ဗျို့ဟစ်လို့သာ အော်လိုက်ချင်

ဘာမှလုပ်ချင်ကိုင်ချင် စိတ်မရှိတာလဲ တော်တော်ကို ကြာနေပါပြီ။ ပုဂ္ဂလိက အဆင်မပြေ မှုတွေ ကလဲ တပုံတပင်။ တိုင်းရေပြည်ရေး ကလဲ ဘာမှခန့် မှန်လို့ မရတဲ့ ချေအနေ။ တနေ့  တနေ့ ရင်တမမ နဲ့  Web Site တွေကြည်လိုက် နီးစပ်ရာ သူငယ်ချင်းတွေ ကို Gtalk ကနေ လှမ်းမေးလိုက် ။ စီဘုံး တွေ လိုက်ဖတ်လိုက်နဲ့ ။ အရင် က မြန်မာပြည်ထဲမှာ Internet ရနေ တော့ နည်းနည်းတော် သေးတယ်။ အခုရက်ပိုင်း MPT နဲ့  TELE PORT ကလဲ အစိုးရကို သပိတ်မှောက် လိုက်တော့ မြန်မာနိုင်ပြည်ထဲ နဲ့ အဆက်အသွယ် ကပြတ်လို့ ။(ဒီ သတင်း လဲ ခိုင်လုံ တဲ့ သတင်းရပ်ကွက်ကပါပဲ။ ) လွမ်းရေးလဲခက်၊ တိုင်းရေးပြည်ရေး ကလဲခက်။ ကောင်မလေးနဲ့ ဒီအချိန်တွေ ရင်တောင်ရီပြနိုင်ပါ့ မလားမသိတော့ဘူး။ အိမ်ကို လဲ ငွေမလွဲ နိုင်။ တခါတလေလဲ ကိုယ့်ကိုကိုယ်တတ်သလိုလို နပ်သလိုလို နဲ့  အမြင်တွေ ဖလှယ်လို့ ။ ဒီနေ့ တော့ ကျနော် နဲ့ ရဲဘော်ရဲဘက်လို့ ပြောရမလား ။ တေဖော်ပေဘက်လို့  ပြောရမလား မသိတဲ့ သူငယ်ချင်းက စာသုံးစောင် Forward လုပ်ပေးလိုက်တယ်ဗျာ။ အသံဖိုင် ၈ ဖိုင်တွဲ နဲ့ ။ ကျနော်လဲဘာတွေများလဲဆိုတဲ့မျော်လင့်ချက်နဲ့ ပေါ့။ ကုလအထူးကိုယ်စားလှယ်လို့ ပြောတဲလူ ကလဲ ရန်ကုန်မှာ အန်တီဆု နဲ့ တွေတယ်လို့  CNN မှာလာသွားတဲ့ အချိန် မဟုတ်လား။ ဘာပဲ ဖြစ်ဖြစ် မျော်လင့်ချက်တွေနဲ့ နားထောင်လိုက်တာပေါ့။ အဲဒီမှာ စတွေ့တာပဲ။
“ငါစစ်သားဖြစ် တယ်.. ငါစစ်သားဖြစ်တယ်” ။
ကျနော့ စိတ်ထင် ကုလကိုယ်စားလှယ် ကြီးများ တပ်မတော်ရဲ့ စေတနာအမှန်သိပြီးတပ်ထဲရောက်သွားပြီလားပေါ့လေ။ နောက်မှ သိလိုက်ပါတယ်။ တပ်မတော်ခေါင်းဆောင်ကြီးတွေ ကညှိနိုင်းဖို့လက်မခံပေမယ့် နိုင်ငံတကာမှာ ပညာတွေ သင်နေတဲ့ တပ်မတော်ခေါင်းဆောင်လေးတွေ က သဘောထားပျော့ပြောင်း ရှာတယ်။ ဘာတွေ ပြောတယ် ဆိုတာဖောက် သည်ချပါရစေ။ ပြောကောင်းမဆို ကောင်း အဲဒီ ဆရာလေးတွေ နဲ့ညှိရနှိုင်းရမယ်ဆိုလဲ ကျနော်တို့ဘာတွေပြင် ထာားရမယ်ဆိုတာ သိနိုင်တာပေါ့ဗျာ။

ကျနော်တို့ ရဲ့အရာရှိမင်းက စစ်သားဖြစ်ပေမယ့်မျက်စေ့ စုံပိတ်မငြင်း ရှာပါဘူး။ နိုင်ငံဆင်းရဲ နေတာကို လဲ လက်ခံပါတယ်။ တခြားတိုင်းပြည်တွေ ဘာလို့ တိုးတက်တယ် ဆိုတာလဲ
သူတို့ လေ့လာ အကောင်အထည်ဖော်နေပါတယ်။ ဟုတ်တယ်မေးတဲ့ သူက မသိပဲနဲ့ သွားမေးသကိုး။ နည်းနည်း တော့ကြာမှပေါ့။ ခုမှ ဆယ်စုနှစ် ၂ ခုပဲ ရှိသေတာကို မေးတဲ့ ဆရာကတယ် လောတာပဲ။ ကျနော်တို့ အရာရှိမင်းတွေ က ကိုယ်နေတဲ့နိုင်ငံအကြောင်းကို တီးမိခေါက်မိ အောင် လေ့လာထားတယ်။ မသိရင်မှတ်ထား ကြပါ။ စင်ကာပူ တိုးတက်တာ စီမံကိန်းတစ်ခုထဲကြောင့် ပါ။ အဲဒါလဲ စင်ကာပူ နိုင်ငံတည်ထောင်ပြီး ၁၀နှစ်နောက်ပိုင်းမှာ တိုးတက်တာပါ။ စနစ်နာမည် က ရှေက Human နဲ့ စပါတယ် ၊ နောက်က စာလုံးနှစ်လုံး ပါတယ်။ စင်ကာပူနိုင်ငံ အလံတင် တဲ့အချိန်မှာ သယံဇာတ ဘာမှ မရှိလို့ အဲဒီ စီမံကိန်းကို သုံးတဲ့ အတွက် ၁၀ နှစ်နောက်ပိုင်းမှ တိုးတက်လာတယ်။ စင်ကာပူလို နိုင်ငံသေးသေးလေး တောင်နှစ်လေးဆယ် လောက် အချိန်ယူပြီးလုပ်နေ ရတယ်။ မြန်မာနိုင်ငံ က စင်ကာပူထက် အဆ ၁၀၀ လောက်ကြီးတဲ့ ကျနော်တို့ နိုင်ငံအတွက် ဆို နှစ် လေးရာ လောက်အချိန်ယူရ မယ်ဆိုပါလား။ ဘယ်လို တွက်လဲတော့မသိဘူးဗျာ။ တော်သေးတယ် ကျနော်သာ ဆို ရင် အတန်းပညာ သိပ်မရှိတော့ လေးထောင်လို့ တွက်မိမှာ။

ကျနော်တို့ ဆရာလေးကလဲ ထပ်မေးတယ် ခင်ဗျာ။ “မင်းလို အရာရှိပေါက်စတောင် ဒီလောက် သိနေတာ မင်းတို့ ဗိုလ်ချုပ်ကြီးတွေ ဒီထက်ပိုသိမှာပေါ့ ။ အခုဘာလုပ်နေတာလဲ” တဲ့။ ကျနော် တို အရာရှိမင်းက အရာရှိအကြီးအငယ် ဘယ်လိုခွဲတယ်ဆို တာဘယ်လို စံတွေနဲ တိုင်းတာ လေ့ ရှိသလဲ့ ဆိုတာကို ပြောပြသွားတယ်။ -ာပြိုင်ချမယ်။ အရက်ပြိုင်သောက်မယ်။ ဆေးလိပ် ပြိုင်သောက်မယ်။ စာတစ်ပုဒ်ကို ဘယ်နမိနစ်အတွင်း အပြိုင်ပြောနိုင်တယ် ပြိုင်မလားတဲ့။ တော်တော်မလွယ်တဲ့ ကိစ္စတွေပါ ။ စစ်တပ်မှ Army Rum တွေ ထုတ်ပေးတဲ့ရည်ရွယ်ချက် ကို ခုမှသိရပါတော့တယ်။ ကို ယ့်ဆရာရေ နောက်တစ်ခါ ဖုန်းခေါ်ရင် ဘယ်ရာထူးဆို အရက်၊ ဆေးလိပ် ဘယ်လောက်သောက်နိုင်ရမယ်။ စာဘယ်လောက်မြန်မြန်အလွတ်ရရမယ်၊ ဟိုဟာ ဘယ်နှစ်ခါလုပ်နိုင် ရမယ်ဆိုတာလေး မေးပေးပါလား။ ကံကောင်းလို့ ဗိုလ်ချုပ် ရာထူး အပြင် ကခေါ်ရင် ဖြေဖို့ လေ့ကျင့်ထားချင်လို့ ပါ။ ဗဟုသုတချင်းလဲ ယှဉ်ရမယ်။ မလွယ်ပါလား။ ယောင်္ကျားထဲ မှာအရည်အချင်းရှိလို့ စစ်သာဖြစ်တာပါ။ အသက်အကန့် အသတ်လဲ မှီရမယ် ။ ဆေးစစ်လဲအောင်ရမယ်။ ခန္ဒာကို လည်းသန်စွမ်းရမယ်။ ဟုတ်တာပေါ့ လေ။အဲလောက် ပြည့်စုံမှလဲ ဖြစ်မပေါ့။ လုပ်ရမှာတွေ ကမနည်းဘူးလေနော့။ အော်ဒါနာထောင်ပြီးမှ သဘော ပေါက်တယ် ယောင်္ကျားကောင်းရှားတယ် ဆိုတဲ့စကားကို။ အရာရှိမင်း မလုပ်ရတဲ့သူ များက စင်ကာပူရောက်နေတာဗျ။ စင်ကာပူကတော့ ယောင်္ကျားကောင်းတွေ ပဲနေမှာ သူတို့ က ၁၈ နှစ် ဆို စစ်မှုထမ်းကုန်တော့။ စိတ်ရှည်ကြပါ ဗျာ။ Idea ကောင်းကောင်းနဲ့ နိုင်ငံကို ကောင်းအောင် လုပ်နေပါတယ်။ မပြီခင်တော့ ဗမာတွေကို မပြဘူးနော်။ သိချင်ရင် တိုင်းရင်းသားတွေကို လိုက် မေး။

ကျနော်တို့ နိုင်ငံက ဆင်းရဲ ပါတယ်။ ဆင်းရဲတိုင်းတော့ ရှောက်မတောင်ကြပါနဲ။ တောင်းသင့် တာပဲတောင်းပါ။ မတောင်းသင့်တာကို မတောင်းနဲ့ ။ အရာရှိမင်း မိဘများဆို အရပ်သားတွေ ပဲ ဘာမှမတောင်းပါဘူး။ အားမငယ်ပါနဲ့ ဦးတို့ ဒေါ်တို့ ရယ်။ အရာရှိမင်းက နောက်ဆို အကောင် ဖြစ်မှာပါ။ စစ်တပ်ထဲမှ ရာထူးကြီးရင် အကောင်ဖြစ်သွားတာတဲ့။ ဒါဝင်သီအို ရီကို ကျနော်တို့  နိုင်ငံမှာ Expend လုပ်လို့ ရတဲ အကြောင်းနိုင်ငံတကာ တက္ကသိုလ်တွေကို သတင်းပို့ ပေးပါဦး။ ဆီဈေးတက်တာလဲ ကျနော်တို့ တစ်နိုင်ငံထဲမဟုတ်ဘူးဗျ။ ကျနော်တို့ တပ်မတော် ခေါင်းဆောင် ကြီးတွေ က အာရှတိုင်းပြည်တွေကို စာရင်းတောင်တို့ တာမဟုတ်ဘူး။ ဆီဈေးတက်တော့ ဘာ ဖြစ်လဲ လုပ်ခတိုးတောင်းပေါ့။ ရှင်းနေတဲ့ဟာကို အလကားအလုပ်ပျက် အကိုင်ပျက် ဆန္ဒပြ ရတယ်လို့ ။ တော်တော်သနားဖို့ ကောင်းတဲ့လူတွေ။ တိုးတောင်းရင် အလုပ်ရှင်တွေကပေး မှာ ပေါ့။ လွယ်တာကို ခက်အောင်လုပ်နေတာ။
ကျနော်တို့ တော်တော်ဆိုးတာပါလား။ နောက်ဆို အစိုးရရုံးတွေ မှာ တခါထဲ ပိုက်ဆံတွေ Print Out လုပ်ပေးတော့မယ် ထင်တယ်။ လိုသမျှ ထုပ်ပေးလိုက်ရုံပဲ။

ကျနော်တို့ အရာရှိမင်းတွေ က ဘုန်းကြီးအစစ်ဆို ထိုင်ရှိခိုးတယ်။ အားရင်လဲ ရွှေတိဂုံဘုရား မှာကိုယ့်အားကိုယ်ကိုး အလှုလိုက် ခံတယ်။ ဒီလောက်ဘာသာတရား ကို အလေးထားတာနော်။ ဘုန်းကြီး အတုနဲ အစစ်ခွဲတာလား။ လွယ်လွယ်လေး။ ခေါင်းတုံးအသစ်ဆို အတု။ (အရှင်ဘုရား တို့ ခေါင်းရိတ်ခါနီးရင်တော့ နီးစပ်ရာ အရာရှိမင်းတို့ တပ်စခန်းကို သတင်းပို့ ပါ။) အရာရှိမင်းတို့ က ပစ်ချင်လို့ မဟုတ်ပါဘူး။ လူတွေက ခဲတွေနဲ့ စပေါက်လို့ ပါ။ စစ်သားက အလားကားနေယင်း သေနတ်ထောင်မဖောက်ဘူး။ လကုန်ရင်လစာရတယ်။ မှတ်ထားပါ။ ကျနော်တို့ အရာရှိမင်းရဲ့ ရင့်ကျက်မှုကနေသိရတဲ့အချက်တွေ။

အရာရှိမင်းတို့ စစ်သားတွေက သာမန်ပြည်သူတွေထက်ဒေါသကြီးတယ်။ ရာထူးတက်ဖို့ ကလဲ ကြိုးစား သောက်နေရတာကို ။ ခင်ဗျားတို့ အိမ်ထဲကို မဝင်နဲ့ လို့ တားနေတာကို ဇွတ်ဝင်လာရင် ဘာလုပ်မလဲ။ ကောင်းကောင်းမွန်မွန် လက်ခံ စကားပြောမလား။ ရိုက်လွတ်မလား။ အရာရှိ မင်းတို့  ကတော့ ရိုက်မှပဲ။ တွေ့ မယ် ဒီတစ်ခါ သန်ခေါင်စာရင်း လာစစ်ရင် တားမယ်။ အတင်းဝင်လို့  ကတော့ ရိုက်လွတ်မယ်။ အရာရှိမင်း Email သိတာပဲ။ ကူညီမယ်မဟုတ်လား။

ကျေးဇူးကိုတော်တော်တင်ပါတယ်။ အစ မကောင်းတဲ့မိန်းမတွေဘယ်လို ဖြစ်လာမှန်းမသိဘူး။ ပိုက်ဆံမ ရှိလို့ ကြုံရာလုပ်တယ်ပဲ ထင်တာ။ အရာရှိမင်းနှုတ်က ပြောမှပဲသိတော့တယ်။ ၉၀ ရာခိုင်နှုန်းက မနေနိုင်လို့ တဲ့။ ပိုက်ဆံကြောင့်မဟုတ်ဘူးတဲ့ဗျ။ အရာရှိမင်းတို့ ကတော့ လေ့ကျင်နေ ကြဆိုတို့ ပိုသိမှာပေါ့လေ။ စင်ကပူမှာ Poly လေးကျောင်းပဲ ကျန်တော့တာလဲ အရာရှိမင်း ပြောမှသိရတာ။ ကျနော် သိထားတာ ၅ ကျောင်းဗျ။ ဟုတ်မှာပါလေ အရာရှိမင်းတို့  ကသေချာလေ့လာထားတာပဲ။ တစ်ကျောင်းက ကားလမ်းမလွတ်လို့ ဖျက်လိုက်တာထင်တယ်။ နန်ယမ်းပိုလီ က မိန်းကလေးတွေ အပျက်စီးဆုံးတဲ့။ အရာရှိမင်းတို့ သတင်းလိုက်တာ ပိုင်သ ဟေ့။ အနံ့ တော်တော်ခံတတ်တယ်။ ကုသိုဟ်ကံကောင်းတဲ့ အရာရှိမင်းတို့ များ ကျတော့ လဲ စာလုပ်စရာလုပ်လိုက် Online တက်လိုက်နဲ ဟန်ကိုကျလို့ ပဲကို။ အဲဒီအချိန်တွေ ကိုလဲ အကျိုး ရှိအောင် နိုင်ငံဘာဖြစ်နေလဲလေ့ လာနေတာပါ။ ခုပဲကြည့် စင်ကာပူရဲ့ အပျက်စီးဆုံးကျောင်း ကို တို့ ဆရာလေး စင်ကာပူမှာနေ ပြီး ဘာ မသိဘူး။ အရာရှိမင်းရုရှက လှမ်းပြောပြပေလို့ ။

အရာရှိမင်း အဖေက လဲ ယောင်္ကျားကောင်းမဟုတ်ရှာတော့ ၂၀၀၀ ပြည့်နှစ်မတိုင်ခင်က စင်ကာပူမှ အင်ဂျင်နီယာသွားလုပ်ဖူးတယ်ဗျာ့။ အဲဒီတုန်းက စင်ကာပူ က ရဲတွေကို လာဘ်ပေးခဲ့ ဘူးတယ်။ ဘာလို့ လာဘ်ပေးရလဲတော့သိဘူးလေ။ အရာရှိမင်း အဖေလဲ အပြင်ကနေ ဗိုလ်ရွေးခံဖို့ ကြိုးစားဘူးတယ်ထင်ပါတယ်။ Aljunied နားမှာတော့လေ့ကျင့်ရေးကွင်း တွေ ရှိတာပဲ။ တချို့ ကွင်းတွေကို တော့ရဲ ဝင်ဖမ်းချင်ဖမ်းမှာပေါ့။ လက်ရှိလဲ အရာရှိမင်း သူငယ်ချင်း က စင်ကာပူမှာလာဘ်ပေးရင် ရတယ်လို့ ပြောတယ်။ ကျနော လဲထောက်ခံတယ်ဗျာ။ မယုံရင် ပုစွန်တောင် က စင်ကာပူဘုန်းကြီးကျောင်းနားမှာကြည့်။ မော်တော်ပီကယ်နှစ်ယောက် အမြဲ ရှိတာပဲ။ အရာရှိမင်း ကပြောတယ် အတိအကျစည်းကမ်းနဲ့ လုပ်တဲ့သူတွေ ရှိတယ်။ လာဘ်စားတဲလူရှိ တယ်။ နိုင်ငံတိုင်းမှာ ကိုရှိတာပါတဲ့။ လာမယ့်တရုပ်အိုလံပစ် ကြမှ အဲဒီပြိုင်ပွဲ ထည့်ခိုင်းရမယ်။ တို့မြန်မာတွေရွှေတံဆိပ်တစ်ခုရ နည်းလားဗျာ။

ဆိုမာလီနဲ့ မြန်မာလာဘ်စားတာ အများဆုံးနိုင်ငံ လို့ ဘယ်သူ ကများပြောတာတုန်း။ သူတို့ က တစ်ယောက်ချင်းလိုက်ပေး ကြည့်လို့ လား။ တကယ်ဟုတ်ရင် MRTV တို့  MWD တို့ က လွင့် မှာပေါ့။ ခင်ဗျားတို့ တစိတ်တုံ်းလွန်းတယ်။ ကျနောတို့ အရာရှိမင်း နာမည်က Sorry တဲ့ဗျ။ လုံးဝ မကွယ်ဘူးနော်။ Underground နဲ့  Fight တယ်တယ်။ အဲဒါတော့ ကျနောလဲမရှင်း ဘူး။ Underground ဘိနပ်လား၊ အကလား ဘာလားပေါ့လေ။ အချိန်မရွေး ဖုန်းခေါ်လို့ ရတယ်။ မသိ ရင် မေးလို့ ရတယ်။ စိတ်မကောင်း စရာက အရာရှိမင်း တို့ နေတဲ့နေ ရာက Phone သူခိုးပေါ တယ်နဲ့ တူပါတယ်။ူခမျာ ရေးချိုးခန်းထဲ တောင်ဖုန်းယူသွာရရှာတယ်။ ဗိုလ်ခင်ညွန့် လိုလာဘ်စား တာ လက်ပူးလက်ကျပ်မိရင် အရာရှိမင်းတို့ ကို တိုင်အရေးယူမှာပါ။ ခင်ဗျာတို့ သိရင်လဲနာမည် နဲ့  သေချာတိုင်တဲ့။ (တိုင်ရမဲ့ နေရာတော့ပြောမသွားဘူး)့ နောက်ဆုံး ခင်ဗျားတို့ မှတ်ထားရမှာ က တိုင်းပြည်ကို မထိနဲ့။ နိုင်ငံကို မထိနဲ့ ။ မကောင်းတာကလူတွေ လူတွေကိုပဲပြော။ တိုင်းပြည်ကို ထိရင် အရာရှိမင်းကတော့ လုံးဝခံမှာ မဟုတ်ဘူး။ စစ်တပ်ကို မကောင်းပြောချင်ရင် လဲ အရင် ဆုံး စစ်တပ်ထဲမှမကောင်းတဲ့ လူ ကိုတွေအောင်ရှာကြ။

ဘာပြောပြော ကျနောကတော့ အားကို တက်လို့ ။

ရေးသားသူ_ မာဆိုး


ကျနော့်သူငယ်ချင်းတစ်ယောက်ခမျာ ရုရှကစစ်ခွေးတစ်ကောင်နဲ့ စင်ကာပူကမြန်မာလူမျိုးတစ်ယောက်ယောက်စကားပြောတာကို နားထောင်ပြီး သူ့ရင်ထဲကဖြစ်ပေါ်လာတဲ့ခံစားချက်ကို ဖွင့်ဟလာပါတယ်။ အဲဒါကို ကျနော်က ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။ အဲဒီရုရှက စစ်ခွေးဟောင်တဲ့အသံတွေနားထောင်ချင်ယင်ကျနော့ဆီ အီးမေးလ်ပို့ပြီးတောင်းယူနိုင်ပါတယ်။
ရွှေဘိုသား

21 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):

Anonymous said...

Please send the phone conversation file to bamarpyithar@mail2world.com, so that I can abuse that WarDog.

Anonymous said...

်ရွေဘိုသားရေ စိတ်ညစ်ညူးနေတာ ပြုံးရှင်စိတ်ကြောင် နဲနဲလန်းသွားတယ်။ မနေ့ကသာကေတသတင်းနဲ့ ဒီနေ့ ဘုန်းကြီးတပါး သတင်းကြောင့် ပေါ့။ ဒီလိုတော်တဲ့ အရာရှိမင်း တွေမှာ ဒီလိုလက်တဲ့ တဲ့ ( 3` အကွာက ထိအောင်ပစ်နိုင်တယ် ဦးနှောက်ထွက်အောင်လဲ ရိုက်နိုင်တယ် ) ရာထူးအဆင့်လိုက် "ချီး" စားခိုင်ရင်တောင် မငြင်းမဲ့ တပည့်တွေရှိနေတာ ။

မခင်မမ

Anonymous said...

can u plz send those to me? pho_zar118@yahoo.com par shint kyay zuu tin par tal

Anonymous said...

Can you pls send the phone conversation file to nyaungshe@gmail.com?

Anonymous said...

Hi Ko Shwebother,
Could you please send the conversation file to me at nannantint@gmail.com? Thanks!

Anonymous said...

http://img43.imagevenue.com/img.php?image=04198_capture_122_1080lo.jpg

Anonymous said...

could u plz send the sound files to me at z.maythu@gmail.com...thx

Anonymous said...

ဖတ်ပြီးတော့ မရယ်ပဲမနေနိုင်ပါဘူး ကိုရွှေဘိုသားရေ..
မနက်ကတည်းက ဒီအသံဖိုင်ကို နားထောင်ပြီး ရယ်နေမိတာ..
ခု ဒီပို့စ်ကိုဖတ်မှပဲ တကယ်တကယ်ကို LOL ပါပဲ..

Anonymous said...

pls send the phone convo to michael.hunter78@gmail.com i will help spread it so more people can give him verbal abuse.
you are funny as hell!!

Anonymous said...

ဒီလူတွေ ကိုယ့်ဦးနောက်ကိုသုံးတဲ့ အလေ့အကျင့် မရှိရှာဘူး သူတို့ ပြောသမျှ စကားတွေက နိုင်ငံကို သူတို့ ပိုင်တယ်လို့ တရားသေ မှတ်ယူနေကြတာကို ကြည့် .. ငါ့အိမ်ထဲဝင်လာရင် ရိုက်မယ်တဲ့... ပြည်သူတွေအတွက်ဆိုတာ ဘာမှတွေးတောပာန်မရှိဘူး..ဗိုလ်ဖြစ်ရင် နိုင်ငံတစိပ် သူပိုင်တယ်ထင်နေပုံပဲ... လေသံသာကြည့်

Unknown said...

I like ur friend.

Unknown said...

I think our country is hopeless if all these people were to govern in the future. so sad... :(

Anonymous said...

I just listened the debate (conversation). If all the army people's mindsets are like that, our country will be in the drain sooner. Their mindsets are terrible. Just wondering his opinion for myanmar women. Atleast he has mother... such a insulted thinking...

Anonymous said...

ကျွန်တော်တော့ကံကောင်းတယ်။ ယခုအသက် (၅၀) ကျော်ပြီ။
အသက် (၂၀) ကျော် ရုရှားပညာသင် အရာရှိကလေး - ဗိုလ်ချုပ်မှုးကြီး နေလင်းမောင် ဖြစ်မဲ့ အချိန် နောက် နှစ် (၄၀) ကျော် ဆိုရင်၊ လူ့ပြည်မှာ ကျွန်တော် မရှိနိုင်တော့ပါ။
နိုင်ငံ (အကြိုးဆောင်မဲ့) အရာရှိမင်းလေး-ရုရှားမှ ဘွဲ့ဒီဂရီတွေတပုံတခေါင်းကြီး ရပြီး ပြည်တော်ပြန်မျက်နှာပန်းလှစေရန် (ရာထူးတက်ဖို့) နှင့်မန္ထလာကသမီးပျိုများက(ခွေးသေးပန်းရွက်)
ုဖြင့် လက်ကမ်းကြိုဆိုစေကြောင်းမေတ္ထာပို့သလိုက်ပါတယ်။

အမေရိကန်ရောက် မြန်မာလူမျိုးပါမောက္ခ

Anonymous said...

Hi Ko Shwe Bo Thar Gyi,

Could you kindly send these file of underDog (Even the dog feel upset for comparing with that Brainless gyu).

My mail adderss is user.lanwork@gmail.com.

Cheers!

Anonymous said...

u all can get that files from

www.freedom-seekers.blogspot.com
www.mizzimaburmese.blogspot.com
www.na-ar-pha.blogspot.com

Unknown said...

u also send ur articles to some myanmar web-site, then the other people can read ur idea, i also agreed with u , when i heard this file , iwas not satisfied both side , the singapore's student also mnot understand the our country's situation, he didnt study the history of our country properly, anyway pls try to send ur post to myanamr website(eg burma today or mizzima...etc)

Anonymous said...

အဲဒီရုရှက စစ်ခွေးဟောင်တဲ့အသံတွေနားထောင်ချင်ယင်ကျနော့ဆီ အီးမေးလ်ပို့ပြီးတောင်းယူနိုင်ပါတယ်။
ရွှေဘိုသား .



ဦးေ၇..
..
please send this to me

my email address..

lalalay.lalalay3@gmail.com

Anonymous said...

အဲဒီရုရှက စစ်ခွေးဟောင်တဲ့အသံတွေနားထောင်ချင်ယင်ကျနော့ဆီ အီးမေးလ်ပို့ပြီးတောင်းယူနိုင်ပါတယ်။
ရွှေဘိုသား .



ဦးေ၇..
..
please send this to me

my email address..

lalalay.lalalay3@gmail.com

Anonymous said...

အဲဒီရုရှက စစ်ခွေးဟောင်တဲ့အသံတွေနားထောင်ချင်ယင်ကျနော့ဆီ အီးမေးလ်ပို့ပြီးတောင်းယူနိုင်ပါတယ်။
ရွှေဘိုသား .



ဦးေ၇..
..
please send this to me

my email address..

lalalay.lalalay3@gmail.com

Anonymous said...

အကိုဖိုင်ပို့ပေးလို့ ရတယ်ဆိုရင်ပို့ ပေးပါလား
ngalu.mr@gmail.com ပါနားထောင်ချင်
လို့ ပါ