ငတုံး ၊ ဖားတစ်ကောင်နဲ့ လူလိမ်တစ်စု

စစချင်း ကြွားရမယ်ဆို ရင်တော့ ငတုံးဆို တာ တခြားသူဟုတ် ရိုးလာဗျာ မာဆိုး ဆိုတဲ့ ကျနော်ပါပဲ ဗျာ။ ဘာရယ်မဟုတ်ပါ ဘူး လူလိမ်တွေ ကောင်းစားတဲ့ နက္ခတ်တွေ နဲ့ ခေတ်ဆို တော့ ကျနော် လဲ ခေတ်မှီအောင် လူလိမ်ဖြစ်နည်း တွေလေ့လာ မယ်ဆိုပြီး စင်ကာပူက သူငယ်ချင်း ဆီ စာအုပ်လှမ်းမှာ တယ်ဗျ။ ကျနော်ခုရောက်နေ တဲ့ နေရာက မြန်မာစာ အုပ်ထားလို့  အင်္ဂလိပ် စာအုပ်တောင် လူတန်းစေ့တွေ ရတဲ့နေရာ မဟုတ်ဘူး။ ရလဲ အင်္ဂလိပ်စာတော့ မဖတ်တတ်ပါဘူး လေ။

ဒီစာအုပ်ဖတ်ပြီး ကတည်းက စာအုပ်ထဲက နည်းနာတွေကိုသုံးပြီး ကျနော့ကို လူအထင်ကြီး အောင် ဘယ်လိုလုပ်ရမလဲ လက်တွေ့ အသုံးချလိုက်တာပါ။ ကျနော် မှာတာက နေအေးရဲ့လိမ်နည်းတွေရေးထားတဲ့စာအုပ်ဗျ။ သူငယ်ချင်းက အဲဒါနေအေးက ခေတ်မမှီတော့ဘူးဒါဖတ် ဆိုလို့ ကျနော် လဲအားရပါးရဖတ်လိုက်တာ။ ပြီတော့ သူများတွေကို နည်းနည်းပြန်ပြောချင်လာလို့ ပါ။

ဖားတစ်ကောင် ဆိုတာကတော့ ဒီနေ့  မြန်မာနိုင်ငံ သားတွေရဲ့ အားကိုးအားထား အခံရဆုံး လူတစ်ယောက်ကို ပြောတာပါ။ ကျန်တဲ့ လူတွေ ဘယ်လို ထင်လဲတော့ မသိဘူးဗျ။ ငတုံးတစ်ကောင် ရဲ့ မျက်လုံးထဲတော့ ပုံပြင်ထဲက ကျိန်စာသင့်ခံ ထားရလို့ ဖား ဖြစ်သွားတဲ့ မင်းသားလေး ကို သူ့ မြင်တိုင်း သတိရနေမိလို့ ပါ။ စိတ်မဆိုး ကျပါနဲ့ ဗျာ ကျနော်က ငတုံးကိုဗျ။ လူလိမ်တစ်စု ဆိုတာတော့ နယ်နယ်ရရ ဟုတ်ပါ ရိုးလား ကျနော်တို့ မြန်မာနိုင်ငံ ပြည်ပိုင်မင်း များရဲ့ ပြောရေးဆိုခွင့်ရ အာဏာပိုင်အဖွဲ့ ပေါ့ဗျာ။

အဲ ကျနော် ကသူတို့ ကို လူလိမ်လို့ ပြောတာ မကြိုက်လို့ မဟုတ်ဘူးနော့။ ကျနော်က လိမ် တတ်ချင်တာကိုး။ ခင်ဗျားတို့ လဲ လိမ်တတ်အောင် ကြိုးစားသင့်တယ်။ ကံကောင်းရင် အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့  ဂန္ဒာလရာဇ် ပြည်ကြီးမှာတွေ့ ခွင့်ရ လိမ့်ဦးမယ်။ ဒါပေမယ့် ခင်ဗျားတို့ နှစ်ခါပြန်လောက်တော့ လိမ်နိုင်မှနော်။ နောက် သူများရေး ပေးထားထားတဲ့ ဗြိတိသျှ စကားလုံးတွေကို လဲ ဖတ်ပြနိုင်မှရလိမ့်မယ်။ လိုအပ်ရင် အလွတ်တောင် ရွတ်ပြနိုင်ရမယ်။ ကျနော် ကနိုင်ငံတကာ အကြောင်းတော့လဲသိပ်မသိ ပါဘူး။ ဒါပေမယ့် ဒီလောက်ကြာကြာရေး တဲ့ ဖွဲ့ စည်းပုံခြေခံ ဥပဒေဆိုတာလဲ ကျုပ်တို့ တစ်နိုင်ငံတည်း ရှိဟန်တူပါရဲ့ ။ တော်တော်လဲ အသေးစိတ်တွေးထား တာကိုး။ ကိုယ်စာလှယ်တော်မင်းများကို တနေ့ နဲ့ တနေ့ မထပ်ရအောင် ဘာတွေကျွေးရမွေးရမယ်။ ညဘက် အနားယူချိန်ဘယ်လို ဖျော်ဖြေရမယ်။ နောက်ဆုံးဗျား သက်သက်သာသာ အိပ်ငိုက်နိုင်အောင် ဘယ်လို နေရာထိုင် ခင်းသုံးရမယ် ဆိုတာကအစပေါ့ဗျာ။ ဒီလောက်အချိန် အကြာကြီး ဘယ်သူ လုပ်နိုင်မတုန်းဗျာ။ စဉ်းစားကြည့်ပါဦး။

ဘယ်နှနှစ်လဲ ဆိုတာတော့ ကျနော်လဲ တိတိကျကျမသိဘူး ဗျ။ စာရင်းမသိ ဇယားမသိ ဆိုပြီး တော့မထင်ကျပါနဲ့ ။ ကျနော်မြန်မာ ပြည်မှာနေတုန်းကလဲ ကျနော်နေတဲ့ မြို့  လယ်ခေါင်ရပ်ကွက် က သဘာဝတရားကို တော်တော် သဘောကျတဲ့ရပ်ကွက်လေ။ ညဆိုလဲ အမှောင်အတိုင်းပဲ နေကျတာ။ တချို့ တောထဲကနေ လားတွေစီး ပြီးလာတဲ့ ဖြူစပ်စပ်လူတစ်စု ပဲ ကျနော်တို့ မြို့ ကြီးသား ယဉ်ကျေးမှုနဲ့ အသားမကျတော့ မီးစက်တဒုန်းဒုန်းနဲ့နေနေကြတာပါ။ ဆိုလို တာက ကျနော် ရုပ်မြင်သံကြား မကြည့်ဖြစ်ဘူးပေါ့ဗျာ။ ကျနော်မှတ်တတ်သလို မှတ်ထားတာတော့ အဲဒီ ညီလာခံစတဲ့နှစ်မှာသူငယ်တန်းစ နေတဲ့ ကျနော့ ညီဝမ်းကွဲလေး သိပ်မ ကြာခင်ကပဲ မိန်းမခိုးပြေးသွားတယ်။ အဲလောက်ပါပဲ။

တော်တော် လဲထောင့်စေ့ အောင်တွေ ထားတာပါ။ လူ ၁၀၀၀၀ ရှိတဲ့ လူမျိုးစုတွေ အတွက်တောင်ပါသေးတယ်။ ပြည်နယ်တွေ ပါပေး လိုက်လို့ကတော့ အမေရိကန် အလံထက်တောင် ကြယ်များသွားမယ်။ ရိသဲ့သဲ့တော့ မလုပ် ကြနဲ့ ကွယ်တို့ ။ ဒါပေမယ့် နားလည်လို့ မရတာတော့ ရှိတယ်ဗျ။ စာမျက်နှာ၁၈ မှာ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေ ကြောင်းပြောထားတာလေးပါ။ ဥပဒေဘောင် အတွင်းဝင် ရောက်လာတဲ့ အဖွဲ့ တွေက လက်နက်ကိုင်ထား ဆဲ ရှိတယ်ဆိုတာလေးပါ။ ကျနော် တို့ ဥပဒေ ဘောင်ထဲက လက်နက်ကိုင်လို့ ရတယ် လို့ မကြားဘူးလို့ ပါ။ နောက်ပြီး သူတို့ က ပြည်ထောင် စုကြီးကို ခွဲချင်နေတာလား လဲတွေးမိလို့ ပါ။ ကျနော က ငတုံးပါဗျာ အဲဒါတွေကို နားမလည်ပါ ဘူး။

သိသလောက်တော့ ကျနော် တို့ ပြည်ထောင်စုဆို တာကြီးကလည်း ဝတ်ပြုဆုတောင်းပွဲလုပ်တာ နဲ့ ကိုကွဲ ချင်နေတော့လဲခက်သားဗျ။ ပြည်ထောင်စု ဆိုတာလဲ ကြက်ဥလို ပဲထင်ပါရဲ နော့။ လှုပ်လိုက်တာနဲ့ ကွဲချင်ချင်ထင်ပါရဲ့ ။ နောက်ဆုံးစာမျက်နှာ မှာ တော့ လူတွေသုံးတဲ့ လက်နက်တွေ ကို ပြထားသေးတယ်။ လူတွေကလဲ တစိတ်တော့ ဂွကျသကို ဗျ။ သေနတ် ကလေး တွေလောက် ရှိတဲ့သူကို ဘယ်နှယ် ဓါးတွေ၊ လောက်လေးတွေ၊ ခဲလုံးတွေ နဲ့ သွား လုပ်တာပါလိမ့်မယ်။ သနားစရာ။ ကျနောတို့ ရဲ့ ၃ ခါမြောက် အလည်အပတ် ရောက်လာတဲ ဖားမင်းသားလေး ကို စောင့်ကြည့်နေရတာပဲ။ ပုံပြင်ထဲ မှာတော့ အနမ်းတစ်ပွင့် နဲ့  တင်မင်းသားလေး ဘဝပြန်ရောက် သွားတာလေ။ အခု တစ်ခေါက် တတိုင်းပြည်လုံး က သွေးနဲ့ ရင်းတဲ့ အနမ်းတွေး ပေးလိုက် တာပါပဲ။ ဖား ဘဝက လွတ်နိုင်ပါ့ မလားတော့ မသိ သေးဘူး။

ဒီတစ်ခါ ကျနော် ဖတ်ပြီး ရလိုက်တဲ ပညာတွေ အကုန် မရေး တော့ဘူးဗျာ။
တော်ကြာ ကျနော် ဦးဏှောက်ဖေါက် စားခံနေရ ဦးမယ်။ အကုန် လွယ်လွယ် ကူကူ လိမ်နည်း သိသွား ဦးမယ်။ Link ကလေးနိပ်ပြီး ကို ဖာသာကို သာဖတ်ပြီး အနှစ်သာရကို ရအောင် ရှာကြပေတော့။ ကျနော်တို့ ဖားကလေး ကလည်း ကျနော့လို ပဲ လူလိမ်ဖြစ်ဖို့ ကြိုးစားနေ မလားမသိဘူးနော်။ ဂွကျသကွာ။ ပြိုင်ဘက်တွေတိုး ဦးတော့မယ်ထင်တယ်။

ရေးသားသူ - မာဆိုး

http://www.myanmar-embassy-tokyo.net/UN/2007-10-01-UN.pdf?bcsi_scan_2229F3D84EB0997D=0&bcsi_scan_filename=2007-10-01-UN.pdf

1 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):

Anonymous said...

If I were them, I dont know how to write such a lie. Are they human? Or do they rise up from hell?