ခင်ဗျားတို့ ကို မဆုံးရှုံးချင်ဘူး

ဒီနေ့ ဒေါက်တာလွဏ်းဆွေ ရဲ့ ဘလော့မှာ သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ ဖုန်းကမ်ပိန်း လုပ်ဖို့ နိုးဆော်ထားတဲ့ သတင်းပါ။ အံ့သြခြင်းနဲ့ စိတ်မကောင်းခြင်းကို တပြိုင် ထဲခံစားလိုက်ရ ပါတယ်။ ကျနော်ဒီနေ့ အထိ လူအဖွဲ့ အစည်းအတွက် ထိထိရောက်ရောက် ဘာတစ်ခုမှ လုပ်မပေးနိုင်သေးပေမဲ့ ဘယ်လို ကြီးမာတဲ့ ဒုက္ခမှ မပေးအောင်နေနိုင်ခဲ့ တာ စာပေနဲ့  ဂီတ ကျေးဇူးကြောင့်ပါ။ အထူးသဖြင့် ကိုမွန်းအောင်၊ ကိုခင်ဝမ်း ၊ ငှက်လို့ ခေါ်တဲ့ ထူအိမ်သင်၊ ညီထွဋ် လို့ ခေါ်တဲ့ ဇော်ဝင်းထွဋ် တို့ သီချင်းတွေကကျနော့စိတ်ကို ယဉ်ပါးစေခဲ့ တာဝန်ခံပါ တယ်။ စာပေရဲ့ ကျေးဇူကြီးသလို ဂီတရဲ့ ကျေးဇူးကိုလည်း မေ့ထားလို့ မရပါဘူး။ နောက် တစ်ချက်က အနုပညာရှင်ချင်း တူရင် ရုပ်ရှင်နဲ့ ၊ ဂီတ ပညာရှင်တွေ က လူငယ်အများစုရဲ့  ဘဝ ပုံစံကို ပိုပြီး ပြုပြင်နိုင်တယ်ထင်ပါတယ်။ စာရေးဆရာ တွေ၊ ကဗျာဆရာတွေ ဆိုတာက သူတို့ ရဲ့ စာပေတွေကို ပဲထိတွေ့ ခွင့် အများဆုံးရတာပါ။ ကိုရွှေဘုန်း (တာရာမင်းဝေ) ပရိတ်သတ် တွေ အကုန် ကိုရွှေဘုန်းကို မမြင်ဘူးကြပါဘူး။ ဒါပေမယ် ရုပ်ရှင်၊ ဂီတ ပညာရှင်တွေ ကိုတော့ ကျနော်တို့  အပြင်မှာ မမြင်ဘူးတောင် စာမျက်နှာတွေ ပေါ်က၊ တီဗီဖန်သားပြင်တွေ ပေါ်က တဆင့် ရင်းနှီးလိုက်ရတာများ အဝေးက အမျိုးတွေ ရဲ့  မျက်နှာ ကိုတောင် သူတို့  မျက်နှာတွေ လို အလွတ်မရ ဘူး။
နောက်ဒီနေ့  ခေတ်မှာ ကျနော်တို့  မြန်မာပြည်က လူတော်တော် များများ စာဖတ်တဲ့ အလေ့ အကျင့်ပျောက်ကုန်ပါပြီ။ စာကောင်းပေကောင်းတွေ ကို ရေးသားခွင့် မရတာ၊ စာအုပ်တန်ဖိုး ကြီးလွန်းလာတာရယ် ကြောင့် တော်ရုံတန်ရုံ လူတွေ စာမဖတ်နိုင်ရှာတော့ ပါဘူး။ အဲဒါ ကြောင့် ရုပ်ရှင်နဲ ဂီတပညာရှင်တွေဟာ လူထုနဲ့ ပိုပြီးနီးစပ်နေပါတယ်။့ စစ်အစိုးရ ကလဲ ဒီအချက်ကို သဘောပေါက်ထားပြီးဖြစ်တယ် ဆိုတာ စက်တင်ဘာ အရေးအခင်းမှာ ပါတဲ့ အနုပညာရှင်တွေ ထဲကမှ ကိုသူရ နဲ့  ကိုကျော်သူ ကို အစောဆုံး ဖမ်းလိုက်တာကို ကြည့်ရင် သိသာပါတယ်။

နာကျင်ညစ်ထေးစွန်းပေသော ဘဝတစ်ခုရှိနေတယ်

ကိုငှက်သီချင်းပါ။ ကိုငှက်ဆိုတာ ဘဝကို ဘယ်အခွင့်အရေးနဲ့ မှ မလဲပဲ မှတ်ကျောက်တင်ခံ သွားတဲ့ ဂီတပညာရှင်ကြီးပါ။ ကိုငှက်လည်းအနုပညာကို အသက်ထက်ချစ်တဲ့ ပုဂ္ဂိုလ်ကြီးပါ။ ကိုငှက် ဆီကနေ အနုပညာကို နုတ်လိုက်ရင် ခုချိန်မှာ ကျနော်တို့ ဘက်ကခေါင်းဆောင် တစ်ယောက်၊ ဒါမှ မဟုတ်နောက်လိုက်ကောင်း တစ်ယောက်အနေနဲ့ မြင်တွေ့ ရမယ်လို့  ယုံတယ်။ သူဘဝမှာ ဒီလောက် လူတွေအတွက်ပေးဆပ်သွာတဲ့လူ၊ တာဝန်ကျေသွာတဲ့လူ၊ လိပ်ပြာသန့် သွာတဲ့ လူ တစ်ယောက်က တကယ်လို အပ်နေတဲ့ တော်လှန်ရေးမှာ သူလက်တွေနဲ့ မပါနိုင်လို့ ရေးတဲ့သီချင်းလို့ ထင်ပါတယ်။ သူနောက်ဆုံး အခွေမှာ အမှတ်တရ ပြန်ပါလာတဲ့ အဓိပ္ပါယ်ကို က ကျနော်တော့ ဒီတိုင်းပဲခံစားလို့ ရတယ်။ ဂျပ်ဆင်ထိပ်က လရိပ်ပြာ ၊ ဧရာဝတီ ဆိုတဲ့ သီချင်းတွေ နဲ့ စိတ်တွေကို ၊ ကျနော်တို့ စိတ်ဓာတ်တွေကို ရဲဆေးတင် ပေးခဲ့တယ့် လူတစ်ယောက် က သူပေးဆပ်ခဲ့တဲ့ ကြီးမားတဲ့ တန်ဖိုးတွေကို သူကိုယ်တိုင်တော့ မချင့်မရဲ နဲ့ ပါပဲ။ မည်သို့ ပင်ဖြစ်စေ ကိုငှက် တကယ်တာဝန်ကျေခဲ့ပါတယ်။ သူကိုသူတာဝန်မကျေဘူး ထင်အောင်ကို တာဝန်ကျေခဲ့ တဲ့ ကမ္ဘာမြေရဲ့ ငှက်ပါ။

တို့ နှစ်ယောက်အတွက်နဲ့ သွားမယ်အများအတွက်လဲ
ကိုညီထွဋ် သီချင်းစာသားလေ တစ်ခုပါ။ ကိုညီထွဋ် ကို ကျနော် ပထမဆုံးနားထောင်ဖြစ်တာ ရာဇဝင် ဆိုတဲ့ သူစီရီးမှာပါ။ အဲဒီအချိန်က ၈၈ အရေးအခင်း ပြီတဲ့နောက် ကျနော်တို့ အရွယ် မတိုင်ခင် လူကြီးဖြစ်လိုက် ရတဲ့ ကာလပါ။ “လူတွေကို ကောင်းကျိုးတစ်ခုခုပေး ဘူးလား ရာဇဝင်အား ရေးသာနေတယ်”ဆိုတဲ့ ကိုညီထွဋ် သီချင်း နဲ့ ကိုယ့် အသက်ရှင်မှုကို တည့်မတ် ပေးခဲ့ ရတာပါ။ နောက်ပိုင်း ကိုညီထွဋ် မဟာဆိုတယ်။ သူများတွေ အနေနဲ့ ဘယ်လိုပဲ ပြောပြော ကျနော် သူ့ ဘက်ကရပ်တည် ခဲ့တယ်။ မဟာ ကို ဘာလို့  ကိုညီထွဋ် ကို မှ ဆိုခိုင်း သလဲ ဆိုတာလဲ ရှင်းပါတယ်။ အဲဒီ အချိန်မှာ ကိုညီထွဋ် ဆိုတာ လူငယ်တွေ အပေါ်မှာ ဂီတ သက်သက်တင် မဟုတ်ပဲ ဝတ်စားဆင်ယင်မှု က အစ သိမ်းပိုက်ထားနိုင်ခဲ့တာပါ။ သူ ဝတ်သလို ဝတ်တဲ့၊ သူဆံပင်ပုံ စံနဲ့ လူငယ်တွေ အများကြီးပါ။ အပျော်တမ်းတီဝိုင်းလေး တွေ မှာလဲ သူ့ သီချင်းကို ခုန်ခုန်မင်မင် သီဆိုတဲ့ လူငယ်တွေ အများကြီးပါ။ အားမနာတမ်းပြော ကြေးဆိုရင် တော့ သူ့ ရာဇဝင် အတွက် မဟာကို ငြင်းလိုက်သင့်တယ်။ ဒါပေမဲ့ သီချင်မဆို ရရင် မနေနိုင်တဲ့ လူတစ်ယောက်အနေနဲ့  သူ့ သီဆိုခွင့်ကို မပိတ်ဖို့ တစ်ဝက်ပေးတစ်ဝက် ယူ လုပ်သွားတယ် လို့ ဆိုတာမျိုးနားလည်ပေးလို့ ရပါသေးတယ်။ ကိုငှက် ရပ်တည်သလို တော့ အားလုံးရပ်တည်နိုင်မယ် မဟုတ်ပါဘူး။ ကိုငှက် က ကမ္ဘာမြေကြီး အတွက် ဖြစ်လာတဲ့ လူ တစ်ယောက်ပါ။ ဟုတ်ကဲ့ ကျနော် ကိုညီထွဋ် ဘက်သားဆက်ဖြစ်နေပါသေးတယ်။ နော်ပြီး သူတို့ မိသားစု နှစ်စဉ်နှစ်တိုင်း မင်းကွန်းမှာ ကထိန်ခင်းတယ်။ မင်းကွန်း မှာ အင်ပါယာအနေနဲ့  နှစ်တိုင်း Free Show တီးပေးတယ်။ တခြားနာမည်ကြီး အဆိုတော်တွေ ကိုပါခေါ်ပြီး ဆိုတာပါ။ တော်ရုံလူ ဘယ်လိုမှ လုပ်မပေးနိုင်တဲ့ ကိစ္စပါ။ နောက် သံလျှင်တို့ တိုက်ကြီးတို့ က ဆင်းရဲ့ တဲ့ ကလေးတွေကို ကျောင်းထားပေးတယ်။ ဆင်းရဲတဲ့ ကျောင်းတွေကို ပရိဘောဂတွေ လှုတယ်။ ကျနော် ကိုညီထွဋ် ပရိတ်သတ် ဘာကြောင့်ဖြစ်သလဲ ရှင်ပါတယ်။ ဒီနေ့  လူငယ်တွေ ဘာပြောပြော ကျနော် ကိုညီထွဋ် ကို လေးစားတယ် အထင်ကြီးတယ်။ ခုဓာတ်ပုံတွေ တဲ့ အထိလဲ ကျနော်နားလည်ပေးလို့  ရတယ်။ ကိုညီထွဋ် ခန္ဓာကိုယ် ကြီးပဲ မွေးနေ့ ပွဲကို ရောက်သွားပြီး သူစိတ်ကတော့ မင်းကွန်းက လက်လုပ်လက်စား ဆင်းရဲသား ကလေးတွေ ဆီမှာ၊ သံလျှင် ၊ တိုက်ကြီးက ယိုင်ရွဲ့ နေတဲ့ ကျောင်းအိုလေးတွေမှာ ကျန်ခဲ့မယ်လို ကျနော် ထင်တယ်။

သေပြီဆရာ
သူအကြောင်းတော့ သိပ်မသိပါဘူး။ လူတိုင်းက စိုင်းစိုင်း၊ စိုင်းစိုင်း နဲ့  သူအသံတွေတော့ အများကြီး ကြားရဘူးပါတယ်။ သူပရိတ်သတ် ယောင်္ကျားမိန်းမ တော်တော်များများ ရှိတာကိုလဲ သိရပါ တယ်။ သူ HIP-HOP သီချင်းတွေ ဆိုတယ်ဆိုတာကို သိတာကလွဲလို့  ဘယ်လို သီချင်းစာ သားတွေဆိုတယ်ဆိုတာတော့ မသိပါဘူး။ ကျနော် သူ့ သီချင်းကို သိနေတာ သေပြီဆရာ ဆိုတဲ့ တစ်ပုဒ်ထဲရှိပါတယ်။ အဲဒီသီချင်းကို သိနေတာကလဲ အဲဒီသီချင်း လက်ဖက်ရည်ဆိုင် တိုင်းနီးနီးမှာ ဖွင့်ပြီးမကြာခင်ပဲ ဗိုလ်ခင်ညွန့် ရာထူးချခံရ လို့ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့  လူငယ်ထုအပေါ်မှာ သြဇာရှိ တဲ့ အနုပညာသည် တစ်ယောက်ဆို တာတော့သေချာပါတယ်။ အဲဒီတော့ ပေါ်ပင်မှန်သမျှ လုပ်ချင်တိုင်းလုပ်ခွင့် ရနေတဲ့ ဗိုလ်သန်းရွှေ ရဲ့ မြေး မွေးနေ့ ပွဲ ကို စိုင်းစိုင်းခမ်းလှိုင် ဆီလဲ ဖိတ်စာပို့ မှာပါပဲ။ ရိုးရိုးအဆိုတော် တစ်ယောက်အနေနဲ့  သူ ဒီလိုပွဲမျိုးကို ဘယ်လို ငြင်းပယ်နိုင်ပါ့မလဲ။ ကျနော် ဒီမိုကရေစီ ဆန်ဆန်တွေပေးပါတယ်။ မွေးနေ့ ပွဲ သွားတာလောက်ကို ရှုံချရအောင် ကျနော် အမြင်မကျဉ်းပါဘူး။

Energy ပေးပါ ပေးပါ
ဆရာဒဂုံတာရာ အပေါ်မှာ ရှိတဲ့ကြည်ညိုမှု နဲ့ တင် သူတို့ ကို တခြားလူတွေထက် သံယောဇဉ် ပိုခဲ့မိပါတယ်။ သူရှေ့ မှာ ဘယ်သူမှ မလုပ်ဘူးတဲ့ အမူအရာ ဝတ်စားဆင်ယင်မှုနဲ့ တစ်နိုင်ငံလုံး ကို သိမ်းကြုံးယူသွားတဲ့ လူ။ တောရောမြို့ ပါလက်ခံတဲ့ မင်းသား။ အဝေးကြီးတွေးဆရာမလို ဘူး ရာဇာနေဝင်း ကလုံး ရုပ်ရှင်ရိုက်မယ် လုပ်တုန်းက ဝင်အရွေးခံတဲ့ ရာဇာနေဝင်းပုံတူတွေ ကို အများကြီး။ ကုန်ကုန်ပြောရရင် ကျနော်တို့ မြို့ မှာတောင် ရာဇာနေဝင်းလို ဝတ်စားပြီး၊ သူဟန် အတိုင်း လုပ်တတ်တဲ့ ရေခဲပေါက်စီ (ရေခဲပလုပ်တုပ်၊ရေခဲခြစ်) သည် တစ်ယောက် ဆို တစ်နေ့ တစ်နေ့ ရောင်းရတာ လက်မလည်ဘူး။ ကျနော်တို့ နိုင်ငံမှာ ကလည်း တောကြိုက် မြို့ ကြိုက်ဆိုတာက ရှိသေးတာကို။ အဆိုတော်၊ရုပ်ရှင်မင်းသား၊ မင်းသမီး တွေမှာ တောမှာ ပေါက်တာနဲ့ မြို့ မှာပေါက်တာဆို ပြီးနှစ်မျိုးနှစ်စားရှိပါတယ်။ ရာဇာနေဝင်း ကတော့ထူးထူး ခြားခြားနှစ်နေရာလုံး မှာပေါက်တဲ့မင်းသားပါ။ တခြားမင်းသားတွေကို လူတွေက သဘောကြ တယ်အားပေးတယ်ဆိုတာ ထက်သူ့ လုပ်သမျှလိုက်လုပ်နေတဲ့ လူတွေ တစ်ပုံတစ်ပင်နဲ့  မင်းသားဆိုတာကတော့ သူတစ်ယောက်ရှိမယ်ထင်ပါတယ်။

နောက်ထပ်နိုင်ငံကျော် များ

မွေးနေ့ သီချင်းဆိုတဲ့ အချိန်မတ်တပ်ရပ်ပေးနေတဲ့ ပုံတွေထဲမှာ အိနြာကျော်ဇင်၊ ခိုင်သင်းကြည်၊ ရတနာခင် နောက် ဓာတ်ပုံထဲ မပါတဲ့ နိုင်ငံကျော်တွေ ဘယ်နှစ်ယောက် ပါဦးမယ် မသိဘူး။ ထားပါတော့လေ ကျနော်တို့ အနေ နဲ့ သူတို့ အားလုံးကို ဒီမိုကရေစီ သူရဲကောင်းတွေ အဖြစ်မျှော်လင့်လို့ မရတာကိုတော့ သိပါတယ်။ ဒီလူတွေပဲ ပေါ်လစီကား တွေရိုက်ပေးနေတာ။ အကြောင်းအမျိုးမျိုး ရှိမှာပေါ့လေ။ ကျနော သူတို့ နေရာမှာဆိုရင်လဲ ဘယ်လို ဆုံးဖြတ်မိမလဲ မသိနိုင်ပါဘူး။ ငွေကြေးကြောင့်လဲ ဖြစ်နိုင်သလို၊ အနုပညာမလုပ်ရ မနေနိုင်လို့ ဆိုတာမျိုး ကျနော်တို့ နားလည်ပေးရမှာပါ။

ခုသတင်းကတော့ တော်တော်ကို ဆိုးလွန်းအားကြီးပါတယ်။ “အောက်တိုဘာ ၂၆ရက်မှာ မွန်းလွဲ ၃နာရီ ကနေ ည ၈နာရီအထိ ရွှေတိဂုံစေတီတော်နဲ့ Pioneer Club မှာ စစ်ခွေးတွေ အတွက် ရန်ပုံငွေပွဲ လုပ်ကြမှာဖြစ်တယ်။” ဒီပွဲမှာ သီဆိုမဲ့လူတွေကတော့ ညီထွဋ် ၊ စိုင်းစိုင်း နဲ့ တစ်ခြားတစ်ခြားတွေပေါ့လေ။ ခုအဲဒီ ရက်ကလဲ ကျော်သွားခဲ့ပါပြီ။ ဆိုဖြစ်လားမဆိုဖြစ်လား ဆိုတဲ့ သတင်းလဲ မရသေးပါဘူး။ ဒါပေမဲ့ ကျနော်စိတ်ထဲ ကတော့ မဖြစ်ပါစေနဲ့ လို့ ဆုတောင်းမိပါတယ်။ ပေါ်လစီကာတွေရိုက်တယ် ဆိုတာ စစ်တပ်က ပိုက်ဆံပေါ အရူးထပြီးရိုက်တာပါ။ ကြည့်တဲ့လူတွေကလဲ ဘာတွေပြောလဲ ဘာတွေဆိုလဲ ဆိုတာထက် မင်းသမီးဘာ အကျီ င်္ဝတ်လဲ၊ ဆံပင်ပုံစံဘယ်လိုလဲ ဆိုတာကြည့် တာပါ။ ခုတစ်ခေါက်ဟာကတော့ ဒီလောက်ရက်ရက်စက်စက်လူသတ်ပွဲ တစ်လပြည့်မှာ လူသတ်စစ်တပ် ရံပုံငွေပွဲ အတွက် သီချင်းဆိုမယ်ဆိုရင်တော့ ကျနော်တို့ ဘယ်လိုမှ နားလည်ပေးလို့ မရနိုင်တော့ပါဘူး။ ဒီတစ်ခါကတော့ ဒီလူတွေရဲ့ သမိုင်းထဲမှာ ဒီ မိစ္ဆာဂီတပွဲ ကို ထည့်တွက်မှ ကိုရတော့မယ်။ သင်ပုန်းချေစရာ လဲဘာအကြောင်းပြချက်မှ မမြင်တော့ဘူး။

ခင်ဗျားတို့ ကို မဆုံးရှုံးချင်ဘူး

ခင်ဗျားတို့ သိထားဖို့ က ခင်ဗျားတို့ ရဲ့ သီချင်းစာသာလေးတစ်ကြောင်းက အာဏာရှင်ကို တော်လှန်မဲ့ သူပုန်လောင်းလေး တွေအများကြီးမွေးထုတ်ပေးနိုင်ပါတယ်။ခင်ဗျားတို့  တော်လှန်ရေးကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ လူထုက ခင်ဗျားတို့  ကိုချစ်နေမှာပါ။ ခင်ဗျာတို့ ဘက်ကတော်လှန်ရေးကို ကဖျက်ရက်မလုပ်သမျှ လူထုရဲ့ ချွေးတွေ ခင်ဗျားတို့  ဘဏ်စာရင်ထဲကို လိမ့်ဝင်နေ ဦးမှာပါပဲ။ စက်တင်ဘာမှာ ကျဆုံးသွာတဲ့ လူတွေရဲ့  ချွေးနဲစာခင်ဗျား တို့ ပိုက်ဆံအိပ်တွေထဲမှာ မပါဘူးလို့ ငြင်းနိုင်ပါသလား။ အဲဒီလူတွေ ကျဆုံးပြီး တစ်လပြည့်တဲ့ နေ့ မှာ သူတို့ ကို ပစ်ခဲ့တဲ့ သေနပ်တွေအတွက်ခင်ဗျားတို့ ကျည်ဆံဖိုး ရှာပေးဖို့  ပျော်ပျော်ရွှင်ရွှင် သီချင်တွေ ဆိုရက်သလား။ ဒီပွဲ မဆိုရင် ခင်ဗျားတို့ ရဲ့ အနုပညာ လုပ်ခွင့်ကို စစ်တပ်က ပိတ်ပစ်မှာ ကြောက်နေကြပါသလား။ခင်ဗျားတို့  သီချင်းဆိုခွင့် ၊ ရုပ်ရှင်ရိုက်ခွင့် ဆက်ရလို့ လဲ ကျနော်တို့ လူထုမှာ ခင်ဗျားတို့ ရဲ့ ကြေးစားအနုပညာကို ခံစားနိုင် မဲ့ အကြည်ဓာတ် ကျန်မနေတော့ပါဘူး။ ဒီပွဲဟာ ခင်ဗျားတို့ ရဲ့ ပကတိသစ္စာတရားကို မှတ်ကျောက် တင်တာပဲ။ဗိုလ်သန်းရွှေမြေး မွေးနေ့ ပွဲ သွားတာထက်အဓိပ္ပါယ် အများကြီး ပိုပါတယ်။ အနုပညာဆိုတာ အာဏာနဲ့ တားဆီး လို့ မရအောင် မြင့်မြတ်တယ်။ အာဏာနဲ့  စေခိုင်းလို့ မရ အောင် ပျော့ပြောင်းတယ်။ အနုပညာရှင်ဆိုတာ လဲ လူထုနဲ့ တသားထဲသာ ဖြစ်တယ်။ အာဏာရှင်မျက်နှာ ညိုမှာစိုးလို့ ခင်ဗျားတို့ ရှေ့ ဆက်တိုးရင် လူထုက ခင်ဗျားတို့  ကိုပစ်ပယ်ထားတော့မယ်။လူထုဒီလောက် နာကျင်နေတဲ့ အချိန်မှာ ခင်ဗျားတို့  ဆက်ပြီ (စနေ) နောက်နေ လို့ မရတော့ဘူးဆိုတာတော့ သတိထား စေချင်ပါတယ်။

မိုးထက်နေ

3 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):

Anonymous said...

အနုပညာဆိုတာ အာဏာနဲ့ တားဆီး လို့ မရအောင် မြင့်မြတ်တယ်။ အာဏာနဲ့  စေခိုင်းလို့ မရ အောင် ပျော့ပြောင်းတယ်။ အနုပညာရှင်ဆိုတာ လဲ လူထုနဲ့ တသားထဲသာ ဖြစ်တယ်။

လေးစားပါတယ်။

ခင်မင်းဇော် said...

အဲဒီအီးမေးလ်အမတို့ ကိုနစ်တို့ ရကြတယ် ။ဓါတ်ပုံတွေရောပေါ့။ ဒါမဲ့ တကယ့်ပွဲက ဓါတ်ပုံကို စောင့်ပြီး ပို့စ်မတင်ကြသေးတာပါ။ မွေးနေ့သွားတာကို မိုးထက်နေလိုပဲ အမတို့လဲ တွေးပြီးခွင့်လွှတ်နိုင်ပါတယ်။ ဒါက မနှစ်က ခုလို ရွှေဝါရောင် တော်လှန်ရေး မဖြစ်မီအချိန်ကကိုး...
ခု နောက်ဆုံးပွဲကို ဖြစ်မဖြစ် နဲ့ ဖြစ်ခဲ့ရင် သီဆိုမဲ့ သူတွေရဲ့ ဓါတ်ပုံတွေနဲ့တကွ ထင်မြင်ချက်ကိုယ်စီရေးကြဖို့ အမတို့လည်းစောင့်နေပါတယ်။
တကယ့်ကို စောင့်ထိန်းရမဲ့ စာနာမှုဆိုတာကို အနုပညာရှင်တွေ နားမလည်ရင် သူ့တို့ သမိုင်းဖြစ်သွားပါလိမ့်မယ်။

Anonymous said...

See photo from this Show : http://didfortwayne.blogspot.com/