Cbox

ကျနော်နဲ့ ဘလော့ယဉ်ကျေးမှုနဲ့  က တော်တော်ကို ဝေးပါတယ်။ ဒီနေ့  ဘလော့ ရေစီးမှာ ရေးသူအနေ နဲ့ ရောဖတ်သူအနေ နဲ့ ပါ မပါဝင်ခဲ့ပါဘူး။ ခု စက်တင်ဘာ အရေးအခင်းတွေ ကျမှ သာ ဘလော့တွေနဲ့ ရင်းနှီးခွင့်ရတာပါ။ တကယ် ကို Media တိုက်ပွဲ အထောက်အကူ ပေးနိုင်ပါတယ်။ အရင်ရက်ပိုင်း မြန်မာပြည်တွင်း အင်တာနက် မပိတ်ခင် အချိန်တွေက ပိုသိ သာပါတယ်။ သတင်းတွေ အဆက်မပြတ် ဖြန့် ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမှာ ခုလုခုလု ဖြစ်စရာ တွေနဲ့ လဲတွေ့  ခဲ့ရပါတာတော်တော် များပါတယ်။ အဓိက ကတော့ Cbox မှာပါ။ Cbox တွေ မှာ ကျနော်တို့ လူတော်တော် များများ နဲ့ ဆွေးနွေးခွင့် ရနိုင်တယ်။ သတင်းတွေကို လှမ်း အသိပေးနိုင်တယ်။ Web Site ကို Access လုပ်လို့ ရတာနဲ့  တခြားဘာမှ မလို အပ်ပဲ အလွယ်တကူ သုံးစွဲ နိုင်တယ်။ ဒါတွေကတော့ Cbox ရဲ့ အားသာချက်တွေပါ ပဲ။ ခုန ကျနော် ပြောတဲ့ အားသာချက်တွေ နဲ့ အတူ အဓိက ခုလုခုလု ဖြစ်စရာကတော့ အစိုးရဘက် ကလူ တွေဝင်ပြောတဲ့ ကိစ္စပါပဲ။ ဒီတိုင်း သဘောထားရေး ဝါဒရေး ပြောတယ် ဆိုတာမျိုး ဆိုတာထက် ယုတ်ယုတ်မာမာ ဆဲရေးပြော ဆိုတာမျိုး တွေပါ။ ဟိုဘက်က စဆဲတော့ လဲ ဒီဘက်ကလူတွေ က ပြန်ဆဲ အဲလို နဲ့ ငစိမ်းတန်း Cbox ထဲရောက်လာ သလိုမျိုးတွေလဲ ရှိပါတယ်။ နောက် တစ်မျိုးကတော့ နာမည်ကြီး Cbox ပိုင်ရှင်တွေ ကို အသားလွတ် ဆဲရေးတာ မျိုးပါ။ တော်တော် စိတ်ကုန်ဖို့ ကောင်းတာပါ။ တစ်ခါက ကျနော့ အမလို လေးစားရတဲ့ Cbox ပိုင်ရှင် ကို သူတို့  ဆဲလွန်းလို့  Cbox ကို ဖြုတ်လိုက်ဖို့  အကြံပေးဘူးတယ် ။ အဲဒီ အမ ပြန်ပြောတာ တကယ် ကို လေးစားလောက်တယ် ။ ဖြုတ်ပစ်ရင် သူတို့ ကို အရှုံးပေး လိုက်ရသလို ခံစားရလို့  မဖြုတ်ဘူး တဲ့။ ဆဲချင်လဲ ဆဲပါစေတဲ့။ ဒီရက်ပိုင်း မှာ ပြည်တွင်း လှုပ်ရှားမှု တွေက တိုးတိတ် လွန်းတော့ Cbox တွေ ရှိရာကို ပဲ အားချိန်တိုင်း ရောက်ရောက် သွားနေတတ်ပါတယ်။ အဓိက ကတော့ သတင်းထူးလေး များ ရမလား ဆိုတဲ့မျှော်လင့် ချက်နဲ့ ပါ။ ပြီးတော့ ရှေ့ ဆက် ဘာဖြစ် လာနိုင်တယ် ဘာဆက်လုပ်ကြမယ် ဆို တာမျိုးတွေ ဆွေးနွေးကြည့်ချင်တာလဲ ပါပါတယ်။ ဆွေးနွေးရလောက် အောင်ကို ကဘာကောင် မှမဟုတ်ပေမဲ့ နည်းနည်းစိတ်ပူ ပန်တာကို သက်သာစေပါတယ်။ Cbox မှာတင်မဟုတ်ပါဘူး ကျနော် တို့ Gtalk မှာလဲ ပြောဆိုဆွေးနွေး လေ့ရှိပါတယ်။ ဒါပေမဲ့ Gtalk မှာ ဆွေးနွေးတယ် ဆိုတာက Inner Cycle ဆွေးနွေးတာမျိုး ပါ။ ပြောတဲ့ သူအချင်းချင်း ကလည်း တနည်းမဟုတ် တနည်းနဲ့ ထိစပ်မှု ရှိနေတာပါ။ အဲဒီ အတွက် ပြဿနာ မပေါ်ပါဘူး။ Cbox မှာ ကတော့ ကိုယ့်သူမသိ သူကို မသိ အခြေအနေပါ။ ကျနော် တို့ ပြည်ပရောက် နေတဲ့ သာမန်လူတွေ မှာ လည်း ဒီအခွင်အရေး ပဲရှိတာကိုး။ ကျနော် နေတဲ့နိုင်ငံ ကျနော်နေတဲ့ မြို့ မှာဆို မြန်မာက လက်ချိုးရေလို့ ရတဲ့ အရေအတွက် ပဲ ရှိတယ်။ ပြီးတော့ သံရုံးလဲ မရှိဘူး။ တကယ်ကို ဘာမှ လုပ်ကိုင်ဖို့ အခွင့်မသာတဲ့နေရာပါ။ ကျနော် ကိုယ်တိုင်ကြောက်တာ လဲပါမယ်ထင်ပါတယ်။ အကြိုး ထက် အပစ်ဖြစ်ဖို့  များတဲ့ အခြေအနေလို့  လဲပြောလို့ ရပါတယ်။ ဒါက ကျနော် ဘာလို့  Cbox တွေ မှာ စကားဝင်ပြော ရလဲ ဆိုတာပြောချင်တာပါ။ ဆန့် ကျင်ဘက် ကဆဲရေးတယ် ဆိုတာ ကတော့ စာဖွဲ့ စရာကို မဟုတ်ပါဘူး။ ပြည်တွင်း က ကျနော်တို့ သူရဲကောင်း တွေဆို သွေးနဲ့ ရင်းပြီး သူတို့ ကို ရင်ဆိုင်သွားတာ အားလုံးအသိပါ။

ဒီတစ်ခါ ပြည်တွင်းလှုပ်ရှား မှုက နိုင်ငံ တကာက လူတွေရင်ထဲ ကိုဘယ်လောက် အတိုင်းအတာ ရောက်တယ်ဆိုတာ မခန့် မှန်းနိုင်ပေမဲ့ ကျနော်တို့  မြန်မာလူငယ်တွေ ရဲ့ စိတ်ကိုတော့ တော်တော် ကိုင်လှုပ်နိုင်တာပါ။ ကျနော့ကို တွေ့ လေး နဲနဲ ပြောပြချင်ပါတယ်။ ပြည်ပနိုင်ငံ မှာ အလုပ်လုပ်နေတာ ကြာနေတဲ့ ကျနော့ သူငယ်ချင်းတစ်ယောက်နဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက စကားပြောဖြစ်တယ်။သူပြောတာ အကျဉ်းချုပ်ကို ပြန်ပြောရရင် Blog တွေမှာ စာရင်း တင်ထားတဲ့ ပြည်သူစွမ်းအား အစရှိတဲ့ လူဆိုး တွေကို ရိုက်ပေးနိုင်တဲ့ လူရှာမယ်။ တစ်ယောက်ရိုက်ရင် တစ်ယောက် တစ်သိန်းပေးမယ် ဆိုတာပါ။ဒီတိုင်တွေး ကြည့်ရင်တော့ ကလေးဆန်တယ်။။ အရူးထတယ် ထင်စရာ ရှိပါတယ်။ ဒါပေမယ် သူရင်ထဲက စိတ်ကို မြင်အောင်ကြည့်ရင် သူတတ်နိုင်သရွှေ့  ဒီမိုကရေစီ တိုက်ပွဲအတွက် တစ်ခုခုကူညီချင်တဲ့ စေတနာကို ထင်ထင်ရှားရှားမြင်နိုင်ပါတယ်။ ဒီတစ်ခါ လုပ်ရှားမှုရဲ သိသိသာသာ ရလဒ်တစ်ခုက တော့ အရင်ကိုယ့်အလုပ်ကိုယ်လုပ်နေတဲ့ ပြည်ပရောက် အသိပညာရှင် အတတ်ပညာရှင် အားလုံး အာဏာရှင်ကို လုံးဝ ရွှံရှာမုန်းတီး သွားပြီး ဗမာပြည်ကို ဘယ်လို လွတ်မြောက်အောင်လုပ်မယ် ဆိုတဲ့ အတွေးမျိုးတွေး တတ်လာတယ်။ ခင်ရာမင်ရာ စုပြီးပြောတတ်လာ ကြတယ်။ အဲဒီမှာ ကျနော်ရေးချင်တဲ့ ပြဿနာ စတာပါ။ Cbox တွေမှာ ဝင်ဆွေးနွေးတဲ့ လူအများစုဟာ နိုင်ငံရေးလမ်းကြောင်း ပေါ် ကလူတွေ မဟုတ်ပါဘူး။ မခံချင်စိတ် တော်လှန်ချင် စိတ်နဲ့ သာ တွေခေါ်ဆွေးနွေး ကြတာပါ။ အဲဒီတော့ အများစုအတွက် လက်ခံနိုင်စရာတွေ ပါသလို လက်မခံနိုင် စရာတွေလဲ ပါလာနိုင်ပါ တယ်။ ကျနော် တို့ အားလုံး အရိုးစွဲ အတွေးအခေါ် တစ်ခုရှိပါတယ်။ အဲဒါက ဘယ်သူဘက် လည်း ဘယ်လမ်းကြောင်းကလည်း။ ဒါကျနော့ တို့ တင်မဟုတ်ပါဘူး။ တချို့ လူကြီးတွေမှာ ကို ရှိနေတဲ့ အတွေးအခေါ်ပါ။ လူညီရင် ဤ - ကျွဲဖြစ်ကို ဖြစ်ရမယ် ဆိုတဲ့ အယူအဆ နဲ့ ပါ။ တတိယ လမ်းကြောင်း ကို လက်မခံနိုင်တာပါ။ ကျနော့သူငယ် ချင်း ပြန်ပြောပြတဲ့ အတိုက်အခံ ဆရာ ကြီး တစ်ယောက်ရဲ့ ခံယူချက်လေး ပြောပါရစေ။ မြန်မာပြည်မှာ သက်မွေးပညာ သိပ်တော်တဲ့ လူဆိုတာ စစ်တပ်လက်ဝေ ခံအသိုင်းအဝိုင်း နဲ့  စစ်တပ်ထဲမှာ ပဲ ရှိတယ်ဆိုတာပါ။ တော်တော်ကို ရင်နာ စရာ အယူအဆ တစ်ခုပါ။ အဲဒီ စကားကို နားနဲ့ ဆတ်ဆတ်ကြား ခဲ့တဲ့ ကျနော့သူငယ်ချင်း ဆို သူ ဘဝအတွက်ပဲ သူလုပ်တော့မယ် ဘာမှကိုယ်တိုင်မလုပ်တော့ဘူး ဆိုတဲ့အခြေအနေကို တစ်နှစ်လောက် ရောက်သွားတဲ့ အထိပါပဲ။ သူ့  စိတ်သူမွေးမြူလာ သမျှ အဲဒီစကားကြောင့် ယိုင်ထွက်သွာရတာပါ။ ခုတော့နေရာမှန် ပြန်ရောက်နေပါပြီ။

နောက် Cbox မှာတွေ့ ရတဲ့ ပြဿနာကလဲ ဒီတိုင်ကြည့်ရင် ဘာမှ မဟုတ်ပေမဲ့ သေချာတွေး ကြည့်ရင်တော်တော် ကြောက်စရာကောင်းပါတယ်။ Cbox မှာ လူအများ ပြောဆိုနေတဲ့ Flow ကို နည်းနည်းလောက် ဆန်းစစ်မိရင်၊ သတင်းတစ်ခုခု ကို တကယ်ဟုတ်ရဲ့ လားဆိုတာမျိုးမေး မိရင် အဲလို လုပ်မိတဲ့ လူက အစိုးရဘက်သား၊ သူလျှို၊ စစ်ဗိုလ် ဆိုတဲ့ စွဲချက်အတင်ခံ ရတာပါ။ ကျနောလဲ ခံရဘူးပါတယ်။ ကျနော့ သူငယ်ချင်း တချို့ လဲ ခံရဘူးပါတယ်။ IP Block လုပ်တာ ဖို့  Cbox ပိုင်ရှင်တွေကို တောင်းဆိုတာမျိုးလဲ ရှိပါတယ်။ ခက်တာက Cbox မှာ က Nick တွေပဲ သုံးတာဆို တော့ ပိုဆိုးတာပေါ့။ ကိုနစ်၊ ကိုမျိုးချစ်၊ ကိုစိတ်ဓါတ် တို့ ဆို သူတို Nick တွေ သုံးပြီး ပုံမှား ရိုက်ခံရတာ အကြိမ်ပေါင်းများစွာ။ ကျနော်တို့ လို လူရဲ့ Nick တောင်တစ်ခါတစ်ခါ ယူသုံးတာခံ ရပါ တယ်။ အထူးသဖြင့် နေဝင်း (မြန်မာ ISP ) တို့ လူသိုက် သောင်းကျန်းတဲ့ အခါ တုန်းကပါ။ ကျနော် ဆို အဲလို အထင်လွဲ ခံရမှာ စိုးလို့  မိုးထက်နေ ဆိုတဲ့ နာမည်ကိုပဲ သုံးပါတယ်။ Email လဲ အဲဒီနာမည် အတိုင်း ဖွင့်ထားတဲ့ Mail Account ကို သုံးပါတယ်။ တစ်ယောက်ယောက်က တောင်းရင်လဲ အလွယ်တကူပြောပါတယ်။ နာမည်အရင်း မဟုတ်လို့  ပြောတယ် လို့ ပြောရင်လဲ ခံရမှာပဲ။ ကျနော် က မြန်မာပြည်ကို ပြန်ချင်တဲ့လူထဲမှာ ပါပါတယ်။ ကျနော့ Passport ကလည်း သက်တန်း ကျန်ဆဲပါ။ နောက် ကျနော် အလကားနေ ရင်းအထဲမဝင်ချင်တာလဲ ပါပါတယ်။ ကြောက်တယ်လို့  ပြောမယ်ဆိုလဲ ရပါတယ်။ ကျနော်လို လူကို စစ်ဗိုလ်လို့ ပြောခံရတာ၊ သူလျှို လို့ ပြောခံရတာ ကဘာမှ ဖြစ်လောက်တဲ့ ကိစ္စ မဟုတ်ပေမဲ့။ တချို့ ပြည်ပကို တရားဝင် လာနေ တဲ့ လူတွေထဲမှာ အရင်ကတည်း က နိုင်ငံရေးလမ်း ကြောင်းပေါ်မှာ လျှောက်ဖူး ပြီး လက်ရှိလဲ ကူညီသူ၊ စိတ်ဝင်စားသူ ဆိုတာထက် ပိုတဲ့ အနေအထားနဲ့ လူတွေလည်းရှိပါတယ်။ နိုင်ငံရေးလုပ်ရင် ထောင်ကျခံရမယ် ဆိုပေမဲ့ နိုင်ငံရေးလုပ်ပြီး ခဏလောက်ပဲထောင်ကျခဲ့ သူတွေ။ လုံးဝထောင်မကျဘူးတဲ့ လူတွေ လဲရှိပါတယ်။ အဲလို လူတွေရဲ့  ဘဝက ခင်ဗျားတို့  ကျနော်တို့ ထက် အဆပေါင်းများစွာ ပင်ပန်းတကြီး ကိုယ်တိုင်ရုန်းကန်ပြီးပြန်ထ ခဲ့ရတာပါ။ ပြီးတော့ သူတို့ ထဲက အများစုကလည်း ပိုက်ဆံကြောင့်ဖြစ်စေ၊ အတွေ့ အကြုံလို ချင်တဲ့ရည်ရွယ်ချက်နဲ့ ဖြစ်စေ ခဏလာ ကြတဲ့ လူတွေပါ။ အချိန်တန်ရင် မြန်မာပြည်ပြန်ကြမဲ့လူတွေပါ။ အဲလို လူတွေကို စွတ်စွဲ မိမှာစိုးလို့  ကျနော် ဆို ခုချိန်ထိ Cbox မှာ ဘယ်သူကို မှ ဘာမှ မစွတ်စွဲခဲ့ပါဘူး။ ခုကျနော် ဒီ POST ကို ရေးရတဲ့ ရည်ရွယ် ချက်က Cbox တွေကပေးနိုင်တဲ့ အခွင့်အရေး ကို အစွမ်းကုန် အသုံးချနိုင်အောင် အကြံပေးတာပါ။ နောက်ဆုံး ဆန့် ကျင်ဘက်ကလူ ပါလာပါစေ မဆဲရေးဘူး ဆိုရင်ပြောချင်တာ ပြောခွင့်ပေးသင့်ပါတယ်။ ပြည်ပရောက်ခေါင်းဆောင်တွေ လဲ ဒီ Cbox တွေကို လာနေကြမှာပါ။ ဝင်မပြောရင်တောင် ပြည်သူလူထု ဆီက အကြံဥာဏ်တွေ ကိုသိရဖို့ လာမှာပါ။ အဲဒီတော့ ခုနေမယ် လက်နက်ကိုင်လမ်းစဉ်၊ ငြိမ်းချမ်းရေးလမ်းစဉ်၊ ညှိုနိုင်း ရေးလမ်းစဉ် ၊ နောက်ဆုံးအကြမ်းဖက်လမ်းစဉ် တွေ အထိကိုယ် ယုံကြည်ရာကို ဆွေးနွေးကြ လိမ့် မယ်။ နောက် စစ်တပ်ကို အမှန်အတိုင်းသုံးသပ် ပြတဲ့လူတွေလဲ ရှိမယ်။ ဒီလို ဗဟုအခြေ အနေ ကို တစ်ယောက်နဲ့ တစ်ယောက် နားလည်းပေဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ်နဲ့  အယူအဆ မတူယုံနဲ့ တော့ တစ်ယောက်ကို တစ်ယောက် ပုတ်ခတ်တာ၊ ဆဲရေးတာမျိုးမလုပ် ဖို့  တောင်းပန်ချင် ပါတယ်။ ရန်သူဘက်က ဝင်ပြောတောင် (မိုက်မိုက်ရိုင်းရိုင်း မဟုတ်ရင်) စည်းရုံးခွင့်ရတယ် ဆိုတဲ့ အသိထားပြီး ရင်ထဲက စေတနာ အမှန်နဲ့ ကိုယ့်ယုံကြည်ရာကို ရဲရဲဝံ့ ဆွေးနွေးစေချင် ပါတယ်။ ကျနော် တို့ ပြည်ပရောက်ခေါင်းဆောင် တွေလည်း Cbox ထဲက Idea တွေကို မျက်ခြေ မပျက်ဖို့တိုက်တွန်းလိုပါတယ် ။ ဒီတစ်ခါ တိုက်ပွဲက အပြီးသတ် အောင်မြင် ရေးအတွက် အကောင်းဆုံးအခြေအနေအားလုံးနဲ့ ပြည့်စုံနေတဲ့ အတွက် စစ်မှန်တဲ့ တော်လှန်ရေး လမ်းကြောင်း ကို ဒီလို ဗဟုအခြေအနေ ကို အသုံးချပြီး ဆွဲထုတ်မောင်းနှင်သွား နိုင်မယ် လို့ ယုံကြည်နေပါတယ်။

မိုးထက်နေ

2 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):

Anonymous said...

You are right. I also face this problem in Myochitmyanmar blog. I asked somebody to confirm their information. Then I argue them that the news couldn't be true.
Suddenly, blog owner banned me. I was shock. I am doing nothing wrong in his cbox. I am an exile so I try to help protester in myanmar whatever I can in abroad.
I also noticed that some info and instructions in c box are very dangerous to follow.
Anyway, let strike until we succeed.

Unknown said...

u r absolutely right, if everybody think like u , how so good, pls keep on