရင်သူစားမယ် လို့ ပြောပြီ မီးခြစ်ဆံခေါင်း ၅ ခေါင်းစာလောက် စားလိုက်တယ်ထင်တာပဲ။ သူမျက်နှာကြည့်ရတာတော့ တစ်ယောက်ယောက် က သူနောက်က မစားရင်ပစ်လိုက်မယ် ဆိုပြီး သေနပ်နဲ့ ချိန်ထားသလို ပဲ။ စားပြီးတာနဲ့ ပါးစပ်ကတော့ တော်တော်ကောင်းလာ ပြီတဲ့။ စာရွတ်သံနဲ့ ရွတ်တာနော်။
ခင်ဗျားတို့ ပဲ စဉ်းစားကြည့်ဗျာ။ ဘယ်သူမှလဲ မစားဘူး။ သူကိုတိုင်လဲ မစားဘူး။ သေချာလဲ ကြိုးကြိုးစားစား စနစ်တကျလုပ်တာ မဟုတ်ဘူး။ ဒါပေမဲ့ သူအချိန်အားတိုင်းတော့ မုန့် ဖုတ်
တာကို တကယ့်အလုပ်တစ်ခုလို လုပ်နေတာပဲ။ အဲလို နဲ့ ညနေသာရောက်သွား တယ် ကိတ်မုန့် က မီးခြစ်ဆံ ၅ ခေါင်းစာထက်ပိုမရော့သွားဘူး။

ညနေစောင်းတော့ ကျနော်လဲ ကျနော့သူငယ်ချင်း တစ်ယောက်နဲ့ တွေဖို့ ထွက်လာခဲ့ရောဗျာ။ စိတ်ထဲကတော့ ကလိကလိနဲ့ ပေါ့ ။ ဒါနဲ့ ပဲ သူငယ်ချင်းကို ဖြစ်ကြောင်းရယ်ကုန်စင် ပြောပြမိ ရော။ ကြုံလို့ ပြောရပါဦးမယ်။ မာဆိုး သာ ခပ်တုံးတုံး၊ ခပ်ဖျင်းဖျင်းရယ်။ မာဆိုး က သူငယ်ချင်း ရတော့တော်တော်ကံကောင်း တာ။ သူနေရာနဲ့ သူလူတော်တွေ ချည်းပဲ။ နောက်ဆုံး ကုန်ကုန်ပြောရရင် မာဆိုး ကောင်မလေး တောင် မာဆိုးထက် အပြန်တစ်ရာ သာတယ်။ ခုသူငယ်ချင်းက လည်း အနုပညာတော်တော်ကောင်းတဲ့ လူဗျ။ မာဆိုး သာ ရက်ပေါင်းများ စွာနားမလည်တာ။ သူအတွက်တော့ ချက်ချင်း အဖြေထွက်တယ်။ မေးခွန်းတစ် ခုပဲ မေးခိုင်းတယ်။ ရွှေဘိုသား ပြန်ဖြေမဲ့ အဖြေလဲပြောတယ်။ အနုပညာ ခံစားနိုင်တဲ့ စိတ်အား ကောင်းလို့ တဲ့။

ကျနော်အိမ်ပြန်ရောက်တော့ ရွှေဘိုသား ကို ကံကောင်းစွာ ပဲတွေ့ တယ်။ ပြီးတော့ သူ စိတ်ကြည်နေပုံလဲပေါက်တာကို။ အဲဒါနဲ့ ကျနော်လဲ အိပ်ပေါ်ကတော့ နှင်မချလောက်ဘူး ဆိုပြီ သူငယ်ချင် မေးခိုင်းတဲ့ အတိုင်း အရဲစွန့့်မေးလိုက်တယ်။
“ခင်ဗျား ဒီလောက်အချိန်တွေ ငွေတွေ အကုန်ခံပြီး ဘာလို့ သေသေချာချာ ဖြစ်အောင်မလုပ် တာလဲ ”
“ကိတ်မုန့် ဖုတ်လို့ အောင်မြင်သွားရင် ကျနော် ဘာဆက်လုပ်ရမှာလဲ၊ နောက်ထပ်လုပ်စရာ ထပ်ရှာနေ ရမှာပေါ့”
ဟုတ်ပဗျာ။ ကျနော့ သူငယ်ချင်း ပြောလိုက်တဲ့ ရွှေဘိုသာ ပြန်ဖြေမဲ့ အဖြေနဲ့ စကားလုံးသာကွဲ တာ။ အဓိပ္ပါယ် က နည်းနည်းမှကို မလွဲဘူး။ ရွှေဘိုသား ဘာဖြစ်နေတာတုန်း သိကြလားဗျ။ သိချင်လဲသိနေ ကြမှာပါ။ ဒါပေမယ့် ကျနော်ကတော့ ဆရာကြီးလုပ်ချင်တဲ့ စိတ်လေးအရ ဇွတ်ပြောပြမှာပဲ။ သူ မုန့် မဖုတ် ခင် အချိန်တုန်းက အမျိုးသား ညီလာခံ နဲ့ လမ်းပြမြေပုံ ကို သုံးသပ်ချက် စာတမ်းရေးဖို့  အသေးစိတ်လေ့လာနေတာဗျ။ သူ့က ခံစားမှုအားကောင်တဲ့ လူဆိုတော့ မသိစိတ် ကနေ Performance Arts လုပ်တာပါတဲ့ ခင်ဗျာ။ မှန်ရင်အဲဒါ ကျနော်ကိုချီးမွမ်း မှားရင်တော့ ကျနော့သူငယ်ချင်းကို သာ အားရပါးရ ဆဲကြပါတော့။ ဟုတ်တော့ လဲ ဟုတ်တယ်လေ ဗျာ။ ကောင်းလည်းမကောင်း ဘူး။ ဘယ်သူမှလဲ မကြိုက်ဘူး။ လုပ်တဲ့သူကိုယ်တိုင်က နည်းလမ်း မှားနေတာလဲသိတယ်။ နည်းမှန်လမ်းမှန် ဖြစ်လာဖို့ လဲ သေချာမကြိုးစားဘူ။ ဒါပေမဲ အချိန်ကုန် ခံ ငွေကုန်ခံ ပြီးလုပ်နေတာပဲ မဟုတ်လား။

မာဆိုး
ရွှေဘိုသား ပေးတဲ့ ကျောရိုးနဲ့  ရွှေဘိုသားကို ပြန်ထိုးလိုက်ရတာပဲ။

0 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):