သာမန်လူလို တွေးခေါ်ခြင်း (၄)

ဆူး စူး၍ပင်
အပ်နဲ့ ထွင်
အသင်ဘာလုပ် ချင်သနည်း။ ။


မောင်သာရ


၁၉၅၆ ဒီဇင်ဘာ (၂) ရက်နေ့  မှာ သမိုင်းဝင် ဂါရမာ(The Granma) ဆိုတဲ့ ရွက်လှေတစ်စင်း ကျုးဘား ဆိပ်ကမ်းကို ကပ်ခဲ့တယ်။ ယုံကြည်ချက် တွေ ပြည့်သိပ်နေတဲ့ လူငယ်သူရဲ ကောင်း တွေ ကို တင်ဆောင်လာ တဲ့ ဂါရမာရွက်လှေ ဟာ ကမ္ဘာ့သမိုင်းမှာ အံ့သြလောက်တဲ့ လက်နက်ကိုင် တော်လှန်ရေး ရဲ့ တံဘိုးသံ ဖြစ်ပါတယ်။ စုစုပေါင်း လူ ၈၂ ယောက်ပါဝင်တဲ့ ပြောက်ကျား တပ်ဖွဲ့ ရဲ့ ခေါင်းဆောင် ဖြစ်သူ ဖီဒယ်ကက်စထရို ဟာ တော်လှန်ရေးစတင်ချိန် မှာ အသက် ၃၀ ကျော်ပဲ ရှိပါသေးတယ်။ ဥပဒေကျောင်းသားဟောင်း ဖြစ်တဲ့ ကက်စထရို ဟာ တရားဥပဒေ စိတ်သုဉ်းနေတဲ့ စစ်အာဏာရှင် ဘာတစ်စတာ အစိုးရကို အနုနည်းနဲ့ တော်လှန်ခဲ့ ရာ ကနေ မဖြစ်နိုင်တဲ့ အဆုံးမှာမှ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ သူဖြစ်ပါ တယ်။ သူရဲ့ ကမ္ဘာကျော် အဆိုအမိန့် ကတော့ “We will be free, or we will be martyrs” လို့ မှတ်ထားဖူးပါတယ်။ သေမြေကြီးရှင်ရွှေထီး ဆိုတဲ့ စိတ်ကို အရင်တည်ပြီး သူတို့  ရွက်လွင့်ခဲ့ ကြပါတယ်။

စကတည်းက ယဉ်သကို
တကယ်တမ်း စစ်အာဏာရှင်ကို ဖြုတ်ချမဲ့ ပြောက်ကျားတပ်ဖွဲ့ ဟာ ယောင်္ကျား၊မိန်းမ စစ်သည် စုစုပေါင်း ၁၀၀ ဝန်းကျင်သာပါဝင်ပါတယ်။ တချို့ သမိုင်းစာအုပ်တွေမှ ၈၂ ယောက်ဖြစ်ပြီး၊ တချို့ သမိုင်းစာအုပ်တွေ က ၁၂၃ ယောက်လို့ ဖော်ပြပါတယ်။ မည်သို့ ပင်ဖြစ်စေ တိုင်ပြည် တစ်ခုရဲ့ စစ်တပ်ကို အံတုမဲ့တော်လှန်ရေး အင်အားဟာ စစ်တပ်ရဲ့ တပ်ရင်းတစ်ခုစာ မရှိတာ သေချာပါတယ်။ နောက်တစ်ချက်က ဂါရမာရွက်လှေ ကမ်းတက်ပြီး ၂၄ နာရီ မပြည့်ခင်မှာပဲ ဘာတစ်စတာရဲ စစ်တပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့ပြီး ဖီဒယ်ကက်စထရို ၊ ချေဂွေဗားရား ၊ နဲ့  ရော့ကက်စထရို အပါအဝင် လူပေါင်းတစ်ဒါဇင်ခန့် သာထွက်ပြေး လွတ်မြောက်ရှောင်တိမ်းနိုင် ခဲ့ပါတယ်။ ဘယ်လိုမှ မျှော်လင့်ချက်ထားနိုင်စရာ အခြေအနေ မဟုတ်ခဲ့တာသေချာပါတယ်။ မရှိတဲ့အင်အားထဲကမှ ၉၀ ရာခိုင်းနှုန်းလောက် ကျဆုံးသွားတဲ့ သဘောပါ။ တော်ယုံစိတ်ဓာတ် ကြံ့ခိုင်မှုမျိုးနဲ့ ဆိုရင် နောက်ပြန်လှည့်ရမဲ့ အခြေအနေမျိုးပါ။

လူသုံးမျိုးတော့ရှိမှာပဲ
ကျနော်တို့ ကမ္ဘာမှာ အာဏာရှင်ပေါင်း များစွာပေါ်ပေါက်ခဲ့ ဖူးပါတယ်။ ဒီအာဏာရှင်တွေကို ဆန့် ကျင်တဲ့ တော်လှန်ရေးတွေ လဲ အကြိမ်ပေါင်းများစွာပေါ်ပေါက်ဖူးပါတယ်။ ဒါပေမဲ့ အာဏာရှင် စနစ်နဲ့ အုပ်ချုပ်ခံရတဲ့ တိုင်းပြည်တိုင်းက ပြည်သူတိုင်းဟာ အာဏာရှင် စနစ်ကို မဆန်ကျင်ကြပါဘူး။ ယေဘုယျတွေကြည့်ရင် လူသုံးမျိုးသုံးစား ပါဝင်နေတာကိုတွေ့ ရပါတယ်။ အာဏာရှင်ဘက်တော်သား၊ တော်လှန်ရေးဘက်သား နဲ့ ဘယ်ဘက်မှ မပါတဲ့ လူတန်းစား သုံးမျိုး ကို တွေ့ နိုင်ပါတယ်။ နောက်တစ်ချက်က ကျနော်တို့ လူသားတွေရဲ့ အရင်းခံစိတ်ဓာတ် က သွေးထွက်သံယို မှုကို မုန်းတီးပါတယ်။ ကျူးဘားတော်လှန်ရေး ခြေပြုရာဖြစ်တဲ့ ကျူးဘား အနောက်တောင်ဘက် အပိုင်းမှာ နေထိုင်သူအများစု က အာဏာရှင်လက်တံဝေးရာ ဖြစ်ပါတယ်။ ပြောက်ကျားတပ်သားတွေ အပေါ် သူတို့ သဘောထားက လှိုက်လှိုက်လှဲလှဲ မဟုတ်ပါဘူး။ အစပိုင်းမှာ ရိက္ခာအခက်အခဲ နဲ့ လူထုနဲ့ အဆက်ပြတ်တဲ့ အခက်အခဲကို ရင်ဆိုင် ခဲ့ရပါတယ်။ ကျူးဘားမှာ အပေါဆုံးဖြစ်တဲ့ ကြံကိုပဲ ပင်မရိက္ခာအဖြစ်နဲ့ စားပြီးတော်လှန်ရေး အစပိုင်းကို ဖြတ်သန်းခဲ့ရတာပါ။

လူထုစစ်ပွဲ
ဖီဒယ် ကက်စထရို(Fidel Castro)၊အာနက်စတို ချေဂွေဗားရား (Ernesto Che Guevara) နဲ့ ရော့ကက်စထရို (Raul Castro) ခေါင်းဆောင်တဲ့ ပြောက်ကျားတပ်သားတွေ ဟာ လူထုစည်းရုံးရေး၊ တပ်သားသစ်စုဆောင်းရေး နဲ့  ရံပုံငွေရရှိရေး ကို စစ်ပွဲတွေတိုက်နေရင်းနဲ့ ပဲ ဟန်ချက်ညီညီလုပ်ဆောင်သွား နိုင်ခဲ့ပါတယ်။ တကယ်တော့ ကျူဘားပြောက်ကျား ရဲဘော်တွေ ရဲ့ တိုက်ပွဲဟာ ယုံကြည်ချက်တစ်ခုထဲပေါ်မှာ အရင်းခံပြီးစတင်ခဲ့တာဖြစ်ပါတယ်။ ငွေကြေးအင်အား၊ လက်နက်အင်အား၊ လူအင်အား အနေနဲ့ တွက်မယ်ဆိုရင် အားရစရာ တစ်ချက်ကလေးမှ မတွေ့  ရပါဘူး။

လူထုစည်းရုံးရေး
တိုင်းပြည်တစ်ပြည်ရဲ့ ပိုင်နက်အတွင်းမှာ ဖြစ်တဲ့ စစ်ပွဲ အမျိုးအစား အဓိကအားဖြင့် နှစ်မျိုးရှိ ပါတယ်။ နယ်ချဲ့ ကိုတွန်းလှန်တဲ့ စစ်ပွဲနဲ့ ၊ ပြည်တွင်းမှာနေထိုင်ကြတဲ့ တိုင်းရင်းသားအချင်းချင်း ဖြစ်တဲ့ စစ်ပွဲတွေဖြစ်ပါတယ်။ နယ်ချဲ့ ကို တွန်းလှန်တဲ့ စစ်ပွဲတွေမှာတော့ လူတိုင်းနီးပါ တက်ကြွစွာပါဝင် တိုက်ခိုက်ဖို့ ဝန်မလေးပေးမဲ့ ပြည်တွင်းအာဏာရှင်ကို ဖြုတ်ချတဲ့စစ်ပွဲမျိုး မှာတော့ တွေဝေလေ့ရှိပါတယ်။ လူမျိုးအချင်းချင်းဆိုတဲ့ အသိရယ်၊ ပြည်တွင်းစစ်ဖြစ်ရင်ကြား ထဲက တိုင်းပြည်နာမယ် ဆိုတဲ့ အသိရယ်ကြောင့် ပြည်တွင်းစစ်ကို နိုင်ငံတော်တော်များများက ပြည်သူတွေ က မနှစ်မျို့ ကြပါဘူး။ စစ်ဖြစ်တာချင်းတူပေမဲ့ လူမျိုးခြားကို တွန်းလှန်တာဟာ လုပ်သင့်လုပ်ထိုက်၊ တိုင်ပြည်နစ်နာမယ် ဆိုရင်လဲ ကိုယ်ပိုင်လွတ်လပ်ရေး နဲ့ အုပ်ချုပ်ခွင့် ရဖို့  အနာခံထိုက်တယ် ဆိုတဲ့ အသိနဲ့ ကြည့်ကြပါတယ်။ အာဏာရှင်ကို တွန်းလှန်တဲ့နေရာမှာ တော့ လူမျိုးတူတစ်နိုင်ငံထဲ သားတွေအေးအေးဆေးဆေးဖြေရှင် ယူနိုင်တယ်ဆိုတယ် လက်နက်ကိုင် စစ်ပွဲဟာတိုင်ပြည်နာမယ်၊ လူထုနစ်နာမယ်ဆိုတဲ့ အတွေးဟာ သာမန်လူတွေ မှာတင်မဟုတ်ပဲ အာဏာရှင်ကို ဖြုတ်ချရမယ်ဆိုတဲ့လူတွေ ရဲ့ အသိမှာပါစွဲထင်နေလေ့ ရှိပါတယ်။ တကယ်တမ်းလည်း သူဘက်ကို့ ဘက် လက်နက်ကိုင်တိုက်ခိုက်တဲနေရာမှာ ငွေကြေးရုပ်ဝတ္ထုနဲ့  အသက်ပေါင်းများစွာ စတေးရတာလဲ ဘယ်လိုစစ်ပွဲမျိုးမှာဖြစ်ဖြစ်တွေ့  ရမှာဖြစ်ပါတယ်။ အာဏာရှင်ရဲ့ ဖိနှိပ်မှုအောက်မှာ အချိန်တွေအကုန်ခံ၊ လူအခွင့်အရေး အဆုံးပါးခံ စတဲ့ သေမရရှင်မရ အခြေအနေကို အဆုံးသတ်ဖို့  လက်နက်ကိုင်တိုက်ပွဲ ဝင်ရတယ် ဆိုတဲ့ အကြောင်း လူထုကို ပညာပေးဖို့ လိုပါတယ်။ ကျူဘားတော်လှန်ရေး အောင်မြင်မှုရဲ့ သော့ချက်တစ်ခု ဖြစ်တဲ့ ဒီအချက်ကို ပြောက်ကျားစစ်သည် တွေ အောင်အောင်မြင်မြင်ထမ်းဆောင်နိုင်ခဲ့ပါတယ်။ လူတစ်ယောက်ချင်း စည်းရုံးရေး ကနေ ပျောက်ကြားတပ်ဖွဲ့ ရဲ့ အာဘော်တွေကို ထုတ်လွင့် ဖို့ ကိုယ်ပိုင်အသံလွှင့် ဌာနကို တိုက်ပွဲ တွေကြားထဲမှာပဲ ထူထောင်နိုင်ခဲ့တယ်။ လူထုကို ပညာပေးစည်းရုံးနိုင်ခဲ့တယ်။

တပ်သားသစ်စုဆောင်းရေ
တပ်သားသစ်စုဆောင်း တယ်ဆိုတာ ပြောတာလွယ်သလောက် လုပ်ဖို့ ခက်တယ်။ အာဏာလက်ရှိ စစ်တပ်တစ်ခု အတွက် စုဆောင်းစရာ နည်းလမ်းပေါင်းများစွာ ရှိပေမဲ့ လက်ရှိ အာဏာလက်မဲ့တပ်တစ်ခုထည်း ကို အသက်စွန့် ပြီးဝင်လာမဲ့ သူဆိုတာ အရေအတွက် အနည်းငယ်ပဲ ရှိပါလိမ့်မယ်။ စစ်ပွဲအောင်မြင်ခါနီးရင် တော့တစ်မျိုးပေါ့။ လူဆိုတာ ကိုယ့်အသက် စွန့် ရမဲ့ ကိစ္စကို တတ်နိုင်သမျှ ရှောင်ချင်တဲ့ အတ္တဆိုတာတော့ ရှိကြတာပါပဲ။ နောက်ဆုံးမဖြစ်မနေ ရွေးရမယ် ဆိုရင်တောင် သာတဲ့ဘက်ကနေမယ်ဆိုတဲ့ အတွေးမျိုး ရှိမှာပါ ပဲ။ သာမန်လူအများစု အတွက် အသက်စွန့် တိုက်ပွဲဝင်ဖို့ ဆိုတာက တော်တော်ခဲယင်းတဲ့ ဆုံးဖြတ်မှုပါ။ နောက် တော်လှန်ရေးမအောင်မြင်မခြင်း မုတ်ဆိတ်မရိတ်ဘူး ဆိုတဲ့ ခပ်ဆန်းဆန်း အတွေအခေါ်နဲ့  လူတစ်ဒါဇင်လောက်ရဲ့ နောက်ကို ဘယ်သူလိုက်ရဲ မလဲ။ အဲဒီအခက်အခဲ ကို လဲ နိုင်ငံတစ်ကာတော်လှန်ရေး သမားဖြစ်တဲ့ အာဂျင်တီးနားသား ချေဂွေဗားရား နဲ့  ကမ်မဲလ်လို(Camilo) ရိုက်ချိုးပစ်နိုင်တယ်။ အင်အားကို စိတ်ဓာတ်လုပ်ရည် ကိုင်ရည်နဲ့  အနိုင်ယူပြခဲ့တယ်။ တိုက်ပွဲတိုင်း နီးပါ အနိုင်ရအောင်တိုက်နိုင်ခဲ့တယ်။ လက်နက်ကိုင် နယ်မြေ (Arms Area) ချဲ့ ယူနိုင်ခဲ့တယ်။နယ်မြေတွေ တိုးချဲ့ သိမ်းပိုက်လာ နိုင်တာနဲ့ အမျှ ရန်သူ ငွေကြေး၊ ရန်သူရိက္ခာဆေးဝါး နဲ့  ရန်သူလက်နက်တွေပါ တော်လှန်ရေး အတွက် သိမ်းယူနိုင်ခဲ့တယ်။ လူထုရဲ့ စိတ်ဓါတ်အင်အားနဲ့ ယုံကြည်ကိုးစား စိတ်ကိုလဲ ပိုပြီး ခိုင်မာလာစေပါတယ်။

ရံပုံငွေရရှိရေး
လက်နက်ကိုင်တော်လှန်ရေး မှာဖြစ်ဖြစ်၊ လူထုတိုက်ပွဲ မှာဖြစ်ဖြစ် ရေရှည်တိုက်ပွဲ ဝင်နိုင်ဖို့  အတွက် ငွေကြေးဟာ အတိုင်းအတာတစ်ခုထိအရေး ကြီးပါတယ်။ ရံပုံငွေရှာတဲ့နေရာမှာ နှောင်ကြိုးမဲ့ ရံပုံငွေ မဖြစ်ဖို့ ကလဲ အင်မတန်အရေးကြီးပါတယ်။ အာဏာရှင်ရဲ့ ဖိနှိပ်ဗိုလ်ကျ မှုကို ခံစားနေရတဲ့လူထု မှာလဲ ထိရောက်တဲ့ အတိုင်းအတာ လုံလောက်အောင်ကူ ညီနိုင်ဖို့  အခွင့်အရေး အင်မတန်နည်းပါတယ်။ ဒီအတွက် ပြည်ပနိုင်ငံရောက် မိမိနိုင်ငံသား သူဌေးတွေ အမှန်တရားမြတ်နိုးတဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ ပြည်ပနိုင်ငံကြီးတွေ ရဲ့ အကူအညီကို တစ်နည်း မဟုတ်တနည်း နဲ့ ရယူရပါတယ်။ ငွေကြေးအကူအညီ လက်နက်အကူ အညီပေးဖို့ ဆိုတာလဲ အကျိုးမဲ့တော့ ဘယ်နိုင်ငံကမှ ပေးမယ်လို့ မျှော်လင့်နိုင်စရာမရှိပါဘူး။ အဲဒီခေတ်က တောင်အမေရိက နိုင်ငံအများစု မှာလဲ အာဏာရှင်ကိုယ်စီနီးပါ ရှိနေတဲ့ အတွက် အိမ်နည်းချင်း နိုင်ငံတွေရဲ့ အကူအညီကို မျှော်လင့်နိုင်စရာမရှိပါဘူး။ ဒုတိယ ကမ္ဘာစစ်ရဲ့ လက်ဆောင် နာဇီလူထွက်တွေ တောင်အမေရိကနိုင်ငံတွေမှာ မှာ တဖွဲဖွဲခိုလုံဝင်ရောက်နေတဲ့ ကာလဖြစ်တဲ့ အတွက် ဖြစ်ပါတယ်။ နောက်တစ်ချက် လက်ဝဲလက်ယာ အားပြိုင်မှုရှိနေတဲ့ အတွက် လက်ဝဲ ဝါဒီဖြစ်တဲ့ ကျူဘားတော်လှန်ရေး သမားတွေဘက်က မားမားမတ်မတ်ကူညီပေးမဲ့ လူမရှိပါဘူး။ ဘာတစ်စတာ ဘက်ကို တော့ အမေရိကန်ပြည်ထောင်စုက တရားဝင်ရော၊ တရားမဝင်ရော အကူအညီပေးရပ်တည်ပေးနေပြီး၊ အဲဒီလက်ဝဲ ဦးဆောင်နိုင်ငံတွေ ဖြစ်တဲ့ ရုရှနဲ့ တရုတ်ကတော့ လက်ဝဲသြဇာ ပြိုင်ဆိုင်လို့ ကောင်းနေတုန်ဖြစ်ပါတယ်။ ထိရောက်တဲ့ အကူအညီ ပေါ်ပေါ်ထင်ထင်ပေးလေ့ မရှိပါဘူး။ ဝါဒနှောင်ကြိုးနဲ့ အကူအညီကို ကန့် သတ်လေ့ ရှိပါတယ်။ ပြောက်ကျား တော်လှန်ရေး အတွက် စစ်ပညာကို တောင် စပိန်ပြည်တွင်းစစ်ပြန်ဖြစ် တဲ့ အလ်ဘတ်တို ဘေးရိုး(Alberto Bayo ) က သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ ဒီလို ကျဉ်းထဲ ကျပ်ထဲ က အခြေအနေကို ကက်စထရို က ဦးဆောင်ကိုင်တွယ် ဖြေရှင်းပေးနိုင်ခဲ့ ပါတယ်။ တော်လှန်ရေးအတွက် ရန်ပုံငွေကို ကျူဘားလူမျိုး ပြည်ပရောက် စီးပွာရေးလုပ်ငန်းရှင်တွေထံ ကနေ ရယူနိုင်ခံပါတယ်။

၁၉၅၃-၁၉၅၉
တော်လှန်ရေး စတင်တဲ့ ၁၉၅၃ ကနေ ပြီး ၆ နှစ်အတွင်း ကျူးဘားနိုင်ငံကို အာဏာရှင် လက်ထဲက ကယ်တင်နိုင်ခဲ့ပါတယ်။ စနစ်တကျ တော်လှန်တာဖြစ်တဲ့ ဂါမာရွက်လှေ ကျူဘား ကမ်းခြေကပ်တဲ့ အချိန်ကနေတွက်ရင် ၂ နှစ်ပိုပိုလေးပဲ ကြာပါတယ်။ ဒါဟာ လက်နက်ကိုင် တော်လှန်ရေးပေါ်မှာ အခြေခံပြီး ပါးပါးနပ်နပ်လုပ်ကိုင်သွား နိုင်တဲ့ အတွက်ကြောင့်ပါ။ တညီတညွတ်ထဲ အမိန့် တစ်ခုထဲအောက်မှာ လုပ်ဆောင်နိုင်ခဲ့ တာကိုလဲ မေးထားလို့ မရပါ။ လက်နက်ကိုင်တော်လှန်ရေး ကို လူထုနဲ့ တစ်သားတည်းကျအောင် လုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။ စနစ်တကျ ရှိတဲ့ တော်လှန်ရေး အစီအမံကို ဟန်ချက်ညီညီနဲ့  အသုံးချလုပ်ကြံနိုင် ခဲ့တဲ့ အတွက် အချိန်တို ကာလအတွင်း အောင်မြင်မှုကြီးကြီးမာမာ ရနိုင်ခဲ့တာဖြစ်ပါတယ်။

ကျနော်တို့ တော်လှန်ရေး
ကျနော်တို့ နိုင်ငံတော်လှန်ရေး နဲ့ ပတ်သက်လို့ ကျနော် ကြားသိနေရသလောက်တော့ အများစု က လက်နက်ကိုင်တော်လှန်ရေးကို လက်မခံကြဘူး။ လက်နက်ကိုင်တော်လှန်ရေး ကို အကြမ်းဖက်ရေးလို့ မြင်တယ်။ ဒီနေခေတ်မစားတော့ဘူး လို့ တွေးကြပြောဆိုကြတယ်။ ဒါပေမဲ့ ကျနော့အမြင်တော့ လက်နက်တွေတကားကားနဲ့ ငါတကောကောနေတဲ့ အာဏာရူး တစ်စုကို ဘယ်လို အကြမ်းမဖက်နည်းနဲ့ ဖြုတ်ချလို့ ရမလဲ ရှာမတွေ့ သေးဘူး။ လက်နက်ကိုင်တော်လှန်ရေး ဆိုတာ အကြမ်းဖက်ရေးမဟုတ်ပါဘူး။ လက်နက်ကိုင် ထားတဲ့ လူအများစု ဟာ လက်နက်ကိုင်ထားတဲ့လူကိုပဲကြောက်တာပါ။ လက်နက်ကိုင်ထားတဲ့ လူကို မခံနိုင်လွန်းလို့ လက်နက်နဲ့ တုံ့ ပြန်တာနဲ့  အကြမ်းဖက်လှုပ်ရှားမှုနဲ့ အဓိပ္ပါယ်တော်တော် ခြားနားပါတယ်။ နောက်ဆုံးစက်တင်ဘာ အရေးအခင်မှာ အကြမ်းမဖက်တိုက်ပွဲဝင်တဲ့ ပြည်သူ တွေ အပေါ်ဘယ်လို တုံ့ ပြန်သွာလဲ ဆိုတာလဲ အားလုံးတွေ့ မြင်ပြီးဖြစ်ပါတယ်။ ဆက်ပြီးလက် မိုက်မဲ လာဖို့ အသင့်ရှိတဲ့ အနေအထားကို လဲတွေ့ ရပါတယ်။ နိုင်ငံတကာကို လဲ ဂရုပြုမဲ့ အနေအထား လုံးဝမတွေ ရပါဘူး။ ကျားသနားမှ နွားချမ်းသာရရမယ် ဆိုတဲ့ အတွေးနဲ့ ပဲနေရ တော့မှာလား။ တကယ်သနားတတ်မဲ့ ကျားဆိုရင်တော့ ဒီလောက်နှစ်ရှည်လများ နွားဂုတ်ကို ခဲထားမယ် မထင်ပါဘူး။

လူညံ့စိတ်ကူး
တကယ်တော့ ကျနော်ကလက်နက်ကိုင်တော်လှန်ရေး ကို တလျှောက်လုံး ဆန့် ကျင်ခဲ့ တာပါ။ ကျနော် စက်တင်ဘာမတိုင်ခင်က ရေးထားတဲ့ သာမန်လူလို တွေးခေါ်ခြင်း (၁) မှာလဲ ကျနော် လက်နိုင်ကိုင်တော်လှန်ရေး ကို ဆန့် ကျင်ကြောင်းရေးထားခဲ့ ပါတယ်။ အကြမ်းဖက်မှုလို့  မြင်တဲ့ အတွက်မဟုတ်ပါဘူး။ ကျနော်ကိုတိုင်ကို က သွေးထွက်သံယိုမှုနဲ့ ပတ်သက်ရင် ကျနော် ကလဲ သူများကို နာအောင်မလုပ်ရဲ ပါဘူး။ သူများက ကျနော်ကိုနာအောင် လုပ်မှာလဲ အတတ်နိုင်ဆုံး ရှောင်ချင်တဲ့ စိတ်ရှိလို့ ပါ။ ဒါပေမဲ့ လောလောဆယ်တော့ လူမိုက်အလိုရှိသည် ဆိုတဲ့ ကြေငြာချက်မျိုးရေးချင်နေမိတယ်။ တစ်ခါတစ်ခါ လူလိမ္မာတွေ ကောင်းစားဖို့  လူမိုက် တွေ လိုနေလို့ လားလို့ တွေးမိပါတယ်။ ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေးကို အဓိကနေရာကထားပြီး လူထုတိုက်ပွဲတွေ၊ လူထုလုပ်ရှားမှုတွေနဲ့ ဝိုင်းရံခဲ့မယ်ဆိုရင် ကျနော်ဘဝမှာ ဆန္ဒမဲပေးဖူးလောက်ပြီထင်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး မှာတော့ အသက်တွေ၊ ပိုင်ဆိုင်မှု ဥစ္စာပစ္စည်းတွေ အများကြီးပို ရင်းရမှာပေါ့လေ။ ခုကျနော်တို့ ရင်းနေရ တဲ့ လူအခွင့်အရေး၊ ဘဝမလုံခြုံမှု၊ စီပွားရေးကြပ်တည်း မှု၊ ကျန်မာရေး မပြည့်စုံမှု၊ ပညာရေးနိမ့်ပါးမှုတွေ နဲ့ ချရေးပြလို့ မလောက်မဲ့ အဆိုးတရားတွေ ရဲ တန်ဖိုးနဲ့  လက်နက်ကိုင်တော်လှန်ရေးမှာ ရင်နှီးရမဲ့ တန်ဖိုးတွေကို ချိန်ထိုးတွက်ကြည့်ဖို့  တော့ ကျနော် ဥာဏ်မမှီဘူး ခင်ဗျ။


မိုးထက်နေ

ကျောင်းသာတပ်မတော် ၁၉ နှစ်မြောက်မွေးနေ့ အတွက် ရည်ရွယ်ပါတယ်ခင်ဗျာ။

5 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):

Ottara said...

Everybody agree that any revolution is difficult whether violent or non-violent.
I personally respect the ABSDF, but as they mentioned over 500 students died or sacrificed on their way for the country for 19 years. there is no progress or no awareness from the world.
Compared to last movement, it had awareness from all over the world, SPDC has to agree to meet ASSK , people and monks has met ASSK , political alertness in all Burmese youth.there are a lots of evidence army killed and tortured the people.
It happened without organised plan at least from outside. If there is a plan or strategy which consists of many tactics and campaigns
for the whole country, that movement is going to succeed fully. 1st thing is to have a organization. I know there are different groups and people who cannot talk to each other but they should mature now. They must discuss openly. They need communication.They really need communication in some ways.

Ottara said...

What we are doing now are , performing tatics and campaigns without guidance. Then we will make a strategy. This is going back rather going forward.

the strategy may be laughable at first but when they are applied, you can adjust them.

Financial and diplomatic support can also give to nonvilolent movement only. For Armed movement, you need to find the source yourself.

Ottara said...

you can not have financial and other organizational support if you do individually. You need to form a well structured organization with aims and objectives. Think about SMART approach
Specific
Measurable
Agreed
Realistic
Timed
and why it is important & how success in it will be recognised

with hope

ငတိ said...

ဗိုလ်ချုပ်ပြောခဲ့ဘူးပါတယ်။ ခုလိုတော်လှန်ရေးကာလမှာ လူတော်တွေထက် လူမိုက်တွေကို ပိုအလိုရှိတယ်လို့။

Better tomorrow said...

အစ်ကို ရွှေဘိုသားရေ ဒီဆောင်းပါးကိုဖတ်ပြီးရင်ထဲမှာ ပြောစရာတွေ အများကြီးကျန်နေခဲ့ပါတယ်။ ကျူးဘားသမိုင်းစာအုပ်ကို ဖတ်ဖူးပါတယ်။ အစ်ကိုလိုတော့ မသုံးသတ်မိပါဘူး။ အစ်ကိုရေ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျောင်းသား တပ်မတော် နဲ့ လူမျိုးစု လက်နက်ကိုင်တပ်ဖွဲတွေ မှာ ကျူးဘားထပ် လက်ရှိမှာ အစပေါင်းထောင်နဲ့သောင်းနဲ့ကိုကွာပါတယ်။ အစ်ကိုရေ သေသေချာချာ စေ့စေ့ပေါက်ပေါက်ပြန်တွေးရင် ရင်နာတယ်။
ရင်ထဲမှာ ဒီဆောင်းပါးဖတ်ပြီး ပြောချင်တာတွေအများကြီးဘဲ။ မူရင်းဆောင်းပါးထက်တောင်ရှည်မှာစိုးရတယ်။ အစ်ကိုရင်ထဲမှာလည်းပဲရှီနေမယ် လို့ကျွန်တော်ထင်ပါတယ်။