ဟယ်လို ကိုမိုးသီး


ဟယ်လို ကိုမိုးသီး

ဟယ်လို ကိုမိုးသီး ခင်ဗျားကို ကျနော်တို့ ချစ်တယ်

ခင်ဗျားကို ဒေးကာနက်ဂျီ အဖြစ် မလိုချင်ဘူး။
ခင်ဗျားကို ပီမိုးနင်း အဖြစ် မလိုချင်ဘူး။
ခင်ဗျားဟာ စွေးစွေးနီခွပ်ဒေါင်း ဖြစ်ရမယ်။

ခင်ဗျားကို ဝန်ကြီးချုပ် အဖြစ် မလိုချင်ဘူး။
ခင်ဗျားကို လေ့လာသူအခါတော်ပေး အဖြစ် မလိုချင်ဘူး။
ခင်ဗျားဟာ စပါတာကပ် ဖြစ်ရမယ်။

ကျွန်တော်တို့ ဟာခင်ဗျား လက်ထဲကဓားဖြစ်ချင်တယ်။
ခင်ဗျား ခုတ်ချက်တိုင်းကို ယုံချင်တယ်။
အားလုံးက ခင်ဗျား စစ်ချီဗုံသံကြားချင်တယ်။

အားလုံးက အားလုံးကို တွေဝေနေတဲ့ထဲ ခင်ဗျားမပါဘူး။
ခင်ဗျားကို မျှော်ကြတယ်။
ခင်ဗျား ပဉ္စလက်က ဓာတ်ဖန်လုံးကြည့်တာထက်ပိုမယ်။
ခင်ဗျားကို ယုံကြတယ်။
ခင်ဗျား ဦးဆောင်မှုနောက်မှာ ကျနော်တို့ နေချင်တယ်။
ခင်ဗျားကို ချစ်ကြတယ်။

ဓားတွေက ထပ်သွေးလဲ အသွားပဲ့တာပဲ ရှိတော့မယ်။
ကျနော်တို့ လိုချင်တာ ဒေါ်လာဈေး သတင်း မဟုတ်ဘူး။
ကျနော်တို့ လိုချင်တာ စစ်ခွေးရူးမရူး မဟုတ်ဘူး။
ကျနော်တို့ လိုချင်တာ နိုင်ငံရေးသုံးသပ်ချက် မဟုတ်ဘူး။

ပါတီစွဲ ဝါဒစွဲ ဆိုတာထက် ကျနော်တို့ စစ်အာဏာရှင်ကို ဖြိုချင်တယ်။
ခင်ဗျား လမ်းပြဖို့ လိုနေတယ်။
စကားလုံးတွေ ထက် အရွေ့ ပါချင်တယ်။

ပညာတတ်ဆန်တဲ့ တွေဝေမှုတွေ အစား
စပါတာတွေလို တိုက်ရင်းသေလိုတယ်။
ဒေါင်အလံတလူလူ မလွင့်နိုင်တောင်မှ
အလံသေပြီး လူရှင်တဲ့ ဘဝထက် ကောင်းမယ်….ယုံတယ်။

ခင်ဗျားဟာ စွေးစွေးနီခွပ်ဒေါင်း ဖြစ်ရမယ်။
ခင်ဗျားဟာ စပါတာကပ် ဖြစ်ရမယ်။
ဟယ်လို ကိုမိုးသီး !
ခင်ဗျားကို တော်လှန်ရေးသမား အဖြစ် ကျနော်တို့ ချစ်တယ်။


မိုးထက်နေ


5 ခုရှိတယ်(မိတ်ဆွေတွေရဲ့အယူအဆ):

Kaung Kin Ko said...

ခင်ဗျားရဲ့ ကဗျာမှာ အဘိဓမ္မာပါတယ်ဗျ။
“စပါတာကပ်” ၊့ ဒေးကာနယ်ဂျီ စတဲ့နိမိတ်ပုံတွေကိုလည်းကြိုက်တယ်ဗျာ။

“ကျွန်တော်တို့ ဟာခင်ဗျား လက်ထဲကဓားဖြစ်ချင်တယ်။
ခင်ဗျား ခုတ်ချက်တိုင်းကို ယုံချင်တယ်။
အားလုံးက ခင်ဗျား စစ်ချီဗုံသံကြားချင်တယ်။”
အဲဒီ့ အပိုဒ်ကတော့ အရမ်း ပြောင်မြောက်တဲ့ အဖွဲ့ အနွဲ့ ထဲမှာ ပါတယ်ဗျို့ ။ အဲဒီ့ အပိုဒ်ရဲ့  အင်္ဂလိပ်လို အဖွဲ့ က ပိုပြီးတောင် ရုပ်လုံးကြွသေးတယ်။

“အားလုံးက အားလုံးကို” ဆိုတဲ့ အဖွဲ့ ကလဲ မော်ဒန်ဆန်တဲ့ အဖွဲ့ ပေါ့။

“ဓားတွေက ထပ်သွေးလဲ အသွားပဲ့တာပဲ ရှိတော့မယ်။” ဆိုတဲ့ အဖွဲ့ 
“အလံသေပြီး လူရှင်တဲ့ ဘဝထက် ကောင်းမယ်” ဆိုတဲ့ အဖွဲ့ 
အဲဒီ အဖွဲ့ တွေဟာ အရမ်းကို ကဗျာဓာတ် ပါတဲ့ အဖွဲ့ တွေပေါ့။

“ခင်ဗျားကို တော်လှန်ရေး သမားအဖြစ် ကျွန်တော်တို့ ချစ်တယ်” ဆိုတဲ့ နိဂုံးကလည်း “တော်လှန်ရေးသမားအဖြစ်” ဆိုတဲ့ အထူးပြုမှုကြောင့် လေးနက်သွားစေတယ်ဗျာ။
အနုပညာဓာတ်ကိန်းအောင်းနေပြီး အဘိဓမ္မာတစ်ရပ်ပါတဲ့ကဗျာတစ်ပုဒ်ပါ။ ကျွန်တော်ကြိုက်တယ်ဗျို့ ။

Anonymous said...

ကျွန်တော်တွေးမိသောအကြောငိးအရာလေးများ တချို့
---------------------------------------------------------

မြန်မာနိုင်င်္ငံမှပြည်သူများ DEMOCRACY မရရှိသေး ရခြင်းအကြောင်းရင်းများ
----------------------------------------------------------------------------------

၁။ စစ်အစိုးရသည်ပြည်သူ့အတွင်းမှဖြစ်နေခြင်း[ကိုယ့်လူမျိုး] နှင့်ပြည်သူ့အားနဲချက်များကိုသိနေခြင်း၊

၂။ လက်နက်ကိုင်အဖွဲ့အစည်းများအချင်းချင်း နှင့်အတွင်းဋ္ဌ်လည်း ရဲဘော်ရဲဘက်စိတ်ဓါတ်အပြည့်အဝမရှိသေးခြင်းနှင့်ထောက်ပံ့မှုအလုံအလောက်မရှိသေးခြင်း၊

၃။ ပြည်ပရောက် မြန်မာ့နိုင်င်္ငံရေးသမားများ၏ မြန်မာနိုင်င်္ငံကြီးနှင့်အလှမ်းကွာဝေးသည့်နှစ်ကြီးထွားလာခြင်း၊

၎။ စစ်အစိုးရ၏ အတွင်းပိုင်းပဂိုလ်ရေးဆိုင်ရာ[အတင်း]သတင်းများကိုသာ ရရှိပြီး စစ်တပ်၏ အားနဲချက်သတင်းအစစ်အမှန်ကိုအသေးစိတ်မရခြင်း၊

၅။ နိုင်င်္ငံရေးနှင့် စစ်တပ် အဖွဲ့အစည်းတိုင်းအတွင်းဋ္ဌ်ဆရာ၊တပည့်မွေးမှူများ ရှိနေသေးခြင်း၊

၆။ အခြေခံ ဆင်းရဲသားလူတန်းစား[လူများစု]၏ စားဝတ်နေရေးကိုအစိုးရကချုပ်ကိုင်ထားခြင်းဖြင့်ဌင်းတို့မိသားစုများ၏သားသမီးများ[ပြည်တွင်း]
ဘဝခိုင်မာရန်အကြောင်းပြလှည့်ကွက်ဖြင့် DSA,DSTA,DSMA ၊စစ်သူနာပြု၊ အစရှိသည့်စစ်ကျောင်းကြီးများကိုအောင်မြင်စွာ ဆက်လက်ဖွင့်နေနိုင်သေးခြင်း၊

၇။ စစ်အစိုးရ၏ နိုင်ငံရေး ကြိုးဆွဲ ကွက်များထဲတွင် တချို့နိုင်ငံရေးသမားများ ဆက်လက် ကနေဆဲများ ရှိနေသေးခြင်း၊

၈။ ပြည်တွင်း/ပြည်ပ နိုင်ငံရေးအဖွဲ့အစည်းများအချင်းချင်းဋ္ဌ်လည်းသာတူညီမျှမှုနှင့် နိုင်ငံရေးအဖွဲ့အစည်းများအချင်းချင်း အပြည့်အဝယုံကြည်မှုများမရှိသေးခြင်း၊

၉။ တော်လှန်ရေးတိုင်း၏အားနည်းချက်/အားသာချက်များကိုပြန်လည်သုံးသပ်ပြီး ပြည်သူလူထုကိုအောင်ပွဲခံစေမည့်ထိရောက်သည့် နည်းဗျူဟာသစ်များချမှတ်ပေးနိုင်မှုမရှိသေးခြင်း၊

၁၀။နိုင်ငံရေးသမားများတချို့၏ ပြည်သူ့သစွာခံနှင့် နိုင်ငံရေး ပါး မ ဝသေး ခြင်း၊

ဆောင်းယွန်းလ said...

ဒီကဗျာကအသိပေးသံ အားမာန်လှုံ့ဆော်မှုတွေအားလုံး
ပါပြီး အသုံးအနှုံးတွေလည်းကောင်းတယ်။ ကျနော်ကြိုက်တယ်.အဲဒီထက်ပိုပြီးအရေးကြီးတာက.ကျ
နော်တို့ ပြည်ပအင်အားစုရဲဘော်ညီနောင်အားလုံးက.ဒီလိုကဗျာမျိုးကိုနားလည်ခံစားရုံထက်ပိုပြီး.သိရှိလုပ်ဆောင်နိုင်ကြဖို့ပါဘဲ။ ဒီကဗျာမျိုးကို ဘလော့ဂ်
တော်တော်များများမှာတင်သင့်တယ်လို့ထင်ပါတယ်

ရိုးရိုး said...

ကဗျာရေးသူ သို့ 

ကဗျာကိုဖတ်ပြီး ကျက်သီးမွေးညင်းထမိတယ်။
ခွင့် မတောင်းဘဲ ကူး ယူသွားပါသည်။

ကျေးဇူးတင်စွာဖြင့်

ရိုးရိုး said...

ကဗျာရေးသူသို့ 

ကဗျာကိုဖတ်ပြီး ကျက်သီးမွေးညင်းထမိတယ်။
ခွင့် မတောင်းဘဲ ကူး ယူသွားပါသည်။

ကျေးဇူးတင်စွာဖြင့်