ရာဇသံ


စစ်အုပ်စု ဟာ ၄င်းတို့ အာဏာတည်မြဲရေး အတွက် ကလွဲလို့  တခြားဘယ်သူမျက်နှာမှာ မကြည့်ဘူး ဆိုတာ ကျနော်တို့  သဘောပေါက်ဖို့  အချိန်တန်ပြီလို့ ထင်ပါတယ်။ကျောင်းသား တွေ၊ ပြည်သူတွေ ရဲ့ သွေးတွေ၊ အသက်တွေ ကို သူတို့  အာဏာရ န္တယားရဲ့ ချောဆီအဖြစ် သုံးခဲ့တယ်။ ကျနော်တို့  မိဘတွေ ရဲ့ ရင်ဘတ်ပေါ်က စစ်ဖိနပ်ရာတွေ က ကျနော်တို့ ရင်ဘတ် တွေ အထိ မရပ်သေးဘူး။

ကျောင်းသားသမဂ္ဂ အဆောက်အဦးက ပေါက်ကွဲ သံနဲ့  အရိုင်းခေတ်ကို စတင်ခဲ့တယ်။ ကိုကိုးကျွန်းပေါ်က လူမသိသူမသိ ယုတ်မာမှုတွေ ရှိတယ်။ ဦးသန့် အရေးအခင်း၊ မှိုင်းရာပြည့် မှာ ကျတဲ့ သွေးတွေ ဟာ ကျနော်တို့  မိဘတွေ ရင်ဘတ်ပေါ်က စစ်ဖိနပ်ရာတွေ ဖြစ်တယ်။

မြေနီကုန်းမှာ လူမမယ်ကလေးတွေ သတ်ခဲ့တယ်။ အင်းယာကန်စောင်းဟာ ကျောင်းသူ ကျောင်းသား တွေရဲ့ အလောင်းနဲ့  ပိုမြင့်ခဲ့တယ်။ ကျောင်းပညာတပိုင်းတစ နဲ့ ကျောင်း သားတွေ ဟာ ငှက်ဖျားနဲ့  နပန်းလုံးရင်း အနာဂတ်သွေးဆုံး ခဲ့ရတယ်။သူတို့ ဟာ သာသနာ့ ဝန်ထမ်းတွေ ရဲ့ သွေးနဲ့ ခြေဆေးတယ်။ ဒါဟာ ကျနော်တို့  မျိုးဆက်ရင်ဘတ်ပေါ်က စစ်ဖိနပ်ရာတွေ ဖြစ်တယ်။

ကျနော်တို့  မပါးနပ်ခဲကြဘူး။ တော်လှန်ရေး တော်လှန်ရေး နဲ့  ပါးစပ်ကအော်ရင်း စစ်အုပ်စု ကြိုးဆွဲရာ မျောပါနေတာ ကြာခဲ့ပြီ။ စစ်အုပ်စုကို မောင်းထုတ်ဖို့  သတ်ကွင်းတွေပြင်ဆင်ရင်းနဲ့  ကျနော်တို့ ကိုကျနော် တို့ တိုက်ပွဲအပြင်ကို မောင်းထုတ်ခဲ့ပေါင်းများ ပြီ။ လူထုတိုက်ပွဲ တွေ အကြိမ်ကြိမ် နွဲခဲ့တယ်။ သူပုန်အကြိမ်ကြိမ်ထခဲ့တယ်။ စေ့စပ်ရေး စားပွဲတွေမှာ အကြိမ်ကြိမ် ထိုင်ခဲ့ ဘူးတယ်။ ကျနော်တို့  အသနားခံခဲ့ဘူးတယ်။ ကျနော်တို့  ကြမ်းတမ်းခဲ့ဘူးတယ်။ကျနော်တို့  ယဉ်ကျေးခဲ့ဘူးတယ်။ ကျနော်တော့ ဘယ်လို ကချိုးပြောင်းပြောင်း စစ်အုပ်စုက တော့ စစ်ရေးအနေနဲ့ မြင်ခဲ့တယ်။ စစ်ပွဲမှာ ရန်သူကို ခြေမှုန်းသလို ပဲ ကိစ္စတုန်းလုပ်ခဲ့တယ်။ စစ်အုပ်စု က ရန်ငါ ပြတ်တယ် ဆိုရမယ်။

စစ်အုပ်စု ဟာ အာဏာတည်မြဲရေးတစ်ခုထဲကို စွဲကိုင်ပြီး ဆန့် ကျင်ဘက်မှန်သမျှ ချေမှုန်တယ်။ ကျနော်တို့ တွေ က တဖက်က စစ်အုပ်စုကို တိုက်ရင်း ကားအကောင်းစား စီးနိုင်ဖို့ ၊ နိုင်ငံကောင်းကောင်း မှာ အခြေချဖို့ ၊ စတဲ့ ပုဂ္ဂိုလ်ရေး ရောထွေးမှုတွေ နဲ့  တိုက်ခိုက်တယ်။ ဒါဟာ တော်လှန်ရေး သက်ကို ကြာစေတဲ့၊ စစ်အုပ်စု သက်စိုးရှည်စေတဲ့ အရင်းခံအချက်လို့  မြင်တယ်။

ကျနော်တို့ လူမျိုးတွေ မင်းလောင်းမျှော်တတ်တဲ့ ဓလေ့ဟာ ဘယ်ကစတယ် မသိဘူး။ ဒါပေမဲ့ သီပေါမင်း ပါတော်မူတဲ့ နောက်ပိုင်း စကြ်ာမင်းလေး ကိုမျှော်တယ်။ ကယ်တင်ရှင်မျှော် တယ်။ တန်ခိုး ရှင်မျှော်တယ်။ ကျနော်တို့ ခေတ်မလဲ UN, EU, US တို့ ဟာ ခေတ်သစ်စကြ်ာမင်းလေး တွေဖြစ်တယ်။ အမှန်တော့ ကျနော်တို့  နိုင်ငံရဲ့  အနာဂတ်ကို သူတို့ ဘယ်လိုမှ မဖန်တီးပေး မယ် မဟုတ်ဘူး။ ကျနော်တို့  သွေးတွေကို အင်္ဂတေလုပ် ၊ အလောင်းတွေကို အုတ်ရိုးလိုစီပြီး ကိုယ်တိုင် ပဲတည်ဆောက် ရမှာဖြစ်တယ်။ ကျနော် တစ်နေရာက လတ်လတ်ဆတ်ဆတ် ဖတ်ခဲ့ တဲ့ စာသားလေး တစ်ခုကိုး ကားလိုပါတယ်။ “နိုင်ငံရေး. စီးပွားရေး.. လှုမှုရေး....အမြတ်ထုတ်စရာ.. လားလားမှမရှိတဲ့တိုင်းပြည်သေးသေးလေး..ငါတို့ ဂရုမစိုက်သေးဘူး..” လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဒါဟာ ကျနော်တို့ တိုင်းပြည်အပေါ် နိုင်ငံတကာရဲ့  အတွင်းပိုင်းကြတဲ့ အမြင်ဖြစ်တယ်။ ဘန်ကီမွန်း၊ဂျော့ဘုရှ်၊ ဘရောင်း နဲ့  ဂမ်းဘာရီတို့  လူမြင်ကွင်း မှာ စိတ်ဆိုးပြ၊ စိတ်မကောင်းပြ တာတွေကို ကြည့်ပြီး မျှော်ကြည့်နေဖို့ မလိုဘူး။ ထိုက်သင့်တဲ့ ငွေကြေးအကူ အညီပေးနေတဲ့ အတွက်လဲ တနေ့ တော့ ရမ်ဘိုကြီး တွေမိုးပေါ် က ကျလာလိမ့်မယ်လို့ လဲထင်နေဖို့ မလိုဘူး။ မသာအိမ်ကို လာတဲ့သူတိုင်း လူမှုရေးအရ ဝမ်းနည်းတဲ့ မျက်နှာကို ဝတ်ဆင်ထားကြမှာ ဖြစ်တယ်။ ပြီးတော့ သူတို့ စီးပွား မထိခိုက်နိုင်တဲ့ ကူငွေလောက်တော့ ထည့်ဝင်ကြမှာဖြစ်တယ်။ မသာလေးချပြ ပြီးဖဲဝိုင်းထောင် အကောက်စား နေတဲ့ လူနည်းစု အတွက် အထွာတစ်ခု အဆင်ပြေရုံပဲဖြစ်နေမယ်။

စာရွက်တွေ၊ ကုလားထိုင်တွေ ပေါ်မှာလုပ်တဲ့ ညီညွတ်ရေး တွေနဲ့ ၊ လေ့လာရေး ဆရာ့ဆရာ တွေ ရဲ့  သွေးမဲ့သောကူပြောင်းရေး လမ်းကြောင်းတို့ ၊ အာဏာရှင် စနစ် တစစ ယိုယွင်းလာ ခြင်း တို့  ဆိုတာတွေ နဲ့  စားကြသောက်ကြ ငြင်းကြခုံကြနဲ့  အဝေးက တိုက်ပွဲကွင်း ကို ရပ်ကြည့်နေခဲ့ ကြတာလဲကြာပြီ။ ကာလအကြာကြီးတုန်း က လူထု အသင့်မဖြစ်သေးဘူး၊ တော်လှန်ရေး အသင့်မဖြစ်သေး ဘူးဆိုတဲ့ (တကယ်လဲ ဟုတ်ခဲ့တယ်) အပြောတွေနဲ့  နေခဲ့ကြတယ်။ တကယ်လူထု လမ်းပေါ်ထွက်လာတော့ လဲ ပါးစပ်အဟောင်းသား နဲ့  ကယောင်ကတမ်းငြေကြာချက်တွေ ထုတ်ရုံကလွဲ လို့  ကျနော်တို့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ ကျနော်တို့ ပြောနေကြတဲ့ တော်လှန်ရေး ရင့်မှဲ့ နေတယ် ဆိုတဲ့ အနေအထားကို ရောက်နေပြီး။ ခူးဖို့ အချိန်ရောက်နေပြီ။ ရင့်မှဲ့ နေတာကို ပါးစပ်လေးဟပြီး ဆက်ကြည့်နေရင်တော့ ပုတ်သိုးပြီး အရည်ပျော်သွားဖို့ ပဲ ကျန်တော့တယ်။

“မတရား တဲ့ အမိန့် ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဒေါ်အောင်ဆန်းစုကြည် ပြည်သူကို ပြောသွားတဲ့ စကားစုလေး။ အတိုက်အခံတွေ ရဲ့ ပါးစပ်မှာ၊ စာမျက်နှာတွေ ပေါ်မှာ အင်မတန် ရေပန်းစားတယ်။ ပြည်သူတွေလဲ သိတယ်။ သဘောပေါက်အောင် လုပ်မပေးနိုင်ဘူး။ အဲဒီစကား ကို ဘယ်လို အကောင်အထည်ဖော်ရမလဲ ပြောမပြပေးနိုင်ခဲ့ဘူး။ လမ်းပေါ်မတက် ပဲ၊ ကြွေးကြော်သံတွေ မပါပဲ လုပ်လို့ ရတဲ့ အာဏာဖီဆန်ရေး နည်းတွေ ကို ပြမပေးနိုင်ခဲ့ဘူး။ ပြည်သူတွေ လေ့လောကြစည်းပူးကြ တိုက်ပွဲဝင်ကြလို့ အော်နေလို့ မရဘူး။ ထမင်းစားပြီးတာ နဲ့  ဒီနေ့ တော့ ထမင်းမငတ်ဖူးတော်သေးတယ် ဆိုတဲ့ အတွေးနဲ့ သက်ပြင်းချရ၊ ညဘက် အိပ်ယာဝင် ချိန်မှာလဲ မနက်ဖြန် စားဝတ်နေရေး အတွက်ပူပန်ရ ဖြစ်နေတဲ့ လူတွေက ဘယ်လို စာအုပ်စာတမ်းတွေ လေ့လာချိန်ရပါ့မလဲ။ ကျနော်တို့ ရေးနေကြတဲ့ အင်တာနက်စာမျက် နှာဆို တာတော့ ဘုရားသ္ခင် လောက် နီးနီး သူတို့ ဘဝနဲ့ အဝေးကြီးမှာ။

ကျနော်နားလည်သလောက်တော့ တော်လှန်ရေးရင့်မှဲ့ တယ် ဆိုတာဟာ အာဏာရှင်ရဲ့  သရုပ်မှန်ကို ပြည်သူလူထု အများစုက သိသွားတဲ့ အချိန်ဖြစ်တယ်။ အံတုဖို့ ကြိုးစားလာ တဲ့ အချိန်ဖြစ်တယ်။ အခုအချိန်မှာ ပြည်သူတွေ လို ချင်တာ အာဏာရှင် မကောင်းကြောင်း မဟုတ်ဘူး။ အာဏာရှင် ရဲ့  အကျင့်ပျက် ချစားမှု အကြောင်းမဟုတ်ဘူး။ ဒီအကြောင်းတွေ ကို အတွင်းထဲမှာ နေတဲ့ ပြည်သူတွေ က ကျနော်တို့ အားလုံးထက် ပိုပြောနိုင်တယ်။ ခုချိန်မှာ ပြည်သူတွေလို ချင်နေ တာ အာဏာရှင်စနစ် ကို ဘယ်လိုသုတ်သင်မလဲ ဆိုတဲ့ နည်းလမ်းပဲ။ အဲလိုပြတဲ့ အခါမှာလဲ ခေတ်မှီရုံးခန်းကြီးတွေ ထဲက စားပွဲကြီးတွေပေါ်ထိုင်ရင်း စာတမ်းတွေ လှိမ့်ရေးနေလို့ မရဘူး။ “ဒီလို ဆန့် ကျင်ရတယ် ကွ” ဆိုပြီးပြည်သူ နဲ့ တသားထဲမားမားရပ်ပြဖို့ လိုတယ်။

ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ဖို့ ကာလံ၊ ဒေသံ၊ အဂ္ဂံ၊ ဓနံ ဆိုတာလိုတယ်။ တော်လှန်ရေးဟာလဲ အဲဒီ အကြောင်းတရား လေးပါးထဲက မလွတ်မြောက်နိုင်ဘူး။ အချိန်ကာလ ကတော့ ဒီထက်ပို အချိန်ကိုက်ဖြစ်ဖို့ မရှိဘူး။ စစ်အုပ်စု ကို ဖြုတ်ချဖို့ အတွက်ကတော့ စစ်အုပ်စု ရှင်သန်နေတဲ့ အရပ်မှာ တော်လှန်ရေး ရှိဖို့ လိုတယ်။ သံရုံတွေနား လှည့်ပတ်အော်လို့  နအဖ ပြုတ်မကျဘူး။ တခြားသော အကြိုးစီးပွားတော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ နိုင်ငံတကာကို ကျနော်တို့  တော်လှန်ရေးလုပ်နေကြပါတယ် ဆိုတာမျိုးပေါ့။ အကြောင်းတရားအနေနဲ့ ကလဲ ကုန်းဈေးနှုန်း တက်တာ၊ သံဃာတွေ အသတ်ခံရတာ၊ ကျောင်းသားတွေ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းစီး နှိပ်စက်ခံရတာ၊ အမျိုးကောင်း သမီးတွေ မုဒိန်းကျင့်ခံရတာ၊ ရွာတွေမီးရှို့ ခံရတာ၊ စတဲ့ အကြောင်းတွေ ဆက်ရေးရရင် စာအုပ်ထူတစ်အုပ်ဖြစ်သွား နိုင်တယ်။ ဓနံ လိုခေါ်တဲ့ ငွေးကြေး ဆိုတာကတော့ လူထုချစ်ရင် ထမင်းမငတ်ဘူး။ လူထုအနေနဲ့ ဒေါ်လာသိန်းချီအကုန် အကျခံ ပြီး ကားတွေ၊ ရုံးခန်းတွေ ၊ နေစရာ အဆောင်အယောင်တွေ ငှားမပေးနိုင်ဘူးပေါ့။

ညီညွတ်ရေး ၊ ရန်ပုံငွေ၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် စတဲ့ တောဆင်ခမည်း လို အကြောင်း ပြချက်တွေ နဲ့ တော်လှန်ရေးသက်ရှည်နေကြဦးမှာလား။ ကျွန်တို့ ခေါင်းကို ရိုက်ခွဲနေတဲ့လက်ကို အကြမ်းဖက်သမား သမုတ်ခံရမှာကြောက်တဲ့ စိတ်တစ်ခုထဲ နဲ့  မခုခံကြတော့ဘူးလား။ ခေါင်းဆောင် ဘယ်မှာလဲ ဆိုတဲ့ အမေးနဲ့ ကျွန်တို့ ကိုကျွန်တော့တို့  ဆက်ဝှက်ထားကြ ဦးမလား။ ဒေါ်အောင်ဆန်းစုကြည်လဲ National Figure တစ်ယောက်အနေ နဲ့ ပဲ ရပ်တည်ပေး နိုင်မယ်။ ရှေ့ ထွက်ပြီး ဦးဆောင်ခွင့် ဘယ်လို မှမရဘူး။ ၈၈ မျိုးဆက်တွေ လဲ ထောင်နှစ်ရှည် အချခံဖို့  သူတို့  နရသိမ်တွေထဲမှာ။ ဂမ်ဘာရီနဲ့ ကုလသမဂ္ဂဆိုတာလဲ စစ်အုပ်စု နားကပ်ဖို့ မပြောနဲ့  တရုတ် နဲ့ ကုလား ဆိုတဲ့ စစ်အုပ်စုရဲ့ တခြားသော တံခါးတွေကို တောင် မဖွင့်နိုင်ရှာဘူး။

ဒေါ်အောင်ဆန်းစုကြည် ကလဲ စကားကုန်ပြော သွားပြီ “အဆိုးဆုံး အတွက်ပြင်ဆင် ကြတော့” တဲ့။ သူပုန်ထကြမှ ဖြစ်တော့မယ်။ ကျနော်တို့  နောက်ထပ်မျိုးဆက်တွေ ရှင်သန်ဖို့  အတွက် ကိုယ်အလောင်း စင်ကို ပြင်ဖို့ အချိန်တန်ပြီ။ နအဖ ဟာ ကျနော်တို့ ကို ရန်သူလို့  သဘောထားသလို ကျနော်တို့ ကလဲ နအဖကို ရန်သူလို့ မြင်ဖို့  ကောင်းပြီ။ ညှိနှိုင်းရေး ဆိုတာလဲ RM ကို အသက်သွင်းဖို့  အချိန်ခိုးထားတဲ့ ပုံပြင်ဖြစ်တယ် ဆိုတာသဘောပေါက် ကြပြီးဖြစ်တယ်။ လိုအပ်သလောက် မထိရောက်တဲ့ စီပွားရေး ပိတ်စို့ မှုတွေ ၊ အစည်းဝေးပွဲတွေ လဲ မျှော်လင့်မနေနဲ့ တော့။ မဖွင့်သေးတဲ့ ထီလက်မှတ်လို့ သဘောထားပြီး ကိုယ့် လွတ်မြောက် မှုကိုကိုယ် ရှာကြဖို့ အချိန်ရောက်ပြီ။ ခေါင်းဆောင်တွေ၊ တန်ခိုးရှင်တွေ ၊ မင်းလောင်းတွေ ၊ ကယ်တင်ရှင်တွေ မျှော်နေမဲ့ အစား ကိုယ့်ခြေကိုယ့်လက်နဲ့ ကိုယ်တတ်နိုင်တဲ့ ထောင့်က တော်လှန်ရေးကို စရတော့မှာ ဖြစ်တယ်။

အကြမ်းလဲ မဖက် အကြမ်းဖက်လဲ မခံတဲ့ မြေပ်ါတိုက်ပွဲတွေ ဖော်ထုတ်ကြစို့ ။
လက်ရုံရည်အားကောင်း သူတွေ က လက်နက်စွဲပြီးတိုက်ကြစို့ ။
ကျနော်တို့  နှလုံးသွေးတွေ နဲ့  မျိုးဆက်တိုင်းရဲ့  ရင်ဘတ်ပေါ်က စစ်ဖိနပ်ရာ တွေ ကို ဆေးကြစို့ ။
ကျဆုံးသွားသူတွေရဲ့ အလာင်းကို အကာအကွယ်ယူ ၊ အလောင်းပေါ်လောင်းဆင့် နင်းတက်ရင်း စစ်အာဏာရှင်ကို ပုလ္လင်ပေါ်က တွန်းချစို့ ။
နအဖ နဲ့ တကွ တွေဝေနေသူ အားလုံး ကို ရာဇသံ ပေးကြစို့ ။


ပုဂ္ဂိုလ်ရေး အကြိတ်အခဲ ရှိသူတွေတောင် ရန်သူကို အတူလက်တွဲ တိုက်တဲ့အခါ ရင်ချင်းအပ်၊ ကျောချင်းကပ်နိုင်ကြပါတယ်။ တော်လှန်ရေး စစ်မျက်နှာကို ဖွင့်လိုက်တာနဲ့  နည်းနာအမျိုးမျိုး နဲ့  ကွဲပြားနေတဲ့ အုပ်စုတွေ အကုန်လုံး တသံထဲထွက်လာပါလိမ့်မယ်။ ကျနော်တို့  အားလုံး ခြေလှမ်းတွေ မတူပေမဲ့ လမ်းကတော့ ဒီတစ်ခုထဲ မဟုတ်လား။အနာဂတ်ကို သန့် စင်နိုင်ဖို့  ကြိုးစားရင် ကျနော်တို့ ကျဆုံးသွားတယ် ဆိုရင်တောင် ကျနော် တို့ တတ်နိုင်သမျှ တန်းကုန်အောင်လုပ်သွား တယ်ဆိုတဲ့ စိတ်နဲ့ သေခွင့်ရမှာ ဖြစ်တယ်။ ဒီတိုင်းဆက်နေ သွား လို့  ကတော့ မတရား မှုကို သိပြီး အံမတုနိုင်တဲ့ လူဟာ မသိလို့  မတရားခံနေရတဲ့ လူတွေ ထက် ပို ရှက်ဖို့ ကောင်းတယ်။ စစ်အုပ်စု လက်ထက်တိုက်ပွဲတွေ မှာအသက်ပေးသွား တဲ့ လူတွေ အားလုံးက ကျနော်တို့ ကို ရယ်မောနေတော့မယ်။ မည်သို့ ပင်ဖြစ်စေ ကျနော် ကတော့ အွန်လှိုင်းစာမျက်နှာတွေ ပေါ်ကပဲ ရာဇသံပေး နိုင်တဲ့ ကောင်ပါ။

တကယ့် စစ်မြေပြင်အတွက်တော့ ဘယ်သူ စပြီး ရာဇသံပေးမလဲ။ ကြည့်မယ်။

မိုးထက်နေ

ကျနော်မြင်တဲ့ မီဒီယာစစ်ပွဲ

ဒီဆောင်းပါးကို တော်လှန်ရေး သမားတွေကို အားပေးပြီး ကိုယ်တိုင်တော်လှန်ရေး မလုပ်တဲ့ သူငယ်ချင်း တစ်ယောက်ကြည့်ခိုင်းလို့  ကြည့်မိလိုက်တဲ့ ဘလော့လေးတစ်ခု ကို အကြောင်း ပြုပြီးရေးဖြစ်ပါတယ်။ ပထမဆုံးတွေး မိတာကျနော် တို့ လမ်းတွေချော်နေပြီလား ဆိုတဲ့အ ကြောင်းပဲ။ နအဖ လျှောက်စေ့ချင်တဲ့ လမ်းကြောင်းကို ကျနော်တို့ အများစုရောက် ကုန်ပြီလား ဆိုတဲ့ မေးခွန်းကို ကိုကျနော် တတ်သလောက်သုံးသပ် ကြည့်ချင်းလဲ ဖြစ်ပါတယ်။

ကျနော်တို့ လက်ရှိဖြတ်သန်းနေရတဲ့ ကာလဟာ တကယ်တော့ တော်တော်ကို တိတ်ဆိတ်ပြီး စိတ်မရှည်စရာ ကောင်းတဲ့အချိန်ပါ။ မုန်တိုင်း အသေးလေးတိုက်ပြီး တလောကလုံးတိတ်စိတ် ငြိမ်သက်နေတဲ့ ကာလမျိုး။ ကြီးကျယ်တဲ့ စစ်ပွဲတစ်ခုအတွက် စစ်ပွဲအသေးလေးတစ်ခု အပြီးမှာ အနားယူနေတဲ့ အခါမျိုး ဖြစ်ပါတယ်။ နှစ်ဘက်လုံးအနေနဲ့ လဲ ဒါဟာ နောက်ဆုံးတိုက်ပွဲ ဆိုတာ ကို သလောပေါက်ပြီး ကိုယ်လူတွေနဲ့ ကိုယ် အသီးသီး ခေါင်းခြင်းရိုက်ပြင်ဆင်နေကြတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုအခါမျိုးမှာ တစ်ဘက်နဲ့ တစ်ဘက် (PsyWar) စစ်အေးကာလ ဖြစ်တာကြောင့် အမြင်မှာ စကားလုံးတွေနဲ့ တိုက်ခိုက်နေကြရင်း ပွဲသိမ်းလက်သီး ထိုးဖို့  စောင့်ကြည့်နေကြတဲ့ အခါလဲ ဖြစ်ပါတယ်။ နအဖ ဘက်ကတော့ နည်းမျိုးစုံနဲ့  အတိုက်အခံ တွေစိတ်ဓါတ်ကျအောင် တိုက်ပွဲပုံစံရော ထွေးအောင် နည်းမျိုးစုံဘက်ပေါင်း စုံကနေ ကြံစဉ်နေ တာဖြစ်သလို ၊ အတိုက်အခံတွေ ဘက်ကလဲ ခြေသံလုံနိုင်သမျှ လုံအောင် လူထုအနေနဲ့ လဲ စိတ်ဓါတ်မကျအောင် ရပ်တည်နေရတယ် လို့ နားလည်ပါတယ်။

မီဒီယာကို မီဒီယာနဲ့ တိုက်

ဒီစကားလုံးဟာ နအဖ ရဲ့ စက်တင်ဘာနောက်ပိုင်း ကာလသုံးလာတဲ့ ဗျူဟာတစ်ခုဖြစ်ပါ တယ်။ စက်တင်ဘာမှာ ဘလော့တွေ၊ အွန်လှိုင်းမီဒီယာတွေ ကနေတဆင့် သတင်းတွေ တဟုန်ထိုး စီးဆင်းတာကို မြင်ပြီးတဲ့ နောက်ပိုင်း မျက်စိစုံမှိတ်ပြီး တင်လာတဲ့ လမ်းကြောင်း တစ်ခုဖြစ်ပါတယ်။ နအဖ အနေနဲ့  မီဒီယာကို မီဒီယာနဲ့ တိုက်ဆိုတဲ့ ကိစ္စဟာ စကားလုံးသာ ရှိပြီး တိုက်စရာ စစ်မှန်တဲ့ အချက်အလက် ဘာတစ်ခုမှ မရှိတာကို သူတို့ ကိုယ်တိုင်လဲ သိပါတယ်။ တကယ့်မီဒီယာတိုက်ပွဲ ဆိုတာမျိုးက နှစ်ဘက်လုံး ရှိတဲ့ မီဒီယာသမားတိုင်း ကိုတာဝန်ယူနိုင်တာကို လွတ်လွတ်လပ်လပ်ရေး ခွင့်ပေးတာမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ နအဖ ပြောတဲ့ မီဒီယာတိုက်ပွဲ ဆိုတာ ဆန့် ကျင်ဘက် ဆန်တဲ့ အရေးအသား မှန်သမျှကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ ၊တားစည်းခြင်း နဲ့  တဘက်သတ်ဝါဒ ဖြန့် ချီရေး ဘလော့တွေ၊ အွန်လှိုင်း သတင်းတွေ တည်ထောင်အားပေး တာပဲဖြစ်ပါတယ်။ အတိုက်အခံတွေ ရဲ့  ဘလော့တွေ ၊ သတင်းလွင့် ဋ္ဌာနတွေကို တော့ ပိတ်ဆို့ တားဆီး ထားတာပဲဖြစ်ပါတယ်။ နအဖ ရဲ့ မီဒီယာတိုက်ပွဲ ပုံစံကို ကျနော် အကြမ်းအားဖြင့် နားလည်တာကတော့
၁။ နိုင်ငံရေး သမားလူဟောင်း တွေကို မီဒီယာစင်ပေါ်ခေါ်တင် ပြီး လူထုကို နားလည်မှု ရှုပ်ထွေအောင် လုပ်ခြင်း
၂။ လူထုစိတ်ဝင်စားတဲ့ လူတန်းစားတွေရဲ့ သာမန်ကိစ္စများကို မှန်ဘီလူးတပ်ခြင်း
၃။ နအဖ ဘက်သားဘလော့တွေ ကတဆင့် အတိုက်အခံ ဘလော့ရေးသားသူတွေကို တိုက်ပွဲ လမ်းလွဲခြင်း

၁။ နိုင်ငံရေး သမားလူဟောင်း တွေကို မီဒီယာစင်ပေါ်ခေါ်တင် ပြီး လူထုကို နားလည်မှု ရှုပ်ထွေအောင် လုပ်ခြင်း

နအဖ လက်ကိုင်တုတ်မြတ်ခိုင် ရဲ့ လျှပ်တပြက်ဂျာနယ် (ကျနော်လဲ အွန်လိုင်းက ဖတ်လို့ ရတဲ့ အဲဒီတစ်ခုပဲ လက်လှမ်းမှီတယ် ) ကတဆင့် သခင်တင်မြ၊ ဗိုလ်အောင်ကြီး တို့ လို နိုင်ငံရေး သမား လူဟောင်းတွေကို အင်တာဗျူးလုပ်တာမျိုး တွေဖြစ်တယ်။ စက်တင်ဘာမှာ မျက်စိပွင့် လာတဲ့ မဆလ ခေတ်နိုင်ငံရေး နောက် ၁၉၉၀ နိုင်ငံရေး အခြေအနေကို သေချာမသိထားတဲ့ လူတွေကို အသိအမြင်ရှုပ်ထွေးအောင် ရည်ရွယ်ချက်ရှိရှိ ပွဲထုတ်တာဖြစ်ပါတယ်။ ထုံးစံအတိုင်း NLD နဲ့ ကွန်မြူနစ်ကို ဆက်စပ်ပြတယ်။ ကွန်မြူနစ်မကောင်းကြောင်း နဲ့  ဒေါ်အောင်ဆန်း စုကြည် ရဲ့ နိုင်ငံရေး အခန်းကို မှိန်အောင် အားထုတ်ထားတာဖြစ်ပါတယ်။ နောက် သခင်တင်မြ၊ ဗိုလ်အောင်ကြီး စတဲ့ အစဉ်အလာရှိတဲ့ လူတွေ ကတဆင့် အမျိုးသားညီလာခံနဲ့  RM (လမ်းပြမြေပုံ) ကို ထောက်ခံသင့်တယ် ဆိုတဲ့ အသိမျိုးကို သွယ်ဝိုက်တဲ့ လမ်းကြောင်းတွေ နဲ့  တင်သွင်းတာ ဖြစ်တယ်။

၂။ လူထုစိတ်ဝင်စားတဲ့ လူတန်းစားတွေရဲ့ သာမန်ကိစ္စများကို မှန်ဘီလူးတပ်ခြင်း
ဒီကိစ္စကတော့ နအဖ အမြဲသုံးလေ့ရှိတဲ့ နည်းလမ်းဖြစ်တယ်။ ဗိုလ်ခင်ညွန် သြဇာရှိစဉ် ကတည်း က အကြိမ်ကြိမ်အသုံး ချခဲ့ပြီးလဲ ဖြစ်တယ်။ စက်တင်ဘာပြီးတဲ့ နောက်ပိုင်းမှာ နန္ဒလှိုင် ဖုန်းပြောတဲ့ အခွေ ထွက်လာတာမျိုး ဟာ လူထုကို အနည်းနဲ့ အများအာရုံပြောင်း နိုင်စေတယ် ဆိုတဲ့ ရည်ရွယ်ချက်ပါတဲ့ လုပ်ရပ်ဖြစ်တယ်။ နောက်နာမည်ကြီးမင်းသား တစ်ယောက်နဲ့  မင်းသမီးတစ်ယောက်ရဲ့  စကားပြောအခွေရှိတယ်။ နောက် ဗီဒီယို အတိုလေး တွေ ထွက်လာတာလဲ ရှိတယ်။ ဒါတွေဟာ အပေါ်ယံတွေးရင် ကာယကံရှင်တွေရဲ့ ပေါ့ဆမှု ကြောင့် လူတွေလက်ထဲ ရောက်လာတယ် လို့ ထင်စရာ ရှိပေမဲ့ နန္ဒလှိုင်တို့ ပြောတဲ့ စကားတွေ ထဲမှာ မြန်မာ့ရုပ်ရှင်လောကရဲ့ ထိတ်ဆုံး ပုဂ္ဂိုလ်ကနေ မနေ့ တစ်နေ့ က မင်းသားဖြစ်တဲ့ လူထိ အတွင်းရေး အကုန်ပါတယ်။ ကိုယ်သေတွင်း ကိုယ်တူးသလိုပဲ။ တဖက်ကတွေးရင်လဲ ကျနော် တို့ နိုင်ငံမှာ ပုဂ္ဂလိက ဖုန်းကုမ္မဏီ တစ်ခုမှ မရှိတဲ့ အချက်ဟာလဲ တွေးစရာအချက်တစ်ခု ဖြစ်ပါတယ်။ နောက် အော်တိုအိတ်ချိန်းတွေ သုံးနေတဲ့ ခေတ်မှာ ဘယ်သူမှလဲ အလကားနေ ရင်း သူများဖုန်းတွေကို ထိုင်နားထောင်နေမယ် မထင်ပါဘူး။ ကျနော်တို့ နိုင်ငံမှာ သူများဖုန်း နားထောင်ပြီး ပိုက်ဆံရတာ ဘယ်လို လူတွေဆိုတာ ကတော့လူတိုင်း သိပြီးသားပါ။

၃။ နအဖ ဘက်သားဘလော့တွေ ကတဆင့် အတိုက်အခံ ဘလော့ရေးသားသူတွေကို တိုက်ပွဲ လမ်းလွဲခြင်း
အပေါ်နှစ်ချက် က အရေးမကြီးတာမဟုတ်ပေမဲ့ ကျနော်တို့ ဘက်ကနေ ပြန်ပြီး ထိန်းကြောင်း ခေါ်ယူသွားလို့ ရပါတယ်။ ဒီ နံပတ် သုံး အချက်ကတော့ နိုင်ငံရေး ကို အစဉ်တစိုက်လေ့လာ ပြီးလုပ်လာတာ မဟုတ်ပဲ စက်တင်ဘာမှာ နအဖ ရဲ့ ရက်စက်တဲ့ သတ်ဖြတ်မှုတွေကို မြင့်ပြီးရှိ သလောက် အသိနဲ့ ရေး နေရတဲ့ ဘလော့ရေးသူတွေ အတွက်တော်တော် သတိထားဖို့  ကောင်းပါတယ်။ နအဖ က ဘလော့တွေ ကတဆင့်တိုက်တဲ့ နေရာမှာ ပိတောက်မြေလို ညက်ညက်လေး နဲ့ ပညာသားပါပါ တိုက်ခိုက်တဲ့ ပုံစံနဲ့  ကျေးစေတမန် က ရဲဘော်အောင်ထက် ရဲ့ တုတ်ကြီး (တုတ်ကြီး ခေတ္တတာဝတိံသာ မဟုတ်ပါ) နာမည်နဲ့ ရေးတဲ့ NLD ကို လူမှုရေး ဒေါင့်ကနေ တိုက်ခိုက်တဲ့ ဆောင်းပါးအမျိုး အစားတွေ ဖြစ်ပါတယ်။ ပိတောက်မြေရဲ့  ရည်ရွယ်ချက် နအဖ ကောင်း၏ မကောင်း၏ အတိုက်အခံကောင်း၏ မကောင်း၏ ပြောဆို တာထက် RM ကို လက်ခံလာအောင် ကြားလူဟန်နဲ့ ကောင်းချီးပေးခြင်း ဖြစ်ပါတယ်။ ရဲဘော်အောင်ထက်ခေါ် တုတ်ကြီးကတော့ သမီးရည်စား ကိစ္စတွေလို မျိုး ပုဂ္ဂိုလ်ရေး ကိစ္စတွေ ကို တိုက်ခိုက် တဲ့ ပုံစံဖြစ်ပါတယ်။

ခုဆို ကျနော်တို့ ဘက်က ဘလော့ရေး တဲ့ လူငယ်တွေ ကလဲ ရုရှားရောက် စစ်ဗိုလ်ငယ်တွေ ရဲ့  သမီးရည်စား ကိစ္စတွေကို ပြန်ရေး တာမျိုး မရမက လိုက်စုံစမ်းကြတာမျိုး တွေဖြစ်လာပါ တယ်။ ဒါတင်မက ဘူး ရုရှားက အရာရှိငယ်တွေ အချင်းချင်း မိန်းကလေး ကိစ္စပေါ်အခြေခံ တဲ့ ပြဿနာတွေ ကို ဒီဘက် မီဒီယာတွေ ဆီကို ပို့ တာဖြစ်ပါတယ်။ (ကိုနစ်နေမန်း ကြုံတဲ့ ပြဿနာမျိုးပါ) အမှန်တော့ ဒီ ခြင်ထောင်သံထွက်နေတဲ့ ကိစ္စတွေ ဆိုတာ လူရယ်လို့ ဖြစ်လာ ရင် အနည်းနဲ့ အများတော့ ရှိမှာပါပဲ။ ကျနော် တို့ အနေ နဲ့ နိုင်ငံခေါင်းဆောင်က အစ သူတောင်းစား အဆုံး သာမန်လူတွေ ဖြစ်တယ်ဆိုတဲ့ အချက်ကို နားလည်ရင် ဒါတွေဟာ နိုင်ငံရေး စစ်မျက်နှာကို တတ်လာဖို့  ဘာအကြောင်းမှ မရှိဘူး ဆိုတာ ကျနော်တို့ ဘက်ကလူ တွေ သဘောပေါက်ထားဖို့ ပါ။ ကျနော်တို့ လူမျိုးတွေ က ကိုယ်ချစ်တဲ့ လေးစားတဲ့ လူကို သူတော်စင်တစ်ယောက်နီးပါ ကြည်ညိုလေ့ ရှိပါတယ်။ နအဖ သတင်းစာတွေ မှာ ဖော်ပြတဲ့ ဆောင်းပါ အချို့ မှာ ဆို ဒေါ်အောင်ဆန်းစုကြည် ကို ဘိုကတော် ဆိုတာမျိုးတွေ သုံးလေ့ ရှိပြီး ဝန်ကြီးအောင်သောင်း ရဲ့  ကြံဖွတ်တွေ ကို ပြောတဲ့ အတွင်းမိန့် ခွန်းတွေမှာဆိုရင် အယဉ်ကျေး ဆုံးအသုံးအနှုန်းက ကုလားကုန်းမ နဲ့  ဘိုကုန်းမ ဆိုတဲ့ အလုံးတွေ ပဲဖြစ်တယ် လို့ သိရပါတယ်။ ကျနော်တို့ ခင်ဗျားတို့ ကို တော်လှန်ရေး က စောင့်နေပါတယ်။ ကျနော်တို့  သူများ ခြင်ထောင် ကို ဝင်မကြည့်ဖို့ မလိုသလို ပြန်လည်တိုက်ခိုက်ဖို့ လဲ မလိုပါဘူး။ တကယ်လို့  ဒီလို သူ့ ဘက်က ခြင်ထောင် ထဲ ကိုယ်တွေက ချောင်းကြည့်ပြီးအော်လိုက်၊ ကိုယ်တွေ ဘက်က ခြင်ထောင်ထဲ သူတို့ က ချောင်းပြီးအော်လိုက် လုပ်နေရင် နအဖ အကြိုက်ဖြစ်သွားပါ လိမ့်မယ်။ နအဖ တီးတဲ့ တီးလုံး ကို ကိုယ်ကလိုက် ကသလိုဖြစ် နေပါလိမ့်မယ်။

သတိပေးချင်တဲ့အကြောင်း
နောက်ဆုံးဖတ်လိုက်ရတဲ့ (ဆောင်းပါးအစ မှာရေးခဲ့တဲ့) ဘလော့မှာဆို ပြည်ပရောက် အမျိုးသမီးငယ်တစ်ယောက် ရဲ့ အကြောင်းရေးထားတာပါ။ ကြည့်ရတဲ့ ပုံက ပုဂ္ဂိုလ်ရေး ပြဿနာကို နိုင်ငံရေးပြဿနာနဲ့ ရောထွေးပြီးရှင်းထား ဟန်တူပါတယ်။ ပုံမှန်ဘလော့ရေး နေတဲ့ လူအုပ်ထဲက လဲ မဟုတ်နိုင်ဘူးလို့ ထင်ပါတယ်။ ကျနော့အနေနဲ့ အဲဒီ အမျိုးသမီး ဘယ်သူဘယ်ဝါဆိုတာ မသိပေမဲ့ တော်တော်ကို စိတ်မကောင်းဖြစ်မိတယ်။ ကျနော်လုပ်မှ ဖွသလို ဖြစ်သွားမှာ စိုးရိမ်တဲ့ အတွက်ဘလော့ နာမည်ကိုတော့ မဖော်ပြတော့ပါဘူး။ ဒါပေမဲ့ ဒီလိုတိုက်ခိုက် မှုတွေကို ရှုံချတယ်ဆိုတာကိုတော့ ပြောချင်ပါတယ်။ ကလောင်ပိုင်ထားတဲ့ လူအားလုံး အနေနဲ့ လဲ ဒီလိုတိုက်ခိုက် မှုတွေမလုပ်ဖို့  သတိပေးချင်ပါတယ်။ ခြင်ထောင် ကိစ္စနဲ့ တိုက်ခိုက်မှုတွေ ဟာ အကောင်းထက် အဆိုးကို ပိုများလာစေဖို့ လဲ ရှိပါတယ်။ အောက်ခြေအရာရှိငယ်တွေ ရဲ့  လှံတံပစ်ပြိုင်ပွဲသတင်း မပြောနဲ့  တကယ်တမ်း ဗိုလ်သန်းရွှေသမီး လူမှုရေးဖောက်ပြန်ခဲ့လို့  သတင်းရေးနိုင်ခဲ့ရင်တောင် တော်လှန်ရေး ချက်ချင်းအောင်သွားဖို့  မရှိပါဘူး။ နအဖ ကို လူထုက အမြင်အရ အသိအရကို မုန်းတီးထား ပြီးဖြစ်ပါတယ်။ ကျနော်တို့ ဘက်ကလူတွေ ကို ခြင်ထောင်သတင်းတွေ နဲ့ တိုက်ခိုက်လို့ လဲ ဒေါသနဲ့  တုံ့ ပြန်ဖို့ မလိုပါဘူး။ အားလုံးဟာ သာမန်လူတွေ ဖြစ်တယ် ဆိုတဲ့ အသိနဲ့ နားလည် ပေး ဖို့ လိုပါတယ်။ ကလင်တန် ရဲ့ ခြင်ထောင်ကိစ္စ (မော်နီကာလူဝင်စကီ) ဟာ အမေရိကန် ပြည်ထောင်စု ကို ဘယ်လို ဒုက္ခမှ မပေးခဲ့ကြောင်း သတိရှိပါ။ ပုဂ္ဂိုလ်ရေး သိက္ခာဆိုတာဟာလဲ ခြင်ထောင် ကိစ္စတစ်ခုထဲ နဲ့  တည်ဆောက်ထားတာ မဟုတ်ပါဘူး။ နအဖ ဆွဲခေါ်တဲ့ လမ်းကြောင်းကို မလိုက်မိဖို့  အထူး သတိပေးလို ပါတယ်။

ဒီမိုကရေစီဘက်သား တွေ ဘာလုပ်နေလဲ
ဒါဟာ ကျနော်က အစ နိုင်ငံရေးခေါင်းဆောင်၊ တော်လှန်ရေးခေါင်းဆောင် တွေ အဖွဲ့  အစည်းတွေ နဲ့  အလှမ်းဝေးတဲ့ သူတိုင်း အားမလိုအားမရတွေး မိနေတဲ့အတွေးပါ။ စက်တင်ဘာ ကိုဖြတ်သန်းစဉ် အချိန်နဲ့ စက်တင်ဘာအလွန် နီးကပ်တဲ့ ကာလတွေမှာ အင်တာနက်သတင်းစာ မျက်နှာတွေ၊ ဘလော့တွေမှာ သတင်းတွေ ဆောင်းပါတွေ နဲ့  နေ့  စဉ် မြိုင်မြိုင်ဆိုင်ဆိုင်ရှိနေ ရာကနေ အခုအခါ မှာ သတင်းအနည်း နဲ့ ဆောင်းပါးထုထည် ဟာ သိသိသာသာ လျော့ကျသွားတဲ့ အချက်က အားလုံးရဲ့ စိတ်ကို အားမလိုအားမရ ဖြစ်စေ ပါတယ်။ ဒါပေမဲ့ ဒါဟာလက်ရှိ ကာလရဲ့ ပုံမှန်အနေအထားပါပဲ။ ပြည်တွင်းလူထု လုပ်ရှားမှု တွေ ခေတ္တငုတ်လျှိုးနေ တဲ့ အခါမှာ ပြည်ပခေါင်းဆောင်တွေ ၊ ပြည်တွင်းမှာ ကျန်ရှိနေသေးတဲ့ ခေါင်းဆောင်တွေ အားလုံးဟာ ပွဲသိမ်းတိုက်ပွဲ အတွက် ကိုယ်စီပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်နေတဲ့ အကြောင်းကို အသေးစိတ် အချက်အလက်တိုင်း အင်တာနက်စာ မျက်နှာတွေ၊ သတင်းဋ္ဌာနတွေ ဘလော့တွေ မှာ ဖော်ပြဖို့ တော့ မျှော်လင့်လို့  မရပါဘူး။ ရန်သူကို စိတ်ဓါတ်ရေးရာ တိုက်စစ်အရ၊ မျှော့သွေးစမ်း ဖို့  လိုအပ်ချက်အရ ထုတ်ပြန်သင့် တဲ့ သတင်း အချို့ ကလွဲလို့  သိပ်များများ စားစား မျှော်လင့်လို့ မရနိုင်ပါဘူး ။ နောက်တစ်ချက်က ဒီမိုကရေစီ ဘက်တော်သားတွေ အနေနဲ့  နအဖသတင်းစာတွေ လို့  ဆောင်းပါးဖြစ် ပြီးရော ဆိုတဲ့ အထာနဲ့ ရေးသားနေသူ တွေ တစ်ယောက်တစ်မှ မရှိပါဘူး။ နောက်တစ်ခု က ကျနော်တို့  ဒီမိုကရေစီ ဘက်သားတွေ အနေနဲ့  နအဖစားတွေ လို နအဖ မကောင်းကြောင်း ဝါဒဖြန့် ဖို့ လဲ မလိုအပ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ပြည်သူလူထုဟာ နအဖ ရဲ့ ပကတိ အနေအထားကို ချွေးတွေ၊ သွေးတွေ၊ ဘဝတွေ၊ အသက်တွေ နဲ့ ရင်းနှီး သိထားပြီးလို့ ဖြစ်ပါ တယ်။ ပြည်သူ အများစု ဒီအချိန်မှာ သိလိုတဲ့တစ်ခုထဲ သော မေးခွန်းဖြစ်တဲ့ နအဖ ကို ဘယ်လို ဖြုတ်ချ ပစ်မလဲ ဆိုတဲ့ မေးခွန်းကိုတော့ သတင်းဋ္ဌာနတွေ ကတဆင့်ဖြေဆိုဖို့ ဖြစ်နိုင် မယ် မထင်ပါဘူး။ လိုအပ်တဲ့ အချိန်မှာ ဘာတွေလုပ်ကြမယ် ဘာတွေလုပ်ရမယ် ဆိုတာ ပုံပေါ် လာပါလိမ့်မယ်။ ကျနော်တို့  အားလုံး အဲဒီအချိန်မှာ ဘယ်လိုနေရာက ပါဝင်မလဲ ဆိုတာ ကိုယ့် ကို ကိုယ် တောင်းဆိုထားဖို့  ပဲလိုအပ်ပါတယ်။

တကယ်တော့ မီဒီယာတိုက်ပွဲဆိုတာ စိတ်ဓါတ်ရေးရာ ထိုးနှက်ဖို့  အတွက်ကျနော်တို့  မလွဲမသွေ တိုက်ခိုက်ရမဲ့ စစ်မြေပြင်ဆိုတာ မှန်ပေမဲ့ ဘယ်ဘောင်အတွင်းမှာ တိုက်မယ် ဆိုတာကိုတော့ ကိုယ့်ဘက်က သတ်မှတ်ထားဖို့  လိုအပ်ပါတယ်။ ဘောင်ကျော်လာတဲ့ တိုက်ခိုက်မှုမျိုးကို တုံ့ ပြန်တိုက်ခိုက်ဖို့  မလိုသလို ကိုယ်ဘက်ကလဲ ဘောင်ကျော်တိုက်ခိုက် မှုမျိုး မလုပ်ကျဖို့  သတိပေးပါရစေ။ နအဖ ဘက်က တိုက်ခိုက်လာရင် လဲ အပျင်းပြေ သတင်းတစ်ပုဒ်အနေနဲ့ သာ ဖတ်လိုက်ရုံ ပဲရှိပါတယ်။လူထုတရပ်လုံးပါတဲ့ တ်ာလှန်ရေး မှာ ခေါင်းလဲပါမယ်၊ မိန်းမပျက်လဲပါမယ်၊ နှစ်ပိုင်တစ်ပိုင်းတွေလဲပါမယ်၊ ဆိုက်ကားသမားလဲ ပါမယ်၊ သူခိုးလဲပါမယ် ၊ ဆိုတာကို တော့ သတိမမေ့စေ့ချင်ပါဘူး။ တော်လှန်ရေးအတွက် အရေးမပါတဲ့ သတင်းတွေအပေါ် အပြန်အလှန် ငြင်းခုန်တိုက်ခိုက် ထိုးနှက်နေကြမဲ့ အစား မကြာခင် ဖြစ်ပေါ်လာတော့မဲ့ နောက်ဆုံးတိုက်ပွဲ အတွက် ကိုယ်စီကိုယ်စီ တတ်နိုင်တဲ့ နေရာအတွက် ပြင်ဆင်ကြပါလို့  တိုက်တွန်းလိုက်ပါတယ်။

မိုးထက်နေ
(ဒီစာထဲမှာ ပါတဲ့ ဆိုဒ်လင့်တွေ ဗီဒီယိုတွေ အတွက် မိုးထက်နေ လိုက်ကြည့်နေလို့  သိတာပေါ့ ဆိုတဲ့ အလုံးတွေ နဲ့ တိုက်ခိုက်လဲ လုံးဝ အိပ်ရေးပျက်ခံမည် မဟုတ်ပါ။ ကျနော်လဲ သာမန်လူ တစ်ယောက်ဖြစ်ပါတယ်။)

အချိန်ကိုက်ဗုံး

၁၁.၁.၂၀၀၈ သောကြာနေ့ မနက် နိုးနိုးခြင်း ကျနော့ ဂျီတော့မှာ ပလူပျံနေတဲ့ မက်ဆေ့တွေက တော့ ဏေပျီဒေါ် ဘူတာရုံမှာ ဗုံကွဲတယ် ။ လူတစ်ယောက်သေတယ်။ အသေခံ ဖောက်ခွဲမှု ဖြစ်နိုင်တဲ့ ဆိုတဲ့ စာသားတွေ ပါပဲ။ ဝမ်းသာရမလို ဝမ်းနည်းရမလို ခံစားချက်နဲ့  တစ်မနက်လုံး နိုင်ငံတကာ သတင်းဋ္ဌာန ဆိုဒ်တွေ ရှာဖတ်လိုက်၊ ပြည်တွင်း နအဖ သတင်းဋ္ဌာနတွေ ဆိုဒ်တွေ ဝင်ဖတ်လိုက် နဲ့  ပုဂ္ဂိုလ်ရေး ပြဿနာတွေ အလုပ်တွေတောင် ခနမေ့လို့ ပေါ့။

ပထမဆုံးတွေး မိတဲ့ အတွေးကတော့ အသေခံဗုံးခွဲလောက်တဲ့ အကြောင်းတရား၊ အတွေးခေါ် တစ်ခု လူထုသွေးသားထဲ မှာ ဖြစ်ပေါ်နေပြီလား ဆိုတာပါပဲ။ နောက်တစ်မဟုတ်ခြင်း ကျနော် ခံစားလိုက်ရတာက အသေခံဗုံးခွဲသူ (အဲဒီအချိန်က အသိအရ) အမျိုးသမီးကို လေးစားစိတ် နဲ့  ကိုယ့်ကိုကိုယ် မကျေနပ်စိတ်နဲ့ ပူလောင်နေပါတယ်။ စာကြီးပေကြီးသမားတွေ၊ ငြိမ်းချမ်းရေး သမားတွေ အနေနဲ့  အကြမ်းဖက်မှုလို့ သမုဒ်ကြမယ်။ အပစ်မရှိတဲ့ ဘေးလူတွေပါ ဒုက္ခရောက် ကုန်ရော ဆိုတဲ့ အဝေဖန်သံတွေ ကြားရတယ်။ အသေခံဗုံးခွဲတာတို့ ၊ လုပ်ကြံရေးတို့  ဆိုတာတွေ ဟာ တော်လှန်ရေး တစ်ခုရဲ့ အဆုံးသတ်အဖြေ မဟုတ်ပေမဲ့ တော်လှန်ရေး ရဲ့  တချို့ အချိုးအကွေ့ တွေအတွက် အဲဒီတက်လို တယ်လို့  ကျနော်တော့ မြင်တယ်။ တကယ်တမ်း ကိုယ့် အသက်ကို ရင်းပြီး လုပ်ဖို့ ဆိုတာ ဆုံးဖြတ်ချက်ချဖို့ မလွယ်သလို၊ တာဝန်ပြီးဆုံး အောင် အကောင်အထည်ဖော်ဖို့ ဆိုတာလဲ မလွဲပါဘူး။ ဒီဖောက်ခွဲမှု သာ သူ့  ဘဝရဲ့ နောက်ဆုံးနဲ့  အကောင်းဆုံး လုပ်နိုင်တဲ့ လမ်းလို့  တွေးနိုင်မှသာ ဒီအလုပ်ကို အောင်မြင် အောင်လုပ်နိုင်မယ်လို့ ထင်ပါတယ်။

ကိုယ့်ဘက်က တချို့ ကလည်း ဗုံးတွေခွဲလို့  ဗိုလ်ချုပ်ကြီးတွေ ဘာဖြစ်လဲ ဘေးကလူတွေ ပဲထိကုန်တာ ဘယ်လောက်သနားဖို့  ကောင်းလဲ ဆိုတာမျိုးပြောတယ်။ တချိုကလဲ ဒါဟာ တော်လှန်ရေးကို လှုပ်နှိုးတာလို့  ပြောတယ်။ ကျနော် ကိုယ်တိုင်လဲ စိတ်မကောင်းတာရယ်၊ အားမလို အားမရဖြစ်တာရယ် ပြွန်းတီးတဲ့ ခံစားမှုနဲ့ စကားလုံးတွေ မဲ့နေခဲ့တယ်။ စိတ်မကောင်း ဖြစ်တာကတော့ ရှင်းပါတယ် လူတိုင်းမလုပ်ရဲ တဲ့ မြတ်မြတ်တဲ့ စွန့် စားမှုအတွက်ပါ။ အားမလို အားမရဖြစ်တာ ကတော့ ယူနီဖောင်းဝတ်တစ်ကောင်မှ အပါခေါ်မသွား နိုင်တဲ့ အတွက်ရယ်၊ ကျနော် သူမလို စွန့် ဖို့ အသင့် မဖြစ်နိုင်သေးတာကို တွေးမိလို့ ပဲဖြစ်ပါတယ်။ ကျနော် တို့  အားလုံး သွေးထွက်သံယိုမှုကို မလိုချင်ဘူး။ နာမှာ သေမှာ ကို ကြောက်ကြတဲ့လူတွေ ပါပဲ။ ဒါပေမဲ့ စက်တင်ဘာ ဇာတ်ခုံပေါ်မှာ နအဖ ကခဲ့တဲ့ ဇာတ်ကွက်အရ သွေးအကျခံ မလား၊ လမ်းပြမြေပုံ ယူမလား ဆိုတာ ကျနော်တို့  တစ်ခုရွေးရတော့ မယ်လို့  ခံစားရပါတယ်။ ကျနော်တို့  စစ်တုရင် ကစားတဲ့ အခါ တဖက်လူရယ် ရွေ့ တဲ့ အကွက်တွေ ပေါ်တည်လို့  တုံ့  ပြန်ရပါတယ်။

နောက် ၁၂.၁.၂၀၀၈ နေလည်လောက်မှာတော့ သတင်းတစ်ခုထပ်ကြား ရပြန်တယ်။ ၁၁.၁.၂၀၀၈ ညနေမှာပဲ ဖြူမြို့ နယ် ညောင်ပင်သာရွာမှာ နောက်တစ်ခါ ခွဲပြန်ပါရော တဲ့။ အဲဒီမှာတော့ ဖောက်ခွဲသူလဲသေ၊ တချို့ က အမျိုးသမီးနှစ်ဦးနဲ့ ကလေး ငယ်တစ်ဦး ဒဏ်ရာရ လို့ ဆိုတယ်။ တချို့ ကလဲ စွမ်းအားရှင်လေး ဦးသေတယ်ရယ်လို့ ဆိုပြန်တယ်။ နောက် သေဆုံးသူ ဆီကနေပြီး သေနတ်၊ကျည်ဆံ၊ မိုင်း (၂) ခု ပါတွေ့ ရတယ်လို့  ဖော်ပြ ထားတာကို တွေ့ ရတယ်။ ကျနော့ စိတ်ထဲ တော်တော် ထိတ်လန့် လာတယ်။ ဖောက်ခွဲရေးလုပ်တာ ကို လိုအပ်ချက်အရ နားလည်ပေးနိုင်ပေမဲ့ ဘေးလူတွေ ထိတာကို တော့ တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်။ နောက်တစ်ခါ ၁၃.၁. ၂၀၀၈ မှာလဲ ရန်ကုန်ဘူတာကြီး အမျိုးသမီး အိမ်သာနဲ့  အုတ်တံတိုင်း အကြား နောက်တစ်လုံး ကွဲတယ်လို့ ဆိုပြန်ပါတယ်။ တဝုန်းဝုန်း နဲ့  အိမ်သာတွေ၊ အများဆိုင်နေရာတွေကို ဗုံးတွေ ခွဲနေတာတော်လှန်ရေးလား ဆိုတဲ့ မေးခွန်းကို လဲ ကိုယ့်ကိုကိုယ် အကြိမ်ကြိမ်မေး မိပါတယ်။

ဒါနဲ့ ပဲ ဗုံးခွဲတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကျနော် သိသလို လေး ချရေးကြည့်မိတာကတော့
1. ဗုံးဖောက်ခွဲ မှုဟာ အခြေအနေရဲ့ တောင်းဆိုမှု အရ တော်လှန်ရေးလို အပ်ချက်ကို ဖြည့်စည်း ခြင်း ဖြစ်ကြောင်း အသိမှတ်ပြုပါသည်။
2. အများပြည်သူ နေရာများ ဖြစ်သည့် အတွက် ဗုံဖောက်ခွဲ မှု ရလဒ်ဟာ ရေရှည်မှာစည်းရုံးရေး အရ ထိခိုက်မှုများရှိလာ နိုင်ပါသည်။
3. ထို့ ကြောင့် ဗုံးဖောက်ခွဲ မှုသည် မိမိတို့ ဘက်မှ အင်အားစုများ ရဲ့ လုပ်ကိုင်မှု ဖြစ်ပါက မဟာ ဗျုဟာနေရာများ (ဥပမာ။ ။ လျှပ်စစ်ဓါတ်အားပေး ထရန်စဖော်မာ၊ စစ်ကား၊ ဘူတာရုံများ တွင် ရှိသော RTO ရုံးခန်းများ၊ ကြံဖွတ်/စွမ်း ရုံးခန်းများ၊ အစိုးရရုံးများအား ညဖက်ဖောက်ခွဲခြင်း) ဘက်သို့ ပြောင်းလဲ တိုက်တွန်းဖို့ လိုသည်။
4. ထိုအပြင် ရန်သူဘက်က မိမိတို့ ၏ ပေါ်ပေါက် လာခါနီး လက်နက်ကိုင်တော်လှန်ရေး အား အပုတ်ချရန် ပြည်သူများရှိရာ နေရာများ ကို ဖောက်ခွဲ မှုများ ပြုလုပ်နေခြင်း လဲ ဖြစ်နိုင်ကြောင်း သိရှိထားရန်လို သည်။
5. ဗုံးဖောက်ခွဲ မှု သည် အခြေအနေပေးပါက စစ်ဗိုလ်ချုပ်များ၊ စစ်တပ်အေရိယာ များကို ထိုးနှက် တိုက်ခိုက်နှိုင် ရန်ကြိုးစားသင့်ပါသည်။
6. သို့ မဟုတ်ပါက ပြည်သူလူထု အထိအခိုက် မရှိသော သက်မဲ့ နေရာများ ကို သာ ထိုးနှက် တိုက်ခိုက်ရမည်။
7. ပြည်သူလုထု အထိအရှကို အတတ်နှိုင်ဆုံး လျော့ချ (လုံးဝအထိအပါး မရှိသည်အထိ) လုပ်ဆောင်သွား နိုင်ဖို့ လို အပ်သည်။
8. ဗုံးဖောက်ခွဲ ခြင်း ရဲ့ အနှစ်သာရမှာ လူသေခြင်းမသေခြင်းထက် ပြည်သူလုထု အားတက်စေ ရန်၊ ရန်သူ ထိန်လန့် စေရန် တော်လှန်ရေး အကြိုကာလ သွေးပူ၊သွေးနွှေး၊တပ်လန့် ၊နှိုးဆော် ခြင်း အတွက် လုပ်ဆောင်နေကြောင်း အသိရှိရမည်။
9. ပြည်သူလူထု အမြင်ရှင်းရန်အတွက် မိမိတို့ ဘက်မှ လက်ချက်ဆိုလျှင်လဲ (သက်ဆိုင်ရာ အဖွဲ့ အစည်း မှ) တရာဝင် ဖွင့် ပြ ရမည်ဖြစ်သည်။ ဝါဒဖြန်ချီရေး လိုအပ်ချက်ဟူသော အမြင်မှား ဖြင့် ဟုတ်ခြင်ဟန်ဆောင်နေပါက လူထု အထင် မှား မှု နှင့် ကာလရှည်တွင် ရင်ဆိုင်လာရမည်။
ဒါတွေပဲ ဖြစ်ပါတယ်။ ကျနော် နဲ့ ခင်တဲ့ သူငယ်ချင်း တချို့ ကလွဲလို့ ဘယ်သူမှလဲ မပြဖြစ်ခဲ့ပါ ဘူး။ အခြေအနေ အရ ဒီရက်ပိုင်းစာတွေ မရေးဖြစ်ပေမဲ့ နိုင်ငံရေး အခြေအနေ အပြောင်းအလဲ တွေကို ကိုယ့်ဟာကိုယ် မှတ်ချက် ဒါမဟုတ် သဘောထား သင့်ထားတဲ့ သဘောပါပဲ။ သတင်း ရှုပ်ထွေးမှု တွေကြောင့် ဘယ်သူ လက်ချက်မှန်း မသေချာ မှုအပေါ်မှာ ပဲ သဘောထားပေး လိုက်ရတယ်။

နောက်ဟိုလိုက်ဖတ် ဒီလိုက်ဖတ်နဲ့  နအဖ ကတော့ KNU ကို အခိုင်အမာ စွတ်စွဲထားတာကို သတိထားမိလာတယ်။ ဒါနဲ့ ပဲ ကျနော် KNU နဲ့ ပတ်သက်ပြီး ကျနော် ကိုယ်တွေ့ ကြုံခဲ့ဘူး တာကို ပြန်စဉ်းစားကြည့်မိတယ်။ ပထမတစ်ခု က ၁၉၉၂ (ဒါမှ မဟုတ် ၁၉၉၃) မတ်လလောက် မှာ ဖြစ်ပါတယ်။ KNU အင်းအား ၃၀၀ လောက် ဘားအံမြို့ ကို ဝင်စီးတာပါ။ အဓိကကတော့ ပြည်ထောင်စု ဆိုတဲ့ ရပ်ကွက်ဖက် ကို ဖြစ်ပါတယ်။ ညပိုင်း ၈ နာရီလောက် မှာ စတင်ဝင်ရောက် လာပြီး အစိုးရ အဆောက်အအုံ တချို့ ကို ဗုံးသီးနဲ့  ပစ်တယ်။ ညဖက် ပိုင်း ဖြစ်တဲ့ အတွက် လူမရှိလို့  အထိအခိုက်မရှိပါ။ ရယ်စရာတစ်ခုဖြစ်ခဲ့တာက ဒေသန္တရ ကျန်မာရေး ရုံးကို ပစ်တော့ အဲဒီနေ့ က တာဝန်ခံ ဆရာဝန်လေးတစ်ယောက် က ရုံးထဲမှာ အိပ်ပျော်နေပါတယ်။ ဗုံးသီနဲ့ ထုတဲ့ အခါ ရပ်ကွက်ထဲ က ကလေးတွေ သရက်သီးခူးရင် ရေကန်အုပ်ကျွတ်ဖုံး (ဘားအံမြို့ ရေကန်အများစု အုပ်ကျွတ်ဖုံး လေ့ရှိပါတယ်) ပေါ်ကျတယ် ထင်ပြီး “လူရှိတယ်ကွ…” လို့ လှမ်းအော် ပြောတဲ့ အခါ ဆက်မပစ်တော့ပဲ ထွက်သွားတယ်လို့  နောက်နေ ပြန်ပြောပြပါတယ်။ မနက်လင်းလို့ ကြည့်မှ လူနာစောင့်တဲ့ အဆောင်တခြမ်းပွင့် ထွက်နေတာ မြင်ပြီး တစ်ပတ်လောက် အပြင်းဖျားခဲ့ပါတယ်။

နောက် ည ၁၀ နာရီ ၁၁ နာရီလောက်မှာ ပြည်ထောင်စု ဈေးအနီးတဝိုက်မှာ ရှိတဲ့ အိမ်တွေကို KNU ဗိုလ်အချို့ က လိုက်နှိုးပြီး ပစ္စည်းသိမ်းချိန် ၁၅ မိနစ်ပေး ခဲ့ပြီးမှ ဈေးကို မီးရှို့  ပြီး စစ်ကြောင်း ပြန်ရုတ်သွားခဲ့တယ်လို့  သိရပါတယ်။ ကျနော်တို့ ကတော့ မြို့ ထဲ မှာဖြစ်တဲ့ အတွက် အသံတွေသာ ကြားရပြီးလှုပ်ရှားမှု ကို မမြင်ရပါ။ နောက်နေ မနက်ရောက်မှ သိရတာ ကတော့ ဘားအံမြို့ မှာ ရှိတဲ့ စစ်သင်္ဘောဟာ KNU မြို့ ထဲဝင် လာတာ သိသိခြင်း မြစ်လယ် ကို ထွက်သွားခဲ့ပါတယ်။ ဘားအံမြို့ ပေါ်မှာ ရှိတဲ့ တပ်တွေ က မော်လမြိုင်မှာ ရှိတဲ့ စစ်ဋ္ဌာန ချုပ်က တိုက်ခိုက်မိန့် မရလို့  ထွက်မတိုက်ဘူး လို့ ပြောပါတယ်။ KNU ဆုတ်ခွါပြီး နောင်လုံ ဘက်ရောက် မှ ဘုရားသုံးဆူ ပြောင်းမိန့် ကျထားတဲ့ ရဲ တပ်စိတ်တစ်စိတ်က ထွက်တိုက်တယ် လို့ သိရပါတယ်။ ( အဲလို ထွက်တိုက်လို့ ရဲ ပြည်နယ်မင်းကြီး ချင်းပြည်ပို့ ခံရပါတယ်) ဗိုလ်ချုပ်ကက်စိန် တိုင်းမှုး၊ ဖားအံ စစ်ဒေသမှုး က ဗိုလ်မှုးချုပ်တင်ငွေ လက်ထက်မှာ အဲဒီ အဖြစ် အပျက် ကျနော့ မျက်စိရှေ့ တင်ဖြစ်ခဲ့ပါတယ်။ နောက် အိမ်တွေကို နှိုး ပြီး ပစ္စည်းသိမ်း ဖို့ ပြောတဲ့ အုပ်ထဲ က ဗိုလ်လေးတစ်ယောက် အကြောင်းဟာ ပြည်ထောင်စုဈေးနား က အပျိုတွေ ပါးစပ်မှာ တော်တော် ရေပန်းစား ခဲ့တာကို လဲ သတိရမိပါတယ်။

နောက်တစ်ခု ကတော့ တောင်ငူနားက ငွေတောင်ဆည် ဖွင့်ပွဲမှာဖြစ်ပါတယ်။ ၁၉၉၇ ဖေဖော်ဝါရီ ၁၂ မှာ လုပ်ခဲ့တဲ့ အဲဒီဆည်ဖွင့် ပွဲကို ဗိုလ်သန်းရွှေ ကိုတိုင်တတ်ရောက်ခဲ့ ပါတယ်။ တကယ် KNU လှုပ်ရှားနယ်မြေ ထဲကို လာတာဖြစ်တဲ့ အတွက် တစ်လလောက် ကတည်းက နယ်မြေခံ တပ်တွေ သာမက အားဖြည့်တပ်ပေါင်း များစွား နဲ့ လှုံခြုံရေးကို စီမံခဲ့ပါတယ်။ မိုင်လေးဆယ်လောက် အတွင်း ဘယ်သူမှ ဝင်လာလို့ မရဘူး ဆိုတာမျိုးတွေကလဲ စိတ်ဓါတ် စစ်ဆင်ရေး အနေနဲ့ ရော ၊ကောလဟာလတွေ ရော ကြွားဝါတာတွေရော နဲ့ လှိုင်လှိုင်ထလို့ ပါ။ ဒီလိုနဲ့  ၁၂ ရက်နေ မနက်ခင်းမှာ ရန်ကုန်က ရဟတ်ယာဉ်တွေ နဲ့  ဗိုလ်သန်းရွှေ နဲ့  အပေါင်းအပါ များရောက်လာ ဖွင့်ပွဲလုပ် ပြီးတော့ နေ့ လည် ၁၁ နာရီလောက်မှာ ပြန်သွား သည် အထိ အေးအေးဆေးဆေးပဲ။ ဖွင့်ပွဲ အထိန်းအမှတ် စားကြသောက်ကြ တီးဝိုင်တွေ တီးကြနဲ့ ပေါ့။ ရန်သူကိုရော၊ ကရင်ပြည်နယ်က ပြည်သူလူထုကိုပါ အကောင်းဆုံး စိတ်ဓါတ် စစ်ဆင်ရေး လုပ်လိုက်နိုင်တယ်လို့ ထင်စရာရှိတာကို။ အဲလို နဲ့  ညရှစ်နာရီ နောက်ပိုင်းလောက် မှ တောင်ငူမြို့ အထွက်က ဟင်းငုတ်ပင် ဓါတ်အားလိုင်းခွဲ ရုံးက ပင်မ ထရန်စဖော်မာ တွေထပေါက်ကွဲ ပါရော။ စုစုပေါင်း လေးလုံး ရှိတာမှာ ဗုံးတစ်လုံး အသွားတဲ့ အတွက် ၁ လုံး အကောင်းအတိုင်းကျန်ခဲ့ပါတယ်။ လူအသေ အပျောက် မရှိပါ။ တောင်ငူ တစ်မြို့ လုံးတော့ လမ်းမီးမှ အပ မလင်းတော့တာတော့ ရှိတာပေါ့။

ဒါဟာ ကျနော် ထိစပ်ဖူး သမျှ KNU ရဲ့ တိုက်ခိုက်ရေး အကြောင်းပါပဲ။ ဗိုလ်ထိန်လင်း၊ ဂျော်နီ၊ ဂျော်ဖြူ ၊ကျော်တုတု စတဲ့ ကျနော် ကြားဖူး ရုံသား ကြားဖူး တဲ့ KNU တိုက်ခိုက်ရေး သမားများ အကြောင်းကို တော့ မဆွေးနွေးနိုင်ပါဘူး ။ ကျနော် သတိထားမိသလောက် တော့ စစ်ဖြစ်တာ လူအသေအပျောက် အထိအခိုက် ရှိမယ်။ အင်္ဂလိပ်ကို တိုက်တုန်းက ၊ ဂျပန်ကို တိုက်တုန်းက၊ တရုတ်ဖြူကို တိုက်တုန်းက စစ်သား ရော၊ သာမန်အရပ်သားရော အသက်ပေါင်း များစွာ ကြဆုံး ခဲ့ရပါတယ်။ ဒါဟာ စစ်ပွဲ တစ်ခု ၊ တော်လှန်ရေး တစ်ခု မှာ မဆိုင်သူရော ဆိုင်သူရော အသက်ပေး ရခြင်း ဆိုတာကို ကျနော်တို့ ရှောင်လွဲလို့ မရပါဘူး။ အခု ကျနော် အနေနဲ့  ဒီမိုကရေး အတွက် တိုက်ပွဲ ဝင်နေကြတဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတွေ ကို တစ်ခုတောင်း ဆိုချင်တာက ဒီဖောက်ခွဲမှုတွေ နောက်ကွယ်မှာ ရှိနေခဲ့တယ်ဆိုရင် ရှိနေကြောင်း တရာဝင် အသိပေးစေ့ချင်ပါတယ်။ အယ်ကိုင်ဒါတွေ ဘယ်လောက်ပဲ ဆိုးဆိုး သူတို့ လုပ်တဲ့ ဖောက်ခွဲ မှုတိုင်း ကို တာဝန်ယူဝန်ခံ တဲ့ အကျင့်လေးကို တော့ ကျနော်လေးစားတယ်။ မဟုတ်ရင် ဟိုလူလက်ချက်လိုလို ဒီလူလက်ချက်လိုလို နဲ့  ပြည်သူ အထင်လွဲ ဖို့ ရှိနေတယ် ဆိုတာ သိစေ့ချင်ပါတယ်။ နောက်တစ်ခု က စစ်တပ်ကို ဗုံးဝင်ခွဲ ရင် တပ်မိသားစု တွေနား ဈေးရောင်း နေတဲ့ ဈေသယ်သေသွားတာ မဆန်းပါဘူး။ ဒါဟာတော်လှန်ရေးရဲ့ သာမန်ဖြစ် စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ စစ်သားတစ်ယောက်မှ မထိပဲ အခုလို မဆိုင်သူတွေ ထိခိုက်နေမယ်ဆိုရင်တော့ ပြည်သူတရပ်လုံး ဟာ တော်လှန်ရေး အပေါ်စိတ်ကုန်လာနိုင်ပါတယ်။

ဆက်တွေးကြည့်တော့ ဗုံးပေါက်ကွဲမှုတွေက နှစ်ရက်လောက်အတွင်း သုံးမြို့ မှာ သုံးခါဖြစ်တယ်။ လူလဲ အနည်းဆုံး တစ်ယောက်တော့ သေတယ်။ သတင်းတွေ အရ ဏေပျီဒေါ် ဘူတာရုံမှာ သေတဲ့ အမျိုး သမီးကို လဲ KNU အနွယ်လို့ ပြောဆိုတာကို တွေ့  ရတယ်။ ဖြူးမှာ သေတဲ့ လူမှာ လဲ တခြားဗုံး နှစ်လုံးကိုပါ တွေ့ ရတယ်လို့ ပြောတယ်။ သေချာစဉ်းစား ကြည့်ရင် KNU ကလွတ်သမျှ ဖောက်ခွဲရေး သမား ၇၀% ( ပေါက်ကွဲမှုသုံးခု) ခန့် ဟာ ဖောက်ခွဲ ရေး မိုင်းကို မနိုင်းနင်းတဲ့ လူတွေ လို့ ကောက်ချက်ချရမလို ဖြစ်နေတယ်။ ကျနော့ ကိုယ်တွေ့ (ဟင်းငုတ်ပင်) ဖောက်ခွဲမှုမှာ ဖောက်ခွဲရေး နည်းပညာမှာ တော်တော် သပ်သပ် ရပ်ရပ် ရှိတာကို တွေ့ ရတယ်။ နောက်တစ်ခု က KNU ကဖောက်ခွဲ တာဆို ဘာကြောင့် အိမ်သာတွေ ချည်း လိုက်ခွဲနေသလဲ လို့ တွေးဖို့ ဖြစ်လာတယ်။ (အိမ်သာမှ မိန်းမအိမ်သာ) ကျနော် ခပ်ဆန်းဆန်းတွေး မိတာတော မိန်းမတစ်ယောက်ယောက်ကို များလိုက်လုပ်ကြံနေ သလားလို့ ။
တော်တော်ထူး ဆန်းတာက ဗုံးတွေ တဝုန်းဝုန်းကွဲနေတုန်းပဲ ကာလအတော်ကြာ နားထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်တွေ့ တာပဲဖြစ်ပါတယ်။ အဲဒီ အကြောင်းကြားမှ ပဲ အချိန်ကိုက်ဗုံး ဆိုတဲ့ အဓိပ္ပါယ်ကို သဘောပေါက်ပါတော့ တယ်။ ဘာကြောင့်တွေ့ ဆုံရေး နှောင့်နေးရတယ် ဆိုတာ ဒေါ်စု ကိုရော၊ ကမ္ဘာကို ပါ ပြောဖို့  အချိန်ကိုက် ခွဲလိုက်တဲ့ ဗုံးတွေ ကို ခေါ်တယ်ဆိုတာ။ ဒီနေ့ မြန်မာပြည်လူထုကို ထိခိုက်လောက်အောင် ရှိနေတဲ့ လျှို့ ဝှက် မှုတွေ အကုန်လုံး အတွက် အနာဂတ်မှာ သမိုင်းနဲ့ ရှင်းဖို့ ပြင်ဆင်ထားစေချင်တယ်။

မိုးထက်နေ
တမင် ဏေပျီဒေါ် ဟုရေးပါသည်။
(ခုဆောင်းပါရေး နေတုန်းပဲ ပဲခူနဲ့  ပန်းဆိုးတန်းမှာ ဗုံးထပ်ကွဲ တယ် ကြားရတယ်။ လက်ညှိးထိုး ခံရတဲ့ အဖွဲ့ အစည်းများ အနေနဲ့  တရားဝင်ဖြေရှင်းချက်များပြုလုပ်ပါလို့  ထပ်ပြီး တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။ )


Hello! KO MOE THEE

Hello! KO MOE THEE


We don’t want you to be Dale Carnegie.
We don't want you to be P Moe Hnin.
You must be fighting bloody peacock.

We don't want you to be Prime Minister
We don't want you to be Observer.
You must be Spatacat.

We want to be sword in your hands.
We want to trust the every strike which you made.
Everybody wants to hear the sound of your war drum.

Every person confuses everything, but you didn't.
We do hope you.
Your wizard must efficient than watching crystal ball.
We do trust you.
Our troops need your stronghold leading.
We do love you.

Swords will disable, if polish then polish.
Don't feed our soul by the news of money market.
Don't feed our soul by the news of Than Shwe's psychological troubles or not.
Don't feed our soul by the statements of political weather.

We want to destroy the Junta, without the shadow of organizational attitude.
You need to show the way to us.
We need the movement more then the words

No need confusing like educated person
We want to die as Spartan, at the battle
Even we die, couldn't take Daung Flag to the palace
It is honors then alive with dying Daung Flag..that We Believe


You must be fighting bloody peacock.
You must be Spatacat.
Hello! Ko Moe Tee..
We do love you as the side of REVOLUTIONARY.


Moe Htet Nay


ဟယ်လို ကိုမိုးသီး


ဟယ်လို ကိုမိုးသီး

ဟယ်လို ကိုမိုးသီး ခင်ဗျားကို ကျနော်တို့ ချစ်တယ်

ခင်ဗျားကို ဒေးကာနက်ဂျီ အဖြစ် မလိုချင်ဘူး။
ခင်ဗျားကို ပီမိုးနင်း အဖြစ် မလိုချင်ဘူး။
ခင်ဗျားဟာ စွေးစွေးနီခွပ်ဒေါင်း ဖြစ်ရမယ်။

ခင်ဗျားကို ဝန်ကြီးချုပ် အဖြစ် မလိုချင်ဘူး။
ခင်ဗျားကို လေ့လာသူအခါတော်ပေး အဖြစ် မလိုချင်ဘူး။
ခင်ဗျားဟာ စပါတာကပ် ဖြစ်ရမယ်။

ကျွန်တော်တို့ ဟာခင်ဗျား လက်ထဲကဓားဖြစ်ချင်တယ်။
ခင်ဗျား ခုတ်ချက်တိုင်းကို ယုံချင်တယ်။
အားလုံးက ခင်ဗျား စစ်ချီဗုံသံကြားချင်တယ်။

အားလုံးက အားလုံးကို တွေဝေနေတဲ့ထဲ ခင်ဗျားမပါဘူး။
ခင်ဗျားကို မျှော်ကြတယ်။
ခင်ဗျား ပဉ္စလက်က ဓာတ်ဖန်လုံးကြည့်တာထက်ပိုမယ်။
ခင်ဗျားကို ယုံကြတယ်။
ခင်ဗျား ဦးဆောင်မှုနောက်မှာ ကျနော်တို့ နေချင်တယ်။
ခင်ဗျားကို ချစ်ကြတယ်။

ဓားတွေက ထပ်သွေးလဲ အသွားပဲ့တာပဲ ရှိတော့မယ်။
ကျနော်တို့ လိုချင်တာ ဒေါ်လာဈေး သတင်း မဟုတ်ဘူး။
ကျနော်တို့ လိုချင်တာ စစ်ခွေးရူးမရူး မဟုတ်ဘူး။
ကျနော်တို့ လိုချင်တာ နိုင်ငံရေးသုံးသပ်ချက် မဟုတ်ဘူး။

ပါတီစွဲ ဝါဒစွဲ ဆိုတာထက် ကျနော်တို့ စစ်အာဏာရှင်ကို ဖြိုချင်တယ်။
ခင်ဗျား လမ်းပြဖို့ လိုနေတယ်။
စကားလုံးတွေ ထက် အရွေ့ ပါချင်တယ်။

ပညာတတ်ဆန်တဲ့ တွေဝေမှုတွေ အစား
စပါတာတွေလို တိုက်ရင်းသေလိုတယ်။
ဒေါင်အလံတလူလူ မလွင့်နိုင်တောင်မှ
အလံသေပြီး လူရှင်တဲ့ ဘဝထက် ကောင်းမယ်….ယုံတယ်။

ခင်ဗျားဟာ စွေးစွေးနီခွပ်ဒေါင်း ဖြစ်ရမယ်။
ခင်ဗျားဟာ စပါတာကပ် ဖြစ်ရမယ်။
ဟယ်လို ကိုမိုးသီး !
ခင်ဗျားကို တော်လှန်ရေးသမား အဖြစ် ကျနော်တို့ ချစ်တယ်။


မိုးထက်နေ


ဒီမိုး ဒီရေ ဒီလူတွေ နဲ့  ဒီမင်း ဒီစိုး ဒီသူခိုး

ကျနော်ဒီ ဆောင်းပါးကို မရေးခင် အကြိမ်ကြိမ် ချိန်ဆပြီးမှ နောက်ဆုံးရေးမယ် ဆိုပြီး ဆုံးဖြစ် ချက်ချလိုက်မိပါတယ်။ ဒီဆောင်းပါးကြောင့် ကျနော် သိက္ခာရပ်တည်ချက်ကို ထိခိုက်သွားနိုင် တယ်ဆိုတာ သိပေမယ် ကျနော် မပြောရရင် ကိုယ့်ကိုကိုယ် တာဝန်ကျေတယ်လို့ ဘယ်လိုမှ ထင်လို့ ရတော့မှာမှဟုတ်ဘူး။ ကျနော် အခုရေးမဲ့ ကိစ္စတွေ က ကျနော်စိတ်ပျက်နေတာ ကြာ ပြီ ဖြစ်ပေမဲ့ အကြောင်းကြောင်းကြောင့် မသိချင်ဟန် ဆောင်ပြီးနေခဲ့တာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် မရေးရဲတာလဲ ပါပါတယ်။ ကျနော့အနေအထား ကျနော့ အတွေ့ အကြုံ နဲ့ ဆရာကြီး ဝင်လုပ်တယ်အပြောခံရမှာ စိုးရိမ်တာတစ်ကြောင်း။ ကိုယ်နဲ့ တည့်မပတ်သက်တာဆိုရင် ဖာသိဖာသာနေမယ် ဆိုတဲ့ လူပီသတဲ့ စိတ်လေးခေါင်းထောင်လာတာ ကတစ်ကြောင်းကြောင့် မရေးဖြစ်ခဲ့ပါဘူး။ အဆဲခံရမှာလဲ ကြောက်တာပါသပေါ့ဗျာ။ ခုတော့ ဒီစာရေးလို့ ဖြစ်လာသမျှ အကျိုးဆက်အားလုံး ခံမယ်လို့ ဆုံးဖြစ်ပြီး ရေးလိုက်ရပါတယ်။

ကျနော် ဘလော့တစ်ခုမှာ ကော့မန့် ရေးလိုက်မိတယ်ဗျာ။ ပုံမှန်အားဖြင့် ကျနော်ဘလော့တွေ မှာ ကော့မန့် ရေးလေ့မရှိပါဘူး။ စိတ်ထဲမယ် စိတ်မကောင်းတာတွေရော စိုးရိမ်တာတွေရော ပြွန်းသွား လို့ ကော့မန့် က တော်တော်လည်းရှည်သွားတယ်။ အဲဒီပို့ ဖတ်ပြီးတဲ့ လူတွေက ကျနော်နား ကို စာတွေပို့ ကြ၊ ဂျီတော့ကနေ ပြောကြ နဲ့ ပွဲကို စည်လို့ ပါလား။ ကျနော်သုံးလိုက် မိတဲ့ စကားတစ်ခုအပေါ် တချို့ ကလဲ မကျေနပ်ကြ တချို့ ကလည်း ကျနော့အပေါ် အထင်လွဲ မှာ စိုးရိမ်ကြနဲ့ ။ ကျနော်ထင်တဲ့ အတိုင်းရိုးရိုးသားသားရေးလိုက်မိတာပါ ။ ကျနော်ရေးမိတာက တော့ “ကျနော့ တသီပုဂ္ဂလ အမြင်ပြောရမယ်ဆိုလို့ ကတော့ ဘလော့ဂါတွေ အကုန်လုံး ကိုယ် ထင်ရာ ကိုယ် လုပ်နေတဲ့ သဘောရှိပါတယ်။” ဆိုတဲ့စာသားပါ။ သိပ်ပြင်းထန်သွားတယ် လို့  အားလုံးမြင်ပါလိမ့်မယ်။ ကျနော် သိထာတာ ဘလော့ဂါတွေဆိုတာ အများစုသိပ်စည်းလုံး တယ်။ ကျနော်ဘလော့ ဆိုတာ ဖြူလားမဲလား မသိသေးတဲ့ အချိန် (စက်တင်ဘာ မတိုင်မှီ) က ဘလော့စာအုပ်ထုတ်ဖို့  တိုင်ပင်ကြဆွေးနွေးကြ ဆိုတဲ့ သတင်းတွေကြားဖူးတယ်။ ကျနော် တကယ် တော်တော် လေးစားပါတယ်။ ဒီလောက်တစ်ကွဲတစ်ပြား နေတဲ့လူတွေ စုပေါင်းပြီး အလုပ်တစ်ခုထဲကို လုပ်နိုင်တယ် ဆိုတာ တော်ရုံနားလည်မှု တော်ရုံစည်းလုံးမှုနဲ့ မရပါဘူး။ ကျောင်းတွေမှာ Black ကဗျာ စာအုပ်လေးတွေ စုထုတ်ရင်တောင် ပြဿနာက ဒုနဲ့ ထေ။ လက်ဘက်ရည်ဆိုင်မှာ တဂျိမ်းဂျိမ်း စကားများရတာက ခဏခဏ။ နောက်ကျနော် ဘလော့ဂါတွေ အကုန်ဆိုတဲ့ စကားသုံးလိုက်မိတာ ကျနော်ရည်ရွယ်တာ တော်လှန်ရေးနဲ့  ပတ်သက်ပြီးရေးကြချွတ်ကြတဲ့ ဘလော့ဂါတွေကို ရည်ရွယ်တာပါ။ ကျနော့စာတပိုဒ်လုံး ကို ဖတ်ရင် ဘယ်ဘလော့ဂါတွေကို ထင်ရာလုပ်တယ် လို့ ကျနော် မြင်တယ်ဆိုတာ သဘော ပေါက်ပါလိမ့်မယ်။ နောက်ကျနော် နာစေချင်တဲ့ စေတနာနဲ့ ပြောသလား။ ဘယ်လို စေတနာ မျိုး နဲ့ ပြောတယ်ဆိုတာ အားလုံးသိမယ် မျှော်လင့်ပါတယ်။ ကျနော်က ဘလောဂါတိုင်း နိုင်ငံရေး ရေးရမယ် ဆိုတဲ့ အမြင်မျိုးမရှိပါဘူး။ ကျနော် အမြဲသွားလေ့ရှိတဲ့ ဘလော့တစ်ခုမှာ နိုင်ငံရေး လုံးဝလောက်နီးနီး မရေးပါဘူး။ ဘလော့ဂါ ဆိုတာလွတ်လပ်ခွင့်ရှိတယ်။ ထင်ရာလုပ် ခွင့်ရှိတယ် ဆိုတာကျနော်လက် ခံတယ်။ ဒါပေမဲ့ အများနဲ့ ဆိုင်တဲ့ ပိုစ့်တွေ (နိုင်ငံရေး၊လူမှုရေး) အစရှိတာတွေ ရေးတော့မယ် ဆိုရင်တော့ ထင်ရာလုပ်လို့ မရတော့ဘူး လို့ ထင်ပါတယ်။ မလုပ်သင့်မလုပ်ထိုက်ဘူး လို့ လဲထင်ပါတယ်။

စပိုင်
ခုတလော တော်တော်ရေပန်းစား နေတဲ့ စကားလုံး က (SPY)စပိုင်ဆိုတာပဲ။ ကျနော်ကတော့ မနေ့ တစ်နေ့ ကမှ ပြည်ပရောက်လာတာ ဆိုတော့ စပိုင်ဆိုတာကို အရှင်လတ်လတ်လဲ မမြင် ဘူးဖူး။ ဓာတ်ရှင်တွေထဲ ကြည့်ဘူးတာရှိတာပဲ။ ပြည်တွင်းမှာတုန်း ကတော့ နိုင်ငံရေးလုပ်တဲ့ အကိုတွေ ကို လက်ဖက်ရည်ဝယ်ပေး ဆေးလိပ်သွားဝယ်ပေးလုပ်ရင် သိသလောက်တော့ ပြည်တွင်းမှာ တော့ SPY ဆိုတာ မရှိဘူးဗျ။ အချောင်သမား၊ ဘာရည်ရွယ်ချက်ဦးတည် ချက်မှ မရှိတဲ့လူတွေ၊ လူလူချင်းလူစွာလုပ်ချင် (ကိုယ်ပိုင်အရည်အချင်းမရှိပဲ) တဲ့ လူတွေကို သတင်း ပေး (Informer) အနေနဲ့ လက်ဖက်ရည်လေးတိုက်လိုက် မုန့် ဖိုးလေးပေးလိုက် ခိုင်းတာ တွေ တော့ နေရာတကာပဲ။ သူခိုးဂျပိုးလောကရော၊ နိုင်ငံရေးလုပ်တဲ့ နိုင်ငံရေးစိတ်ဝင်စားတဲ့ လူတွေ လောကမှာရော နဲမှ မနဲပဲ။ အစကတည်းက အဲလို သတင်းပေးလုပ်တဲ့ သူတွေဆိုတာ သူတို့  အခွင့်အရေးလိုချင်လို့ လုပ်တဲ့ လူတွေဆိုတော့ ထောင်စွာထောင်စွာလုပ် တာနဲ့  သိပ်မကြာပါ ဘူး ရိပ်မိကုန်တာ များပါတယ်။ တူတူအဖမ်းခံရတယ် တစ်ယောက်က နှစ်ရှည်ထောင်ကျ တယ်။ အဲဒီလူက ပြန်လွတ်လာတယ် ဆိုတာမျိုးတွေ ကြောင့်လဲပါတာပေါ့လေ။ ဒါပေမဲ့ ပြည်တွင်းမှာ တော့ အားလုံးက သတိနဲ့ နေ ရတော့ သိပ်မကြာဘူး သိတာများပါတယ်။ ထောက်လှမ်းရေး ဆရာများကလဲ ဒါမျိုးကြိုသိတော့ သတင်းပေးတစ်ယောက်ကို တစ်ခါသုံး ဘောပင်(န်) လို ၊ ယမ်းမီးခြစ်လို သဘောထားတာကလား။ အသုံးလို တဲ့အထိပဲ အရိုးပေး ကိုက်တယ်။ သုံးမရတော့ ဘူးထင်တာနဲ့ မယာပါသားကို ပထွေးက ကြည့်သလောက်ပဲ ပြန်ကြည့်တော့တာ။

၉၉ ကာလများ ကဆို အင်ဖော်မာတွေ ဆိုတာ နိုင်ငံရေးနဲ့ ထိစပ်နေတဲ့ ကဗျာဆရာ၊ စာရေးဆရာ ကျောင်းသား တွေ ကြားထဲ မှာ သူတို့ ကတောင်ပိုများနေသလို ပဲ။ ကျနော်တို့ က လူငယ်ဆိုတော့ ချောင်းရိုက် မယ် ကအစ ဖွင့်ချမယ်ဆို တာအဆုံး အမျိုးမျိုး ပြောကြတာပေါ့။ နောက်ဆုံးတော့ ရိုက်ရင်ရိုက်မှုနဲ့ ဖမ်းခံရမယ်။ ကံဆိုးရင် ဓမြမှုတို့ လုယက်မှုတို့ ပါပါလာနိုင် သေးတယ်။ (နအဖ အမှုဆင်ဖမ်းလို့  ကျနော့ သူငယ်ချင်းတစ်ယောက် ခိုးမှုနဲ့ အချုပ်ခံရဘူးပါ တယ်။ နိုင်ငံရေး ဆက်လုပ်မရအောင် စာရိတ္တမှု လုပ်လိုက်တာပါ။) ဖွင့်ချတော့လဲ အဲလို မြွေပွားကင်းပွား ဖြစ်ချင်တဲ့လူတွေက နဲတာမှမဟုတ်တာ။ အဲဒီတော့ ကျနော်တို့ သူတို့  မသိချင်ဟန်ဆောင်နေတယ်။ သတင်းမှားပေးတယ်။ သူတို့ ကိုယ့်စီမလာရင်တောင် ကိုယ်က သူ့ စီကို သွားတယ်။ သူက ကိုယ့်ကို မျက်စိအောက်က အပျောက်မခံသလို ကိုယ်ကလဲ သူ့  ကိုယ် မျက်စိအောက်က အပျောက်မခံတော့ဘူး။ တစ်ချို့ က သူနဲ့ တူတူနေပေးတဲ့ အချိန်မှာ ကျန်တဲ့လူတွေ က လုပ်စရာရှိတာကို နာရီဝက်ရရ တစ်နာရီရရ လုပ်လို့ ရတယ်။ ကျနော်တို့  အဲလိုလဲ တကယ်လုပ်ခဲ့ကြတယ်။

၂၀၀၄ နောက်ပိုင်း ဗိုလ်ခင်ညွန့် နဲ့ နအဖ ဝရမ်းပြေးနဲ့ မိန်းမပျက်လို ပြဿနာတွေ တတ်ကြ။ ကံဆိုးသူ ဗိုလ်ခင်ညွန့် အာဏာကျ။ သူ့ သြဇာမကင်းတဲ့ အဖွဲတစ်ခုလုံးလဲ မြေလှန်ခံရတဲ့ နောက်ပိုင်း မှာတော့ ပြည်တွင်းမှာ ထောက်လှန်းရေး မလုပ်နိုင်ဘူးပြောလို့ ရလောက်အောင် ထောက်လှန်းမှုညံ့ဖျင်းလာပါတယ်။ ထောက်လှန်းရေး နေရာကို ဗိုလ်ခင်ညွန့် ရှိစဉ်က ချောင်ထဲမှာ အမှီးကုတ်ပြီးနေရတဲ့ ဗိုလ်အေး အကြံအရပေါ်လာတဲ့ စွမ်းအားရှင်ဆိုတဲ့ ရပ်ကွက် လူမိုက် ဂလေဂချေဂိုဏ် သြဇာတတ်လာခဲ့ပါတယ်။ ဗမာပြည်ထောက်လှန်းရေး ဘယ်လောက် ယိုယွင်နေလဲ ဆို လက်ရှိလုပ်သွားတဲ့ (၂၀၀၇) ကိုကြည့်တာနဲ့ သိနိုင်ပါတယ်။ အဖွဲအစည်းနဲ့  လူနာမည် ရာထူးကို သေချာအောင်မပြောနိုင်ဘူးလို့ သိရပါတယ်။ ထောက်လှန်းရေး ကြီးဆိုး စဉ် Passport လျှောက်လို့ မရတဲ့ လူတော်တော်များများ Passport တွေရလာပါတယ်။ နောက် နိုင်ငံရေးနဲ့ ဆက်စပ်မှုရှိနေတဲ့ အခမ်းအနားတွေ မှာ လူမိုက်လိုလို၊ ဝရမ်းပြေးလိုလို လူတွေ အများကြီး ကင်မရာတကားကား အသံဖမ်းစက်တကားကား နဲ့ ထင်ထင်ပေါ်ပေါ် လာကြည့်တာ ၂၀၀၄ နောက်ပိုင်းမှပါ။ ဗိုလ်ခင်ညွန့် ရှိစဉ်က လည်း အသံဖမ်းတာ၊ ဓါတ်ပုံ ရိုက်တာ၊ ဗီဒီယို ရိုက်တာတွေ ရှိပါတယ်။ ဒါပေမဲ့ ခိုးကြောင်ခိုးဝှက်ပါ။ ပြည်တွင်းမှာတောင် သူတို့ လုပ်နေကြ Informer လူတန်းစားကောင်းကောင်းမမွေးနိုင်လို့ နိုင်ငံရေးသမားတွေ ၊ NLD ကလူတွေ ရဲ့ မင်္ဂလာဆောင်၊ အသုဘ၊ ဆွမ်းကျွေး စတဲ့ သာရေးနာရေး ပွဲတိုင်း ကင်မရာကြီးတွေ တကားကားနဲ့ လူမိုက်လိုလို အရူးလိုလို သူများစားသောက်နေတာကို သရေတမျှားမျှားနဲ့ ကြည့်ရင် ရိုက်ရင် လုပ်နေရတာပါ။ အဲဒီတော့ ပြည်တွင်းမှာတောင် ထောက်လှမ်းရေး ကို သေသေသပ်သပ်မလုပ်နိုင်တဲ့ နအဖ ဆိုတဲ့ ခပ်ညံ့ညံ့လူတွေက ပြည်ပ မှာ စပိုင်(SPY) လွတ်ထားတယ် ဆိုတာတော်တော် မဖြစ်နိုင်စရာပါ။ အလကားနေရင် မျက်နှာလုပ် ချင်လို့ သခင်အားရကျွန်ပါးဝ လုပ်တဲ့ Informer လို တစ်ရူးစက္ကူတွေတော့ ရှိနေမှာ ပေါလေ။ နအဖ ကိုယ်တိုင် စနစ်တကျလွတ်ထားတဲ့ SPY Network ဆိုတာကတော့ နအဖကို အထင်ကြီးလွန်းရာရောက်တယ်ထင်တယ်။ သံရုံးနဲ့ တွဲထားတဲ့ ထောက်လှမ်းရေးတို့ ၊ နောက်စစ်မှုထမ်းဟောင်း၊ ကြံ့ဖွတ်အစီအစဉ်နဲ့ လွတ်ထားတဲ့ Show Job တွေထဲတော့ မျက်နှာလို အားရလုပ်ပြီး သတင်းပို့ တဲ့လူတွေ ရှိကောင်းရှိမှာပေါ့။ နအဖ လုပ်နေပြောနေတဲ့ အလွဲတွေ အကုန်လုံးအပေါ်ကြည့်ပြီး တွက်ရသလောက်တော့ စပိုင် (SPY) ထားနိုင်လောက် တဲ့ အစိုးရမဟုတ်ပါဘူး။

နောက်ဆုံးဗျာ စပိုင်ဆိုတာတကယ်ရှိနေတယ်ထားအုံး ကျနော်တို့ လုပ်စရာနှစ်ခုပဲရှိတယ်။ ဖျောင်လို့ ရရင်ဖျောင်ပြစ်လိုက်။ ခြေခင်းလက်ခင်း သာရင်ပေါ့လေ။ နောက်ဆုံး မသတ်ရဲ ရင်တောင် တခြားအကြောင်းတစ်ခု ပြပြီး စိန်ခေါ်ထိုးဗျာ။ မိန်းမစပိုင်ဆိုရင် ပိုတောင်ကောင်း သေးတယ် အတည်ပေါက်သွား ပြီး သတ်မယ် ဘာမယ် ချိမ်းခြောက်လိုက်ဗျာ။ နောက်တနည်း ကတော့ မသိချင်ဟန်ဆောင်ပြီး သတင်းမှားတွေ သူတို့ ကနေတဆင့်ပို့ ။ Counter ခေါ်မှာ ပေါ့။ ဒါတွေကို ကျနော်စိတ်ကူးယဉ်ပြီးပြောနေတာ မဟုတ်ဘူးနော်။ ပြည်တွင်းလှုပ်ရှားမှု နဲ့  နီးစပ်တဲ့သူတိုင်း Informer (တချို့ ပြောသလို ) Spy တွေ ကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာ သိကြပါတယ်။ အချင်းချင်း လက်သိပ်ထိုးပြီး ပြောထားလိုက်ရင်ပြီးပြီ။ ဒီကောင်စပိုင် ပါလို့ လက်ညှိုးထို့ ဖွင့်ချလိုက်တာ ကတော့ ဘာမှထိရောက်မှု မရှိဘူးလို့ ထင်ပါတယ်။ မသိချင်ဟန်ဆောင်ပြီး ပြန်အသုံးချမလား ဒါမှမဟုတ် ဘယ်တော့မှ သတင်းပို့ လို့ မရအောင် ခြိမ်းခြောက်ပြီးနှင်ထုတ်တာတို့ ၊ ဖြောင်ပစ်တာတို့ လုပ်လိုက် တာပို့ သင့်တော်မယ် လို့  ထင်ပါတယ်။ အဲဒီတော့ စပိုင်လို့ အော်နေမဲ့ အစား သေချာရင် အသုံးချမလား ရှင်းပစ်မလား တစ်ခုခုလုပ်ဖို့ ကောင်းပါတယ်။

ဆဲရေးမှုဖြင့်တော်လှန်ခြင်း
ကျနော် CBox တွေမှာ တွေ့ နေရတာအများစု က တဖက်နဲ့ တဖက် ဆဲနေကြတာတွေပါပဲ။ တကယ်ကို အယုတ္တအနတ္တ တွေပါ။ ဒီကိစ္စလဲ အစတော့မရေးတော့ဘူး နေတာပဲ။ ဒါပေမဲ့ ဒါကလဲကြာတော့တော်တော်ကို နှောက်အယှက်ဖြစ်တယ်။ ကျနော်လဲလူပဲဗျာ စက်တင်ဘာ ကာလ ဘုန်းကြီးတွေ ကျောင်းသားတွေကို နအဖ စစ်သားတွေရိုက်တာနှက်တာမြင်တော့ ဒေါသထွက်တယ်၊ စိတ်တိုတယ် သူတို့ ကိုလဲ အဲလို ပြန်လုပ်ချင်တယ်။ အဲဒီရက်ပိုင်းတုန်း က ကျနော်ကိုယ်တိုင် မဆဲပေမဲ့ ဆဲတဲလူတွေကို နားလည်လို့ ရတယ်။ ခုနောက်ပိုင်းထိ အဲဒီအရှိန် က မကုန်သေးပဲ ဆဲနေဆိုနေတာတော့ သိပ်မဖြစ်သင့်တာ့ဘူးထင်တယ်။ ဆဲလို့ ဘာဖြစ်မလဲ ဆိုတော့ ဒေါသတွေ ထွက်တယ်။ အဆိုးဆုံးက ဇော်မျိုးလို (ကျနော် စွေစောင်းကို ဇော်မျိုးထက် လေးစားပါတယ်။ စွေစောင်းက သူယုံတာသူရေးနေတာပါ။ ) ဝါဒထူထောင်နေ တာလိုလို ၊ သူကြောင်သလို လိုက်ကြောင်မှ ဒီမိုကရေစီရတော့မှာလိုလို၊ မည်းမည်းမြင်ရာ ထင်ရာရှောက်ရေးနေတဲ့ လူက “ဒီမိုကရေစီ သမားများဆဲကြပါ” (အတိအကျမမှတ်မိပါ။) ဆိုတဲ့ စကားမျိုးရေးလာတော့ရင်နာတယ်။ ကျနော်နဲ့ နီးစပ်တဲ့ သူအချို့ ကို မဆဲဖို့ ပြောတယ်။ သံတူကြောင်းကွဲ အဖြေမျိုးတွေကတော့ သူတို့ ဆဲလို့ ကျနော်တို့ ဆဲပါတယ် ဆိုတဲ့ အဖြေမျိုး ပဲရတယ်။ ကျနော့ အမြင်တော့ ချိတ်ချိတ်ခြင်းမို့ ငြိတာပါ။

ကိုယ်ရပ်တည်ချက်ကိုယ်ပဲတွေး စေချင်ပါတယ်။ ကျနော်တို့ ဆဲလို့ နအဖ ပြုတ်သွားမလား။ အဲလို ဆိုရင်တော့ ကျနော်လဲ ဆဲမယ်။ စာရေးမဲ့ အချိန်တွေ အကုန် အပြင်ထန်ဆုံး အပြောင် မြောက်ဆုံး ဆဲလုံးတွေ တွေး ပြီးဆဲမယ်။ နောက်ဗျာ ဗိုလ်သန်းရွှေ ကိုယ်တိုင် CBox ထဲလာ လို့  ဆဲလိုက်တယ် ဆိုတာမျိုးက လက်ခံပေးနိုင်သေတယ်။ အခုဆဲတဲ့လူတွေက ဘာမှအရေး ပါတဲ့လူတွေလဲမဟုတ်ဘူး။ အဆိပ်ပင်မို့ သတ်တယ်ပြောရအောင်လဲ။ နအဖ ပြိုရင်သူတို့ လဲ ဘယ်နားနေရမလဲ တောင် သိမှာ မဟုတ်ဘူး။ ကျနော် အမြင်တော့ ရုရှက ပုဂ္ဂိုလ်တွေ ကို ဆဲတာနဲ တိုက်ခိုက်တိုက်ခိုက် ၊ နောက်ဆုံး တတ်နိုင်လို့  သွားသတ်လဲ ဘာထူးလာမှာမို့ လဲ။ နအဖ က ဆက်ရှိနေမှာပဲ။ နအဖ စစ်ကျောင်းက တစ်နှစ်ကို ရုရှကလူမျိုး ၃၀၀၀ လောက် ထွက်နေတယ်လို့ ထင်တယ်။ ဟိုဘက်က စစ်ဗိုလ်များကလဲ တိုင်းပြည်ချစ်လို့ စစ်ထဲဝင် တယ် ဘာညာဆိုတာတွေ ပြောနေမဲ့ အစား မဆဲပဲ မနေနိုင်ဘူးလား။ တစ်ဘက်က မဆဲပဲနေလိုက် ရင် ဆဲတဲ့လူငပေါ ဖြစ်မှာပဲ။ ဘယ်နှစ်ခွန်းဆဲနိုင်မလဲ။ နောက် CBox ပိုင်ရှင်တွေကလဲ ဆဲတာ နဲ့ ဘလော့လိုက်။ ဆဲနေဆိုနေတာနဲ့ တော့ ဗိုလ်သန်းရွှေလဲ ဘာမှမဖြစ်ဘူး။ နအဖ လဲဘာမှ မဖြစ်ဘူး။ နအဖ နဲ့ စစ်အာဏာရှင်ကို မုန်းကြောင်းပြဖို့ ဆဲတာဆိုရင်လဲ သူတို့ မသိစိတ်မှာ ပြည်သူလူထုက သူ တို့ ကိုဘယ်လောက်မုန်းတယ် ဆိုတာသိပြီးသား။ ခင်ဗျားတို့ သတိထား မိမလား မသိဘူး ဇော်မျိုး ဆိုတဲ့ လူမဆဲဘူး။ သိပ်အကျအနကောက်ချင်သူတွေ အတွက် ထပ်ပြောမယ် ဆဲလို့ အဆင့်မရှိဘူး လို့ ပြောမဲ့ ခပ်ကြောင်ကြောင်လူထဲမှာ ကျနော်မပါဘူး။ ဒါပေမဲ့ ဆဲတာနဲ့ ဒီမိုကရေစီ နဲ့ တော့ ဘာမှ မဆိုင်ဘူး။

ရုရှား ပြဿနာ
အပေါ်မှာ ကျနော်ရေး ခဲ့တဲ့ တချို့ အချက်တွေ ကိုဖတ်ပြီး ရန်သူ့ ဘက်ကလိုက်ရေးတယ် လို့  ဝေဖန်ရင်လဲ ခံယုံပဲဗျ။ ကျနော် ဒီလိုတွေ ရေးလို့ ကျနော့စာတွေကို မဖတ်တော့ဘူး ဆိုလဲ တော်လှန်ရေးကို တခြားနည်းနဲ့ သွားယုံပဲ။ တကယ်တော့ ကျနော်စာရေသည်ဖြစ်စေ၊ မရေသည်ဖြစ်စေ၊ ကျနော် တော်လှန်ရေးလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ နအဖ ကိုတော့ တော်လှန်နေကြဦးမှာပဲ။ ငကန်းသေငစွေလာလိမ့်မယ်။ ကျနော်ကတော့ ကျနော့စာတွေ ကို ကိုယ့်ဘက်ကလူတွေ တင်မဟုတ်ပဲ နအဖ ပုဂ္ဂိုလ်များကို လဲ ဖတ်စေ့ချင်ပါတယ်။ သူတို့  ကိုလဲ ကျနော်တို့ ဘာတွေခံစားနေတယ်၊ ဘာကြောင့်ဘာလုပ်တယ် ဆိုတာမျိုး တွေသိစေ့ချင်ပါ တယ်။ သူတို့ နားလည်နိုင်ရင်၊ ဒါမှမဟုတ်နားမလည်တောင် အတွေးတစ်စလောက်များရသွား ပြီး ဆက်တွေးမိရင် ဆိုတဲ့ မျှော်လင့်ချက်တကယ်ထားပါတယ်။ ကျန်တော် တပ်နဲ့ ပြည်သူ လက်တွဲကူ ဆိုတဲ့ ဆောင်ပုဒ်မျိုးလဲ မတင်ဘူး။ တပ်အချင်းချင်း ထချပြီးဆိုတဲ့ ဟာမျိုးလဲ မရေးဘူး။ ဒါပေမဲ့ ကျနော်တို့ ဘက်က တကယ်လုပ်ပြနိုင်တယ် ဆိုတဲ့ တစ်နေ့ တပ်ထဲက ပြည်သူ့ ဘက်မှာ ရပ်တည်မဲ့ တပ်မှုး၊တပ်သား တွေ ထွက်လာပါလိမ့်မယ်။

အဲလို ထွက်လာဖို့ က ကျနော်တို့ ဘက်ကနိုင်ချေရှိမှ ထွက်လာမှာပါ။ အလကားနေရင်း အလုံးအရင်း နဲ့ ထွက်လာဖို့ ဆိုတာမလွယ်ပါဘူး။ သေချာမှစွန့် မှာပေါ့ ဟုတ်ဘူးလား။ လူဆိုတာ ဘာပဲပြောပြော ကိုယ်နဲ့ ကိုယ့်အသိုင်းအဝိုင်း ကို အရင်ကြည့်မှာပဲ။ သေချာချာ မသေချာချာ ကိုယ်ယုံတာလုပ်မယ် ဆိုပြီး အသေခံထွက်လာတဲ့ လူမျိုးကတော့ အရှားသား။ စက်တင်ဘာမှာ ပြန်ကြည့်ရင် ပဲ လမ်းပေါ်ထွက် ဆန္ဒပြတဲ့လူ အရေအတွက်ဟာ တစ်နိုင်ငံ လုံးနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး လို့ ပြောမယ်ဆိုပြောလို့ ရပါတယ်။ ဒီအချက်ကို ကြည့်ပြီး နအဖကို မကျေနပ်တာ ဒါလောက်ပဲ ဆိုတဲ့ အတွေးအခေါ်မျိုးကတော့ ဗိုလ်ကျော်ဆန်းလို အရပ်နဲ့ ခေါင်းနဲ့ အချိုးညီတဲ့ နအဖ ရင်မကြီးတွေ ပဲတွေတတ်တာပါ။ ကျန်တဲသူတွေလဲ မုန်းလိုက်တာမှ အူထဲကရောအသည်းထဲကရောပဲ။ဘာလို့ မထွက်လဲ ဆိုတော့ သေမှာကြောက်လို့ ဗျ။ တချို့ ဘာပဲဖြစ်ဖြစ်သေမှာကြောက်တယ်။ တချို့ လဲ မသေချာပဲ နဲ့  မသေချင်ဘူး။ ဘာမှ မကြည့်နဲ့  ဒီထဲမှာ ၉၀၊၉၆၊၉၉ အရေးအခင်းတွေ တသီကြီးမှီ ခဲ့တဲ့လူတွေ အများကြီးပါ။ ဘယ်သူဘယ်လို ရပ်တည်ခဲ့လဲ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရအောင်။

ကျနော်တော့ ရုရှကလူတွေကို မဆဲဘူး။ မဆဲမဆို၊ ငြင်ခုန်တာမျိုးမဟုတ်တဲ့ ကြားကျတဲ့ ခေါင်းစဉ်တွေ (ပညာရေး၊ စီးပွားရေး၊ ကျန်မာရေး ဘာလို့ နိမ့်နေလဲ) ကိုဆွေးနွေးချင်တယ်။ တကယ်ဆွေးနွေးကျရင် ဘာကြောင့်ဆိုတာသိလာမယ်။ အမှန်ကို တကယ်သိလာတဲ့လူက အကြာကြီးမှား မနေနိုင်ပါဘူး။ နအဖ စစ်ဗိုလ်ချုပ်တွေတော့မပါဘူးပေါ့ဗျာ။ ရုရှက စစ်ဗိုလ် တွေဆိုတာ တလမှ ဒေါ်လာ ၂၅၀ နဲ့ နေနေရတာ။ စားနိုင်သောက်နိုင်တဲ့ ရာထူးရောက်ဖို့ က လည်း စောင့်ရဦးမယ်။ ဒါလဲ အထက်အရာရှိနဲ့  အဆင်ပြေမှ။ အဲဒီတော့ သူတို့ မှ အမှန်တရား ကိုလက်ခံနိုင် ဖို့  နေရာကျန်သေးတယ်လို့ ထင်တယ်။ တချို့ တချို့ လဲ လူမြင်ကွင်းတော့ ယူနီဖောင်း လေး ဝတ်ပြီး ဇောင့်ကြွားဇောင့်ကြွားလုပ်၊ ကာနယ်ကြီး အိမ်ကြ ဖိနပ်တိုက်ပေး၊ အဝတ်ရုပ်ပေး ဘဝကို ပဲလောက နိဗ္ဗာန် ထင်နေ မှာပဲ။ အဲလို လူတွေချည်းပဲ ဆိုတာတော့ ကျနော်မယုံဘူး။ လူကောင်းလေးတွေကို တော့ ရှာကြည့်ချင်သေးတယ် ။ ဆွေးနွေးချင်သေး တယ်။ သူတို့ ကိုယ်ခံအားကို လဲကျနော်ယုံတယ်။

နောက်တစ်ခုက ဒီအချိန်မှာ ကျနော်တို့ ရောသူတို့ ရော တိုက်ပွဲပြင်ပမှာပါ။ အဲဒီတော့ ကျနော်တို့  ဆက်ဆံလို့ ရတယ်။ တတိယပုံစံပေါ့ဗျာ။ ကျနော်လဲ တော်လှန်ရေးကြောင်း မပြောဘူး။ သူတို့ လဲ စစ်တပ်အုပ်ချုပ်ရေးကို ဘုန်းတော်မဘွဲ့ နဲ့ ပေါ့ဗျာ။ သူတို့ လဲ ရုရှား ရောက်တုန်း အင်တာနက်ကို ဖောဖောသီသီ လွတ်လွတ်လပ်လပ်သုံးခွင်ရတာ။ မြန်မာပြည် ပြန်ရောက်ရင် ဘယ်လိုမှ ဒီနေရာတွေကိုလွတ်လွတ်လပ်လပ်လာလို့ ရမှာမဟုတ်တော့ဘူး။ တော်လှန်ရေး သမားကောင်းဆိုတာ တိုက်တာခိုက်တာ တစ်ခုထဲထူးချွန်ယုံနဲ့ မဖြစ်ဘူးဗျ။ သံခင်းတမန်ခင်းလဲတတ်ရမယ်။ ရန်သူကို စည်းရုံးနိုင်ရမယ်။ တကယ့်ခေါင်းဆောင်ကောင်း တွေဆို ရန်သူကိုယ်တိုင်က လေးစားတယ်။ (မဟာဗန္ဓုလ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ရွမ်းမဲလ်) ဖမ်းမိရင်တော့ သတ်မှာပေါ့ဗျာ။ ပြီးတော့ ဒီမိုကရေစီရတာနဲ့  စစ်သားတွေစစ်ဗိုလ်တွေ အလုပ် ပြုတ်စေဆိုတာမျိုးလဲ လုပ်လို့ မရဘူး။ သူတို့ နဲ့ သူတို့ မိသားစုကလဲ သန်းချီရှိနေတာကို။ အဲဒီလူတွေ သာအလုပ်လက်မဲထပ်ဖြစ်ရင် လက်ရှိအလုပ်လက်မဲ့ ဦးရေနဲ့ ပေါင်းပြီး ကျောင်ခမန်းလိလိတက်လာလိမ့်မယ်။ အောက်ခြေ နဲ့ အရာရှိငယ်တွေ ကို ဆက်ထားရမှာပဲ။ မြွေပွေးခပိုက်ပိုက်တယ် တို့ ဘာတို့ ခပ်ကြောင်ကြောင်တွေလာမပြောနဲ့ ။ တကယ်မြွေပွေး အစစ်ဆို တပ်ထဲကထုတ်လိုက်လဲ လိုက်ကိုက်မှာပဲ။ တပ်ထဲမှာရှိနေတာမှ စောင့်ကြည့်နေလို့  ရဦးမယ်။ ခင်ဗျားတို့ သိပြီးသားဖြစ်ပေမဲ့ ကျနော် မှာဒီထက်ကောင်းတဲ့ ဥပမာမရှိလို့ ပြော ပါရစေ။ လွတ်လပ်ရေး မရခင် ဖက်ဒရယ် ကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကိုဝိုင်းကန့် ကွက်တော့ “၁၀ နှစ်အချိန်ရတာမှ သူတို့ ခွဲထွက်ရင် ကျုပ်တို့ မစည်းရုံးနိုင်လို့ ကျုပ်တို့ ညံ့လို့ ပေါ့ဗျာ” ဆိုတဲ့ စကား။

ဘာကြောင့် ၁၉
နအဖ ဘာကြောင့်ယိုင်နဲ့ ယိုင်နဲ့ နဲ့ ၁၉နှစ်တိုင်ခဲလဲ ဆိုတော့ ကျနော်တို့ ညံ့လို့ လို့  ပဲမြင်ပါ တယ်။ ကျနော် တို့ ၁၉ နှစ်အတွင်း အတိုက်အခံအဖွဲ အစည်းတွေများလာတာပဲ ရှိတယ်။ ဘာမှ ဖြစ်မလာဘူး။ တကယ်လို အပ်တဲ့ စည်းလုံးမှုမတည်ဆောင်နိုင်ဘူး။ လက်ငင်းရည်ရွယ် ချက်ကို မပြတ်သားဘူး။ အာဏာရရေးလား။ အဏာရှင်ကျဆုံးရေးလား။ အာဏာရှင်ကျဆုံး ရေး ဆိုရင် တော့ အရင်ဆုံး အာဏာရှင်ပြုတ်ကျရေးလုပ်ကြပါ။ တချို့ စိုးရိမ်နေသလို စည်းလုံး မှုမရှိပဲ စစ်တပ်ပြုတ်သွားလဲ ကွဲကျပြဲကျနဲ့ တိုင်းပြည်ဒုက္ခရောက်မယ်ဆိုတဲ့ အတွေမျိုး ကျနော် လက်မခံပါဘူး။ ဒီမိုကရေစီတိုက်ပွဲ ဝင်နေတဲ့ ခေါင်းဆောင်တွေ အနေနဲ့  သံခင်းတမန်ခင်း နဲ့  ကွဲကျပြဲကျမယ် ။ ဒီမိုကရေစီဆန်ဆန် သဘောထားကွဲကျမယ် ဆိုရင် ရောင်စုံခေတ်ကို ပြန်ရောက်ဖို့ မမြင်ပါဘူး။

နအဖ ကတော့ရှင်းတယ်။ ဦးတည်းချက်ကလည်း အာဏာတည်မြဲရေးပဲ။ အဲဒီအတွက် ချော့ စရာရှိချော့တယ်။ ချောက်စရာရှိချောက်တယ်။ နောက်လူသိရှင်ကြားဘယ်တော့မှ မကွဲလွဲဘူး။ ကွဲလွဲရင်လဲ တခါထည်းကိစ္စတုံးလုပ်တယ်။ (ဗိုလ်စောမောင်၊ဗိုလ်တင်ဦး၊ ဗိုလ်ခင်ညွန့် ) ကျနော်တို့ ဘက်ကတော့ ရန်သူပျော်ရုံ၊ သတင်းပေါက်ကြားရုံကွဲကျပြဲကျ နဲ့ သံသယာလည်နေ တယ်လို့ ထင်ပါတယ်။ ဒါကလဲ နအဖ လို စည်းလွတ်ဝါးလွတ် မလုပ်ချင်တဲ့ စိတ်ကောင်းတွေ ကြောင့်လို့ မြင်ပါတယ်။ မကြာခင်ကျနော်တို့  ခေါင်းဆောင်တွေ လမ်းကြောင်းတစ်ခုရှာတွေ့  ပြီး စစ်ကျွန်ဘဝက လွတ်မြောက်စေလိမ့်မယ် လို့ ယုံကြည်နေတုန်းပါ။

တကယ်တော့ကျနော်က ကိုယ့်ဘဝလေးနဲ့ ကိုယ် အေးအေးနေချင်တဲ့ကောင်ပါ။ ဒါပေမဲ့ ဘဝ ကအဲလို နေဖို့ ခွင့်မပေးခဲ့ဘူး။ ဒါပေမဲ့ ကျနော်ဟာ နောက်လိုက်ကောင်းတစ်ယောက် အနေနဲ့  ကျနော်တတ်နိုင်တဲ့ ဘက်ကနေ မင်းဆိုးမင်းညစ်ဟူသမျှ ကို တော်လှန်နေဖြစ်မယ်ထင်ပါ တယ်။ ကျနော်ရေးတဲ့ စာဟာ ရန်သူပျော်စေနိုင်မဲ့ အချက်တစ်ချက်မှ မပါဘူးလို့ ထင်ပါတယ်။ တကယ်လို့ ပါခဲ့လို့ ရှိရင်လဲ စေတနာအမှားလို့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ လေးလေး နက်နက် ထပ်ပြောပါရစေ။ ကျနော်ခေါင်းဆောင်တွေကို ကျနော်တို့ လွတ်မြောက်ရေးအတွက် အကြွင်းမဲ့ မျော်လင့်ယုံကြည်နေပါသေးတယ်။ တကယ်လို့ ကျနော်မယုံကြည်တော့တဲ့ နေကြရင်လဲ ငြိမ်းချမ်းစွာ လက်တွဲဖြုတ်ပြီး ကိုယ်နည်းကိုယ်ဟန်နဲ့ တိုက်ပွဲဝင်နေပါဦးမယ်။သူခိုး ဘဝ ကစပြီး တိုက်ပွဲဝင်ပါ့မယ်။ ဗမာစကားပုံရှိပေမဲ့ အဲလိုတော်လှန်ရေးမျိုးတစ်ခါမှ မတွေ့  ဘူးသေးပါဘူး။ သူခိုးကြီးတော့ ဓါးပြ၊ ဓါးပြကြီးတော့ သူပုန်၊ သူပုန်ကြီးတော့ အစိုးရ တဲ့။ စိတ်ကူးယဉ်ဆန်တယ်ပဲပြောပြောကျနော် တကယ်သွားဖြစ်တဲ့ အခါကျနော် သူငယ်ချင်းတွေကို မေးပို့ ပြီးခေါ်ဦးမယ်။ ကျနော်ပေးထားတဲ့ ခေါင်းစဉ်လေးလို့ ပေါ့ ဗျာ။ ကျနော်တို့ မင်းဆိုး မင်းသူခိုး နဲ့ တန်သလား မင်းကောင်းမင်းမြတ်နဲ့ တန်သလား ဆိုတာ အာလုံးဝိုင်းပြီး စုစုစည်းစည်း အဖြေထုတ်ရအောင်။
မိုးထက်နေ

ဒီဆောင်းပါးနဲ့ ပက်သက်ပြီး ဆဲချင်၊ဆွေးနွေးချင်ရင် moehtetnay@gmail.com ကိုတိုက်ရိုက်ပို့ ပါခင်ဗျာ။ ကျနော်ဟာ ရွှေဘိုသား ဘလော့ပိုင်ရှင်မဟုတ်ပါဘူး။ ရွှေဘိုသား မှာ စာရေးသူ သာဖြစ်တဲ့အတွက်ပါ။

လုပ်ချင်ဦးဟဲ့ လုပ်ကြံရေး

မြန်မာနိုင်ငံ စစ်အာဏာရှင်အောက်က လွတ်မြောက်ဖို့ ဝိုင်းဝန်းကြိုးစား ကြတဲ့လူငယ်တွေ ရဲ့  ဦးဆောင်မှုနဲ့ နောက်ဆုံးတော့ အာဏာရှင်အဓိပတိကြီးကို ဆုငွေထုတ်နိုင်ခဲ့ပါတယ်။ ဆုငွေ ပမာဏကလဲ မြို့ မေတ္တာခံယူတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တာကြောင့် ဒီရေအလား တရိပ်ရိပ်တက်လိုက် တာများ နောက်ဆုံတော့ စတင်မတည်ငွေဟာ စုစုပေါင်းရရှိမဲ့ ဆုငွေရဲ့ ဝ.၁ ရာခိုင်းနှုန်းသာရှိပါ တော့တယ်။
တစ်နေ့ တော့ ဆုငွေကိုင်တွယ်ထားတဲ့ ကော်မတီထံကို ဗမာပြည်တွင်း ကနေဖုန်း ခေါ်သံတစ် ခုဝင်လာခဲ့ပါတယ်။ တော်တော်မူးယစ်နေပုံ ရတဲ့ ဟယ်လို ဆိုတဲ့ အသံနဲ့ ပေါ့။
လူစိမ်း။ ။ ဗိုလ်သန်းရွှေကို သတ်ပေးတဲ့ ဘယ်သူ့ မဆို ဒီဆုငွေကို ထုတ်ယူခွင့်ရှိပါသလား။

တာဝန်ခံ။ ။ ရပါတယ်ခင်ဗျာ။ တကယ်လို့ မပြောကောင်းမဆိုကောင်း ခင်ဗျား အထိအရှ ဖြစ် သွားတယ် ဆိုလဲ ကျန်ခဲ့တဲ့ ခင်ဗျားမိသားစု ကို ကျနော်တို့ လွဲပေးမှာဖြစ်ပါတယ်။
လူစိမ်း။ ။ကျုပ်သိချင်တာ ကျုပ်ရမလား မရဘူးလားပဲသိချင်တာ။
တာဝန်ခံ။ ။ရပါတယ်။
လူစိမ်း။ ။ကျုပ်က ရာဇဝတ်သား၊ အရက်သမား၊ စက်တင်ဘာတုန်းက လူတွေကိုရိုက်ခဲ့နှက်ခဲ့ ဘူးတဲ့ ကောင်ဆိုရင်ရော ဗျာ။
တာဝန်ခံ။ ။အဲဒါဆိုလဲ ခင်ဗျားလုပ်ခဲ့တဲ့ မကောင်းမှု အားလုံးကို ခင်ဗျားရဲ့ နောက်ဆုံး လုပ်ရပ် နဲ့  ချေဖျက်ပေးရမှာပါဗျာ။ စိတ်ချပါ။
လူစိမ်း။ ။ကျနော် သူ့ နှဖူးအလည်တည့်တည့်ကို ပစ်မယ်ဗျာ။ ပြီးတော့ သူ့ လက်မကို ပါစပ်ထဲ ပြန်ထိုးထဲ့ ခဲ့မယ်။
တာဝန်ခံ။ ။ဒီလောက်သေချာနေရင် ခင်ဗျား က သူ့ ကိုယ်ရံတော်တပ်အရာရှိတို့ ဘာတို့  ဖြစ်မယ် ထင်တယ်။ လေစားပါတယ်ဗျာ။ ခင်ဗျား နအဖ ကိုဆန့် ကျင်တဲ့ ပြည်သူဘက်သား တစ်ယောက်အနေနဲ့ ကြိုဆိုပါတယ်။ ကျနော်တို့ ခင်ဗျားကို အကာအကွယ်ပေးဖို့ လဲကြိုးစား ပါမယ်။
လူစိမ်း။ ။မလိုဘူးဗျာ။ အဓိကက ပိုက်ဆံပဲ။ သတင်းစာစောင့်ဖတ် အဲဒီပုံစံနဲ့  သေတယ် သတင်းပါလာရင် ကမ္ဘောဇဘဏ် အကောင့်နံပတ် xxxxxxxxxx ကို သာ ပိုက်ဆံလွဲလိုက်၊ မြဝတီဘဏ်ခွဲကနေလွဲ ငွေသိပ်များတော့ အဲဒီဘဏ်ရဲ့ တာဝန်ခံ ဦးxxx ကနေတဆင့်လွဲ ဟုတ်ပြီလား။ ဒေါ်လာပေးလဲ ရတယ်။
တာဝန်ခံ။ ။စိတ်ချပါဗျာ။ အောင်မြင်ပါစေရဲဘော်။
လူစိမ်း။ ။ပိုက်ဆံပဲ အရေးကြီးတယ် ကျန်တာအရေးမကြီးဘူး။ ကျုပ်အကုန် စီစဉ်ပြီးသား။ ငှဲငှဲငှဲ
ဆုငွေတာဝန်ခံကော်မတီ ဝင်များလဲ အဲဒီအမူးသမား အသံနဲ့ လူဖုန်းဆက်ပြီးနောက်ပိုင်း သတင်းဆိုဒ်တွေ၊ ဘလော့တွေ၊ ပြည်တွင်းသတင်းစာတွေ မလွတ်တန်းထိုင် ဖတ်ရင်း သတင်းကိုမျှော်နေတာပေါ့လေ။ လုပ်ကြံမှုအောင်မြင်တဲ့ သတင်းပဲပါလာမလား။ ကိုယ်ရံတော် တပ်က ဗိုလ်တစ်ယောက်ယောက် လုပ်ကြံရန်ကြံစည်မှုနဲ့ အဖမ်းခံရမဲ့ သတင်းများပါလာမလား ဆိုတဲ့ မျော်လင့်ချက်နဲ့ ပေါ့လေ။ တဖက်ကလဲ ရူးကြောင်မူးကြောင်စိတ်ကူယဉ်ဆန်ဆန်တွေးပြီ ပြောများသွားသလား။ ဒါမှမဟုတ် ဘဏ်တွေဘာတွေပါ အသေးစိတ်ပါလာတယ် ဆိုတော့လဲ အားကိုးလောက်တဲ့ အဖွဲ့ အစည်းတစ်ခုများ ပြည်တွင်းမှာ ပေါ်ပေါက်နေပြီးလား အစသဖြင့် တွေးလိုက်၊ ငြင်းလိုက်နဲ့ နေ့ လာလိုက်တာ တပတ်လောက်ထိ ဘာမှမထူးခြားတဲ့ အခါတော့ စိတ်လျော့ ရမလို ဖြစ်နေပါရောလား။ ဖုန်းဆက်တဲ့ရက်က နေ ၈ ရက်မြောက်တိတိမှာ နိုင်ငံတကာသတင်းဆိုဒ် တွေ၊ ဘလော့တွေနဲ့  သတင်းစာတွေ မှာ ဗိုလ်သန်းရွှေ အလုပ်ကြံခံ ရတဲ့ သတင်းတွေဝေဝေ ဆာဆာနဲ့ ပါလာပါတော့တယ်။ ဓာတ်ပုံတွေ မှာပါတဲ့ ပုံကလဲ နှဖူးအလည်တဲ့တဲ့မှာ အပေါက် လေးနဲ့ ၊ လက်မကို ပါးစပ်ထဲကိုက်ထားပြီး ကွေးကွေးလေး လဲကျနေတာလဲသေချာပါတယ်။ ဒီတော့ ဆုငွေတာဝန်ခံကော်မတီလူကြီးများလဲ မဲဆောက်မှာ ရှိတဲရဲဘော်တွေ ဆီကိုငွေလွဲ၊ အဲဒီကမှ တဆင့် မြဝတီဘက်ကူး၊ ဘဏ်ရောက်တော့လဲ အဆက်အသွယ် လုပ်ရမဲ့ ဘဏ့်တာဝန်ခံ ဦးxxx ကလဲ အသင့်စောင့်ကြိုလို့ ပေါ့လေ။ ငွေလွဲတဲ့ လူတွေရော ငွေလက်ခံတဲ့ လူတွေပါ တပြုံးပြုံး နဲ့ ပေါ့။ ငွေတွေရေနေတဲ့ အချိန် ဘဏ်ကဧည့်ခံ ထားတဲ့ လက်ဘက်ရည်တွေ၊မုန့် တွေစားကြသောက်ကျနဲ့ ပေါ။ အားလုံးရေတွက်ပြီးသွားတဲ့ အခါ မှာတော့
ဦးxxx။ ။ငွေလဲပြည့်ပါတယ် ခင်ဗျာ။ ခုလို ချက်ချင်းလာပို့ ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
ငွေပို့ သူ။ ။ကျနော်တို့ ဘက်က သိတတ်ရမှာပေါ့ဗျာ။ ဒါနဲ့ ငွေလွဲခဘယ်လောက်ကျပါလဲ ခင်ဗျာ။
ဦးxxx။ ။ဟာပေးစရာမလိုပါဘူးခင်ဗျာ။ FOC ပါ။ ဒါက ခင်ဗျားတို့ ငွေလာပို့ တဲ့လူ နှစ်ယောက် အတွက် အကျိုးဆောင်ခ ဒေါ်လာ ၁၀၀၀ စီ။ ပေါင်း ၂၀၀၀ ရေကြည့်ပါဦး။
ငွေပို့ သူ။ ။ဟုတ်ကဲ့ပါ ကြည့်ရတာအခြေအနေကလဲ အေးချမ်းပုံပါပဲ။ သတိတော့ထားဗျာ။ သိပ်မရဲတင်း စေချင်ဘူး။ ဒီလိုကိစ္စဆိုတာ အန္တရယ်ကြီးတယ်ဗျ။ ဘယ်လိုပဲ ဖြစ်ဖြစ်ခင်ဗျားတို့  လူစုရဲ လုပ်ရပ်နဲ့ သတ္တိကိုတော့ လေးစားပါတယ်။ နိုင်ငံမှာ ခင်ဗျားတို့ လို လူတွေချည်းဆို ကျုပ်တို့  တိုင်းပြည်ကောင်းစားပြီဗျ။
ဦးxxx။ ။ ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ။
ငွေပို့ သူ။ ။မသိလို့ တစ်ခုမေးပါရစေ ဖြေလို့ မရရင်လဲ ကိစ္စမရှိပါဘူး။ ကျနော်တို့ ခုငွေပို့ တဲ လူရဲ့ နာမည် ၊လျှို့ ဝှက်အမည် ဖြစ်ဖြစ်ပေါ့ ခင်ဗျာ ပြောလို့ ရမလား။ ကျနော်တို့ သေချာ မှတ်တမ်းလေး ရေးထားချင်လို့ ပါ။
ဦးxxx က မျက်မှောင်ကျုတ်ပြီး ပြန်ပြောလိုက်တာကတော့
“ဟာ ခင်ဗျားတို့ မသိသေးဘူးလားဗျာ ဒီလာက် တစ်တိုင်းပြည်လုံး အုပ်အော်သောင်းနင်း ဖြစ်နေတာကို ။ ခုနပဲ သူ ကာကွယ်ရေးဦးစီချုပ်အသစ်စက်စက်အနေနဲ့  တီဗီကနေ
မိန့် ခွန်းပြောသွားတယ်လေဗျာ။”

ဒွန်ကွီးဇိုး

ရွှေဝါရောင် တော်လှန်ရေး ရဲ့  အနစ်သာရဟာ ၉၀ ရွေးကောက်ပွဲ အသက်သွင်းရန် မဟုတ်

ခုရက်ပိုင်း နအဖ ဘက်တော်သား ဘလော့များ၊ ဟိုလိုလို ဒီလိုလို ဘလော့များ မှာ သတင်းစာရှင်းလိမ် ပွဲ နဲ့ ပတ်သက်တဲ့ ပို့ တော်တော်များများ ရေးသားနေတာကိုတွေ့ ရ ပါတယ်။ အဓိကကတော့ ဟုတ်သော်ရှိမဟုတ်သော် ရှိ နအဖ ရဲ့ လမ်းပြမြေ ပုံကို ထောက်ခံ ရေး ဆိုတဲ့ လမ်းကြောင်း ကို အတင်းရောဇွတ်ရော ဆွဲယူရေးသားနေကြတာပဲ ဖြစ်ပါတယ်။ စင်ပေါ်တင်ပေးသလို ဖြစ်မှာ စိုးတဲ့ အတွက် ဘယ်မှာဖတ်ခဲ့တယ် ဆိုတာတော့ မပြောတော့ပါ ဘူး။ ဟိုဘက်လိုလို ဒီဘက်လိုလို ခွနေတဲ့ ဘလော့တစ်ခုမှာ ရေးထားတဲ့ အဲဒီ ဆောင်းပါးနဲ့  ပတ်သက်ပြီး နည်းနည်း ရှင်းလင်းစရာလေးတွေ ရှိလို့ အခုဆောင်းပါကိုရေးလိုက်တာပါ။

အစကတည်း က ဒေါ်အောင်ဆန်းစုကြည် ကို တန်းတူရည်တူဆွေးနွေး ဘက်အဖြစ် သတ်မှတ် လက်ခံခဲ့ တာမဟုတ်ကြောင်းကို တော့ နိုင်ငံရေး အကျဉ်းသား အဖြစ်ဆက်လက် ထိန်းသိမ်း ထားတာ တစ်ခုနဲ့ တင် တခြားသက်သေ ရှာနေဖို့ မလိုအပ်တော့ပါ။ ဆွေးနွေးပွဲ ကျင်းပဖို့  ပြင်ဆင်တာတွေ၊ အကျဉ်းသားလွတ်ပေးတာ တွေ ဆိုတာ ဟန်ပြလုပ်ဆောင်မှု သက်သက်ဖြစ် ပါတယ်။ တကယ်လက်တွေ လွတ်ပေးတယ်ဆိုတဲ့ နိုင်ငံရေး အကျဉ်းသား ဆိုတာ လွတ်ပေးတဲ့ အကျဉ်းသား ဦးရေ နဲ့ ချိန်ကြည့်ရင် တစ်ရာခိုင်နှုန်းတောင် မရှိဘူးဆိုတာလဲ အားလုံးသိပြီးဖြစ် ပါတယ်။

စက်တင်ဘာတော်လှန်ရေး ပြီးပထမဆုံး အကြိမ်သတင်းစာ ရှင်းလင်းပွဲ ဖြစ်တဲ့ အတွက် ပြည်တွင်းပြည်ပ ရဲ့ စိတ်ဝင်စားမှု၊ အာရုဏ်ကျမှုကို တော်တော်လေးရတယ်လို့ ပြောလို့  ရပါတယ်။ ဒါပေမဲ့ အရင့်အရင် က သတင်းစာရှင်းလင်းပွဲ တို့ လို့ ပါပဲ ရှိသမျှအပေါက် အကုန်ပိတ် ပြီးလုပ်ဇာတ်တွေခင်း တာပေါ့ဗျာ။ ဗိုလ်ကျော်ဆန်း၊ ဗိုလ်ခင်ရီ တို့ တာဝန်ခံ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ ဆိုတော့လဲ ထုံးစံ အတိုင်း ဇွတ်ဒရွတ် ဖန်တီးထားတဲ့ ဇာတ်လမ်းတွေကို ကိုယ့်စာရိတ်ကိုယ်စား နားထောင်၊ ဇာတ်တိုက်ထားတဲ့ မေးခွန်းတွေမေး ဆိုတာထက် ဒီသတင်းစာ ရှင်းလင်းပွဲရဲ့  ထူးခြားချက်က အတိုက်အခံအားလုံး နဲ့  ကမ္ဘာနိုင်ငံအား လုံးကို တစ်ဘက်လှည့်ပြီး ရာဇသံပေးလိုက်တယ် လို့  ထင်ပါတယ်။ ဒါကတော့ လမ်းပြမြေပုံ အတိုင်း ရှေ့ ဆက်သွားမယ် ဆိုတာ တစ်ဘက်လှည့်နဲ့  အသိပေး ပြောဆို သွားတာဖြစ်ပါတယ်။

ဖွဲ့ စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ရဲ့  အခန်းကို လဲ လုံးဝ ထဲ့ သွင်း တွက်ချက်ခြင်း မရှိတာကို တွေ့ ရပါတယ်။ နအဖ ဟာ အချိန်ဆွဲဖို့ နဲ့  နိုင်ငံတကာ ဖိအား လျော့ကျရေး အတွက် ဒီ ဆွေးနွေးပွဲ ကို ယောင်ပြလက်ခံ ခဲ့တယ် ဆိုတာကို အစောကတည်းက သိရှိခဲ့ပြီးဖြစ်ပေမဲ့ ဒီလောက်မြန်မြန်ဆန်ဆန် မျက်နှာပြောင် တိုက် ပြီးဆွေးနွေးပွဲ ကို ကြောခိုင်းမယ် လို့ တော့ ဘယ်သူမှ ခန့် မှန်းမိမယ် မထင်ပါဘူး။ ခုဟာကတော့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးသည် ဖြစ်စေမဆွေးနွေး သည်ဖြစ်စေ အမျိုးသားညီလာခံ ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ကို စတင်ရေးဆွဲတော့ မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးလို့ လဲ ဘယ်လို ဥပဒေ တစ်ခုမှ ဖြစ်လာမှာ မဟုတ်သလို ၊ မဆွေးနွေးလို့ လဲ ဘယ် ဥပဒေတစ်ခုမှ ချန်ခဲ့မှာ မဟုတ်ပါဘူး။ အဲဒီတော့ နအဖ အနေနဲ့  ဆက်ဆွေးနွေးလဲ ဆွေးနွေးဘက်တွေ ကို ထမင်းသိုးဟင်းသိုး အနေနဲ့ သဘောထားမယ် ဆိုတာ ထင်ရှားနေပါပြီ။

ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ ဆုံဆွေးနွေးမဲ့ အဓိက အချက်ဆိုတာက လဲ စစ်တပ်နဲ့  အတိုက်အခံပြန်လည် သင့်မြတ်ရေး သက်သက်ဖြစ်တယ် ဆိုတာကလည်း တော်တော်ရီစရာ ကောင်းတဲ့ အချက်လို့ ပဲမြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားခေါင်းဆောင် တစ်ယောက်အနေနဲ့လေးစား ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အဆင်ပြေရင် အတိုက်အခံအားလုံး နဲ့ အဆင်ပြေမယ်ဆိုတဲ့ တွေးလုံးကတော့ တော်တော် နိမ့်ပါးလွန်းတယ် လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ စစ်တပ်ဘယ်လောက်အဆင်ပြေပြေ စစ်တပ်ရဲ့  ဖက်ဆစ်ဆန်တဲ့ လုပ်ရပ်တွေ လမ်းစဉ်တွေကို မစွန်လွတ်သမျှ ပြည်သူဟာ စစ်တပ်ကို လက်ခံနိုင်လိမ့်မယ် မဟုတ်ပါဘူး။ သွေးရူးသွေးတန်း အတွေးအခေါ်သက်သက်နဲ့ သာ ဒီစကား မျိုးကို အရှက်ကင်းကင်းပြော သွားတာဖြစ်ပါတယ်။ အစောကတည်း က မှန်တာကို လုပ်ခဲ့ တယ် ဆိုရင် ပြည်သူလူထု ဟာ နလပိန်းတုံး မဟုတ်ပါဘူး။ ပြည်သူဆိုတာ အစဉ်အဆက် အမှန်တရား ဘက်ကနေခဲ့တာပါ။ အာဏာရှင် ကိုလက်မခံခဲ့တာပါ။

နောက်ထပ် ရီစရာကောင်းတဲ့ အချက်က ပြည်သူ့ ဆန္ဒခံယူပွဲ လုပ်ပြီး ဖွဲစည်းပုံကို အတည်ပြု မယ် ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပမယ်၊ အဖွဲအစည်းတိုင်း လွတ်လပ်စွာပြော ဆိုစည်းရုံးခွင့် ရှိမယ်ဆို တဲ့ အချက်တွေပါပဲ။ ပြည်သူဆန္ဒကို နအဖ ဘယ်လိုခံယူလေ့ရှိတယ် ဆိုတာလူတိုင်း သိပြီးဖြစ်ပါတယ်။ ကျောင်းသားတွေ၊ ရုံးဝန်ထမ်းတွေ၊ ဆရာဆရာမတွေ နောက် သူတို့ ရဲ့ ခါးပိုက်ဆောင် အဖွဲ့ အစည်းတွေကို နီးစပ်ရဘောလုံးကွင်းထဲ ဆွဲသွင်း ပြီးတော့ စင်ပေါ်ကပြော သမျှထောက်ခံပါတယ် အော်ခိုင်း နဲ့ လုပ်ယူထားတဲ့ ပြည်သူ့ ဆန္ဒတွေ ချည်း ခံယူလာတာ ဆယ်စုနှစ်နှစ်ခုနားကပ်နေပြီ။ နောက်လွတ်လပ်စွာ စည်းရုံးဟောပြောခွင့် ဆိုတာလဲ ဘာမှ မစည်းရုံးမဟောပြောပဲ လမ်းပေါ်လှည့် မေတ္တာပို့ နေတဲ့ သံဃာတွေကို တောင် ရက်ရက်စက်စက် သတ်ဖြတ်တဲ့ အစိုးရဆီ ကနေ ဘယ်လို လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့်မျိုး မျော်လင့်နိုင်မလဲ ဆိုတာတော့ ကျနော်တော့ တွေးကြည့်လို့ ကိုမရဘူး။ နောက် ရွေးကောက်ပွဲ ဆိုတာလဲ တောထဲကဆင်ကို ခမဲပေးသလို ပါပဲ။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို တောင် အကြောင်းပြချက်ပေါင်း များစွာနဲ့ မျက်နှာပြောင်တိုက် ငြင်းပယ်ခဲ့ သေးတာပဲ ။ အာဏာရဲ့ အရသာကို နှစ်နှစ်စာလောက် မြည်းစမ်းခွင့်ရတဲ့ အချိန်ကတည်း က မလွတ်တမ်း ဖက်တွယ်ထားတဲ့ စစ်အစိုးရအနေ နဲ့  အနှစ် နှစ်ဆယ်စာလောက် အရသာတွေ သိတဲ့နောက် ထပ်အရူးကွက်နင်း ဦးမယ်ဆိုတာ အလွယ်တကူ သိထားနိုင်ပြီးဖြစ်ပါတယ်။ အထက်ပါ အချက်တွေ ကတော့ နအဖ သတင်းစာရှင်းလင်း ပွဲ ရဲ့ ဆိုလိုရင်းတွေ အပါ် ကျနော် တတ်နိုင်သလောက် ပြန်လည်း ဆွေးနွေးထားတာဖြစ်ပါတယ်။

အခု အခြေအနေ မှာ စစ်အစိုးရ ဘက်က ရန်စည်းဖြတ်ပေးလိုက်ပြီ ဆိုတာကို ကျနော်တို့  ဒီမိုကရေစီ ဘက်တော်သား အများစုသိပြီး ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ အသွင်ပြောင်းရေးတို့  အထီကျန်မှုဖြင့် အာဏာရှင် ဖြုတ်ချရေးဆိုတာတွေ ဖြစ်လာဖို့ အခွင့်အရေးတော်တော် နည်းပါးသွားပြီ ဖြစ်ပါတယ်။ အာဏာရှင်ပါဝ နအဖ ဟာ လက်ရှိအနေအထား မှာ ကြေးစား ဘလောဂါတွေ ကြေးစား မီဒီယာတွေ ထူထောင်ပြီး တော်လှန်ရေး စိတ်ရှိသူတွေ တွေဝေယိမ်း ယိုင် အောင် တန်ပြန်ထိုးနှက်နေပါတယ်။ တစ်ချို့ ဆောင်းပါးတွေ ဆိုရင်စေတနာ ဗရဗွနဲ့  တင်ပြဆွေးနွေး ဟန် နဲ့  လူထုကို အာရုံပြောင်းဖို့ အားထုတ်နေတာကို တွေ့ ရပါတယ်။ အထင်ကရအတွေ အခေါ် လမ်းကြောင်းကတော့ နအဖ နဲ့ ပူးပေါင်းပြီ လမ်းပြမြေပုံ လက်ခံကြိုဆို ရေးသက်သက်ဖြစ်တယ် ဆိုတာပါပဲ။

ကျနောဖတ်ခဲ့တဲ့ ဆောင်းပါးတစ်ခုရဲ့ အာဘော်မှာဆိုရင် အတိုက်အခံတွေ အနေနဲ့ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသက်သွင်းဖို့ မကြိုးစားသင့်တော့ဘူးဆိုတဲ့ အကြောင်းနဲ့  အစိုးရဖြုတ်ချ ရေး လမ်းကြောင်းကို မသွားသင့်တဲ့ အကြောင်း စေတနာသံနှောပြီး လူငယ်ထု ကို တွေဝေအောင် ကြိုးစားနေတယ်လို့ ထင်ပါတယ်။ တကယ်တမ်းပြောကြကြေး ဆိုရင် ဘယ်သူမှ သွေးထွက်သံယိုအဖြစ်မခံ ချင်ကြပါဘူး။ စစ်တပ်ကသာ အရင်ကတည်းက နားလည်မှု ရှိရှိနဲ့  ဒီမိုကရေစီအရေ ကိုဖော်ဆောင်ခဲ့မယ်ဆိုရင် မကြာသေးခင်က ပေါ်ပေါက်ခဲ့ တဲ့ စက်တင်ဘာတော်လှန်ရေး ဆိုတာလဲ ပေါ်လာခဲ့မယ်မဟုတ်ပါဘူး။ ကျနော်တို့  မြန်မာတိုင်းရင်းသားတွေ ဆိုတာ တတ်နိုင်သရွေ့ ကိုယ့်ထမင်းကို ယက်ခပ်စားပြီး အေးအေး နေချင်ကြတဲ့ လူတွေပါ။ သူများကို ဒုက္ခမပေး တတ်သလို့ ကိုယ်ကိုကိုယ် ဒုက္ခဖြစ်စေမဲ့ အဖြစ် မျိုး ကိုလဲ တတ်နိုင်သလောက် ရှောင်ချင်တဲ့ လူတွေချည်းပါပဲ။

ကိုယ့်အပေါ်ပါးရိုက် နားရိုက် ဂျပန်ဖက်ဆစ်တွေကို တောင် အသက်ခံရမှာ စိုးရိမ်လို့  ဖွက်ပေးထားခဲ့ တဲ့ အဖြစ်အပျက်တွေ မနည်းပါဘူး။ ကိုယ်နဲ့ လူမျိုးတူ စစ်တပ်အပေါ်မှာ ဝါဒ အရ လက်မခံနိုင်တာ ကလွဲလို့  မုန်းတီးစိတ်လဲကြီးကြီး မားမားမရှိပါဘူး။ တကယ် ဒီမိုကရေစီ စနစ်ကို သွားချင်တယ်ဆိုရင် စက်တင်ဘာတုန်းက ဖမ်းစည်းထားတဲ့ သံဃာတော်တွေ ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် တို့ လို့ NLD ခေါင်းဆောင်တွေ ၊ ၈၈ မျိုးဆက် ကျောင်းသား တွေ နဲ့ လူငယ်ကျောင်းသားတွေ အစရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အရင်လွတ်ပေး ချင်းအားဖြင့် စစ်အစိုးရအော်နေတဲ့ နိုင်ငံအပေါ်ထားတဲ့ စေတနာဆိုတာကြီး ကို လက်တွေ့ ပြနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေးနေဖို့ မလိုပါဘူး။ လူထုကို ခြိမ်းခြောက်ဖမ်းဆီးနေဖို့  မလိုပါဘူး။ တကယ်စေတနာအမှန် နဲ့  အဘက်ဘက်က မှတ်ကျောက်အတင် ခံနိုင်တဲ့ လမ်းပြမြေပုံ ဖြစ်တယ် ဆိုတာကို ဒီလုပ်ရပ်တစ်ချက်ထဲ နဲ့ ပဲ သက်သေပြလို့ ရပါတယ်။

ခုချိန်ထိ နှစ်ပေါင်းများစွာ ဥပဒေမဲ့ ထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေ ရှိနေသမျှ စစ်မှန်တဲ့ ဒီမိုကရေစီ ဆိုတာနဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ရေး ဆိုတာတွေကို ပြည်သူလူထုအနေနဲ့  ဘယ်လို ဦဏှောက် ဘယ်လို အသိဥာဏ်နဲ့ လက်ခံပေးရပါ့မလဲ။ တကယ်လူထုတောင်းဆို နေတာ က NLD ကိုအာဏာလွဲ ပြောင်းရေး မဟုတ်ပါဘူး။ လွတ်လပ်စွာ၊ လူပီသစွာ ဘယ်သူ မျက်နှာမှ ကြည့်စရာမလို ပဲ လူအခွင့်အရေး ပြည့်ပြည့် စားဝတ်နေရေး ပြေလည်စွာ နေထိုင်ဖို့  ပါ။ အခြေခံဥပဒေကို လူထုက သဘောတူတာနဲ့  ရွေးကောက်ပွဲ ကို ကျင်းပမယ် ၊ အတိုက် အခံတိုင်း ပါတီတည်ထောင်ခွင့် ရှိမယ် ၊ လောလော ဆယ်တော့ တိုင်းပြည် ချောက်ထဲကျမှာ ဆိုလို အတိုက်အခံတွေကို့ ဖမ်းထားရပါတယ် ဆိုတာကလဲ တော်တော် ယုတ္တိကင်းမဲ့ တဲ့ အကြောင်းပြချက်တစ်ခုပါတယ်။ တကယ်တမ်းသာ တိုင်ပြည်ချောက်ထဲဆွဲ ချမဲ့ လူတွေဆို ဘယ်အချိန်လွတ်လွတ် ချောက်ထဲဆွဲချမှာပါပဲ။ အခြေခံဥပဒေရေး ဆွဲ ပြီးရင်တော့ တိုင်းပြည် ဘာဖြစ်ဖြစ်ဆိုတဲ့ သဘောများ သက်ရောက်နေတယ်လို့ မတွေး မိဘူးလား ဆိုတာလဲ မေးချင်ပါတယ်။

တကယ်တော့ နအဖ ဟာ အကြောင်းအမျိုးမျိုး ပြပြီး ဟစ်တလာလို နှစ် တစ်ထောင် အာဏာ တည်မြဲရေး စိတ်ကူးဖဲရိုက်နေတာ ကြာပါပြီ။ ပါးစပ်ကတော့ ခုချိန်ထိလူထုကို အသံကောင်း ဟစ်ပြနေဆဲပါ။ နအဖ အပေါ်ယုံကြည်ထောက်ခံတယ် ဆိုတာတကယ်တော့ နအဖ ကိုမှီပြီ အလုပ်ဖြစ်နေကြ တဲ့ နအဖ အောက်စွဲလက်တစ်ဆုပ် စာလူစုပဲရှိတယ်ဆိုတာလဲ အားလုံးအသိပါ။ ကိုယ့်ကို ကို အောက်စွဲ လို အထင်မခံ နိုင်တဲ့ (အောက်စွဲမဟုတ်ရင်အောက်မ) စာရေးတဲ့ လူတွေကို တစ်ခုတော့ပြော ချင်ပါတယ်။ နအဖ ရဲ့ ဘုန်းတော်ဖွဲ့ ကို ကြိုက်သလို ရေးကြပါ။ ဒါပေမဲ့ စက်တင်ဘာတော်လှန်ရေး ဟာ ခင်ဗျား တို့ စွပ်စွဲ သလို ၉၀ ရွေးကောက်ပွဲ ကို အသက်ပြန်သွင်း ဖို့ မဟုတ်ဘူး ဆိုတာတော့ မြဲမြဲမှတ်ထားပါ။ မြန်မာနိုင်ငံသူနိုင်ငံသား အားလုံ ဆင်းရဲလွန်းလို့ ၊ အနိုင်ကျင့်မခံနိုင်လွန်း လို့  လွတ်လပ်မှုလို ချင်လွန်းလို့  သွေးနဲရေး ပြီးလျှောက်ခဲတဲ့ လမ်းပါ။ ခင်ဗျားတို့ လို့ ဟမ်းဖုံးလေး၊ မြေကွက်ကလေးနဲ့ အနာဂတ်ကို ရောင်းစားနေတဲ့ နအဖ အောက်စွဲတွေသာ နအဖ အာဏာတည်မြဲရေး အတွက် အချင်းချင်း ရိုက်နှက်ရမ်းကား ခဲ့ကြ၊ ကလောင်သရမ်းခဲ့တာပါ။ ခင်ဗျားတို့ ကတော့ သန်းရွှေ ဂုဏော အနန္တော ဂါထာရွတ်ပြီး ထစ်ကနည်းဆို NLD ၊ ဗကပ၊ အဖျက်သမား၊ တိုင်ပြည်ချောက်ထဲကျ ဆိုတာတွေ လက်ညှိုးထိုး ဖို့ လောက်လွဲ လို့ ဘာမှမှ မသိနိုင်တော့တာပဲကိုဗျ။ ခင်ဗျားတို့  အရည်အချင်းပညာတွေ ကိုတော့ နှမျောပါရဲ့ ။ ဒါပေမဲ့ တစ်နေ တော့ ခင်ဗျားတို့ အားလုံးကို့ လူထုက ဒဏ်ခတ်လိမ့်မယ်။

နောက်ဆုံးပြောချင်တာကတော့ လူထုပေါ်တကယ်စေတနာရှိရင် (ဘယ်သူခေါင်းဆောင်တဲ့ အစိုးရ ဖြစ်ပါစေ) လူထုက ဘယ်သူ မြောက်ပေးပေး ဖြုတ်မချဘူး။ လူထုအပေါ် ဆိုးသွမ်းတဲ့ အစိုးရဆိုရင်လဲ (ဘယ်သူခေါင်းဆောင်တဲ့ အစိုးရဖြစ်ပါစေ) ဘယ်သူတားတား လူထုက ဖြုတ်ချမှာ အသေအချာပဲ။ ရွှေဝါရောင် တော်လှန်ရေး ရဲ့  အနစ်သာရဟာ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို လူထုအားနဲ့ သွားဖို့ ပထမဆုံးခြေလှမ်းသာဖြစ်တယ်။


မိုးထက်နေ

ဘလော့ရေးသူများသို့ 

ကျနော် တို့ စစ်အစိုးရရဲ့ ရူးကြောင်မူးကြောင် နိုင်တဲ့ နောက်ဆုံး လှုပ်ရှားမှုကတော့ ဝန်ထမ်းတွေ၊ ကြံခိုင်ရေးတွေကို ဘလော့ဂါ သင်တန်းတွေ ပေးပြီးတော့ ဘုန်းတော်ဘွဲ့ ရေး ခိုင်းတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။ ကျနော်ဟာ ၂၀၀၇ စက်တင်ဘာလ မတိုင်ခင် အထိ ဘလော့ ဆိုတာကို ကြားဘူးနားဝ ရှိဘူးရုံကလွဲ လို့  လိုက်လဲမဖတ်ဘူး ကိုယ်ပိုင်လဲ ဘလော့မရှိပါဘူး။ အွန်လိုင်း အသိုင်းအဝိုင်းနဲ့ ဝေးတယ်ပဲပြောပြော ကျနော် ဘလော့တွေ၊ ဘလော့ဂါတွေ နဲ့ က ဘုန်းကြီးနဲ့ ဘီးလို ပါပဲခင်ဗျာ။ ဖြစ်ချင်တော့ စက်တင်ဘာ လူထုတိုက်ပွဲတွေ ဖြစ်နေတဲ့ အချိန်မှာ ကျနော် က မြန်မာပြည်နဲ့ တော်တော်ဝေး ပြီး ၊ မြန်မာလူမျိုး တော်တော်နည်းတဲ့ တိုင်းပြည်တစ်ပြည်မှာ ရောက်နေခဲ့ပါတယ်။ အဲဒီ အချိန်မှာ ပဲ ဒီဘလော့ရဲ့ ပိုင်ရှင် ကိုရွှေဘိုသား က ကျနော် ကို စာရေးဖို အကြိမ်ကြိမ့် တိုက်တွန်း တဲ့ အတွက် ကျနော် ဒီဘလော့မှာ စာဝင်ရေး ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဟိုဘလော့သွားလည်ဒီဘလော့ သွားလည် ဟို Tag ဒီ Tag ဆိုတဲ့ ဘလော့ ယဉ်ကျေးမှုထဲ မှာတော့ ခုထိကျနော် ရှိမနေပါဘူး။ ရှိလာဖို့  လဲ့ မရှိပါဘူး။ ကျနော်တွေ မိတာတွေ ကို လူတွေကို ပြောပြချင်တဲ့ အတွက် ဒီဘလော့မှာ ဆက်ရေးနေတာ ဖြစ်ပါတယ်။ ကျနော့ Personnel ဘလော့တစ်ခု တော့ ရှိပါတယ်။ အဲဒီဘလော့ ကလဲ တစ်စုံတစ်ယောက် ကတိုက်တွန်း လို့ ကျနော် ပြောချင်တဲ့ တသိပုဂ္ဂလ ခံစား ချက်တွေကို ချပြတဲ့ နေရာအဖြစ်တော့ ရှိနေပါတယ်။ အဲဒီတစ်စုံတစ်ယောက်နဲ့  ကျနော် သူငယ်ချင် တစ်ချို့ ပဲ သိတဲ့ နေရာတစ်ခု အဖြစ်ပဲ ရှိနေတာပါ။ ဘာပဲဖြစ်ဖြစ် အဲဒီတစ်စုံ တစ်ယောက် ကျေးဇူး ကြောင့်ပဲ မြန်မာနိုင်ငံသား ဘလော့ဂါတွေ၊ ဘလော့တွေ အကြောင်း သိခွင့် ရခဲ့ပါတယ်။ တစ်ချို့ ဘလော့ဂါများတော့ လဲ ဘလော့ရေးတာကို ပဲ အတတ်ပညာ တစ်ခု လို သွေးနားထင်ရောက်နေ တာကို လဲ တွေရပါတယ်။ ကျနော့ အမြင်ကတော့ ဘလော့ရေးခြင်း ဆိုတာ သာမန်လုပ်ရိုးလုပ်စဉ် တစ်ခု အနေနဲ့  ပဲ မြင်လို့ ရပါတယ်။ သူတောင်း စားတောင် ပိုက်ဆံတတ်နိုင်ရင် ဘလော့ရေး လို့  ရပါတယ်။


ဒီနေတော့ သူငယ်ချင်းတစ်ယောက်ပို့ လိုက်လို့  နာမည်ကြီး လား နာမည်မကြီးလား မသိပေမဲ့ မြန်မာနိုင်ငံသား စစ်စစ်မြန်မာပြည်ထဲမှာနေတဲ့ ဘလော့ရေးတဲ့ လူတစ်ယောက် ရဲ့  ပို့ စ် တစ်ခု ကို ဖတ်လိုက်ရပါတယ်။ အဲဒီမှာပြောစရာလေးတွေ နဲနဲ ရှိလားတဲ့ အတွက် ဘလော့ဆရာမ၊ ဘလော့ဆရာတွေ မေတ္တာပို့ ချင်ပို့ ပါစေတော့ အဲဒီလူနားထဲ ပြန်ရောက်စေ့ ချင်လို့ ဒီစာကို ရေးလိုက်ပါတယ်။

ကျနော်ပဲ အကောင်းမမြင်စိတ်များနေလို့ လားဘာလား တော့ မသိဘူး သူ့ ပထမဆုံးစာပိုဒ်ကို ဖတ်ပြီးနာလည်တာကတော့ တန်ဖိုးရှိတာ လုပ်ဖို့ စိတ်ကူးနေတုန်း ဝန်ထမ်းတွေကို ဘလော့ အကြောင်းဟောပြော ပေးဖို့ ဖိတ်ကြားခံရတဲ့ အကြောင်းရေးထားတာပါ။ ပြည်တွင်းမှာနေပြီး နအဖ ရဲ့ အာဏာစက်ကို ငြင်းဖို့ ဆိုတာတော် တန်ယုံလူအတွက် မဖြစ်နိုင်ဘူးဆိုတာသိပေမဲ့ ဒါကို တန်ဖိုးရှိတဲ့ အလုပ်တစ်ခုအနေနဲ့ တင်စားတာတော့ တော်တော်ကို ဆိုးဝါးတယ်လို့ ခံစား မိပါတယ်။ ဒုတိယအပိုဒ်ကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ဘလော့ရေး ဖို့  အချိန်တွေ၊ ငွေတွေ ဘယ်လောက်ရင်းထားရတယ် ဆိုတာကို ရေးထားပါတယ်။ အဲဒီထဲ မှာ စိတ်မကြေလည် စရာကောင်းတဲစာပိုဒ်ကတော့ “အခု ဖြစ်ပြီးသွားတဲ့ အရေးအခင်းမှာ နာမည်အကြီးဆုံးက မြန်မာဘလော့ဂ်တွေပဲ။ နိုင်ငံခြားက လူတွေကလည်း တကယ်ကို ဂုဏ်ပြုချင်တာလား၊ မတာလား၊ မစာနာတာလား မသိဘူး စောက်သရမ်းတွေ ချီးမွမ်းခန်း ဖွင့်လိုက်ကြတာနဲ့ သိပ်မကြာခင်ဘဲ ဘလော့ဂ်ကို ပိတ်ထည့်လိုက် ပါတော့တယ်။” တာဝန်ကျေတဲ့ ဘလော့ရေးသားသူ အချို့ ကို ချီမွမ်းတာဖြစ်ပါလိမ့်မယ်။ နောက်သူသုံးထား တဲ့ အခြေအနေရောက် သည်အထိ ချီးမွမ်းတယ် ဆိုတာတော့ ကျနော်လက်မခံနိုင်ပါဘူး။ နောက်တစ်ခု က အဲဒါတွေကြောင့် ဘလော့တွေ ပိတ်လိုက်တယ် ဆိုတာလဲ အတွေးတိမ်လွန် တယ်လို့ မြင်ပါတယ်။ နအဖ ဟာ သူတို့ အကြောင်း အမှန်ရေးတဲ့ ဘယ် Media ကိုမဆိုတားဖို့  ကြိုးစားမှာဖြစ်ပါတယ်။ အင်တာနက်သတင်းဌာနတွေ ကိုလဲ တားထားတာပဲ ဖြစ်ပါတယ်။

ဒီဘလော့သင်တန်းမှာ ပါဝင် ပို့ ချသူတွေကတော့ သောင်းစုငြိမ်း ၊ ရဲ မြတ်သူ ၊ ဦးကိုကို ဆိုတဲ့ နအဖနဲ့  အကျိုးစီးပွားတူ ပညာရှင်တွေရယ် ဘလော့ရေးတဲ့ ဇော်မိုးအောင်၊ ညီလင်းဆက်တို့  ဖြစ်တယ် လို့ အသိပေးထားပါတယ်။ ဒါဟာတစ်ဘက်က ကြည့်ရင် ရိုးရိုးသားသား ထုတ်ဖော် ပြောတယ်လို့ တွေးလို့ ရပေမယ့် ကျနော်ကတော့ ကိုယ့်ပေါင်ကို လှန်ထောင်းတယ်လို့ ပဲ မြင်ပါတယ်။ ကိုယ်စိတ်ကြိုက်အားနဲ့ ထောင်းလို့ ရတာပေါ့ ဗျာ။ သူများထောင်းတာ ခံရရင် ပိုနာမှာပေါ့။

ဝန်ထမ်းတွေကို အစိုးရအောက်က လူတွေမို့ ဘလော့သင်မပေး ဘူးဆိုတာမျိုးမဖြစ်သင့်တဲ့ အကြောင်း လျှောက်လွဲချက်ပေးထားတာပါ။ ဒါကိုတော့ လက်ခံပါတယ်။ ဝန်းထမ်းတိုင်းဟာ နအဖ ဘက်က လူမဟုတ်ပဲ အမှန်တွေ ရေးလာနိုင်တယ် ။ မကျေနပ်ချက်တွေကို နာမည်အရင်း နဲ့ မဟုတ်တောင် တခြားဘလော့ နာမည်တစ်ခုနဲ့  ရေးလာနိုင်တယ်ဆိုတဲ့ အထိ ကျနော်လက်ခံပါတယ်။ ဒါပေမဲ့ နအဖ ဖြစ်ချင်နေတဲ့ ဆန္ဒတစ်ခု ကို အကောင်အထည်ဖော် တဲ့ နေရာမှာ ကိုယ့် ပရောဂတော့ ဘယ်နည်းနဲ့ မှ မပါစေချင်ဘူး။ အဲလို မပါအောင်နေနိုင်တာလဲ တော်လှန်ရေး တစ်မျိုးပါပဲ။ အဲဒီမှာ သင်တန်းသွားပေးတဲ့ လူတွေ မသွားနိုင်လို့ နအဖ ရဲ့  ဘလော့သင်တန်းကြီး လုံးဝပျက်သွားမှာ မဟုတ်ပါဘူး။ နောက်ဆုံး ပြည်တွင်းမှာ ရှိတဲ့ ဘလော့ရေးတဲ့ လူအကုန်က သင်တန်းပေးဖို့ ငြင်းဆန်လိုက်ရင် ပြည်ပက ပညာရှင်တွေ ကို နအဖ က ငွေပေးခေါ်ပြီး သင်မှာ ပဲ။ နောက်ဆုံး အဲဒီအတွက် ပိုက်ဆံမသုံး နိုင်ဘူးဆိုရင် တောင် စွေဆောင်းကို ခေါ်သင်ခိုင်းလို့ ရပါတယ်။ ခင်ဗျား အကြောင်းပြချက်က သိပ်တော့ မခိုင်လုံသေးဘူး ကိုယ့် ဆရာရဲ့ ။ သာကီနွယ် လို ဘလော့တွေ ထပ်ပေါ်လာရင် ခင်ဗျား ကြောင့် မဟုတ်ပေမဲ့ ခင်ဗျား တို့ ဟာ ပင်နယံ တစ်ခုဖြစ်တယ် ဆိုတာတော့ ဘယ်လို မှ ငြင်းချက်ထုတ် ဖို့ မကြိုးစားပါနဲ့ ။ အဲလို ဘလော့တွေပေါ်လာ လို့ လဲ လူတွေ က အမှန်နဲ့  အမှား မခွဲနိုင်လောက်အောင် မညံ့ပါဘူး။ ဒါပေမဲ့ မျက်စိတော့ နောက်တာပေါ့ ကိုယ့်ဆရာ ရယ်။

“မြန်မာနိုင်ငံမှာ မီဒီယာ အရမ်းအားနည်းတယ်လို့ စင်္ကာပူနိုင်ငံသား သူငယ်ချင်းက ပြောဖူးတယ်။ အိန္ဒိယနိုင်ငံက အိုင်တီ မန်နေဂျာ တစ်ယောက်ဟာ မြန်မာပြည်ကို ယိုးဒယားရဲ့ အစိတ်အပိုင်းလို့ ထင်နေတုန်းပဲ။ ပြောချင်တာက ဘလော့ဂ်တွေ အများကြီး ဖြစ်စေချင်တယ်။”ကျနော်တို့ နိုင်ငံမှာ မီဒီယာ အရမ်းအားနည်းတဲ့ ကိစ္စကို ဘလော့တွေ များလာချင်း ဆိုတဲ့ ဆေး တစ်မျိုးထဲနဲ့ ကုစားလို့ မရပါဘူး။ လူဦး ရေ သန်း ၆၀ လောက်ရှိတဲ့ တိုင်ပြည်မှာ ဘလော့ ဝင်ကြည့်တဲ့ လူ တစ်နေ ခြောက်ထောင်ရှိသလား စဉ်းစားဖို့ ကောင်းပါတယ်။ နောက် တစ်ကမ္ဘာလုံး မှာ ရှိတဲ့ လူ သန်းခြောက်ထောင် ထဲမှာ ကမ္ဘာပေါ်မှာ အကောင်းဆုံးပါ ဆိုတဲ့ ဘလော့ ကို တစ်ရက် ခြောက်သိန်းလောက် ဝင်ကြည့်နေတာမျိုး ရှိပါသလား။ ကျနော်တော့ ရှိလိမ့်မယ် မထင်ဘူး ။ သူ့ ကောက်ချက်အတိုင်း သာ ဘလော့တွေ ကြောင့် သတင်းတွေ ပျံ့  နိုင်မယ် ဆိုရင် BBC , NHK, CNN က ဝန်ထမ်တွေ အလုပ်ပြုတ်တာ ကြာရော့မယ်။ နောက် တစ်ချက် မြန်မာပြည်ကို အိန္ဒိယ က အိုင်တီမန်နေဂျာ က ယိုးဒယား ရဲ့ အစိတ်အပိုင်း တစ်ခု လို့ ထင်တယ် ဆိုတာလဲ သိပ်အံသြစရာမကောင်းပါဘူး။ ကျနော်လက်ရှိနေတဲ့ နိုင်ငံဆို မီဒီယာ အင်အားလဲ ကောင်းတယ်၊ မီဒီယာ လွတ်လပ်ခွင့်လဲ ရှိပါတယ်။ နောက် ငွေကြေးချမ်းသာပြီး တိုးတက်တဲ့ နိုင်ငံတစ်ခု လဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော် ဒီနိုင်ငံကို လာရမယ် ဆိုမှ ဒီနိုင်ငံရဲ့  အကြောင်း သိတာပါ။ အဲဒီ ကုလားမန်နေဂျာ တစ်ယောက် မသိတာနဲ့ တော့ ဘလော့တွေ များ လာဖို့ ကောင်းတယ်ဆိုတဲ့ ကောက်ချက်က နည်းနည်း ရီချင်စရာ ကောင်းလွန်းပါတယ်။ တကယ်လို့ ကျနော် တို့ ဘလော့တွေ အများကြီးရေးရင်ရော အဲဒီ ကုလားက မြန်မာပြည်ဟာ စစ်ဖိနပ်အောက် က အင်မတန်သနား စရာကောင်းတဲ့ နိုင်ငံဆိုတာ သိလာပါ့မလား။ မည်သို့  ပင်ဖြစ်စေ အဲလိုလူတွေ သိစေချင်ရင် Wikipedia နဲ့  Encarta နှစ်ခု ကို ညွှန်းလိုက်ဖို့ အကြံ ပေးပါတယ်။ နောက်တစ်ခု က မီဒီယာ တွေ ဘယ်လောက် များများ လွတ်လပ်စွာရေး သား ခွင့်အရှိသမျှ အမှန်တရားဆိုတာတွေ ကို ဖော်ပြလို့ ရမှာမဟုတ်ပါဘူး။

ညီလင်းဆက် ရဲ့ ပိုစ် က ဖတ်ရင်းဖတ်ရင်း ဘာဆိုလို ချင်မှန်း မသိပေမဲ့ မြန်မာပြည်ထဲမှာ ဘလော့ပြန်ပွင့်ပေးမလား လို့ သူကြိုးစားခဲ့တယ်လို့ ဆိုချင်ဟန်တူပါတယ်။ ဘလော့ပြန်မဖွင့် လို့  ကျနော်တို့ ဘာမှ မဖြစ်ပါဘူး။ ကျော်လို့ ခွလို့ ရမဲ့ နည်းတွေလဲ ဒုနဲ့ ထေး ပါ။ ဘလော့ရေးတဲ့ လူတွေ သတင်းတို့ ဆောင်းပါးတို့ ရေးချင်ရင်လဲ အပြင်က ကိုယ်နဲ့ နီးစပ် တဲ့ ဘလော့ဂါတွေ ဆီပို အဲဒီလူတွေ က ပိုစ့်တွေတင်ပေးမယ် လို့ ကျနော် တော့ ယုံကြည်တယ်။ ဘလော့ရေး ပြီး နာမည်တည်ဆောက် ချင်တဲ့ လူတွေ အတွက်တော့ သိပ်အဆင်မပြေဘူးပေါ့။ ငါစာ ငါ့ဘလော့မှာ ပဲတင်မယ် ဆိုတဲ့ ဆရာမတွေ ဆရာတွေ အတွက် တော့ မပြောလို ပါဘူး။ နအဖ ဘလော့တွေကို ပိတ်လိုက်ရုံနဲ့ ဗမာပြည်ထဲက သတင်းတွေ ဆောင်းပါးတွေ နိုင်ငံတကာကို မတင်ပြနိုင်တော့ ဘူးဆိုတဲ့ အတွေမျိုး ကတော့ လွန်ခဲ့ တဲ့ အနှစ်နှစ်ဆယ်လောက်က တွေးဖို့ ကောင်းတဲ့ အတွေးအခေါ်ပါ။ နောက် ဘလော့ တွေ ရေးသားခွင့် ရပေမဲ့ ပြည်ပက ဘလော့တွေ ကို ကြည့်ခွင့်မပေး ဘူး ဆိုရင်လဲ ဘာမှ မထူးပါဘူး။ အဲဒီနာမည်နဲ့ ဘလော့ဖွင့်ရင် ဆွဲစိမယ်လို့ ပြောထားရင် စာရေးတဲ့ ညီလင်းဆက် ကိုယ်တိုင်တောင် မဖွင့်ရဲ ပါဘူး လို့ ဝန်ခံထား ပြီးဖြစ်တာ ကိုထောက်ရင် သူတို့ ဘက်ကလူ တွေ တန်ပြန်ဝါဒဖြန့် ဖို့  အတွက် ရေးဖို့ သက်သက် ဖွင့်ပေး တာမျိုး ကတော့ ဘာမှထူးခြား လာမယ် မဟုတ်ပါဘူး။

ဘလော့ရေးတဲ့ရည်ရွယ်ချက်တို့  ဘာတို့  စတဲ့ လက်ချာတွေ ကို သင်ယူထားတဲ့ ပြည်တွင်း နအဖ ဘလော့ဂါအင်အား စု ကလည်း တဖြေးဖြေး တိုးတိုးလာတော့မယ် ထင်ပါတယ်။ အမှန်တော့ ဘလော့ရေးတယ် ဆိုတာ ကိုယ်စိတ်အစာပြေ အောင် ကိုယ်လုပ်ချင်တာကိုယ် လုပ်တယ် လို့ ပဲထင်ပါတယ်။ နိုင်ငံရေး နဲ့ ပတ်သက်တာတွေရေးမှ ဘာမှ မဟုတ်ပါဘူး ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့်ရှိပါတယ်။ ကျနော် ကိုယ်ပိုင်ဘလော့ မှာဆို နိုင်ငံရေး တစ်လုံး တစ်လေမှ ရေးထားတာမဟုတ်ပါဘူး။ ကျနော် ဒီဆောင်းပါးကို ရေးတဲ့ ရည်ရွယ်ချက်က တစ်ခုထဲ ပါ ပြည်တွင်းမှာ ရှိတဲ့ ဘလော့ဂါတွေ ဘလော့ဆရာ ညီလင်ဆက် ၊ ဇော်မိုးအောင် တို ကို အားကျပြီး ဝန်ထမ်းတွေတို့ ကြုံ့ ဖွတ် တွေတို့ ကို ဘလော့ရေးနည်းသင်တန်း ပို့ ချ ပေးမှာ စိုးရိမ်လို့ ဖြစ်ပါတယ် ခင်ဗျာ။ လူတိုင်း တော်လှန်ရေးလုပ်ဖို့ နအဖ ကို ဆန့် ကျင်ဖို့  မတောင်းဆိုပါဘူး။ နအဖ ရဲ့ လမ်းစဉ်ကို သဘောကျလို့  ကူညီပေးနေတဲ့ လူတွေ ဆိုရင်တော့ ကြိုက်တာလုပ်ပါ။ နောက်မှ ပြည်သူနဲ့ စာရင်းရှင်းတာပေါ့ ဗျာ။ နအဖ ကို လဲမကြိုက် ပေမဲ့ တော်လှန်ရေးမှာ ပါဖို့  အခြေအနေမပေးတဲ့ လူတွေကိုလဲ အပစ်မတင်ပါဘူး။ ဒါပေမဲ့ နအဖ ကို ထောက်ခံလား မထောက်ခံလား ကိုယ့်ဟာကို အရင်ဆုံးတွေးစေချင်ပါတယ်။ တကယ်လို့  ခင်ဗျားတို့ အဖြေ က မကြိုက်ဘူးဆိုဖြစ်ခဲ့ရင် နအဖ နဲ့ အတတ်နိုင်ဆုံး ကင်းအောင်နေတာ ဟာလဲ တော်လှန်ရေး ကို ကူညီရာရောက်တယ် ဆိုတာကို သိစေချင်ပါတယ်။

မိုးထက်နေ

(ညီလင်းဆက် ရဲ့ မူရင်းပိုစ့် ကို http://nyilynnseck.blogspot.com/2007/11/blog-post_08.html မှာ ဖတ်လို့ ရပါတယ်)

ထင်ရာမြင်ရာ မစ္စတာမာဆိုး (၂)


ဗိုလ်သန်းရွှေတို့ ဖျံကျပုံများတော့
နိုင်ငံတကာက မာဆိုးတို့ နိုင်ငံကို စောင့်ကြည့်ပြီးတော့ တွေ့ ဆုံဆွေးနွေး ရေးလုပ်ဖို့ ဝိုင်းပြီး တိုက်တွန်း ပြောဆိုနေကြတာအား လုံးသိတဲ့အတိုင်းပါပဲ။ ဖြူမဲညီနောင် ဆိုလဲ မြန်မာအရေး ကိုယ်တိုင်လာလေ့လာ ပြီးတော့ အစည်းအဝေးတွေ တက်လိုက် အစီရင်ခံစာတွေ တင်လိုက် လုပ်နေတာ မအားရအောင်ပဲကို။ ပြဿနာတွေ ကလဲ တစ်ခုပြီးတစ်ခုပေါ်လာ လူအခွင့်အရေး ကိစ္စ၊ ကလေး စစ်သား ကိစ္စ အမယ်ဘုတ်သူချည်ခင်ဇာတ်လမ်း နဲ့  နအဖ လဲ ဘာလုပ်လို့ ဘာ ကိုင်ရမှန်း မသိဖြစ်နေပါရောလား။ အဲဒါနဲ့  အကျိုးစီးပွား တူ KIO ကို ပြဿနာလုပ်လိုက်၊ ထိုးစစ်အကြာကြီးရပ်ထား တဲ့ KNU ကို စစ်တိုက်လိုက် လုပ်ပါလေရေလားဗျာတို့ ။ အကဲခတ် သုံးသပ်တဲ့ ပညာရှင်ကြီးတွေ ကတော့ စီးပွားရေးလမ်းကြောင်းသိမ်းပိုက် ချင်လို့ ၊ အာရှလမ်းမ ကြီးလို ချင်လို့ ဆိုတဲ့ မြင့်မြင့်မားမား သုံးသပ်ချက်တွေ ပေးကြတာပေါ့ဗျာ။ ကျနော် မစ္စတာမာဆိုး ကတော့ ရှစ်တန်းလေးနှစ် ဦးဏှောက်နဲ့ တွေးကြည့်လိုက်တာတော့ အကြွေးရှင်လာ တုန်း လင်မယား ရန်ဖြစ်ချင်ဟန်ဆောင် တယ်ထင်တော့တာပါပဲ။ ဆွေးနွေပွဲ လုပ်ဖို့ လုပ်နေပါတယ်။ ပြည်တွင်းရေး က မတည်မငြိမ်ဖြစ်နေလို့ ပါ ဆိုတာမျိုး ပြောမှာဆိုမှာ မြင်ယောင်နေသေးတယ်။ မယုံရင် ဖြူမဲညီနောင်ကို နောက်တစ်ခါ ပြန်လွှတ်ကြည့်ပေါ့ဗျာ။ ပြည်တွင်းသောင်းကျန်းသူတွေကြောင့် မအားနိုင်ပါဘူးလို့  မျက်ရည်လေး စမ်းစမ်းနဲ့ ပြောပြ ပါလိမ့်မယ်။

မောင်မာဆိုးနဲ့ အဖွဲ့ အစည်း
စက်တင်ဘာ ပြီးတဲ့နောက်ပိုင်း ခတ်တုံးတုံး မောင်မာဆိုးလဲ နိုင်ငံရေး မျက်လုံးလေး ကလည်ကလည် ဖြစ်လာတာပေါ့။ ဒါနဲ့ တိုင်းပြည်အတွက် ထိထိရောက်ရောက်လုပ်တော့မယ်။ နိုင်ငံရေး အဖွဲ့ အစည်းတစ်ခုမှာ ဝင်ပါတော့မယ် ဆိုပြီး သတင်းဌာနတွေ ၊ အင်တာနက်ဝပ်ဆိုဒ် တွေ ဝင်ကြည့်ပြီး ဘယ်အဖွဲ့  အစည်းမှာပါရမလဲ လို့ တွေးမိတာပေါ့လေ။ ပထမဆုံး သတိရမိ တာကတော့ ဗကသ ပေါ့ဗျာ။ မာဆိုးက ခုထိကျောင်းသားကို ဗျ။ ၈ တန်းလေးနှစ်ဆက်တိုက် ကျပြီး ကတည်းက စစ်အစိုးရပညာရေး ကို မလိုချင်တော့ဘူး ဆိုပြီး ပြတ်ပြတ်သားသား ကျောင်းနားထားတာ ၁၁ နှစ်ပဲရှိသေးတယ်။ အဲဒါနဲ့ ကျနော် ဗကသ နဲ့ ပတ်သက်တဲ့ သတင်းတွေ ရှာဖတ်မိတယ်။ အဲဒီမှာ အံသြစရာကောင်းလောက်အောင်တွေ ရတာက ဗကသ တော်တော်များများ ကို ခုနှစ်တွေနဲ့ တွဲပြီးတွေ့ ရတာကို ဗျ။ ဒါပေမဲ့ မာဆိုးက ဘယ် ဗကသ နဲ့  ဆိုင်မှန်းမသိ တော့လို့  မဝင်ဖြစ်တော့ပါဘူးဗျာ။ ရည်ရွယ်ချက်တစ်ခုထဲ နဲ့ အလုပ်လုပ်နေ ကျတဲ့ လူတွေမှာ ဘယ့်နှယ့် အဖွဲ့  အစည်းတွေ အများကြီးဖြစ်နေကြလဲ တွေးလို့ တောင် မရတော့ ပါဘူး။ ဒါနဲ့ ပဲတွေ့ တဲ့ လူတိုင်းကို မေးကြည့်မိတယ်။ ကျနော်တို့ ဆန့် ကျင်ရတဲ့ နအဖ က တစ်ယောက်ထဲ ကျနော်တို့ ဘက်မှာ တော့ အဖွဲ့ အစည်းတွေ က အများကြီး ဖြစ်နေ တာဘာကြောင့်လဲ ဆိုပြီးပေါ့။ နောက်ဆုံး မှ မာဆိုးတူ ၅ တန်းကျောင်းသားလေး က ဖြေတယ်ဗျ။ “ဦးလေးကလဲ ပါတီတစ်ခုထဲဆို ဥက္ကဌ ကတစ်နေရာထဲဖြစ်မှာပေါ့ ၊ စစ်တပ်တောင် အဲဒါတွေ အတုခိုးပြီး လျှပ်စစ်ဝန်ကြီးဌာနတောင် တစ်နှစ်ခွဲပြီး ဝန်ကြီးနှစ်ပါး ခွဲထား တာ ကြည့်ပါလား” တဲ့ဗျာ။

မပြောင်းဘူးဘယ်သူပြောလဲ
မာဆိုးတို့ စစ်အစိုးရလဲ နိုင်ငံတကာ ရဲ့ စောင့်ကြည့်မှုကိုတော့ ဂရုမစိုက်ပဲမနေနိုင်ရှာပါဘူး။ ဒါကြောင့် တပ်တွင်းအပြောင်းအလဲ တွေကို အားသွန်ခွန်စိုက်လုပ်နေတာကို တွေရပါတယ်။ အားလုံးက အမြင်မကြည်တဲ့ အကြည့်တွေ နဲ့ ကြည့်နေတော့ နအဖလုပ်တဲ့ အပြောင်းအလဲ ကို မမြင်မှာ စိုးလို့ ပြောပြရဦးမယ်။ တချို့ ဟာတွေကို တရားဝင်ပြောင်းလဲ ပြီးဖြစ်ပေမဲ့ တချို့ ဟာ တွေကတော့ လုပ်ဖို့ စီစဉ်နေတုန်းလို့ သိရပါတယ်။
၁။ ဘုရားပေါ်တက်ရင် မှတ်ပုံတင်ပါရမယ် လို့ ပြောပါတယ်။ ( မြတ်စွာဘုရား သခင်ရဲ့ လုံခြုံ ရေး ကို စိုးရိမ်လို့ နဲ့ တူပါတယ်။ မတော်စွမ်းအားရှင်နဲ့ တည့်တည့်တိုးမှ ဖြင့်)
၂။တွေ့ ဆုံဆွေးနွေးရေးအတွက် ဝန်ကြီးခန့် ပါတယ်။ (အနည်းဆုံး ရှေ့ လူမသေလို့ စောင့်နေရ တဲ့ အရာရှိမင်းကြီးတွေ အတွက် တစ်နေရာတိုးတာပေါ့)
၃။တိုင်းမှုးများအပြောင်းအလဲ (ဘာပဲဖြစ်ဖြစ် လူတွေတော့ အပြောင်းအလဲ လုပ်လိုက်တယ်ပေါ့ ဗျာ)
ကဲ မောင်ဖြူတို့ မောင်မဲတို့ ရေ နအဖ ကတော့ အပြောင်းအလဲတွေ စလုပ်နေပါပြီဗျာ။

ဘယ်နှစ်ပွင့်ဆိုင်မလဲ
မာဆိုးတို့ နိုင်ငံမှာ စက်တင်ဘာ တော်လှန်ရေး ပြီးတဲ့နောက် နိုင်ငံတကာရဲ့ တိုက်တွန်းချက် အရ ဆွေးနွေးပွဲလုပ်ဖို့ အတွက် ဆွေးနွေးနေကြပြီလို့ သိရပါတယ်။ တကယ်တမ်း ဆွေးနွေးပွဲ ဆိုတာ ကတော့ ဘယ်တော့စမယ် ဘာတွေဆွေးနွေးကြမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရ သေးတဲ့ အပြင် ကြာလေ ဆိုးလေ ဖြစ်လာတာတွေ ကတော့အများကြီးပါလား ကွယ်တို့ ။ အဲဒါ ကတော့ ဘယ်နှစ်ပွင့် ဆိုင်မယ်ဆိုတဲ့ အသံတွေ ကျယ်လောင်လာတာဖြစ်ပါတယ်။ တကယ် တော့ ဆွေးနွေးပွဲ မှာက ပြည်သူနဲ့ နအဖ နှစ်ဘက်ထဲပါ။ အဲဒါကို နှစ်ပွင့်ဆိုင်လား၊ သုံးပွင်ဆိုင် လား ဆိုတဲ့ အသံတွေ ဆူညံ့နေအောင် ထွက်လာမယ်ဆိုရင်တော့ အပွင့်များလေ နအဖ စားလေ ဖြစ်မယ်ဆိုတာကို သတိမမေ့ကြပါနဲ့ ။ တောင်ပေါ်မြေပြန့် သွေးခွဲတယ် ဆိုတာ အင်္ဂလိပ် က သုံးခဲ့ပြီးပါပြီဗျာ။ ပင်လုံစာချုပ်လဲ ထပ်မချုပ်ပါရစေနဲ့ ။ ပါးစပ်က Globalization အော်ပြီး တိုင်းရင်းသား ကိုယ်စားလှယ် ဆိုတဲ့ ပြောမျိုးတွေ ပြောလာပြီဆိုရင်တော့ နအဖ ရဲ့  လှည့်ကွက်ထဲ ကားကနည်း ကျသွားမယ်ဆိုတာ သတိရကြပါ။

ဝန်ကြီးချုပ်ခန့် အပ်ရေး ဥပဒေသ
နိုင်ငံတော်တော် များများ ရဲ့ အစိုးရတိုင်းမှာ ဝန်ကြီးချုပ်၊ သမ္မတ ဆိုတဲ့ နေရာအတွက် သက်တန်းဆိုတာ ရှိပါတယ်။ များသောအားဖြင့် လေးနှစ်သက်တန်း၊ ငါးနှစ်သက်တန်း ဆိုပြီး တိတိကျကျသတ်မှတ်ချက် ရှိပါတယ်။ မာဆိုးတို့ နအဖ မှာတော့ သူတို့ ကိုယ်တိုင်ကိုက စည်းမရှိ ဘောင်မရှိ အုပ်ချုပ်နေကြတာဆိုတော့ အစိုးရအဖွဲ့ သက်တန်းတို့ ဘာတို့ ဆိုတာ မရှိဘူး ကိုဗျ။ ပထမဆုံး ဝန်းကြီးချုပ် လို ကိုယ်ဆီက အာဏာလုမှာကိုလဲ ကြောက်ရသေးတာ ကို။ သီသန့် သက်တန်းသတ်မှတ်ပြန်တော့လဲ ဝန်ကြီးချုပ်သက်တန်း ကုန်ရင်ပေး ဖို့ ထွင်စရာ ရာထူးက လဲ ကုန်ပြီကိုဗျ။ အဲဒီတော့ နအဖ က ဝန်ကြီချုပ်ရာထူပေးဖို့ အတွက် အခြေခံအရေ အချင်းထဲမှာ နာတာရှည်ရောဂါသည် ဖြစ်ရမယ်ဆိုတဲ့ အချက်ကို ထည့်ထားဟန်တူပါတယ်။ အဲဒါကြောင့်ကြည့်ပါလား ဗိုလ်စိုးဝင်း တုန်းက ကင်ဆာရောဂါသည်၊ ဗိုလ်သိန်းစိန် ကျတော့လဲ နှလုံးနှိုးစက်နဲ့ ။ ကဲ ဝန်ကြီချုပ်ဖြစ်ချင်တဲ့ အရာရှိမင်းများ ရောဂါကြီးကြီးမွေးထားတော့ဗျို့ ။

မာဆိုး