ဒီမိုး ဒီရေ ဒီလူတွေ နဲ့  ဒီမင်း ဒီစိုး ဒီသူခိုး

ကျနော်ဒီ ဆောင်းပါးကို မရေးခင် အကြိမ်ကြိမ် ချိန်ဆပြီးမှ နောက်ဆုံးရေးမယ် ဆိုပြီး ဆုံးဖြစ် ချက်ချလိုက်မိပါတယ်။ ဒီဆောင်းပါးကြောင့် ကျနော် သိက္ခာရပ်တည်ချက်ကို ထိခိုက်သွားနိုင် တယ်ဆိုတာ သိပေမယ် ကျနော် မပြောရရင် ကိုယ့်ကိုကိုယ် တာဝန်ကျေတယ်လို့ ဘယ်လိုမှ ထင်လို့ ရတော့မှာမှဟုတ်ဘူး။ ကျနော် အခုရေးမဲ့ ကိစ္စတွေ က ကျနော်စိတ်ပျက်နေတာ ကြာ ပြီ ဖြစ်ပေမဲ့ အကြောင်းကြောင်းကြောင့် မသိချင်ဟန် ဆောင်ပြီးနေခဲ့တာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မရေးရဲတာလဲ ပါပါတယ်။ ကျနော့အနေအထား ကျနော့ အတွေ့ အကြုံ နဲ့ ဆရာကြီး ဝင်လုပ်တယ်အပြောခံရမှာ စိုးရိမ်တာတစ်ကြောင်း။ ကိုယ်နဲ့ တည့်မပတ်သက်တာဆိုရင် ဖာသိဖာသာနေမယ် ဆိုတဲ့ လူပီသတဲ့ စိတ်လေးခေါင်းထောင်လာတာ ကတစ်ကြောင်းကြောင့် မရေးဖြစ်ခဲ့ပါဘူး။ အဆဲခံရမှာလဲ ကြောက်တာပါသပေါ့ဗျာ။ ခုတော့ ဒီစာရေးလို့ ဖြစ်လာသမျှ အကျိုးဆက်အားလုံး ခံမယ်လို့ ဆုံးဖြစ်ပြီး ရေးလိုက်ရပါတယ်။

ကျနော် ဘလော့တစ်ခုမှာ ကော့မန့် ရေးလိုက်မိတယ်ဗျာ။ ပုံမှန်အားဖြင့် ကျနော်ဘလော့တွေ မှာ ကော့မန့် ရေးလေ့မရှိပါဘူး။ စိတ်ထဲမယ် စိတ်မကောင်းတာတွေရော စိုးရိမ်တာတွေရော ပြွန်းသွား လို့ ကော့မန့် က တော်တော်လည်းရှည်သွားတယ်။ အဲဒီပို့ ဖတ်ပြီးတဲ့ လူတွေက ကျနော်နား ကို စာတွေပို့ ကြ၊ ဂျီတော့ကနေ ပြောကြ နဲ့ ပွဲကို စည်လို့ ပါလား။ ကျနော်သုံးလိုက် မိတဲ့ စကားတစ်ခုအပေါ် တချို့ ကလဲ မကျေနပ်ကြ တချို့ ကလည်း ကျနော့အပေါ် အထင်လွဲ မှာ စိုးရိမ်ကြနဲ့ ။ ကျနော်ထင်တဲ့ အတိုင်းရိုးရိုးသားသားရေးလိုက်မိတာပါ ။ ကျနော်ရေးမိတာက တော့ “ကျနော့ တသီပုဂ္ဂလ အမြင်ပြောရမယ်ဆိုလို့ ကတော့ ဘလော့ဂါတွေ အကုန်လုံး ကိုယ် ထင်ရာ ကိုယ် လုပ်နေတဲ့ သဘောရှိပါတယ်။” ဆိုတဲ့စာသားပါ။ သိပ်ပြင်းထန်သွားတယ် လို့  အားလုံးမြင်ပါလိမ့်မယ်။ ကျနော် သိထာတာ ဘလော့ဂါတွေဆိုတာ အများစုသိပ်စည်းလုံး တယ်။ ကျနော်ဘလော့ ဆိုတာ ဖြူလားမဲလား မသိသေးတဲ့ အချိန် (စက်တင်ဘာ မတိုင်မှီ) က ဘလော့စာအုပ်ထုတ်ဖို့  တိုင်ပင်ကြဆွေးနွေးကြ ဆိုတဲ့ သတင်းတွေကြားဖူးတယ်။ ကျနော် တကယ် တော်တော် လေးစားပါတယ်။ ဒီလောက်တစ်ကွဲတစ်ပြား နေတဲ့လူတွေ စုပေါင်းပြီး အလုပ်တစ်ခုထဲကို လုပ်နိုင်တယ် ဆိုတာ တော်ရုံနားလည်မှု တော်ရုံစည်းလုံးမှုနဲ့ မရပါဘူး။ ကျောင်းတွေမှာ Black ကဗျာ စာအုပ်လေးတွေ စုထုတ်ရင်တောင် ပြဿနာက ဒုနဲ့ ထေ။ လက်ဘက်ရည်ဆိုင်မှာ တဂျိမ်းဂျိမ်း စကားများရတာက ခဏခဏ။ နောက်ကျနော် ဘလော့ဂါတွေ အကုန်ဆိုတဲ့ စကားသုံးလိုက်မိတာ ကျနော်ရည်ရွယ်တာ တော်လှန်ရေးနဲ့  ပတ်သက်ပြီးရေးကြချွတ်ကြတဲ့ ဘလော့ဂါတွေကို ရည်ရွယ်တာပါ။ ကျနော့စာတပိုဒ်လုံး ကို ဖတ်ရင် ဘယ်ဘလော့ဂါတွေကို ထင်ရာလုပ်တယ် လို့ ကျနော် မြင်တယ်ဆိုတာ သဘော ပေါက်ပါလိမ့်မယ်။ နောက်ကျနော် နာစေချင်တဲ့ စေတနာနဲ့ ပြောသလား။ ဘယ်လို စေတနာ မျိုး နဲ့ ပြောတယ်ဆိုတာ အားလုံးသိမယ် မျှော်လင့်ပါတယ်။ ကျနော်က ဘလောဂါတိုင်း နိုင်ငံရေး ရေးရမယ် ဆိုတဲ့ အမြင်မျိုးမရှိပါဘူး။ ကျနော် အမြဲသွားလေ့ရှိတဲ့ ဘလော့တစ်ခုမှာ နိုင်ငံရေး လုံးဝလောက်နီးနီး မရေးပါဘူး။ ဘလော့ဂါ ဆိုတာလွတ်လပ်ခွင့်ရှိတယ်။ ထင်ရာလုပ် ခွင့်ရှိတယ် ဆိုတာကျနော်လက် ခံတယ်။ ဒါပေမဲ့ အများနဲ့ ဆိုင်တဲ့ ပိုစ့်တွေ (နိုင်ငံရေး၊လူမှုရေး) အစရှိတာတွေ ရေးတော့မယ် ဆိုရင်တော့ ထင်ရာလုပ်လို့ မရတော့ဘူး လို့ ထင်ပါတယ်။ မလုပ်သင့်မလုပ်ထိုက်ဘူး လို့ လဲထင်ပါတယ်။

စပိုင်
ခုတလော တော်တော်ရေပန်းစား နေတဲ့ စကားလုံး က (SPY)စပိုင်ဆိုတာပဲ။ ကျနော်ကတော့ မနေ့ တစ်နေ့ ကမှ ပြည်ပရောက်လာတာ ဆိုတော့ စပိုင်ဆိုတာကို အရှင်လတ်လတ်လဲ မမြင် ဘူးဖူး။ ဓာတ်ရှင်တွေထဲ ကြည့်ဘူးတာရှိတာပဲ။ ပြည်တွင်းမှာတုန်း ကတော့ နိုင်ငံရေးလုပ်တဲ့ အကိုတွေ ကို လက်ဖက်ရည်ဝယ်ပေး ဆေးလိပ်သွားဝယ်ပေးလုပ်ရင် သိသလောက်တော့ ပြည်တွင်းမှာ တော့ SPY ဆိုတာ မရှိဘူးဗျ။ အချောင်သမား၊ ဘာရည်ရွယ်ချက်ဦးတည် ချက်မှ မရှိတဲ့လူတွေ၊ လူလူချင်းလူစွာလုပ်ချင် (ကိုယ်ပိုင်အရည်အချင်းမရှိပဲ) တဲ့ လူတွေကို သတင်း ပေး (Informer) အနေနဲ့ လက်ဖက်ရည်လေးတိုက်လိုက် မုန့် ဖိုးလေးပေးလိုက် ခိုင်းတာ တွေ တော့ နေရာတကာပဲ။ သူခိုးဂျပိုးလောကရော၊ နိုင်ငံရေးလုပ်တဲ့ နိုင်ငံရေးစိတ်ဝင်စားတဲ့ လူတွေ လောကမှာရော နဲမှ မနဲပဲ။ အစကတည်းက အဲလို သတင်းပေးလုပ်တဲ့ သူတွေဆိုတာ သူတို့  အခွင့်အရေးလိုချင်လို့ လုပ်တဲ့ လူတွေဆိုတော့ ထောင်စွာထောင်စွာလုပ် တာနဲ့  သိပ်မကြာပါ ဘူး ရိပ်မိကုန်တာ များပါတယ်။ တူတူအဖမ်းခံရတယ် တစ်ယောက်က နှစ်ရှည်ထောင်ကျ တယ်။ အဲဒီလူက ပြန်လွတ်လာတယ် ဆိုတာမျိုးတွေ ကြောင့်လဲပါတာပေါ့လေ။ ဒါပေမဲ့ ပြည်တွင်းမှာ တော့ အားလုံးက သတိနဲ့ နေ ရတော့ သိပ်မကြာဘူး သိတာများပါတယ်။ ထောက်လှမ်းရေး ဆရာများကလဲ ဒါမျိုးကြိုသိတော့ သတင်းပေးတစ်ယောက်ကို တစ်ခါသုံး ဘောပင်(န်) လို ၊ ယမ်းမီးခြစ်လို သဘောထားတာကလား။ အသုံးလို တဲ့အထိပဲ အရိုးပေး ကိုက်တယ်။ သုံးမရတော့ ဘူးထင်တာနဲ့ မယာပါသားကို ပထွေးက ကြည့်သလောက်ပဲ ပြန်ကြည့်တော့တာ။

၉၉ ကာလများ ကဆို အင်ဖော်မာတွေ ဆိုတာ နိုင်ငံရေးနဲ့ ထိစပ်နေတဲ့ ကဗျာဆရာ၊ စာရေးဆရာ ကျောင်းသား တွေ ကြားထဲ မှာ သူတို့ ကတောင်ပိုများနေသလို ပဲ။ ကျနော်တို့ က လူငယ်ဆိုတော့ ချောင်းရိုက် မယ် ကအစ ဖွင့်ချမယ်ဆို တာအဆုံး အမျိုးမျိုး ပြောကြတာပေါ့။ နောက်ဆုံးတော့ ရိုက်ရင်ရိုက်မှုနဲ့ ဖမ်းခံရမယ်။ ကံဆိုးရင် ဓမြမှုတို့ လုယက်မှုတို့ ပါပါလာနိုင် သေးတယ်။ (နအဖ အမှုဆင်ဖမ်းလို့  ကျနော့ သူငယ်ချင်းတစ်ယောက် ခိုးမှုနဲ့ အချုပ်ခံရဘူးပါ တယ်။ နိုင်ငံရေး ဆက်လုပ်မရအောင် စာရိတ္တမှု လုပ်လိုက်တာပါ။) ဖွင့်ချတော့လဲ အဲလို မြွေပွားကင်းပွား ဖြစ်ချင်တဲ့လူတွေက နဲတာမှမဟုတ်တာ။ အဲဒီတော့ ကျနော်တို့ သူတို့  မသိချင်ဟန်ဆောင်နေတယ်။ သတင်းမှားပေးတယ်။ သူတို့ ကိုယ့်စီမလာရင်တောင် ကိုယ်က သူ့ စီကို သွားတယ်။ သူက ကိုယ့်ကို မျက်စိအောက်က အပျောက်မခံသလို ကိုယ်ကလဲ သူ့  ကိုယ် မျက်စိအောက်က အပျောက်မခံတော့ဘူး။ တစ်ချို့ က သူနဲ့ တူတူနေပေးတဲ့ အချိန်မှာ ကျန်တဲ့လူတွေ က လုပ်စရာရှိတာကို နာရီဝက်ရရ တစ်နာရီရရ လုပ်လို့ ရတယ်။ ကျနော်တို့  အဲလိုလဲ တကယ်လုပ်ခဲ့ကြတယ်။

၂၀၀၄ နောက်ပိုင်း ဗိုလ်ခင်ညွန့် နဲ့ နအဖ ဝရမ်းပြေးနဲ့ မိန်းမပျက်လို ပြဿနာတွေ တတ်ကြ။ ကံဆိုးသူ ဗိုလ်ခင်ညွန့် အာဏာကျ။ သူ့ သြဇာမကင်းတဲ့ အဖွဲတစ်ခုလုံးလဲ မြေလှန်ခံရတဲ့ နောက်ပိုင်း မှာတော့ ပြည်တွင်းမှာ ထောက်လှန်းရေး မလုပ်နိုင်ဘူးပြောလို့ ရလောက်အောင် ထောက်လှန်းမှုညံ့ဖျင်းလာပါတယ်။ ထောက်လှန်းရေး နေရာကို ဗိုလ်ခင်ညွန့် ရှိစဉ်က ချောင်ထဲမှာ အမှီးကုတ်ပြီးနေရတဲ့ ဗိုလ်အေး အကြံအရပေါ်လာတဲ့ စွမ်းအားရှင်ဆိုတဲ့ ရပ်ကွက် လူမိုက် ဂလေဂချေဂိုဏ် သြဇာတတ်လာခဲ့ပါတယ်။ ဗမာပြည်ထောက်လှန်းရေး ဘယ်လောက် ယိုယွင်နေလဲ ဆို လက်ရှိလုပ်သွားတဲ့ (၂၀၀၇) ကိုကြည့်တာနဲ့ သိနိုင်ပါတယ်။ အဖွဲအစည်းနဲ့  လူနာမည် ရာထူးကို သေချာအောင်မပြောနိုင်ဘူးလို့ သိရပါတယ်။ ထောက်လှန်းရေး ကြီးဆိုး စဉ် Passport လျှောက်လို့ မရတဲ့ လူတော်တော်များများ Passport တွေရလာပါတယ်။ နောက် နိုင်ငံရေးနဲ့ ဆက်စပ်မှုရှိနေတဲ့ အခမ်းအနားတွေ မှာ လူမိုက်လိုလို၊ ဝရမ်းပြေးလိုလို လူတွေ အများကြီး ကင်မရာတကားကား အသံဖမ်းစက်တကားကား နဲ့ ထင်ထင်ပေါ်ပေါ် လာကြည့်တာ ၂၀၀၄ နောက်ပိုင်းမှပါ။ ဗိုလ်ခင်ညွန့် ရှိစဉ်က လည်း အသံဖမ်းတာ၊ ဓါတ်ပုံ ရိုက်တာ၊ ဗီဒီယို ရိုက်တာတွေ ရှိပါတယ်။ ဒါပေမဲ့ ခိုးကြောင်ခိုးဝှက်ပါ။ ပြည်တွင်းမှာတောင် သူတို့ လုပ်နေကြ Informer လူတန်းစားကောင်းကောင်းမမွေးနိုင်လို့ နိုင်ငံရေးသမားတွေ ၊ NLD ကလူတွေ ရဲ့ မင်္ဂလာဆောင်၊ အသုဘ၊ ဆွမ်းကျွေး စတဲ့ သာရေးနာရေး ပွဲတိုင်း ကင်မရာကြီးတွေ တကားကားနဲ့ လူမိုက်လိုလို အရူးလိုလို သူများစားသောက်နေတာကို သရေတမျှားမျှားနဲ့ ကြည့်ရင် ရိုက်ရင် လုပ်နေရတာပါ။ အဲဒီတော့ ပြည်တွင်းမှာတောင် ထောက်လှမ်းရေး ကို သေသေသပ်သပ်မလုပ်နိုင်တဲ့ နအဖ ဆိုတဲ့ ခပ်ညံ့ညံ့လူတွေက ပြည်ပ မှာ စပိုင်(SPY) လွတ်ထားတယ် ဆိုတာတော်တော် မဖြစ်နိုင်စရာပါ။ အလကားနေရင် မျက်နှာလုပ် ချင်လို့ သခင်အားရကျွန်ပါးဝ လုပ်တဲ့ Informer လို တစ်ရူးစက္ကူတွေတော့ ရှိနေမှာ ပေါလေ။ နအဖ ကိုယ်တိုင် စနစ်တကျလွတ်ထားတဲ့ SPY Network ဆိုတာကတော့ နအဖကို အထင်ကြီးလွန်းရာရောက်တယ်ထင်တယ်။ သံရုံးနဲ့ တွဲထားတဲ့ ထောက်လှမ်းရေးတို့ ၊ နောက်စစ်မှုထမ်းဟောင်း၊ ကြံ့ဖွတ်အစီအစဉ်နဲ့ လွတ်ထားတဲ့ Show Job တွေထဲတော့ မျက်နှာလို အားရလုပ်ပြီး သတင်းပို့ တဲ့လူတွေ ရှိကောင်းရှိမှာပေါ့။ နအဖ လုပ်နေပြောနေတဲ့ အလွဲတွေ အကုန်လုံးအပေါ်ကြည့်ပြီး တွက်ရသလောက်တော့ စပိုင် (SPY) ထားနိုင်လောက် တဲ့ အစိုးရမဟုတ်ပါဘူး။

နောက်ဆုံးဗျာ စပိုင်ဆိုတာတကယ်ရှိနေတယ်ထားအုံး ကျနော်တို့ လုပ်စရာနှစ်ခုပဲရှိတယ်။ ဖျောင်လို့ ရရင်ဖျောင်ပြစ်လိုက်။ ခြေခင်းလက်ခင်း သာရင်ပေါ့လေ။ နောက်ဆုံး မသတ်ရဲ ရင်တောင် တခြားအကြောင်းတစ်ခု ပြပြီး စိန်ခေါ်ထိုးဗျာ။ မိန်းမစပိုင်ဆိုရင် ပိုတောင်ကောင်း သေးတယ် အတည်ပေါက်သွား ပြီး သတ်မယ် ဘာမယ် ချိမ်းခြောက်လိုက်ဗျာ။ နောက်တနည်း ကတော့ မသိချင်ဟန်ဆောင်ပြီး သတင်းမှားတွေ သူတို့ ကနေတဆင့်ပို့ ။ Counter ခေါ်မှာ ပေါ့။ ဒါတွေကို ကျနော်စိတ်ကူးယဉ်ပြီးပြောနေတာ မဟုတ်ဘူးနော်။ ပြည်တွင်းလှုပ်ရှားမှု နဲ့  နီးစပ်တဲ့သူတိုင်း Informer (တချို့ ပြောသလို ) Spy တွေ ကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာ သိကြပါတယ်။ အချင်းချင်း လက်သိပ်ထိုးပြီး ပြောထားလိုက်ရင်ပြီးပြီ။ ဒီကောင်စပိုင် ပါလို့ လက်ညှိုးထို့ ဖွင့်ချလိုက်တာ ကတော့ ဘာမှထိရောက်မှု မရှိဘူးလို့ ထင်ပါတယ်။ မသိချင်ဟန်ဆောင်ပြီး ပြန်အသုံးချမလား ဒါမှမဟုတ် ဘယ်တော့မှ သတင်းပို့ လို့ မရအောင် ခြိမ်းခြောက်ပြီးနှင်ထုတ်တာတို့ ၊ ဖြောင်ပစ်တာတို့ လုပ်လိုက် တာပို့ သင့်တော်မယ် လို့  ထင်ပါတယ်။ အဲဒီတော့ စပိုင်လို့ အော်နေမဲ့ အစား သေချာရင် အသုံးချမလား ရှင်းပစ်မလား တစ်ခုခုလုပ်ဖို့ ကောင်းပါတယ်။

ဆဲရေးမှုဖြင့်တော်လှန်ခြင်း
ကျနော် CBox တွေမှာ တွေ့ နေရတာအများစု က တဖက်နဲ့ တဖက် ဆဲနေကြတာတွေပါပဲ။ တကယ်ကို အယုတ္တအနတ္တ တွေပါ။ ဒီကိစ္စလဲ အစတော့မရေးတော့ဘူး နေတာပဲ။ ဒါပေမဲ့ ဒါကလဲကြာတော့တော်တော်ကို နှောက်အယှက်ဖြစ်တယ်။ ကျနော်လဲလူပဲဗျာ စက်တင်ဘာ ကာလ ဘုန်းကြီးတွေ ကျောင်းသားတွေကို နအဖ စစ်သားတွေရိုက်တာနှက်တာမြင်တော့ ဒေါသထွက်တယ်၊ စိတ်တိုတယ် သူတို့ ကိုလဲ အဲလို ပြန်လုပ်ချင်တယ်။ အဲဒီရက်ပိုင်းတုန်း က ကျနော်ကိုယ်တိုင် မဆဲပေမဲ့ ဆဲတဲလူတွေကို နားလည်လို့ ရတယ်။ ခုနောက်ပိုင်းထိ အဲဒီအရှိန် က မကုန်သေးပဲ ဆဲနေဆိုနေတာတော့ သိပ်မဖြစ်သင့်တာ့ဘူးထင်တယ်။ ဆဲလို့ ဘာဖြစ်မလဲ ဆိုတော့ ဒေါသတွေ ထွက်တယ်။ အဆိုးဆုံးက ဇော်မျိုးလို (ကျနော် စွေစောင်းကို ဇော်မျိုးထက် လေးစားပါတယ်။ စွေစောင်းက သူယုံတာသူရေးနေတာပါ။ ) ဝါဒထူထောင်နေ တာလိုလို ၊ သူကြောင်သလို လိုက်ကြောင်မှ ဒီမိုကရေစီရတော့မှာလိုလို၊ မည်းမည်းမြင်ရာ ထင်ရာရှောက်ရေးနေတဲ့ လူက “ဒီမိုကရေစီ သမားများဆဲကြပါ” (အတိအကျမမှတ်မိပါ။) ဆိုတဲ့ စကားမျိုးရေးလာတော့ရင်နာတယ်။ ကျနော်နဲ့ နီးစပ်တဲ့ သူအချို့ ကို မဆဲဖို့ ပြောတယ်။ သံတူကြောင်းကွဲ အဖြေမျိုးတွေကတော့ သူတို့ ဆဲလို့ ကျနော်တို့ ဆဲပါတယ် ဆိုတဲ့ အဖြေမျိုး ပဲရတယ်။ ကျနော့ အမြင်တော့ ချိတ်ချိတ်ခြင်းမို့ ငြိတာပါ။

ကိုယ်ရပ်တည်ချက်ကိုယ်ပဲတွေး စေချင်ပါတယ်။ ကျနော်တို့ ဆဲလို့ နအဖ ပြုတ်သွားမလား။ အဲလို ဆိုရင်တော့ ကျနော်လဲ ဆဲမယ်။ စာရေးမဲ့ အချိန်တွေ အကုန် အပြင်ထန်ဆုံး အပြောင် မြောက်ဆုံး ဆဲလုံးတွေ တွေး ပြီးဆဲမယ်။ နောက်ဗျာ ဗိုလ်သန်းရွှေ ကိုယ်တိုင် CBox ထဲလာ လို့  ဆဲလိုက်တယ် ဆိုတာမျိုးက လက်ခံပေးနိုင်သေတယ်။ အခုဆဲတဲ့လူတွေက ဘာမှအရေး ပါတဲ့လူတွေလဲမဟုတ်ဘူး။ အဆိပ်ပင်မို့ သတ်တယ်ပြောရအောင်လဲ။ နအဖ ပြိုရင်သူတို့ လဲ ဘယ်နားနေရမလဲ တောင် သိမှာ မဟုတ်ဘူး။ ကျနော် အမြင်တော့ ရုရှက ပုဂ္ဂိုလ်တွေ ကို ဆဲတာနဲ တိုက်ခိုက်တိုက်ခိုက် ၊ နောက်ဆုံး တတ်နိုင်လို့  သွားသတ်လဲ ဘာထူးလာမှာမို့ လဲ။ နအဖ က ဆက်ရှိနေမှာပဲ။ နအဖ စစ်ကျောင်းက တစ်နှစ်ကို ရုရှကလူမျိုး ၃၀၀၀ လောက် ထွက်နေတယ်လို့ ထင်တယ်။ ဟိုဘက်က စစ်ဗိုလ်များကလဲ တိုင်းပြည်ချစ်လို့ စစ်ထဲဝင် တယ် ဘာညာဆိုတာတွေ ပြောနေမဲ့ အစား မဆဲပဲ မနေနိုင်ဘူးလား။ တစ်ဘက်က မဆဲပဲနေလိုက် ရင် ဆဲတဲ့လူငပေါ ဖြစ်မှာပဲ။ ဘယ်နှစ်ခွန်းဆဲနိုင်မလဲ။ နောက် CBox ပိုင်ရှင်တွေကလဲ ဆဲတာ နဲ့ ဘလော့လိုက်။ ဆဲနေဆိုနေတာနဲ့ တော့ ဗိုလ်သန်းရွှေလဲ ဘာမှမဖြစ်ဘူး။ နအဖ လဲဘာမှ မဖြစ်ဘူး။ နအဖ နဲ့ စစ်အာဏာရှင်ကို မုန်းကြောင်းပြဖို့ ဆဲတာဆိုရင်လဲ သူတို့ မသိစိတ်မှာ ပြည်သူလူထုက သူ တို့ ကိုဘယ်လောက်မုန်းတယ် ဆိုတာသိပြီးသား။ ခင်ဗျားတို့ သတိထား မိမလား မသိဘူး ဇော်မျိုး ဆိုတဲ့ လူမဆဲဘူး။ သိပ်အကျအနကောက်ချင်သူတွေ အတွက် ထပ်ပြောမယ် ဆဲလို့ အဆင့်မရှိဘူး လို့ ပြောမဲ့ ခပ်ကြောင်ကြောင်လူထဲမှာ ကျနော်မပါဘူး။ ဒါပေမဲ့ ဆဲတာနဲ့ ဒီမိုကရေစီ နဲ့ တော့ ဘာမှ မဆိုင်ဘူး။

ရုရှား ပြဿနာ
အပေါ်မှာ ကျနော်ရေး ခဲ့တဲ့ တချို့ အချက်တွေ ကိုဖတ်ပြီး ရန်သူ့ ဘက်ကလိုက်ရေးတယ် လို့  ဝေဖန်ရင်လဲ ခံယုံပဲဗျ။ ကျနော် ဒီလိုတွေ ရေးလို့ ကျနော့စာတွေကို မဖတ်တော့ဘူး ဆိုလဲ တော်လှန်ရေးကို တခြားနည်းနဲ့ သွားယုံပဲ။ တကယ်တော့ ကျနော်စာရေသည်ဖြစ်စေ၊ မရေသည်ဖြစ်စေ၊ ကျနော် တော်လှန်ရေးလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ နအဖ ကိုတော့ တော်လှန်နေကြဦးမှာပဲ။ ငကန်းသေငစွေလာလိမ့်မယ်။ ကျနော်ကတော့ ကျနော့စာတွေ ကို ကိုယ့်ဘက်ကလူတွေ တင်မဟုတ်ပဲ နအဖ ပုဂ္ဂိုလ်များကို လဲ ဖတ်စေ့ချင်ပါတယ်။ သူတို့  ကိုလဲ ကျနော်တို့ ဘာတွေခံစားနေတယ်၊ ဘာကြောင့်ဘာလုပ်တယ် ဆိုတာမျိုး တွေသိစေ့ချင်ပါ တယ်။ သူတို့ နားလည်နိုင်ရင်၊ ဒါမှမဟုတ်နားမလည်တောင် အတွေးတစ်စလောက်များရသွား ပြီး ဆက်တွေးမိရင် ဆိုတဲ့ မျှော်လင့်ချက်တကယ်ထားပါတယ်။ ကျန်တော် တပ်နဲ့ ပြည်သူ လက်တွဲကူ ဆိုတဲ့ ဆောင်ပုဒ်မျိုးလဲ မတင်ဘူး။ တပ်အချင်းချင်း ထချပြီးဆိုတဲ့ ဟာမျိုးလဲ မရေးဘူး။ ဒါပေမဲ့ ကျနော်တို့ ဘက်က တကယ်လုပ်ပြနိုင်တယ် ဆိုတဲ့ တစ်နေ့ တပ်ထဲက ပြည်သူ့ ဘက်မှာ ရပ်တည်မဲ့ တပ်မှုး၊တပ်သား တွေ ထွက်လာပါလိမ့်မယ်။

အဲလို ထွက်လာဖို့ က ကျနော်တို့ ဘက်ကနိုင်ချေရှိမှ ထွက်လာမှာပါ။ အလကားနေရင်း အလုံးအရင်း နဲ့ ထွက်လာဖို့ ဆိုတာမလွယ်ပါဘူး။ သေချာမှစွန့် မှာပေါ့ ဟုတ်ဘူးလား။ လူဆိုတာ ဘာပဲပြောပြော ကိုယ်နဲ့ ကိုယ့်အသိုင်းအဝိုင်း ကို အရင်ကြည့်မှာပဲ။ သေချာချာ မသေချာချာ ကိုယ်ယုံတာလုပ်မယ် ဆိုပြီး အသေခံထွက်လာတဲ့ လူမျိုးကတော့ အရှားသား။ စက်တင်ဘာမှာ ပြန်ကြည့်ရင် ပဲ လမ်းပေါ်ထွက် ဆန္ဒပြတဲ့လူ အရေအတွက်ဟာ တစ်နိုင်ငံ လုံးနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး လို့ ပြောမယ်ဆိုပြောလို့ ရပါတယ်။ ဒီအချက်ကို ကြည့်ပြီး နအဖကို မကျေနပ်တာ ဒါလောက်ပဲ ဆိုတဲ့ အတွေးအခေါ်မျိုးကတော့ ဗိုလ်ကျော်ဆန်းလို အရပ်နဲ့ ခေါင်းနဲ့ အချိုးညီတဲ့ နအဖ ရင်မကြီးတွေ ပဲတွေတတ်တာပါ။ ကျန်တဲသူတွေလဲ မုန်းလိုက်တာမှ အူထဲကရောအသည်းထဲကရောပဲ။ဘာလို့ မထွက်လဲ ဆိုတော့ သေမှာကြောက်လို့ ဗျ။ တချို့ ဘာပဲဖြစ်ဖြစ်သေမှာကြောက်တယ်။ တချို့ လဲ မသေချာပဲ နဲ့  မသေချင်ဘူး။ ဘာမှ မကြည့်နဲ့  ဒီထဲမှာ ၉၀၊၉၆၊၉၉ အရေးအခင်းတွေ တသီကြီးမှီ ခဲ့တဲ့လူတွေ အများကြီးပါ။ ဘယ်သူဘယ်လို ရပ်တည်ခဲ့လဲ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရအောင်။

ကျနော်တော့ ရုရှကလူတွေကို မဆဲဘူး။ မဆဲမဆို၊ ငြင်ခုန်တာမျိုးမဟုတ်တဲ့ ကြားကျတဲ့ ခေါင်းစဉ်တွေ (ပညာရေး၊ စီးပွားရေး၊ ကျန်မာရေး ဘာလို့ နိမ့်နေလဲ) ကိုဆွေးနွေးချင်တယ်။ တကယ်ဆွေးနွေးကျရင် ဘာကြောင့်ဆိုတာသိလာမယ်။ အမှန်ကို တကယ်သိလာတဲ့လူက အကြာကြီးမှား မနေနိုင်ပါဘူး။ နအဖ စစ်ဗိုလ်ချုပ်တွေတော့မပါဘူးပေါ့ဗျာ။ ရုရှက စစ်ဗိုလ် တွေဆိုတာ တလမှ ဒေါ်လာ ၂၅၀ နဲ့ နေနေရတာ။ စားနိုင်သောက်နိုင်တဲ့ ရာထူးရောက်ဖို့ က လည်း စောင့်ရဦးမယ်။ ဒါလဲ အထက်အရာရှိနဲ့  အဆင်ပြေမှ။ အဲဒီတော့ သူတို့ မှ အမှန်တရား ကိုလက်ခံနိုင် ဖို့  နေရာကျန်သေးတယ်လို့ ထင်တယ်။ တချို့ တချို့ လဲ လူမြင်ကွင်းတော့ ယူနီဖောင်း လေး ဝတ်ပြီး ဇောင့်ကြွားဇောင့်ကြွားလုပ်၊ ကာနယ်ကြီး အိမ်ကြ ဖိနပ်တိုက်ပေး၊ အဝတ်ရုပ်ပေး ဘဝကို ပဲလောက နိဗ္ဗာန် ထင်နေ မှာပဲ။ အဲလို လူတွေချည်းပဲ ဆိုတာတော့ ကျနော်မယုံဘူး။ လူကောင်းလေးတွေကို တော့ ရှာကြည့်ချင်သေးတယ် ။ ဆွေးနွေးချင်သေး တယ်။ သူတို့ ကိုယ်ခံအားကို လဲကျနော်ယုံတယ်။

နောက်တစ်ခုက ဒီအချိန်မှာ ကျနော်တို့ ရောသူတို့ ရော တိုက်ပွဲပြင်ပမှာပါ။ အဲဒီတော့ ကျနော်တို့  ဆက်ဆံလို့ ရတယ်။ တတိယပုံစံပေါ့ဗျာ။ ကျနော်လဲ တော်လှန်ရေးကြောင်း မပြောဘူး။ သူတို့ လဲ စစ်တပ်အုပ်ချုပ်ရေးကို ဘုန်းတော်မဘွဲ့ နဲ့ ပေါ့ဗျာ။ သူတို့ လဲ ရုရှား ရောက်တုန်း အင်တာနက်ကို ဖောဖောသီသီ လွတ်လွတ်လပ်လပ်သုံးခွင်ရတာ။ မြန်မာပြည် ပြန်ရောက်ရင် ဘယ်လိုမှ ဒီနေရာတွေကိုလွတ်လွတ်လပ်လပ်လာလို့ ရမှာမဟုတ်တော့ဘူး။ တော်လှန်ရေး သမားကောင်းဆိုတာ တိုက်တာခိုက်တာ တစ်ခုထဲထူးချွန်ယုံနဲ့ မဖြစ်ဘူးဗျ။ သံခင်းတမန်ခင်းလဲတတ်ရမယ်။ ရန်သူကို စည်းရုံးနိုင်ရမယ်။ တကယ့်ခေါင်းဆောင်ကောင်း တွေဆို ရန်သူကိုယ်တိုင်က လေးစားတယ်။ (မဟာဗန္ဓုလ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ရွမ်းမဲလ်) ဖမ်းမိရင်တော့ သတ်မှာပေါ့ဗျာ။ ပြီးတော့ ဒီမိုကရေစီရတာနဲ့  စစ်သားတွေစစ်ဗိုလ်တွေ အလုပ် ပြုတ်စေဆိုတာမျိုးလဲ လုပ်လို့ မရဘူး။ သူတို့ နဲ့ သူတို့ မိသားစုကလဲ သန်းချီရှိနေတာကို။ အဲဒီလူတွေ သာအလုပ်လက်မဲထပ်ဖြစ်ရင် လက်ရှိအလုပ်လက်မဲ့ ဦးရေနဲ့ ပေါင်းပြီး ကျောင်ခမန်းလိလိတက်လာလိမ့်မယ်။ အောက်ခြေ နဲ့ အရာရှိငယ်တွေ ကို ဆက်ထားရမှာပဲ။ မြွေပွေးခပိုက်ပိုက်တယ် တို့ ဘာတို့ ခပ်ကြောင်ကြောင်တွေလာမပြောနဲ့ ။ တကယ်မြွေပွေး အစစ်ဆို တပ်ထဲကထုတ်လိုက်လဲ လိုက်ကိုက်မှာပဲ။ တပ်ထဲမှာရှိနေတာမှ စောင့်ကြည့်နေလို့  ရဦးမယ်။ ခင်ဗျားတို့ သိပြီးသားဖြစ်ပေမဲ့ ကျနော် မှာဒီထက်ကောင်းတဲ့ ဥပမာမရှိလို့ ပြော ပါရစေ။ လွတ်လပ်ရေး မရခင် ဖက်ဒရယ် ကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကိုဝိုင်းကန့် ကွက်တော့ “၁၀ နှစ်အချိန်ရတာမှ သူတို့ ခွဲထွက်ရင် ကျုပ်တို့ မစည်းရုံးနိုင်လို့ ကျုပ်တို့ ညံ့လို့ ပေါ့ဗျာ” ဆိုတဲ့ စကား။

ဘာကြောင့် ၁၉
နအဖ ဘာကြောင့်ယိုင်နဲ့ ယိုင်နဲ့ နဲ့ ၁၉နှစ်တိုင်ခဲလဲ ဆိုတော့ ကျနော်တို့ ညံ့လို့ လို့  ပဲမြင်ပါ တယ်။ ကျနော် တို့ ၁၉ နှစ်အတွင်း အတိုက်အခံအဖွဲ အစည်းတွေများလာတာပဲ ရှိတယ်။ ဘာမှ ဖြစ်မလာဘူး။ တကယ်လို အပ်တဲ့ စည်းလုံးမှုမတည်ဆောင်နိုင်ဘူး။ လက်ငင်းရည်ရွယ် ချက်ကို မပြတ်သားဘူး။ အာဏာရရေးလား။ အဏာရှင်ကျဆုံးရေးလား။ အာဏာရှင်ကျဆုံး ရေး ဆိုရင် တော့ အရင်ဆုံး အာဏာရှင်ပြုတ်ကျရေးလုပ်ကြပါ။ တချို့ စိုးရိမ်နေသလို စည်းလုံး မှုမရှိပဲ စစ်တပ်ပြုတ်သွားလဲ ကွဲကျပြဲကျနဲ့ တိုင်းပြည်ဒုက္ခရောက်မယ်ဆိုတဲ့ အတွေမျိုး ကျနော် လက်မခံပါဘူး။ ဒီမိုကရေစီတိုက်ပွဲ ဝင်နေတဲ့ ခေါင်းဆောင်တွေ အနေနဲ့  သံခင်းတမန်ခင်း နဲ့  ကွဲကျပြဲကျမယ် ။ ဒီမိုကရေစီဆန်ဆန် သဘောထားကွဲကျမယ် ဆိုရင် ရောင်စုံခေတ်ကို ပြန်ရောက်ဖို့ မမြင်ပါဘူး။

နအဖ ကတော့ရှင်းတယ်။ ဦးတည်းချက်ကလည်း အာဏာတည်မြဲရေးပဲ။ အဲဒီအတွက် ချော့ စရာရှိချော့တယ်။ ချောက်စရာရှိချောက်တယ်။ နောက်လူသိရှင်ကြားဘယ်တော့မှ မကွဲလွဲဘူး။ ကွဲလွဲရင်လဲ တခါထည်းကိစ္စတုံးလုပ်တယ်။ (ဗိုလ်စောမောင်၊ဗိုလ်တင်ဦး၊ ဗိုလ်ခင်ညွန့် ) ကျနော်တို့ ဘက်ကတော့ ရန်သူပျော်ရုံ၊ သတင်းပေါက်ကြားရုံကွဲကျပြဲကျ နဲ့ သံသယာလည်နေ တယ်လို့ ထင်ပါတယ်။ ဒါကလဲ နအဖ လို စည်းလွတ်ဝါးလွတ် မလုပ်ချင်တဲ့ စိတ်ကောင်းတွေ ကြောင့်လို့ မြင်ပါတယ်။ မကြာခင်ကျနော်တို့  ခေါင်းဆောင်တွေ လမ်းကြောင်းတစ်ခုရှာတွေ့  ပြီး စစ်ကျွန်ဘဝက လွတ်မြောက်စေလိမ့်မယ် လို့ ယုံကြည်နေတုန်းပါ။

တကယ်တော့ကျနော်က ကိုယ့်ဘဝလေးနဲ့ ကိုယ် အေးအေးနေချင်တဲ့ကောင်ပါ။ ဒါပေမဲ့ ဘဝ ကအဲလို နေဖို့ ခွင့်မပေးခဲ့ဘူး။ ဒါပေမဲ့ ကျနော်ဟာ နောက်လိုက်ကောင်းတစ်ယောက် အနေနဲ့  ကျနော်တတ်နိုင်တဲ့ ဘက်ကနေ မင်းဆိုးမင်းညစ်ဟူသမျှ ကို တော်လှန်နေဖြစ်မယ်ထင်ပါ တယ်။ ကျနော်ရေးတဲ့ စာဟာ ရန်သူပျော်စေနိုင်မဲ့ အချက်တစ်ချက်မှ မပါဘူးလို့ ထင်ပါတယ်။ တကယ်လို့ ပါခဲ့လို့ ရှိရင်လဲ စေတနာအမှားလို့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ လေးလေး နက်နက် ထပ်ပြောပါရစေ။ ကျနော်ခေါင်းဆောင်တွေကို ကျနော်တို့ လွတ်မြောက်ရေးအတွက် အကြွင်းမဲ့ မျော်လင့်ယုံကြည်နေပါသေးတယ်။ တကယ်လို့ ကျနော်မယုံကြည်တော့တဲ့ နေကြရင်လဲ ငြိမ်းချမ်းစွာ လက်တွဲဖြုတ်ပြီး ကိုယ်နည်းကိုယ်ဟန်နဲ့ တိုက်ပွဲဝင်နေပါဦးမယ်။သူခိုး ဘဝ ကစပြီး တိုက်ပွဲဝင်ပါ့မယ်။ ဗမာစကားပုံရှိပေမဲ့ အဲလိုတော်လှန်ရေးမျိုးတစ်ခါမှ မတွေ့  ဘူးသေးပါဘူး။ သူခိုးကြီးတော့ ဓါးပြ၊ ဓါးပြကြီးတော့ သူပုန်၊ သူပုန်ကြီးတော့ အစိုးရ တဲ့။ စိတ်ကူးယဉ်ဆန်တယ်ပဲပြောပြောကျနော် တကယ်သွားဖြစ်တဲ့ အခါကျနော် သူငယ်ချင်းတွေကို မေးပို့ ပြီးခေါ်ဦးမယ်။ ကျနော်ပေးထားတဲ့ ခေါင်းစဉ်လေးလို့ ပေါ့ ဗျာ။ ကျနော်တို့ မင်းဆိုး မင်းသူခိုး နဲ့ တန်သလား မင်းကောင်းမင်းမြတ်နဲ့ တန်သလား ဆိုတာ အာလုံးဝိုင်းပြီး စုစုစည်းစည်း အဖြေထုတ်ရအောင်။
မိုးထက်နေ

ဒီဆောင်းပါးနဲ့ ပက်သက်ပြီး ဆဲချင်၊ဆွေးနွေးချင်ရင် moehtetnay@gmail.com ကိုတိုက်ရိုက်ပို့ ပါခင်ဗျာ။ ကျနော်ဟာ ရွှေဘိုသား ဘလော့ပိုင်ရှင်မဟုတ်ပါဘူး။ ရွှေဘိုသား မှာ စာရေးသူ သာဖြစ်တဲ့အတွက်ပါ။

7 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):

Anonymous said...

well done

you did good job. That's right, everyone should know which one is major or minor. We should concentrate on the main objective. We should not waste our time in foolish thing.

We should remember our country's concern and bloody people. Let's try to unity.

Unknown said...

hello ko moe htet nay,
i'm agree with you and respect your idea.we have to do unity between pro democracy people and officer and other rant in military.but first of all we have to do unity in ourself.
hta2

Kaung Kin Ko said...

ရေးထားတာ ကောင်းတယ်ဗျို့ ။ အမှန်တော့ blogger အချင်းချင်း တံဆိပ်တွေ အလွယ်တကူ မတပ်သင့်ဘူးပေါ့ဗျ။ ခွဒေါင်းတို့ ၊ spy တို့ ဆိုပြီး အချင်းချင်းလျှောက်တံဆိပ် လွယ်လွယ်နဲ့ မတပ်သင့်ဘူး။ ဖတ်တဲ့လူတွေမှာ အသိဥာဏ်ရှိပါတယ်။ ဖတ်သူက ဘယ်သူခွဒေါင်း၊ ဘယ်သူ spy လည်းဆိုတာ ဆုံးဖြတ်ပါလိမ့်မယ်။
ပြီးတော့ blog တွေကို စနစ်တကျ စောင့်ကြည့်နေတဲ့ အဖွဲ့  http://mmedwatch.isgreat.org/ ရှိပါတယ်။ တကယ်သေချာမှ blacklist ထဲကိုထည့်တာတွေ့ ရပါတယ်။ မသေချာသေးရင် စောင့်ကြည့်စာရင်းထဲပဲ ထည့်ပါတယ်။ ပြီးတော့ ကိုယ်မဟုတ်ရင် ကန့် ကွက်နိုင်ပါသေးတယ်။ လုပ်စရာရှိတာကို အဲလိုအဖွဲ့ အစည်းတွေက လုပ်ပါလိမ့်မယ်။ တကယ်လို့ မသင်္ကာစရာ တွေ့ ရင်လည်း အဲဒီ့ အဖွဲ့ ကို ရိုးရိုးသားသား သတင်းပေးလိုက်ရုံပေါ့။ ကိုယ်က စောင့်ကြည့်ခြင်းမရှိပဲ post တစ်ခုတည်းဖတ်ပြီး အမြင်မတူတာနဲ ကိုယ့်သဘောနဲ့ ကိုယ်သစ္စာဖောက်နာမည်တပ်တာဟာ ရန်သူတွေရဲ့ ထောင်ချောက်အတွင်းကို သက်ဆင်းမိသလို ဖြစ်မှာပါ။
စည်းကမ်းရှိစွာ သဘောထားကြီးစွာ သဘောကွဲလွဲမှုဟာ စည်းလုံးမှုအင်အားကို မထိခိုက်စေနိုင်ပါဘူး။ သဘောထားကြီးတဲ့ debate တွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုမပါတဲ့ ကွဲပြားတဲ့အမြင်တွေဟာ ဒီမိုကရေစီ ရဲ့ သင်္ကေတတွေပါ။
စည်းလုံးမှုကို ပျက်ပြားစေတာက အချင်းချင်းရန်သူလို သဘောထားပြီး တိုက်ခိုက်နေမှုပဲ ဖြစ်ပါတယ်။
ဆဲတာနဲ့ ပတ်သတ်လို့ ကတော့ ဆဲတာ ကိုနေနတ်နွယ်ရေးဖူးသလို လူအမျိုးမျိုး စိတ်အထွေထွေမို့ ဆဲတဲ့လူတွေက တော့ ဘက်တိုင်းမှာရှိနေမှာပါ။
ဆဲတဲ့လူတွေကို ကြည့်ပြီး “ဒီမိုကရေစီ သမားတွေအားလုံးဆဲတယ်၊ ကလေးဆန်တယ်၊ဆဲတာ တစ်ခုပဲလုပ်တတ်တယ်”လို့ ကိုဇော်မျိုးတို့ လိုလူတွေစွပ်စွဲတာကတော့ ဝါးလုံးရှည်နဲ့  ရမ်းလိုက်တာပါ။ “လူမှာ ခြေထောက်နှစ်ချောင်းရှိတယ်။ ကျီးကန်းမှာလည်းခြေထောက်နှစ်ချောင်းရှိတယ်။ ဒါကြောင့်ကျီးကန်း=လူ” ဆိုပြီးကောက်ချက်ချတဲ့ ဥပမာလို ရယ်စရာကောင်းတဲ့ logic ဖြစ်နေမှာပါ။
ဘာပဲပြောပြောဆဲတာ မကောင်းဘူးဆိုတာတော့ ထောက်ခံတယ်။ ကိုမိုးထက်နေရေးတဲ့ “ဆဲတာနဲ့ ဒီမိုကရေစီဘာမှ မဆိုင်ဘူး”ဆိုတာကို ထောက်ခံတယ်။ ဆဲခြင်းဟာ စိတ်ဓာတ် အင်အားကို ယုတ်လျော့စေပါတယ်။ တော်လှန်ရေးကို အင်အားနည်းစေပါတယ်။ မဆဲရင်ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဆဲရင်လည်းမိန်းကလေးတွေပါ ဖတ်လို့ ရတဲ့ ဆဲနည်းမျိုးနဲ့ ဆဲကြဖို့ အကြံပေးလိုပါတယ်။ အဲဒါဆိုရင်တော့ အပြစ်မရှိပါဘူး။
ဒါပေမယ့် ကာတွန်းတွေ၊ သရော်စာတွေနဲ့ ဆဲတာမျိုးကိုတော့ အားပေးပါတယ်။ ကမ္ဘာမှာလဲ အဲဒီလို လုပ်ကြတာပဲ။ အနုပညာနဲ့ ဆဲနိုင်ရင်တော့ကောင်းပါတယ်။
ခုနက ပြောခဲ့တဲ့ “လူနဲ့ ကျီးကန်း” ဥပမာလိုပဲ ကိုယ်နဲ့ အမြင်မတူတာနဲ့ ခွဒေါင်းလိုစွပ်စွဲတာဟာ အဓိပ္ပါယ်မဲ့တဲ့ စွပ်စွဲမှုပါ။ မှာယွင်းပြီးတယောက်ကရေးမိတယ်။ “ကိုယ်က ခွပ်ဒေါင်း၊ သူက ကိုယ်နဲ့ မတူဘူး၊ ဒါကြောင့် သူက ခွပ်ဒေါင်းမဟုတ်ဘူး” လို့ မစွပ်စွဲသင့်ပါဘူး။ ကျွန်တော်က အဲဒီ့လို စွပ်စွဲတဲ့သူတွေကို ရန်သူလို့ လဲမမြင်ပါဘူး။ ဒီမိုကရေစီ ဘက်တော်သားလို့ လဲဆက်သတ်မှတ်နေဆဲပါ။ ဒါပေမယ့် အမြင်ကျဉ်းလွန်းတယ်လို့ တော့ မြင်ပါတယ်။

နောက်ပြီး အရေးအကြီးဆုံး အချက်ကို ပြောချင်ပါသေးတယ်။ အဓိက တရားခံဟာ အထက်ဆုံးက ဗိုလ်ချုပ်မှူးကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေပါ။ သူတို့ ကိုဦးတည်တိုက်မှ အောင်မြင်ပါလိမ့်မယ်။
ပြီးတော့ စစ်သားနဲ့  ပြည်သူကို ခွဲထုတ်လို့ မဖြစ်နိုင်ပါဘူး။ မှန်တယ်။ အမိန့် ပေးတဲ့ သူတွေမှာ အပြစ်ရှိတယ်။ တိုက်ရိုက်အမိန့်  နာခံတဲ့ သူတွေမှာလည်း အပြစ်ရှိတဲ့။ အမိန့် ပေးတဲ့သူတွေကို ရာဇဝတ်ကောင်တွေလို့ စွပ်စွဲကြ။ အမိန့် နာခံပြီး ပစ်တဲ့ကောင်တွေကို လူသတ်ကောင်တွေလို့ စွပ်စွဲကြ။
ဒါပေမယ့် ဘာမှမလုပ်သေးတဲ့သူ၊ သူ့ ဘာသာသူ အေးအေးဆေးဆေးနေတဲ့ သူတွေကိုတော့ သွားပြီးမတိုက်ခိုက်သင့်ဘူးဗျ။ စစ်သားဆိုတာလည်း ပြည်သူပဲ။ စစ်သားနဲ့ ပြည်သူ ခွဲခြားလို့ မရဘူးဗျ။ သူတို့ ထဲက တဝက်လောက်ပါမလာပဲနဲ့  မအောင်မြင်နိုင်ဘူးလို့ ထင်တယ်။ အေးအေးဆေးဆေးနေတဲ့ သူတွေကို သွားပြီးတိုက်ခိုက်နေရင် ဘယ်လိုစည်းရုံးစည်းရုံး ကိုယ့်ဘက်ဘယ်ပါတော့ပါ့မလဲ။
တကယ်ဆိုရင် ဒီလိုစဉ်းစားကြည့်ဗျာ။ ကျွန်တော်လည်း ရုရှက စစ်ဗိုလ်တွေ စစ်သားတွေ $250 ရတာ မကြည်ဖြူပါဘူး။ ဒါပေမယ့် ဗျာ၊ အဲဒီလို မတရားရနေတာတွေ၊ လာဘ်စားနေတာတွေက စစ်သားကြည့်မှ မဟုတ်ဘူး။ အကောက်ခွန်ဝန်ထမ်းတွေ၊ သစ်တောကဝန်ထမ်းတွေ၊ အင်ဂျင်နီယာ အရာရှိကြီးတွေဆိုရင် တချို့ အဲဒီ့ စစ်ဗိုလ်တွေထက်တောင်ပိုရသေးတယ်။ ပြီးတော့ ပြည်သူကိုနှိပ်စက်တာ၊ စစ်သားချည်းမဟုတ်ဘူး။ ရှေ့ နေတွေ၊ တရားသူကြီးတွေ၊ တခြားအရာရှိကြီးတွေမျိုးစုံပါတယ်ဗျ။ အဲဒီတော့ အဲဒါကိုသာ အပြစ်တင်နေမယ်ဆိုရင် တပြည်လုံးကို အပြစ်တင်ရတော့မယ်။ ကိုယ့်တပ်ကိုယ် ပြန်နင်းရတော့မယ်။ လာဘ်ပေးလာဘ်ယူလုပ်တဲ့သူတွေကို သာ ထောင်ချကြေးဆိုရင် တပြည်လုံးကိုထောင်ချရလိမ့်မယ်ဗျို့ ။ အဲဒီ့ တရားသူကြီးတွေသာ ဗိုလ်မှူးကြီးနေရာရောက်သွားရင်လည်း အခုလို မျိုးလုပ်ကြမှာပဲ။ သေနတ်ကိုင်တာနဲ့  မကိုင်တာနဲ့ ပဲကွာမယ်။ တကယ်တော့ ဒါဟာ ကျွန်တော်တို့ အပြစ်မဟုတ်ဘူး။ လူတိုင်းနီးပါးမှာ အချောင်ခိုချင်တဲ့စိတ်၊ သက်သာချင်တဲ့စိတ်ရှိတာပဲဗျာ။ အမေရိကန်က လူတွေလဲ ဒီစနစ်နဲ့  ၅နှစ်လောက်ပေးနေကြည့်ပါလား။ ခုလို အကျင့်ပျက်ကြမှာပဲ။ အဲဒီတော့ကျွန်တော်တို့ ကြိုးဆွဲနေတဲ့ သူတွေကို တိုက်ရမယ်။ တိုက်ရိုက်အမိန့် ပေးတဲ့လူ၊ လူစိတ်မရှိပဲ အမိန့် နာခံပြီး ပစ်တဲ့ လူတွေကို တိုက်ရမယ်။ တာဝန်ရှိပြီး ရာထူးကြီးကြီးမားမားရှိတဲ့သူ မှန်သမျှကို တိုက်ရမယ်။ ဒါပေမယ့် အဲဒီ့လို တိုက်တဲ့နေရာမှာ တကယ့် အချက်အလက်မှန်ကို ပဲသုံးပြီးတိုက်ရမယ်ဗျ။ တိုက်စရာ အချက်အလက်မရှားပါဘူး။ သူတို့ တွေ တကယ်ကျူးလွန်ထားတဲ့ အမှုတွေ အများကြီးပါ။ကျွန်တော်တို့ ဘက်က အဲဒါတွေကို ဖော်ထုတ်ပေးရုံပဲ။ မဆိုင်တဲ့ အချက်တွေကို သုံးပြီးတိုက်ဖို့ မလိုပါဘူး။ မဆိုင်တဲ့ အချက်တွေ သုံးပြီးတိုက်မယ်ဆိုရင် စဉ်းစားတတ်တဲ့လူတွေရဲ့ ပေးတဲ့အမှတ်မှာ ကျွန်တော်တို့ ဘက်က လျော့သွားပါလိမ့်မယ်။ မတော်တဆမှားတာဆိုရင်တော့ ကိစ္စမရှိပါဘူး။ အခက်အခဲတွေကြားက လုပ်ရတာ ဆိုတော့ အမှားတွေပါမယ်ဆိုတာတော့လက်ခံတယ်။ ဒါကို ထောက်ပြတဲ့ သူတွေကလဲ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုမပါပဲထောက်ပြ၊ မှားတဲ့သူကလည်းအသာလေး ပြင်လိုက်ရင် ပြီးပြီ။ ကြားကလူတွေရဲ့  ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ ပါဖို့ မလိုပါဘူး။

တိုက်ခိုက်တဲ့နေရာမှာ ကိုယ့်ဘက်က တရားမျှတမှုရှိရင်ပိုကောင်းမှာပါ။ မှားတာကိုတော့ လက်ခံပါတယ်။ လူတွေက ခွင့်လွှတ်မှာပါ။ ပြီးတော့ အေးအေးဆေးဆေးနေနေတဲ့ စစ်ဗိုလ်၊ စစ်သားတွေကို အမှန်မြင်လာအောင် ညင်ညင်သာသာပဲ စည်းရုံးသင့်ပါတယ်။ တကယ်ကိုယ်ထိလက်ရောက်ကျူးလွန်လာတဲ့သူဆိုရင်တော့ (သူတို့ တကယ်ကျူးလွန်တဲ့ အမှုတွေနဲ့ ) ပြတ်ပြတ်သားသားတိုက်ကြဗျို့ ။ စိတ်ဓာတ်ရေးရာ အရ စစ်ဆင်စရာ တကယ့်အချက်အလက်မှန်တွေ အများကြီးပါလို့  ပြောချင်ပါတယ်။

အဓိက ကတော့ဗျာ ရန်သူ နအဖကို ပဲ တိုက်ကြပါဗျို့ ။ အချင်းချင်းမတိုက်ကြပါနဲ့ ဗျာ။ အချင်းချင်းဝေဖန်လို့ တော့ ရပါတယ်။ ကြိုဆိုပါတယ်။ မှားတယ်ထင်ရင် အပေါစားတံဆိပ်တွေလိုက်မကပ်ပဲ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုမပါပဲ အကျိုးသင့်၊ အကြောင်းသင့် ဝေဖန်ကြပေါ့ဗျာ။ အချင်းချင်း ဟိုဟာဒီဟာတွေနဲ့ မနှိုင်းကြပါနဲ့ ဗျ။

ကိုမိုးထက်နေရေ၊ ဒီ post အတွက်ကျေးဇူးပဲဗျို့ ။ comment ရှည်သွားလို့ လဲအားနာတယ်ဗျ။ ဒီ comment နဲ့ ပတ်သတ်ပြီး ကျွန်တော့်ကိုဆက်သွယ်ချင်ရင်တော့ kaungkinko@gmail.com ကိုဆက်သွယ်ပါ။ ဆဲစရာရှိရင် ကျွန်တော့်ကို တိုက်ရိုက်ဆဲကြဗျို့ ။
ဒီမှာ ဆဲမယ်ဆိုရင် blog ပိုင်ရှင်ကို အားနာလို့ ။ဝေဖန်ရုံသက်သက်ဆိုရင်တော့ ဘယ်မှာဝေဖန်ဝေဖန်ရပါတယ်ဗျာ။

Anonymous said...

we all should notice which one is more important, u r right

Anonymous said...

and also agreed with mr kaungkinko
very good we should follow his idea

Anonymous said...

ကြာပြီပဲဗျာ ဒါမျိုးစုစည်းသင့်နေတာ. ဆယ့်ကိုးနှစ်ဆိုတာ နည်းတဲ့အချိန်မဟုတ်ဘူး. ဒီလောက်ဥာဏ်တုံးတဲ့ လူတယောက်တောင် ကျနော်တို့အပေါ်ကို တရားမမျှတာစွာ အကြာကြီး မင်းလုပ်နေသေးတာပဲ။ သူထက်အဆတထောင် လောက်တော်တဲ့သူတွေ ကျနော်တို့တိုင်း ပြည်မှာတစ်ပုံကြီး။ ဘာလို့အခုထိ မဖြစ်တာလည်းဆိုတော့ အဲ့ဒီစုစည်းမှုမရှိခြင်း ကြောင့်ဆိုတာ ထင်သာတာပဲ။ အဲ တခုတော့ရှိတာပေါ့ လေ ကျနော်တို့ လူမျိုးတွေရဲ့ ပင်ကိုယ်စိတ်ဓါတ်ကိုက အေးရာအေးကြောင်းဆိုတော့ အဲ့ဒီအားနည်းချက်ကို သူတို့က ဆုပ်ကိုင်မိထားတာကိုး။ လူတစ်ရာမှာ ကိုးဆယ်လောက်က ဒီစနစ်ဒီခေါင်းဆောင်မှုကို မကြိုက်ကြတာ ရှင်းတယ် ကျန်တဲ့ဆယ်ရာခိုင်နှုန်းကလည်း သူတို့ကိုယ်တိုင်နဲ့ အခွင့်အရေးရလူတွေပဲ ရှိတာပါ။ ဒီလောက် နိုင်ငံသားတိုင်းနီးပါ မကြိုက်တဲ့ စနစ်ကြီးကို အချိန်အကြာကြီးခံစားနေရတယ် ဆိုတော့ အပေါ်က ကိုမိုးထက်နေရေးခဲ့တဲ့ ဗိုလ်ချုပ်မိန့်ခွန်းလိုပဲ အသုံးမကျလို့ဆိုတာ သိသာနေတယ်။ ယေဘူယျအနေနဲ့ အသုံးမကျဘူးဆိုတာ နိုင်ငံသားတိုင်းပါတာပေါ့ဗျာ။ အကောင်ထည်ဖော်နိုင်တဲ့ အရေအချင်းရှိသူတွေကတော့ ပိုပြီး ဆန်းစစ်လေ့လာသင့်တာပေါ့။ တစ်ခုကျနော့်အမြင် ပြောခွင့်ရရင် ပြောချင်ပါတယ်။ အဲ့ဒီစုစည်းမှုက အခုထိ ဘာလို့မရနိုင်သေးတာလည်း ဆိုရင် (ကျနော့်အမြင်ပါ) တွေ့ရသလောက် စိတ်ဓါတ်နည်းနည်းပိုပြင်းတဲ့သူတွေက အဲ့ဒီ အကောင်ထည်ဖော်နိုင်တဲ့ အရေအချင်းရှိသူတွေဖြစ်ကြတယ်။ တဲ့ထိုးပြောရရင် နိုင်ငံရေး လုပ်နေသူတွေတော်တော်များများက စိတ်ဓါတ် ပြင်းတယ်ဗျာ။ မဟုတ်ရင် မခံနိုင်ဘူး ဆိုတဲ့ စိတ်ရှိတယ်။ အဲ့ဒီစိတ်ဓါတ်က ကွန်ထရိုး မလုပ်မိရင် စုစည်းမှုဆိုတဲ့အပေါ်ကိုပါ သွားရိုက်ခတ်တယ်။ မင်းကဘယ်လောက် နိုင်ငံအတွက် လုပ်ပေးခဲ့လို့လည်း။ ဘာတွေများ စွန့်လွတ်ဘူးလို့လည်း အဲ့လိုပေါ့နော် Adjust မလုပ်နိုင်တဲ့ စိတ်မျိုးတွေ ရှိလာတော့ တော်ယုံတန်ယုံကတော့ ငြိမရကြတော့ဘူး ထင်တာပဲ။ နောက်တခုက ကြီးကြီးကျယ်ကျယ် ပြောရရင် အာဇာနည် ဆိုသည်မှာပေါ့ဗျာ.. အာဇာနည်ဆိုတာ အကြောင်းဟုတ်သည်မဟုတ်သည် ပြုလုပ်ထိုက်သည် မထိုက်သည်ကို သိပြီး နိုင်ငံနဲ့ လူမျိုးအတွက် အရိုးကျေကျေ အရေခန်းခန်း သက်စွန့်ကြိုးပန်း ဆောင်ရွက်သူများဖြစ်ကြသည်ဆိုတော့ကာ နိုင်ငံနဲ့လူမျိုးအတွက် အရိုးကျေကျေ အရေခန်းခန်း လုပ်နေတဲ့ သူတွေ ကျနော်တို့ဆီမှာ တစ်ပုံကြီးပါ။ အကြောင်းဟုတ်သည် မဟုတ်သည် နဲ့ ပြုလုပ်ထိုက်သည် မထိုက်သည်ကို သိဘို့ကတော့ အရေအချင်းတွေ လိုအပ်ပါတယ်။ ခက်ပါတယ်။ ခက်လို့လည်း အာဇာနည်လို့ ခေါ်သကိုးဗျ။ အဲ့ဒီကိစ္စတွေမပြည့်စုံလို့သာ ကျနော်တို့ ပိန်းလှပါသည်ဆိုတဲ့ ဦးနှောက်မရှိဘူးဆိုတဲ့ လူတယောက်ရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ရှိနေတုန်းပဲလို့ မြင်မိတယ် ဆိုတာ စိတ်ထဲခံစားရတဲ့အတိုင်း မိချောင်းမင်းကို ရေခင်းပြမိပါကြောင်း။ ကျနော်နိုင်ငံရေးကို နားမလည်ဘူးဆိုတာ ၀န်ခံပါတယ်။ နိုင်ငံရေးတောင် နားမလည်တဲ့ လူတယောက်ရဲ့ အမြင်မျိုးလည်း တခါတခါ ဖတ်ရတာ မဆိုးဘူးဆိုတဲ့သဘော နဲ့ ရေးတာပါ။ အပေါ်ကရေးတာက ခံစားမှုသက်သက်ပဲ ဖြစ်လို့ အမှားပါရင်…. အဲ.. ခွင့်လွတ်မနေပါတော့ဗျာ..
AnonymousTesla (မထူးပါဘူး :) )

daung pyo said...

အမှန်ပဲဗျာ။ ပြောသွားပီးခဲ့တာတွေလည်း အများကြီးဆိုတော့ ပြောစရာမရှိတော့ပါဘူး။
ခင်ဗျားပြောတာအမှန်ပဲ။

ဒေါင်းပျို