ဆိုင်းဘုတ်

ကျနော် မနေ့ က ကိုနစ်နေမန်း ဘလော့ဂ် က လင့်တစ်ခုကို ဝင်ကြည့်မိတယ်။ တော်တော် လေးကို ခံ စားလိုက်ရတာပါ။ ကျနော် တို့ နာဇီ ခေတ်ကို အရှင်လတ်လတ်များ ပြန်ရောက်သွားလား လို့ တောင် ထင်မိတယ်ဗျာ။ ကျနော်တို့ ဘက်ကတော့ "တပ်နဲ့ ပြည်သူ လက်တွဲကူ စိတ်တူကိုတူ အောင်ပွဲယူ " ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ ဘလော့တိုင်းမှာ ချိတ်လို့။ တကယ် ကို ကြေကွဲ စရာကောင်းပါတယ်။ ကျနော်သိသလောက် တော့ ဘယ် ဘလော့ ဘယ်သတင်း Site မှာ မှာ "UN ၊ US ပြည်သူ အောင်ပွဲ ယူလို့ " တင်လဲမတင်၊ ရေးလဲ မရေးကြပါဘူး။

၁၉၁၇ ရုရှားတော်လှန်ရေး မှာ စစ်တပ်တွေ လာရောက် ပူးပေါင်းတယ် ဆိုတာကို ကျနောတို့ နည်းနည်းသုံးသပ်ကြည့်ရအောင်။ အဲဒီ တုန်းကတိုင်းပြည်ရဲ့ အမြင့်ဆုံး အာဏာ က စစ်တပ်ရဲ့ လက်ထဲ မှာ မဟုတ်ပါဘူး။ ဇာဘုရင်နဲ့ သူဆွေမျိုးအသိုင်း အဝိုင်း ကွက်ကွက်လေးမှာ ပဲ ရှိတာပါ။ အဲဒီတော့ စစ်သားတွေ နဲ့ တော်လှန်ရေး သမားတွေနဲ့ပူးပေါင်းတယ် ဆိုတာ မဆန်းပါဘူး။ ကျနော်တို့ ဒီနေ့ တွေနေ ရတဲ့ အခြေအနေ က ၁၉၁၇ ရုရှာတော်လှန်ရေး ကာလနဲ့  ညှိယူလို့ မရဘူးလို့ ကျနော်တော့ မြင်ပါတယ်။ ကျနော်တို့ လက်ရှိရင်ဆိုင်နေရတဲ ပုံစံ က တကယ်ကို နာဇီခေတ်ပါ။ စစ်တပ်မှာ အာဏာအပြည့်ရှိတယ်။ လုပ်ချင်ရာလုပ်ခွင့် ရှိတဲ့အနေအထား ပါ။ တဘက်ကလဲ ကျနော်တို့ တိုင်းပြည်က လူအများစု ကအတွေးအခေါ်တော်တော်ကို အားနည်းတာ ပါ။ နှစ်ပေါင်းလေး ဆယ်လောက်အတွေး အခေါ်ချုပ်နှောင်ခံထားရတာပါ။

နောက်ပြီး ကျနော်တို့ နိုင်ငံ စစ်တပ်ထဲ မှာ ရိုးရိုးတပ်သားတစ်ယောက် ရဲ့ ပညာအရည် အချင်းကလေးတန်းလောက်ပဲ ရှိမယ် ထင်ပါတယ်။ ကျနော် မှာ စာရင်းအတိ အကျမရှိပေမဲ့ ဖြစ်နိုင်ခြေတော်တော်ကို များပါတယ်။ နောက် တချက်က ဒီကနေ့ စစ်တပ်မှာ တိုက်စရာ မယ်မယ်ရရ ဘာမှ မရှိပဲ မြို့ ပြမှာ နေရတဲ့ အချိန်ကလို အပ်တာထက်ပို များနေပါတယ်။ နောက်ရဲနဲ့ တပ်၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေး နဲ တပ်ရဲ့  ဆက်ဆံ မှုတိုင်းမှာလဲ တပ်ကအပေါ်ဆီကပါ။

ရပ်ကွက်လူကြီးတစ်ယောက် က ရပ်ကွက်လုံခြုံရေး (သူတို့  ဗိုလ်ချုပ်တွေ ခရီးစဉ်) ရှိတဲအခါ လာတဲ့တပ်က ရိုးရိုးတပ်သားကို တောင် အောက်ကြေးကနေ ဆက်ဆံရတာပါ။ ခုအခြေအနေ က ကျနော်တို့ လူထုမှာ ဆင်းရဲ သလို စစ်တပ်ကတပ်သားတွေလဲ ဆင်းရဲနေကြ တာပါ။ ဒါပေမယ့် စစ်သားဆို တာဘယ်တိုင်းပြည်က စစ်သားဖြစ်ဖြစ်ကို ဆင်းရဲမှုနဲ့ အသာကျပြီးသားပါ။ ပြီတော့ သူတို့အနေအထားနဲ့ လူကြီးလူကောင်း သာမန်လူတွေ အပေါ်ကို ဆရာလုပ်ဆက်ဆံနိုင် ခွင့် ရနေတာကို သူတို့ တော်တော်ကျေနပ်နေဟန်တူပါတယ်။ အဲဒီတော့ တော်ရုံအသိနဲ့ စစ်သားကလူ ထုနဲ ပူးပေါင်းဖို့ ဆိုတာ ကျနော့အမြင်အရတော့ ဖြစ်နိုင်ချေတော်တော်နည်းပါတယ်။တကယ်လို့  ပူးပေါင်းလာတယ် ဆိုရင်တောင် လက်ရှိအခြေအနေကို ပြောင်းပေးနိုင်မဲ့ အချိုးအဆမဟုတ်နိုင်ပါဘူး။ တစ်ယောက်ချင်း နှစ်ယောက်ချင်း ပဲဖြစ်နိုင်မယ်ထင်ပါတယ်။

ကျနော်အောက်မှာပေး ထားတဲ့လင့် ကလေးကို ကြည့်ကြည့်ပါ။ ပစ်မိန့် ပေးလို့ ပစ်ရ ပါတယ် ဆိုတာထားပါတော့။ ခုဖမ်းမိပြီးသားလူတွေ ကို အကြောင်းမဲ့ ကန်ကြောက်ရိုက်နက်နေတာပါ။ မူးယစ်ဆေးသုံးထား တဲ့ပုံလဲ မဟုတ်ပါဘူး။ တကယ့် ကို ရက်စက်တဲ့ စိတ် အရင်းခံနဲ့ လုပ်တာပါ။ ရိုက်ဖို့ အမိန့် ပေးတယ်လို့ ပြောရအောင်လဲ လုံးဝ ဖြစ်နိုင်ချေမဲ့ပါတယ်။ နောက်တစ်ခုက တပ်မ ၆၆ တံဆိပ်နဲ့  ဗိုလ်ပြုံးနေပုံ ကလဲ တော်တော်ကို အံသြထိတ်လန့် စရာပါ။ နည်းတောင်နည်းသေးတယ် ဆိုတဲ့အပြုံးမျိုးပါ။ နောက်ဆုံးက လူငယ်လေး ဆို ကြုံတဲ့သူက ဝင်ရိုက်ကန်ကြောက်နေ တာပါ။ ကျနော် ဖတ်ဖူးမှတ်ဖူးသလောက် ဆိုရင် နာဇီတပ် တစ်တပ်မှာ အချင်းချင်းပြန်တိုက်တာ မတွေ့ ခဲ့ရပါဘူး။ မနိုင်တဲ့ အဆုံးမှ လက်နက်ချကြတာပါ။ ခု တပ်ကလဲ နာဇီစိတ်အပြည့်အဝ ရှိတဲ့တပ်ဆိုတာသေချာပါတယ်။

ဟစ်တလာက အမျိုးသားရေး စိတ် ပေါ်မှာ အမြတ်ထုတ်ပြီး ဂျာမန်တစ်တပ်လုံးကို နာဇီစိတ်သွင်းခဲ့တာပါ။ ခုကတော့ အမျိုးသာရေး စိတ် မဟုတ်ပဲ တပ်စိတ်သွင်းထားတာပါ။ တော်လှန်ရေးကို ရှေ့ ဆက်ဘယ်လို သွာမလဲ ဆိုတာကတော့ ကျနော်တို့ ခေါင်းဆောင်တွေ ဆုံးဖြတ်ပြီးသား ဖြစ်မှာပါ။ ဒါပေမဲ့ ဘလော့တွေကို ဝင်ကြည့်လိုက်မိတိုင်း ၊သူငယ်ချင်းတွေရဲ့ Gtalk Icon တွေမှာ့  "တပ်နဲ့ ပြည်သူ လက်တွဲကူ စိတ်တူကိုတူ အောင်ပွဲယူ " ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုတွေ့ တိုင်း ကျဆုံးသွားတဲ့ ကျနော်တို့  သံဃာတော်တွေ၊ ပြည်သူတွေ၊ လက်ရှိ အကျဉ်းချခံနေရ တဲ့ သံဃာတော်တွေ၊ ပြည်သူတွေ ကို ပြေးမြင်ပြီး အားနာနေမိတယ်ဗျာ။ တစိတ်ဗျာ အဲဒါလေးတွေ ဖြုတ်ထားလို့ မရဘူးလား။
ရေးသားသူ- မိုးထက်နေ

http://edition.cnn.com/video/#/video/world/2007/10/02/rivers.myanamar.beatings.cnn

1 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):

ခင်မင်းဇော် said...

ဟုတ်တယ် ခုတွေ့နေရတာကတော့ ပြည်သူတွေကို နှိပ်စက်နေတဲ့ သတ်ပစ်နေတဲ့ စစ်သားတွေချည်းပဲ
အခု ဗွီဒီယို ထဲမှာဆို အသားလွတ်ရိုက်နှက်နေတာ ..
နောက် ဒီလိုအဖြစ်အပျက်ကို ရယ်မောနေနိုင်တာ အမိန့်ပေးလို့မဟုတ်ဘူး။
သူတို့ စိတ်ပါလက်ပါ လုပ်နေတာကို သိသာနေတယ်။။
ကျမဘလော့မှလဲ တင်မထားဘူး..
အဲဒီ တပ်နဲ့ ပြည်သူလက်တွဲကူ ဆိုတာကို...
ဘယ်တော့မှ လာမယ်လို့ မမျှော်ကြပါနဲ့..
ရန်ငါစည်းကို ပြတ်ပြတ်သားသား နှလုံးသွင်းကြပါလို့