သံသရာကိုမကြောက်ဘဲ တစ်ဘ၀စာဝမ်းစာရှာကြသူများသို့.....

ဒီနေ့တော့ လုပ်လက်စအလုပ်တွေ တစ်ခုမှဆက်မလုပ်ချင်လောက်အောင်ကို စိတ်ဆင်းရဲရပါတယ်။ တစ်ကယ့်ကိုသွေးစွန်းခဲ့တဲ့ရက်ပါပဲ။ အရင်နေ့တွေက ကြည်နှုးပျော်ရွှင်မှုတွေ အကုန်ပျောက်ကွယ်သွားခဲ့ရပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေထဲမှာ မြင်ရတဲ့ မြင်ကွင်းတွေ၊ ဖတ်ရှုခဲ့ရတဲ့ သတင်းစာမျက်နှာတွေအရ ကျနော်တော်တော်လေးကို စိတ်ဆင်းရဲမိပါတယ်။ အခုဒီဓာတ်ပုံလေးကို ကြည့်ပါဦးဗျာ။ ရာဇ၀င်ရိုင်းလိုက်တာဗျာ။

ကျနော်တို့နိုင်ငံဟာ ကိုယ့်တိုင်းရင်းသားတွေအုပ်ချုပ်တဲ့နိုင်ငံတစ်ခုဆိုတာ ဘယ်လိုလုပ်ပြီးယုံရတော့မှာလဲ။ သံဃာဆိုတာ မြတ်စွာဘုရားရဲ့သားတော်တွေပါ။ မြတ်စွာဘုရားရဲ့သားတော်တွေကို စော်ကားတာဟာ မြတ်စွာဘုရားကိုစော်ကားတာပါပဲ။ မြတ်စွာဘုရားရဲ့သားတော်တွေကို နှိပ်စက်တာဟာ မြတ်စွာဘုရားကိုနှိပ်စက်တာပါပဲ။ နောက်ပြီး ကျနော်တို့ဗုဒ္ဓဘာသာဝင်တွေအားလုံးကို စော်ကားနှိပ်စက်လိုက်တာပါပဲ။ တစ်ကယ့်ကို မိစ္ဆာဘီလူးတွေပါပဲဗျာ။
ဒီလိုအပြုအမူတွေကို စစ်တပ်ထဲက ကျန်တဲ့စစ်သားတွေအကုန်လုံးက လက်ခံကြသလား။
ခင်ဗျားတို့ရော အဲဒီမိစ္ဆာကောင်တွေနဲ့အ၀ီဇိကို လိုက်ချင်ကြလို့လား။
ခင်ဗျားတို့ ထမင်းမငတ်ဖို့ ဘာသာတရားကိုစော်ကားနေတာကို ဒီအတိုင်းကြည့်နေကြတာလား။
ခင်ဗျားတို့ သံသရာဆိုတာကို မသိကြလို့မကြောက်ကြတာလား။
ခင်ဗျားတို့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားတွေမဟုတ်ကြဘူးလား။
ခင်ဗျားတို့ တစ်ဘ၀စာပဲ ကြည့်ကြတော့မှာလား။
ကျနော်တို့ ပြည်သူတွေဟာ အကာအကွယ်မဲ့တွေပါ။ ခင်ဗျားတို့ ဂုတ်သွေးစုတ်ချယ်လှယ်ခဲ့သမျှ လူးလိမ့်နေအောင်ခံခဲ့ရတဲ့သူတွေပါ။ ကျနော်တို့ ရင်ထဲက ဆန္ဒအမှန်ကို အေးချမ်းစွာပြသခွင့်မရှိတော့ဘူးလား။ ကျနော်တို့ရဲ့ရှေ့ကရပ်တည်နေတဲ့၊ ကျနော်တို့ကို အခုလက်ရှိဘ၀မှာရော သံသရာမှာပါ ကောင်းရာကောင်းကျိုးညွှန်ပြပေး၊ လုပ်ဆောင်ပေးနေတဲ့ ဆရာတော်သံဃာတော်တွေကို အခုလိုလုပ်တာ ထေရ၀ါဒဗုဒ္ဓဘာသာမြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ ကို ကျဆင်းစေတဲ့အပြင် ကျန်တဲ့ ဗုဒ္ဓဘာသာနိုင်ငံတွေအလယ်မှာ ကျနော်တို့ မြန်မာတွေဘယ်လိုမျက်နှာပြရမှာလဲ။
ခင်ဗျားတို့ရဲ့ သောက်ရှက်မရှိ သတင်းစာနဲ့မီဒီယာတွေက ဘယ်လိုလိမ်ညာကြဦးမှာလဲ။ ခင်ဗျားတို့လိမ်မနေနဲ့တော့ ကျနော်တို့ မြန်မာပြည်ရဲ့ ရှက်ဖွယ်သတင်းကို နိုင်ငံတကာက မီဒီယာမျိုးစုံမှာ အသားပေးဖော်ပြပေးနေကြပြီ။ ရှက်တတ်ရင် ကိုင်ထားတဲ့သေနတ်နဲ့ ကိုယ့်ကိုယ်ကို ပစ်သတ်ပြီးသေပစ်လိုက်။ ဒါပေမယ့် ခင်ဗျားတို့မှာ သောက်ရှက်မရှိပါဘူး။
ဒီမှာ.... ကျနော်နားလည်ထားတဲ့ နိုင်ငံတစ်နိုင်ငံရဲ့စစ်တပ်ဆိုတာ အဲဒီနိုင်ငံရဲ့ လူမျိုး၊ ဘာသာ၊ သာသနာ၊ ဂုဏ်သိက္ခာကို ထိပါးလာမယ့် အန္တရာယ်တွေမှန်သမျှကို ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့စည်းထားတာဖြစ်တယ်။ နိုင်ငံနဲ့လူမျိုး၊ ကိုးကွယ်တဲ့ဘာသာတရားကို စော်ကားဖျက်ဆီးဖို့၊ အန္တရာယ်ပြုဖို့မဟုတ်ဘူး။ အခုတော့ တိုင်းတပါးရဲ့ အန္တရာယ်ကို ကြောက်ရမယ့်အစား ကိုယ့်ပြည်တွင်းက အန္တရာယ်ကို ပိုကြောက်နေရတယ်။ ဘာလဲဗျ ပြည်သူ့တပ်မတော်။ ရွံစရာကောင်းလိုက်တာဗျာ။
ခင်ဗျားတို့အခုဘ၀ထမင်းမငတ်ဖို့ဆိုရင် အခုခင်ဗျားတို့ ရိုက်နှက်နှိပ်စက် ပစ်ခတ်ဖမ်းဆီးလိုက်တဲ့ ဘုန်းတော်ကြီးသံဃာတော်တွေ သီတင်းသုံးတဲ့ကျောင်းကိုသွား
"တပည့်တော် ထမင်းငတ်နေလို့ပါဘုရား"
လို့သာလျှောက်လိုက် ခင်ဗျားတို့ကို အဲဒီဘုန်းတော်ကြီးတွေက တစ်သက်လုံးကျွေးထားလိမ့်မယ်။
ထမင်းတလုပ်အတွက် စစ်သားလုပ်ပြီး မြန်မာပြည်ကိုနှိပ်စက်မနေကြပါနဲ့။ ဘာသာတရားကိုမစော်ကားကြပါနဲ့။

3 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):

Anonymous said...

မိဘနဲတကိုင်းတည်းထား ရိုသေရမယ်အစား မိုက်ရိုင်းရက်တာအူံသတယ်။ တပ်မတော်ကိုမေးချင်တယ် ကြူကီးထိုက်မှာမေုကာက်ုကဘူးလာုးပည်သူေုင်္ကးတဲထြမင်းကိုစာုးပီုးပည်သူကိုသတ်နေုကတာုကားလိုမှနားတောင်သနတယ်

Anonymous said...

Hi fri..
How do you think about Myanmar. Are you really lived in shwebo.. pls show your blood of shwe bo infront of nations..

မိုးထက်နေ said...

ကိုရွှေဘိုသားရေ
ကျနော် တို့ ဘာဆက်လုပ် ကျမယ် ဆိုတာတော့ တိကျတဲ အစီအမံ ရှိဖို့ လို ပါပြီ။ နတ်ဆိုးကို ကောင်းအောင်လုပ်ဖို့  ကလဲ အချိန်က နှောင်ခဲပြီ။ ငြိမ်းချမ်းရေး လမ်းဆို လဲ တကယ့် ငြိမ်းချမ်းရေး အတွက် အကြမ်းဖက်မှုကို ရှောင်ရုံ မဟုတ်ပဲ။ အကြမ်းဖက် ခံရနိုင်မဲ့ လမ်းတွေ ကိုလဲ ရှောင်သင့်တယ် လို့ မြင်ပါတယ်။ ဒါမှ မဟုတ် တော်လှန်ရေး ဆိုတာ သွေးမြေကျရမယ်လို့ ယုံတယ် ဆိုရင်တော့ ကျနော်တို့ တဘက်ထဲက သွေးမြေကျရုံနဲ့ တော့ မပြီးဘူးထင်ပါတယ်။ သူတို့ သွေးပါကျနော် တို့ ရအောင် ယူဖို့ လိုတယ်။ သွေးဆာနေတဲ့ မြေခွေးတွေ ရှေ့ မှတော့ ကျနော်တို့ လူတွေ ယုန်သူငယ် တွေလို လည်စင်းသေပေးရ တာမျိုးတော့ မဖြစ်သင့်ဘူထင်တယ်ဗျာ။