“စုတ်ချက်မဲ့ပန်းချီ”

အိပ်မက်တွေကိုထုဆစ်နေတုန်း
စက်တင်ဘာလက ကျဆုံးနှင့်ခဲ့ပြီ။

ကောင်းကင်တ၀ုန်းဝုန်း ငိုတဲ့လ
ကြယ်တွေတဖြုန်းဖြုန်း ကြွေတဲ့လ
ဘ၀ဆိုတာ
လက်ညှိုးတကွေးစာပဲလား။

အဲဒီလမှာပေါ့
လွတ်လွတ်လပ်လပ်မိုးပြိုလို့ရအောင်
ငါလေ
ခြေထောက်နှစ်ချောင်းလဲမထောင်ခဲ့ပါဘူး။

စက်တင်ဘာမှာရွာတဲ့မိုးသာ
သမိုင်းကို မော်ကွန်းထိုးခဲ့ရင်
အရှိန်ဟုန်ပြင်းပြင်း
ချင်းချင်းနီတဲ့သွေးတွေနဲ့ပြည့်ရော့မယ်။

တစ်ကယ့်ကိုကြောက်စရာ
အဲဒီလမှာမှ
ညတာကိုက ရှည်လွန်းပါတယ်လေ။

ပြီးဆုံးသွားခဲ့ပြီ
မိုးခါးရေတစ်ခွက်
နောက်ပြီး အကြမ်းရေးထားတဲ့ဒိုင်ယာရီ
တစ်ကယ်ပဲ ပြီးဆုံးခဲ့လေပြီ။

0 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):