စစ်အစိုးရဧ။် ပြည်သူကို ချူဆီ ထဲ့ ခြင်း

ဒီနေ့  စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ ဆုံ ဖို့  ကြေငြာချက် သည် အလွန်မှ ရိုးသားသော လှည့်ကွက်တစ်ခု ဖြစ်ပါသည်။ သန်းရွေဧ။် တောင်းဆိုချက်ကို ပြန်ဖတ်ကြည့်ပါ (ဒေါ်အောင်ဆန်းစုကြည် ကို မတွေ့ ဆုံ ခင်ကတည်းက အရှုံးပေးပြီးတွေ့ ရမည့် သဘော ဖြစ်နေပါသည်။သဘောမှာ ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာပြည်ကို ဖျက်စီးနေသူ ဟု သဘောရပါသည်)အမှန်တော့ နိုင်ငံတကာနှင့် UN က ဖိအားပေးမှုအရမ်း များလာ ခြင်းကို ကုစားရန်သက်သက်သာသာ ဖြစ်သည်။ အမျိုးသားရင်ကြားစေ့ရေးကို ဖော်ဆောင်ရန် လုံးဝစိတ်ကူးမရှိပေ။(ကျွန်တော့်အားအဆိုးမြင်သူဟုမယူဆလိုက်ပါနှင့်။ စစ်အစိုးရ ဘယ်လို ယုတ်မာတတ်သည်၊အာဏာအား မည်မျှမက်မောသည်ကို ပြည်သူပြည်သားအားလုံး သိပြီးဖြစ်ပါသည်။)ယနေ့ မြန်မာတစ်နိုင်ငံလုံး အတွင်းအပြင် ဖြစ်ပေါ်နေမှုဧ။် အကြောင်းအရင်း မှာလည်း ဒေါ်အောင်ဆန်းစုကြည် ကို အာဏာမလွဲပေးသည်လွဲပေးသည် ကို အဓိက တောင်းဆိုနေခြင်းလည်း မဟုတ်ပါ။စစ်အစိုးရဧ။်အုပ်ချုပ်မှု တစ်နည်း အာဏာကို သိမ်းပိုက် ထားမှု ၊ လူ့ အခွင့် အရေးများချိုးဖောက်မှု၊ ပြည်သူအများစု ငတ်မွတ်ခေါင်းပါး မှုနှင့်  ကျန်းမာရေး လူမှုရေး အဘက်ဘက်မှ နိမ့်ကျမှု ကြောင့်သာဖြစ်လာရပါသည်။ထိုအရေးအခင်းကို ၈၈ ကျောင်းသားများ၊ ဘုန်းတော်ကြီးများက အစပြု ပြီး စက်တင်ဘာအရေးခင်း(ငြိမ်းချမ်းစွာ လူထုသဘောထားပြခြင်း) များ မှသက်သေပြခဲ့ ပါသည်။ပြည်သူများသည်စစ်အစိုးရဧ။် ပြော ခဲ့ သလို နားယောင်ပြီး မြှောက်ပေးတိုင်းလုပ် မည့်သူများမဟုတ်သည်ကို အားလုံးနားလည်ပြီး ဖြစ်ပါလိမ့်မည်။ဒီအချက်ကို ဖုံးကွယ်လိုသောစစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် နှင့် ဆွေးနွေးပါမည် ဟုလူထုကို ထုတ်ဖော်ပြောကြားလာခြင်းဖြစ်သည်။မိမိတို့ ပြည်သူများ နေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သန်းရွေ တွေ့ ဆုံ ချင် သည့် နိုင်ငံရေး ပြရုပ် တစ်ခုသာ ဖြစ်ကြောင်း သိရှိထားကြဖို့  အရေးကြီးပါသည်။လတ်တလော တော်လှန်ခဲ့ ပြီး အသက်ပေးခဲ့ ကြရသော ရဟန်သံဃာတော်များ၊ ကျောင်းသားများ ပြည်သူများ တို့ ဧ။် ပန်းတိုင်ဖြစ်သော စစ်အစိုးရအမြစ်ပြတ်ရေး၊ အာဏာရှင်စနစ် လုံးဝပျက်သုဉ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ အတုအယောင်အမျိုးသားညီလာခံချုပ်ငြိမ်းရေး တို့ ကို ဆက်လက် ဦးတည် တိုက်ပွဲ ၀င်ကြရဦးမည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

စစ်အစိုးရ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ ဖို့ ကြေငြာတာလဲ?

Mr Gambari, UN, USA , Asian, EU တို့ ဧ။် ဖိအားပေးမှု သက်သာရန်နှင့် အတူ အခြားအဓိက အချက်မှာပြည်တွင်း ဆန္ဓပြ ပြီး စစ်အစိုးရ အားလုံးဝဆန့် ကျင်နေခြင်း ကို ယာယီအားဖြင့်  လမ်းလွဲပေးရန်သာဖြစ်ပါသည်။ တတ်နိုင်သမျှအချိန်ဆွဲပြီး ၄င်းတို့  တစ်ဘက်သတ်ရေးဆွဲသည့် အခြေခံဥပဒေ နှင့်အလုပ်မဖြစ်တော့သည့် လမ်းညွန်မြေ ပုံ နေရာတွင် တွေ့ ဆုံဟန်ပြပြီး အစားထိုးလုပ်ဆောင်ပြမည်။ပြီးမှ မဖြစ်နိုင်သောတောင်းဆိုချက်များကို တောင်းဆိုသည် ဟူသော အချက်ဖြင့် ဆွေးနွေးရေးသည်လည်း အရာမထင်ပဲ အာဏာကို ဆက်လက်ကိုင်ဆွဲဖိနှိပ်အုပ်ချုပ်ရန် ကြိုးစားနေဦးမည်ဖြစ်ပါသည်။ငြိမ်းချမ်းစွာ ဆန္ဓပြမှုအပေါ် အကြမ်းဖက်နှိမ်နင်းခဲ့သည်ကို ဗျောင်လိမ်လျှက်ပင်ရှိသေးသည်။ ထို့ အပြင် Mr Gambari သည်လာမည့် နိုဝင်ဘာလတွင်မြန်မာပြည်သို့ ပြန် လာဦးမည်ဟု ပြည်သူနှင့် ကမ္ဘာ ကို ကြေငြာထားသည်။ မိမိတို့ ပြည်သူ များအနေဖြင့် ရင်ထဲက ခံစားချက်များ ကို ပွင့်ပွင့်လင်းလင်းဖော်ပြပြီး စစ်အစိုးရဧ။် ချုဆီ ထဲ့ မှုအပေါ် အာရုံမစိုက်ပဲ ဆက်လက်ပြီး ရဲရဲ ၀င့်ဝင့် ချီတက်ပြီးလုပ်စရာ ရှိသည်များကို ငြိမ်းချမ်းစွာ ဆန္ဓဖော်ပြ တိုက်ပွဲဝင်ကြရန်လို အပ်ကြောင်း တိုက်တွန်းအပ်ပါသည်။


လင်းအိမ်

0 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):