ရမ္ဘို ကို ရမ္ဘိုလို နေပါစေ



ခေတ်ပေါ်ရောဂါလို့ ပြောရမလား ။ ကျနော်တို့  ဆရာတော်တော်များများ ရမ်ဘို ဓါတ်ရှင် ကား အကြောင်း ရေးကြတယ်။ ကျနော် ကတော့ အစ ကတည်းက ရေးဖို့ အစီအစဉ်လဲ မရှိဘူး၊ သဘောထား ပေးဖို့ လဲ စိတ်မပါဘူး။ ရမ်ဘို ဓါတ်ရှင်ကနေ ကျနော်တို့  မြန်မာနိုင်ငံ အတွက် ဘာရနိုင်မလဲ ဆိုတာပါတော့ မဝံ့မရဲ တွေကြည့်မိတာတော့ ရှိတာပေါ့လေ။ ခုတော့ အခြေအနေ တစ်ခု အရ ကျနော် မရေးလို့ တရားဝင် သဘောထားမပေးလို့  မရတော့လို့  ကျနော်လဲ ခေတ်ထဲ ခုန်ချလိုက်ပါတယ်။

ကျနော် သိသလောက်တော့ ဂျိမ်းစဘွန်းဓါတ်ရှင်တွေ၊ ရမ်ဘိုဓါတ်ရှင် တွေ ဆိုတာကလဲ မင်းသားခံရ၊ ပြန်ချ၊ ဇတ်သိမ်းတော့ လူဆိုးတွေ အကုန်သေ ဆိုတဲ့ ပက်တန်(pattern) တွေ ပဲ ဇာတ်ကွက်ဇာတ်ကြောင်း နဲ့ နေရာသာပြောင်း သွားတာရှိတာကို။ ဒါပေမဲ့ စတုတ္ထမြောက် ရမ်ဘိုဇာတ်လမ်းတွဲ ကတော့ ကျနော်နေတဲ့ နိုင်ငံအကြောင်းပါတယ် ဆိုတော့ ဘာပဲဖြစ်ဖြစ် ပြူးပြဲကြည့်လိုက် မိပါတယ်။ သိတ်တော့လဲ မထူးပါဘူး။ ရမ်ဘို့ ပါစပ်က “လေးစားပါတယ်” ဆိုတဲ့ မြန်မာသံထွက်တာက လွဲလို့  ပေါ့လေ။

အဲဒီနောက်ဆက်တွဲ ပြဿနာတွေ က ရမ်ဘိုကို ချီးကျူးကျ၊ ရှုံချကျ ဆိုတဲ့ အကွဲအလွဲအသံ တွေ တသီကြီထွက်လာတာ ကို တွေ့ ရတယ်။ ဒါကလဲ လူတိုင်း ကိုယ်ခံစားချက်ကို လွတ်လွတ်လပ်လပ် ဖော်ထုတ်တဲ့ ခွင့်အရရေးကြတာဖြစ်တယ်။ ကျနော်တော်တော်လဲ အံ့သြတယ်။ ဘာလို ့ ရမ္ဘိုကိုရမ္ဘိုလို မမြင်နိုင်ပါလိမ့် ဆိုတဲ့ အတွေးမျိုးလဲတွေးမိတယ်။

တချို့ က လူတွေက ရမ်ဘိုကြောင့် ဗမာစစ်တပ်ရဲ့ ဆိုးဝါးရက်စက်မှု ကို ကမ္ဘာက သိမယ်။ အနည်းဆုံးတော့ ပြည်ပရောက် မြန်မာတွေရဲ့ စိတ်ထဲ ကိုယ့်တိုင်းပြည်ရဲ့ ဆိုးဝါးမှု တွေ ကို ရမ်ဘိုက သယ်ဆောင်လာပေးမယ်လို့  မျှော်လင့်တယ်။ ရေးတယ်။တချို့  က ရမ်ဘိုဟာ အကြမ်းဖက်မှုတွေ၊ သွေးထွက်သံယိုတွေ တသီကြီးနဲ့  မြန်မာနိုင်ငံရဲ့  ပုံရိပ်ကို ပိုကျစေတယ် ဆိုတာ မျိုးတွေးတယ် ရေးတယ်။အဲဒီ ထဲမှာ နိုင်ငံရေးပညာရှင်တွေ၊ အနုပညာသမားတွေ ပါတယ်။

ရမ်ဘိုဓါတ်ရှင်တွေ ဟာ အပျော်ကြည့် သက်သက်လို့  ကျနော်က မြင်နေတော့ နှစ်ဘက်လုံး ကို ကျနော့ အနေနဲ့ အကျွင်းမဲ့ မထောက်ခံနိုင်ဘူး။ ရမ်ဘိုဓါတ်ရှင် အပေါ်မှာ ကျနော်မျှော်လင့် တာ စင်ကာပူ OBP အဖွဲ့ ရဲ့ လုပ်ရှားမှုမျိုး ကလွဲလို့ ဘာမှ မမျော်လင့်ပါဘူး။ ရမ်ဘိုဓါတ်ရှင် အကြောင်းပြပြီး လူအင်အားပြတဲ့ လှုပ်ရှားမှုမျိုးပေါ့။ ပြည်တွင်းမှာ ဆိုလဲ နိုင်ငံရေးလုပ်သူတွေ ရဲ့  မင်္ဂလာဆောင်တွေ ၊ အလှုတွေမှာ ပဲ ဒီလို ရှာကြံပြီး အင်အာပြနေရတာ နှစ်ပေါင်းမှ မနည်းတော့ ပဲ။

ဒီထက်ပို ပြီးကျနော် အနေ နဲ့ တော့ ဘာမှလဲ မမျှော်လင့်ဘူး ဖြစ်လာလိမ့်မယ်လို့ လဲ မယုံ ကြည်ဘူး။ ရမ်ဘို ကြောင့် မြန်မာပြည်အကြောင်း ကမ္ဘာက သိမယ်လို့ မြော်လင့်ရအောင် လဲ ရမ်ဘိုဓါတ်ရှင် ဟာ ဘယ်တော့ မှ သမိုင်းကြောင်းနဲ့ တခမ်းတနား ရိုက်တာမျိုး မဟုတ်ဘူး။ သူ့ ရန်သူ ဖြစ်မဲ့ လူတွေ ရဲ့ ရက်စက်မှုသက်သက်ကို ပဲ ရိုက်ပြတာမျိုးဖြစ်တယ်။ ဒါမှ မင်းသားဂုဏ် တက်မှာ ကို။ နောက် တစ်ခုက တကယ်စိတ်ဝင်စား တဲ့ ကမ္ဘာလူထု အနေနဲ့  မြန်မာစစ်တပ် ရဲ့ စိုးဝါးမှု အကြောင်းကို ရမ်ဘိုဓါတ်ရှင် ကြည့်မှ မဟုတ်ပါဘူး စက်တင်ဘာ ကာလ မှာတုန်းက BBC,CNN စတဲ့ ကမ္ဘာ့ သတင်း ဋ္ဌာနကြီးတွေ က သတင်းတွေကို နားထောင်ရုံနဲ့  သိမှာပါ။ ကျနော် အလုပ်လုပ်နေတဲ့ နိုင်ငံမှာ လဲ ရမ်ဘိုရုံတင်နေတာပဲ။ ကျနော့ ရုံးကလူတွေ စက်တင်ဘာ တုန်းက မေးတဲ့ မေးခွန်းမျိုး ရမ်ဘိုဓါတ်ရှင်ကို အကြောင်းပြုပြီး ခုထိအမေး မခံရသေးဘူး။ သူတို့  အနေနဲ့  ရမ်ဘိုဓါတ်ရှင် ဆိုတာ အပျော်ကြည့်သက်သက် ကို။ ဂျိမ်းစဘွန်း တို့ ရမ်ဘိုတို့ ဆိုတာ စမြုံ့ ပြန် ရလောက်အောင် တန်းမှ မရှိပဲ။

ရမ်ဘိုကို မထောက်ခံလို့ တော့ ပြဿနာတွေ မတက်ကြပါနဲ့ ။ တံဆိပ်တွေ မကပ်ကြပါနဲ့ ။ ကျနော်တို့  တော်လှန်ရေးကြီးနဲ့  ရမ်ဘိုနဲ့  လဲဘာလိုမှ မပတ်သက်ပါဘူး။ ရမ်ဘိုဓါတ်ရှင်ရဲ့  ဗမာပြည်ဆိုတဲ့ နေရာမှာ တခြားတိုင်းပြည်တစ်ခုခု ဖြစ်ခဲ့ရင် လဲ ကျနော်က တော့ ဒီတိုင်းပဲရှိ လိမ့်မယ်။

ရမ်ဘိုအပေါ်မှာ တကယ် အသုံးချသွားနိုင်တာ၊ အမှန်အတိုင်း ချဉ်းကပ်သွားနိုင်တာ ကျနော် ခုထိသိသလောက် တော့ စင်ကာပူက လူစုပဲ ရှိသေးတယ်လို့  မြင်ပါတယ်။ စုပေါင်းရုပ်ရှင် ကြည့် တဲ့ အလုပ်ကို လုပ်ဖြစ်အောင် ဦးဆောင်သွားတဲ့ OBP နဲ့  စင်ကာပူ က ရဲဘော်တွေ ကို ဒီနေရာက အလေးပြုလိုက်ပါတယ်။

ရမ်ဘိုကို တောက်ခံသူ မထောက်ခံသူတွေ ကြားက ပြဿနာဆိုတာလဲ အဓိက အကြောင်း အရင်း ကတော့ ရမ္ဘုိကို ရမ္ဘိုထက္ပို ပြီးမျှော်လင့်တဲ့ ပြဿနာက စတာပါ။ ဦးရမ်ဘိုကြီး ကြောင့် ကမ္ဘာက မြန်မာကို ပို သိမယ်လို့  ကျနော်တော့ မယုံကြည်သလို၊ ဒီဓါတ်ရှင်ကို ကြည့် ပြီး ကျနော်တို့  တိုင်းပြည်ကို မကောင်းလဲ မြင်မှာ မဟုတ်ပါဘူး။ ဘာလို့ လဲ ဆိုတော့ သူတို့  ဟာ ရမ္ဘိုကို ရမ္ဘိုလို ပဲ ၾကည့္မွာ ဖြစ်တဲ့ အတွက်ဖြစ်ပါတယ်။ က်ေနာ္တို ့အားလံုးလဲ ရမ္ဘို ကို ရမ္ဘို လိုပဲ ပေးနေလိုက် ရအောင်။

မိုးထက်နေ


2 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):

Anonymous said...

ခေါင်းစဉ် “ရမ်ဘိုကို ရမ်ဘိုလိုနေပါစေ”လို့ဆိုပြီး “ရမ်ဘိုအပေါ်မှာ တကယ် အသုံးချသွားနိုင်တာ၊ အမှန်အတိုင်း ချဉ်းကပ်သွားနိုင်တာ.. ”ဆိုတာ ကျမပဲ နိုင်ငံရေး အထူအပါး နားမလည်လို့လားမသိ ရှေ့နောက်လွဲနေသလိုပဲနော်။ လူအားလုံး ရမ္ဘိုကို ရမ္ဘိုလိုရမ္ဘိုလိုၾကည့္ရင္ လူစုရုပ်ရှင်ကြည့်ရန် မလိုသလို၊ ထောက်ခံခြင်း မခံခြင်းများကိုလဲ စကားထဲထည့် ပြောစရာမလိုဘူးမဟုတ်လားရှင်။ ကိုမိုးထက်နေ အနေနဲ့ စင်ကာပူမှလူများကို အလေးပြုပြီး ရုပ်ရှင်ကိုကြိုက်တယ် မကြိုက်ဘူးပြောသူများကိုတော့ ရမ်ဘိုကိုရမ်ဘိုလိုနေပါစေဟု ပြောခြင်းက တမျိုးဖြစ်နေသည်ဟု ကျမယူဆမိလို့ပါရှင်။
(ဆီဗုံးမှာ ရေးပြီးသော်လဲ အမှတ်တယလေးဖြစ်အောင် ဒီမှာလာရေးလိုက်တာပါ)
ကျေးဇူးပါ။

Anonymous said...

ဒီဆောင်းပါရဲ့  အဓိပ္ပါယ်ကို အိမ့်ချမ်းမြေ့ နားမလည်တဲ့ အတွက်စိတ်မကောင်းပါဘူး။
နောက် နိုင်ငံရေးတို့ ၊ တော်လှန်ရေးတို့  ဆိုတာ ဘယ်လို လူတွေလုပ်ရမယ် ၊ ဘယ်လို လူတွေ မလုပ်ရဘူး လို့  ကျနော့ အနေနဲ့  သတ်မှတ်ချက်လဲ မရှိပါဘူး။ ပြောဖို့ လဲ မရှိပါဘူး။ ကျနော် အမြင်တော့ သုဘရာဇ က စလို့  သမ္မတ အထိ နိုင်ငံရေး၊ တော်လှန်ရေးနဲ့ ဆိုင်ပါတယ်။ အိမ်ချမ်းမြေ့  ကနေဒါမှာ အလုပ်လုပ်ပြီး ကနေဒါ အစိုးရ နား မှာ ပေးတဲ့ အခွန်တွေ ဟာ တနည်းနည်းနဲ့  နိုင်ငံရေး ဒုက္ခသည်တွေဆီ၊ ဒုက္ခသည် စခန်းတွေ ဆီ ကို စီဆင်းနေတဲ့ အထဲမှာ ပါမှာပါ။ ကျနော် အိမ်ချမ်းမြေ့ ရဲ့ ငါကြင်းဆီ နဲ့ ငါးကြင်းကြော်ခံရခြင်း ပို့  ကို ထောက်ခံတဲ့ လူနည်း စုထဲမှာပါကြောင်း အဲဒီပို့ ရဲ့ ကောမန့် မှာ တရားဝင်ရေးထား ပြီးလဲ ဖြစ်ပါတယ်။
စင်ကာပူကိစ္စ ကို တော့ လူစုပြီး ရမ်ဘိုကား ကြည့်တယ်ဆိုတဲ့ဘက်က ကျနော် ချည်းကပ် ပြီး ပြောတာမဟုတ်ပါဘူး ။ နအဖ နဲ့ ပုလင်းတူ ဗူးဆို့  အစိုးရအောက်မှာ ဗမာလူမျိုး ၆၀၀ ကျော်ကျော် စုဝေးပြီး ၊ နအဖ ဆန့် ကျင်ရေး လှုပ်ရှားမှု တစ်ခု ကို အကောင်အထည်ဖော်တယ် ဆို တဲ့ ထောင့်က ကြည့်ပြီး လေးစာခြင်းဖြစ်ပါတယ်။
ရမ်ဘိုနဲ့ ပတ်သက်လို့ ပြောရရင် နအဖ စစ်သားတွေကို သေနပ်မှန်ပြီးသေသွားတိုင် ကျနော့ တော်လှန်ရေး စိတ်က ပျော်တယ်။
ဒါပေမဲ့ နအဖ စစ်တပ်ထဲ ကတိုင်းရင်သား တွေ ကို ပစ်သတ်နေတာ ဗီယက်နမ် စစ်ပြန် ဆိုတာ ကိုတွေး မိတဲ့ အချိန်မှာတော့ တော်တော် စိတ်မကောင်းဖြစ်တယ်။
ဘာလို့ လဲ ဆိုတော့ ဗီယက်နမ်းစစ်ပွဲကို တရားသော စစ်လို့  ဘယ်တုန်းကမှ မမြင်ခဲ့လို့  ဖြစ်ပါတယ်။ အဲဒီ ဇာတ်ကား မှာ ရမ်ဘိုဆိုတဲ့ လူကြီးနေရာမှာ ကျောင်းသားတပ်မတော် ကို ကိုယ် စားပြုတဲ့ ဇာတ်ကောင်တစ်ကောင်၊ KNU ကိုကိုယ်စား ပြုတဲ့ ဇာတ်ကောင်တစ်ကောင် ဆိုရင် ဘယ်လောက်ကောင်းမလဲ ဆိုတာမျိုးလဲတွေး မိတယ်။
နောက်တစ်ခု ကျနော် ခံစားရတာ အဲဒီထဲက ရမ်ဘိုဆိုတဲ့ လူဟာ နအဖ ဆိုးသွမ်းယုတ်မာ မှုတွေ ကို သိလို့  တိုက်ခိုက်တာ မဟုတ်ဘူး ဆိုတဲ့ အချက်ကလဲ တော်တော် ကသိကအောက် နိုင်ပါတယ်။ One Man Army ဆန်ဆန် သူရဲကောင်း ဝါဒဆန်ဆန် ဇာတ်လမ်း တစ်ခု အတွက် တိုင်းပြည်ကို ချစ်တဲ့ လူတွေ ပြဿနာ မဖြစ်စေချင်တာလဲ ပါတယ်။
အားလုံး ညီညွတ်ရေးဆီ သွားရမဲ့ အချိန်မှာ ဟောလီးဝုဒ် က လူစု နဲ့ ပတ်သက်ပြီး ကွဲလွဲ ကြတာ တွေ မဖြစ်သင့် လို့  ပြောတာလဲ ဖြစ်တယ်။
ဒီမိုကရေစီ ကိုလိုချင်တဲ့ သူတွေ ပဲ ဗျာ အားလုံး နားလည်မှု ရှိရှိ သွားဖို့ ကောင်းတယ်။
ဒါပေမဲ့ အခြေအနေကို ကလဲ တအုံနွေးနွေးနဲ့  လူတိုင်းကို အထိမခံနိုင်လောက်အောင် ကျွတ်ဆတ် နေစေတာကို။
ဘာပဲ ဖြစ်ဖြစ်လေ အနည်းဆုံး ကျနော် ရေးထားတာကိုတော့ နားလည်စေချင်တယ်။